အန္တရာယ်ဖြစ်တတ်သည်
- မတည့်သောအစာကို မစားပါနှင့် ။
- မတည့်သောအစာမျာကို ရောမစားပါနှင့် ။
- စားပိုးနင့်အောင် မစားပါနှင့် ။
ရောဂါရတတ်သည်
- ငန်လွန်းသောဟင်းကို မစားပါနှင့် ။
- စပ်လွန်းသောဟင်းကို မစားပါနှင့် ။
- အဆီမှားလွန်းသောဟင်းကို မစားပါနှင့် ။
ကျန်းမာရေးအတွက်
- ကြေညက်သော အစာကိုသာစားပါ ။
- ကြေညက်အောင်ဝါးပြီးမှ အစာကိုသာစားပါ ။
- လုံလောက်စွာစားပါ ။
- လုပ်ငန်း လိုအပ်ချက်မှလွဲပြီး လမ်းလျှောက် မစားပါနှင့် ။
- ကျန်းမာရေးအနေထားမှလွဲကာ အိပ်ပြီးမစားပါနှင့် ။
- လုပ်ငန်း လိုအပ်ချက်မှလွဲပြီး မတ်တပ်ရပ် မစားပါနှင့် ။
- လုပ်ငန်း လိုအပ်ချက်မှလွဲပြီး ညနက်အိမ်ချိန် မစားပါနှင့် ။
- ညအိမ်ခါနီး မစားပါနှင့် ။
- ထမင်းစားစဉ် အရိုးကိုရှောင်ပြီး စားပါ ။
- ထမင်းစားစဉ် အရိုးကိုမျက်အောင် စားပါ ။
- ထမင်းစားလျှင် အသီးအရွက်နှင့် အသားကို မျှတစားပါ ။
- ထမင်းစားစဉ် ဟင်းရည်များများ သောက်ပါ ။ ဟင်းရည်မပါပါက ထမင်းစားပြီး ရေအဝသောက်ပါ ။
- ထမင်းစားစဉ် အချိုနည်းနည်း စားပေးပါ ။
- အာဟာရနှင့် ဗီတာမင်ပါသော အစာကိုရွေးစားပါ ။
- နံနက်စောစောစာ နေ့လယ်စာ ညစာ အချိန်များ ကွာခြားမှု မျှတပါစေ ။
- အရသာစုံအောင်စားပါ ။
- အဆာလွန်ချိန်စားရသောအခါ တစ်ခါတည်းသွတ်မစားပါနှင့် ။
- ရာသီဥတုနှင့်ကိုက်ညီသော အာဟာရကို စားသုံးပါ ။
- လက်ဖြင့်စားပါက မစားမီနှင့်စားပြီး လက်ကိုစင်ကြယ်စွာဆေးကြောပါ ။
- မိမိဝမ်းကိုခန့်မှန်းပြီး အစာကြေသလောက်စားပါ ။ အစာမကြေနိုင်ဟုထင်ပါက အစာကြေဆေးစားပေးပါ ။
- နေ့လယ်စာ စားပြီးပါက ခေတ္တမျှနားနေပါ ။ ဖြစ်နိုင်ပါက နာရီဝက်ခန့် လဲလျောင်းအိပ်စက်ပါ ။
- ရက်ရှည်ကြာစွာ ထမင်းစားလိုစိတ်မရှိပါက နီးရာဆရာဝန်ထံ သွားရောက်ပြပါ ။
ယဉ်ကျေးမှုအရ
- ပလုပ်ပလောင်းမစားပါနှင့် ။
- ဟိုဟိုဒီဒီကြည့်ပြီး မစားပါနှင့် ။
- လူကြီးနှင့်စားပါက လူကြီးကိုဦးချပြီးမှစားပါ ။
- အထက်လူကြီးနှင့် စားပါက အထက်လူကြီး စားမှစားပါ ။
- အလှမ်းဝေးသော ဟင်းခွက်ကို မနှိုက်ပါနှင့် ။
- ထမင်းစားနေစဉ် ဟက်ဟက်ပက်ပက် မရယ်မောပါနှင့် ။
- ထမင်းစားနေစဉ် စိတ်ထိခိုက်စရာမပြောရ ။
- ထမင်းစားနေစဉ် တွေးတောစရာမပြောရ ။
- ထမင်းစားနေချိန် ရန်မဖြစ်ပါနှင့် ။
- ဟင်းခွက်မျာအား အနီးစပ်ဆုံး မျှတစွာခွဲဝေစားပါ ။
- ထမင်းလုံးကျအောင် ၊ ဟင်းဖိတ်ကျအောင် မစားပါနှင့် ။
- အရိုးအား သီးသန့်ခွက်ထဲထည့်ရန် ၊ သီးသန့်ခွက်မရှိပါက ပန်းကန်ပြား၏ တစ်နေရာတွင် သီးသန့်ထားရန် ။
- လုပ်ငန်းသဘောမှလွဲပြီး ရေမိုးချိုးပြီး သန့်ရှင်းသောအဝက်ကို ဝက်ဆင်ပြီးမှစားပါ ။
- ဖြစ်နိုင်လျှင် ရောက်သည့်ဒေသနှင့်ကိုက်ညီသော စားသုံးမှုမျိုးမျိုးပြုလုပ်ပါ ။
- ထမင်းစားနေစဉ် လက်ကိုမစုပ်ပါနှင့် ။
4 comments:
လေ့လာ မှတ်သားသွားပါတယ်။
ရှောင်ရန် ဆောင်ရန်တွေ ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်.......။
မှတ်သားလေ့လာသွားပါတယ်။ ကျနော်ကတော့
ဘာမှဂရုမထားဘူး ဆာရင်ဆာသလိုဝါးတာပဲဗျ။
မှတ်သားသင့်တဲ့အချက်တွေ ပဲ...။
မှတ်သားသွား ပါသည်...။
Post a Comment