Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Friday, June 19, 2009

ချစ်သူ့ရုပ်တု



မေ့လိုက်တော့ဆိုတဲ့ စကားတစ်ခွန်းကို
အလှပဆုံးသုံးသွားပြီး ငါ့ကို အနိုင်ယူသွားတဲ့မင်း
အမြဲတမ်းကွယ် . . . . . .


ချစ်သူတစ်ယောက်အနေနဲ့
အရှုံးပေးနေတာပါ
ခယ ဝပ်တွားနေတာပါ
သီဆိုနေတဲ့ မင်အတွက် သီချင်းတွေလည်း
ရင်တွင်းကြေကွဲမှုကြောင့် ဆွံ့အကုန်ပြီ ။


ငိုချင်ပေမယ့်
မီးတောက်နေတဲ့ မျက်ရည်တွေနဲ့
ငါ့ရင်တစ်ခုလုံး လောင်မြိုက်နေဆဲပဲ . . . .
နာရီအလိုက်
ဖြတ်သန်းသွားတဲ့ နေ့ရက်တိုင်းမှာ ငါလွမ်းနေခဲ့တယ်
ချစ်သူ . . . .
ငါ့ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းတစ်စုံကတော့
ချစ်သူနံဘေးမှာ အရိပ်အဖြစ်လိုက်ရင်း
သံယောဇဉ် လေးညင်းနုတွေနဲ့
ငါ့နှလုံးသားကို ထာဝရ
ချစ်သူ့ရုပ်ထု
တစ်ခုအဖြစ် ထွင်းထုထားပါတယ် ။ . . . . . ။

No comments: