Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Tuesday, April 28, 2009

တောင် ( တို့နှစ်ယောက်ရဲ့မနက်ဖြန် )


ချစ်သူ . . .

မင်းနဲ့ငါ တစ်ယောက်
တစ်နေရာဆီရောက်နေပေမဲ့
ငါတို့နှစ်ယောက်ရဲ့
ရင်ခုန်သံတွေဟာ အနီးဆုံးမှာပါ
ချစ်သူ . . . .။


နေ့ရက်တိုင်းမှာ တို့နှစ်ယောက်
လူချင်းမတွေ့ဆုံနိုင်ပေမဲ့ နေ့ရက်တိုင်းဟာ ငါတို့ရဲ့
မျော်လင့်ချက် မနက်ဖြန်တွေပါ
ချစ်သူ . . . .။


အရမ်းဝေးကွာပြီး တွေ့ဆုံချိန်နဲလွန်းတဲ့
နေ့တွေမှာ မင်းအပေါ် ငါ့ရဲ့အချစ်ဟာ
သစ္စာရှိနေမှာ
ချစ်သူ . . . .။


ထပ်တူထပ်မျှ ငါအပေါ်ထားတဲ့ မင်းရဲ့
ချစ်ခြင်းဟာလည်း သစ္စာရှိနေမယ်လို့
ငါယုံကြည်နေမှာပါ
ချစ်သူ. . . . .။


ငါတို့နှစ်ယောက်ရဲ့ နှလုံးသားစာမျက်နှာကို
ဘယ်သူမှနားမလည်ရင် နေပါစေ
တို့နှစ်ယောက်စလုံးနားလည်ကြပါတယ် ။



တို့နှစ်ယောက် မနက်ဖြန်တွေကို ပိုင်ဆိုင်ဖို့
ကြိုးစားကျမယ်
ချစ်သူ . . . . . ။ ။

Tuesday, April 21, 2009

ရာဇဝင်

ကိုယ်ရေးတဲ့

ကိုယ့် ရာဇဝင်မှာ

မင်းဟာ

ကိုယ့်ရဲ့သမိုင်း မှတ်တမ်းပဲ

မိတ်ဆွေ

ပျော်ရွှင်မှုရယ်

အသိပညာ


ဒီနှစ်ခုက


အတူတကွ


ခရီးသွားနေတဲ့

မိတ်ဆွေတွေပေါ့ . . . ။

ကိုယ်မေ့နေတာ

ကိုယ့်ဘဝ

ကိုယ့်အနာဂတ်အတွက်


ကိုယ့်ကိုကိုယ် ကြီုးစားနေရလို့


ကိုယ့်နှလုံးသား


ကိုယ်မေ့နေတာ


တော်တော် ဆိုးဝါးသွားသလား မသိ . . . ။


ကိုယ့်ဖြစ်တည်မှုဟာ ကိုယ့်ကိုယ်ပိုင် အလံတော်ပါပဲ . . . . ။

ကိုယ်ရပ်တည်မှုနဲ့ကိုယ်

သူများ ဝမ်းနည်းတိုင်း


ကိုယ်က ဝမ်းနည်းရမှာလား



ကျွန်မမျက်ရည် အဲဒီလောက် မလွယ်ပါဘူး . . . ။



သူများ ပြုံးတိုင်း



ကိုယ်က ပြုံးရမှာလား . . . . ။



ကျွန်မ ပါးညောင်းတတ်တယ် . . . . ။



ကျွန်မကတော့ . . . .



သူများတွေ ပြောကြ ဆိုကြ ပုံသေနည်းတွေထက်



ကိုယ့်ဖြစ်တည်မှုကို



ကိုယ်မြတ်နိုးတယ် . . . . ။

ပြောခွင့်လေးတော့ပေးပါ။

လောကကြီးမှာ

ကိုယ့်ထမင်း ကိုယ်စားပြီး


မှန်တာလေးတောင်


ပြောခွင့် မရှိတော့ဘူးလားလို့


မိန်းမတွေများ (ယောင်္ကျားတွေများ)


သိပ်ချုပ်ချယ်ချင်ကြတာ ခက်ပါရဲ့

အင်္ကျီ

ဟောဒီ လူ့ဝန်းကျင်မှာ

ကိုယ့်ဖြစ်တည်မှု

ကိုယ့်စရိုက်နဲ့အညီ

ကိုယ့်ယုံကြည်ချက်အင်္ကျီ ကိုယ်ဝက်တာ

ဘာဖြစ်လဲ . . . .

သူများအင်္ကျီ ငှားဝက်တာမှ မဟုတ်တာ . . . .

နှလုံးသားတည့်တည့်

မြိုင်ရာဇာတွတ်ပီက

လွဲအောင်ပစ်ရင် ထိတယ် .....

ထိအောင်ပစ်ရင် လွဲတယ် .......

နောက်ဆုံးကျည်ဆန် ပစ်လိုက်ပြီ

မြိုင်ရာဇာတွတ်ပီ မဟုတ်တော့

မင်းရဲ့ နှလုံးသားတည့်တည့်ပဲ ။ ။

အဲ့ဒါ . . . . Lover အတွက်ပဲ . . . .

Saturday, April 18, 2009

အိုးစားကွဲသောအခါ(ဒုတိယပိုင်း)

" မေ့အတွင်းပစ္စည်းတွေ ဘယ်ရောက်ကုန်လဲ ၊ ညည်းတို့ယူထားလား "

" ကြံကြံဖန်ဖန် . . . သေတ္တာထဲကဟာအကုန်ပဲ "

" မညာနဲ့ ၊ ဒီလောက်မကဟာအကုန်ပဲ "

" မရှိဘူးမပြောနဲ့ ညည်းက အမေနဲ့နေတာ "

နှစ်ယောက်သားကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ ဖြစ်နေလိုက်ကြတာ မိခင်ကြီးရုပ်အလောင်း မီးစက်ထဲရောက်သွားတာတောင် သိကြဘူး ၊ ပရိသတ်သူတို့ဘက်လှည့်လာမှ အရှိန်သတ်သွားကြတယ် ။ ပွဲကတော့မပြတ်သေးဘူး ၊ ဆက်ထွက်ဦးမယ့်ပုံပဲ ။ ကျုပ်လည်း သူတို့ကိုကြည့်ပြီး သံဝေဂရမိတယ် ၊ ကျုပ်အလှည့်ကျ ဒီလိုမဖြစ်ရအောင် ပစ္စည်းစားရင်းလုပ်ပြီး ပေးထားလိုက်ရင် ကောင်းမလားတွေမိတယ် ၊ လူတွေကိုကြည့်ပြီးကျုပ်တောင် တော်တော်လေးစိတ်ပျက်မိတယ် ။ မီးစက်ရဲ့နောက်နားဘက်ကို ရွှေ့လှမ်းလာမိတယ် ။ နံရံတစ်ခုမှာမှီနေမိတယ် ။ လူတွေကိုကြည့်ရင်း ကျုပ်မောလာသလိုပါပဲ ။ ကျုပ်ခေါင်းကိုမော့ပြီး အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိတယ် ။ အလို . . .ထူးဆန်းလေစွ ။ လူကြီးတစ်ယောက်ဟာ မျက်နှာကျက်မှာ မှီကပ်နေရာက ကျုပ်ကိုပြုံးပြတယ်။ သူမျက်နှာကျက်မှာ ဘယ်လိုလုပ်ပြီး ရပ်တည်နေပါလိမ့် ။ လူတွေအများကြီးထဲမှာ ကျုပ်ကို အသိအမှတ်ပြုနှုတ်ဆက်တာ သူတစ်ယောက်ပဲ ရှိသေးတယ် ။ နောက်ပြီး ကျုပ်ကိုမေးငေါ့ပြတယ် ၊ သူပြရာဘက်ကို ကျုပ်လှမ်းကြည့်လိုက်တယ် ၊ အလောင်းတစ်လောင်းကို မီးစက်ဆီ တွန်းလာကြဖို့ လုပ်နေတာပါ ။ တစ်ယောက်က ရေအိုးလေးကို ပစ်ခွဲလိုက်တယ် ။

ဟင် . . . ရေအိုးခွဲတာ ကျုပ်ဘကြီးပဲ ။ ကျုပ်အဖေရဲ့အစ်ကိုလေ ဘယ်သူများသေလို့ပါလိမ့် ၊ ကျုပ်သေချာကြည့်မိတယ် ။ ဟင် . . . ဖေနဲ့ အမေပါလား ၊ မေကမျက်နှာကို လက်ဝါးနဲ့ အုပ်ငိုနေပြီး အဖေက အနားကနေ ထိန်းထားပေးနေတာ ။ အလောင်းရဲ့ပတ်ပတ်လည်မှာတော့ ကျုပ်ဇနီးနဲ့ သားသမီးတွေ ပါလာသေးတယ် ၊ ကျုပ်အံ့သြမိတယ် ၊ ဘယ်သူသေလို့ လိုက်ပို့ကြတာပါလိမ့်ဆိုပြီး သူတို့ဆီ ပြေးသွားမိတယ် ။

" ဟေ့ . . . . သက် "

ဇနီးသည်ကိုလည်း လှမ်းခေါ်လိုက်တယ် ၊ မကြားဘူး ။ ငိုမြဲငိုနေတယ် ၊ သောကနဲ့မို့ မကြားတာပဲလို့ ယူဆလိုက်မိတယ် ။ အဖေ့ကိုဆက်ခေါ်လိုက်မိတယ် ။

" အဖေ . . . အဖေ "

အဖေကလည်းမကြားပြန်ဘူး ၊ အမေ့ကိုချော့နေမြဲပဲ ။ လှည်းပေါ်က ရုပ်အလောင်းကိုတော့ မီးစက်ဆီတွန်းယူသွားကြပြီ ။ ဘယ်သူများသေလို့ပါလိမ့် ၊ တစ်အိမ်သားလုံး ဆွေးဆွေးမြည့်မြည့် လိုက်ပို့နေကြတာဆိုတော့ မိသားစုထဲကပဲလို့ ကျုပ်တွေးလိုက်မိတယ် ။ ကျုပ်လူကြားတိုးဝှေ့ပြီး အလောင်းရဲ့မျက်နှာကို ကြည့်လိုက်တယ် ။ ကျုပ်နဲ့ချွတ်စွပ်တူတဲ့ လူတစ်ယောက်ပဲ ။ မီးစက်ပေါက်မှာ ရပ်ထားပြီး သက်နဲ့ကလေးတွေးက ကန်တော့ကြတယ် ။ ရှိုက်ရှိုက်ငိုနေတဲ့အမေ့ကို
အဖေက . . . . " စိတ်ထိန်းပါကွာ " လို့ ငိုသံပါကြီးနဲ့ပြောနေတယ် ။
ကျုပ်နားမလည်နိုင်အောင် ဖြစ်နေတယ် ။ အားလုံး စိတ်ဆင်းရဲနေတာ ကျုပ်မကြည့်ရက်ဘူး ။

" ဟေ့ . . . .ဟေ့ . . . .ငါမသေဘူး ။ ဒီမှာပါကွာ " လို့ပြောလိုက်မိတယ် ။

ဘယ်သူမှာကြားဟန်မတူဘူး ၊ ငိုမြဲ ၊ ရှိုက်မြဲ ၊ ပူဆွေးမြဲပါပဲ ။ မီးစက်တံခါးက ဟလာပြီး လှည်းကိုမီးစက်ထဲတွန်းသွားကြတယ် ။ ကျုပ်အလန့်တကြားအော်ဟစ်မိလိုက်တယ် ။

" မလုပ်နဲ့ . . . မလုပ်နဲ့ . . . ကျုပ်မသေဘူး ။ ဒီမှာရှိတယ် "

လှည်းတွန်းလာတဲ့ ရေးဝေက ဝန်ထမ်းတွေလည်း မကြားပြန်ဘူး ၊ မီးစက်ထဲသွင်းဖို့ လုပ်နေကြမြဲပဲ။

" မလုပ်နဲ့ မလုပ်နဲ့ . . . . မင်းတို့မှားနေပြီ "

ကျုပ် သိမ်းကြုံး အော်ဟစ်မိတယ် ။ ကျုပ် သိပ်ကြောက်နေမိတယ် ၊ မီးတွေထဲက ကျုပ် အကြောက်ကြီးကြောက်တဲ့ နံပါတ် ( ၁၂ ) မြောက်မီးထဲကို ကျုပ်မဝင်ချင်ဘူး အို . . ကျုပ် ဘယ်မီးစက်ထဲကိုမှ မဝင်ချင်ဘူး ။ လှည်းပေါ်ကလူဟာ ကျုပ်တဲ့လား ။ ဒါကြောင့် သက်တို့ ၊ အဖေ တို့ အမေ ငိုနေကြတာလား ၊ ဒီလိုဆို မငိုကြပါနဲ့လို့ ပြောလိုက်ချင်တယ် ။ ကျုပ် သေမှမသေဘဲ ၊ ဒီမှာရှိနေတယ်လေ ။

" သား . . . . ဒီမှာပါ ဖေဖေရဲ့ "

ကျုပ်ရင်ဘက်ကို ပုတ်ပြပေတယ့် ဖေဖေ ဂရုမစိုက်ဘူး ။

" သက် . . . မငိုပါနဲ့ ၊ ကိုယ်ဒီမှာရှိပါတယ် "

သက်ကလည်း ဂရုမစိုက်ဘူး ၊ သူဟာသူငိုမြဲငိုနေတယ် ။

" သား . . . သမီးမငိုကြနဲ့တော့ ၊ ဒီမှာဖေဖေရှိတယ် "

သားနဲ့သမီးနာကပ်ပြီး တိုးတိုးလေ ပြောလိုက်တယ် ၊ သားကတော့ အငိုမပျတ်ဘူး ။ သမီးကတော့ အငိုရပ်ပြီး နားစွင့်ဟန်ပြုတယ် ၊ ကျုပ် သိပ်ဝမ်းသားသွားတယ် ။ ကျုပ်ပြောတာကို သမီးကြားတယ် သမီးသိတယ် ။ ကျုပ်သိပ်ချစ်တဲ့ သမီးလေးက ကျုပ်ပြောတာကို ကြားတယ်ဆိုပြီး ကျုပ်ဆွေ့ဆွေ့ခုန်မတတ် ဝမ်းသာသွားတယ် ။ သမီးရဲ့ ပါးစပ်ဖျားလေးက လှုပ်လာတယ် ။ သမီးအသံလေးကလည်း တိုးတိုးလေး ။

" ! @ # $ % ^ & * ^ # ^ & * # # $ ! @ $ ^ @ ! "

ကျုပ်ဘာလုပ်ရမှန်းမသိဘူး ။ တစ်ကိုယ်လုံး တောင့်တင်းသွားသလိုပဲ ။ သူတို့ကိုကြည့်ပြီး ကျုပ် ဝမ်းနည်းလာတယ် ။ ကျုပ် နောက်ဆုံး သတိထားလိုက်မိတာကတော့ ကျုပ် . . . ကျုပ်လည်း သူတို့နည်းတူ မျက်နှာကို လက်ဝါးနဲ့အုပ်လို့ ငိုကြွေးနေမိတယ် ဆိုတာကိုပါပဲ ။ ။

Tuesday, April 14, 2009

အိုးစားကွဲသောအခါ

ကျုပ်ဟာ သိပ်ကိုလန်းဆန်းပေါ့ပါးနေပါတယ် ။ ခုနက တင်းကြပ်နေတာတွေဟာ ကြက်ပျောက်ငှက်ပျောက်
ဖြစ်ကုန်ကြတယ် ။ ကျုပ်ဟာ ဇောင်းကလွှတ်တဲ့ မြင်းတစ်ကောင်လိုပါပဲ ။ ကွင်းပြင်တစ်ခုကိုဖြတ်ပြီး အဆောက်အဦ တစ်ခုဆီကို ဝင်လိုက်တယ် ။


ကားတွေ ၊ လူတွေအတော်များတယ် ။ ကားတွေကလည်း ဝင်လိုက်ထွက်လိုက် လူတွေကလည်း ဝင်လိုက်ထွက်လိုက်နဲ့ ၊ လူတွေကိုကြည့်ရတာလည်း ပျော်ပျော်ရွှင်ရွှင်တစ်ယောက်မှ မရှိကြဘူး ။


ကျုပ် လူကြားထဲရောနှောပြီးနေလိုက်တယ် ။ သူတို့လိုပဲလျှောက်ကြည့်နေလိုက်တယ် ။ အအေးခန်းထဲမှာတော့ လူသေ အလောင်း တစ်ခုကို ပြင်ဆင်ပေးနေတယ် ။ သေသူက ခပ်ငယ်ငယ် ကောင်မလေးပဲ ။

မိတ်ကပ်တွေ ၊ ပန်းတွေနဲ့ဆိုတော့ အိပ်ပျော်နေသလား ထင်မှားစရာပါ ။ ဇာပဝါ ပါးပါးလေးအုပ်ထားတဲ့ မျက်နှာက ပြုံးယောင်သန်းနေတယ် ။ သူဟာ သေခြင်းတရားကို ရဲရဲကြီး ရင်ဆိုင်သွားနိုင်တဲ့ ပုံစံပါပဲ ။

သေတဲ့သူတွေရဲ့ မျက်နှာကိုကြည့်တာနဲ့ သူတို့ ဘယ်ဘဝမျိုး ရောက်နေတယ်လို့ ခန့်မှန်းရိပ်မိနိုင်ကြတယ် မဟုတ်လား ။ ဧကန္တ ကောင်မလေးကတော့ နတ်ပြည်မှာ နတ်သားလေးနဲ့ ပျော်ပိုက်နေပြီထင်ပါရဲ့ ၊ မျက်နှာလေးက ပြုံးယောင်သန်းလို့ဗျာ ။

သေသူကပြုံးယောင်သန်းနေတာ ၊ ရှင်သူတွေကတော့ ငိုနေကြလေရဲ့ ၊ ရှိုက်ငိုနေတဲ့သူ ၊ ငိုရင်းတက်မလို ဖြစ်နေလို့ နှိပ်နယ်ပေးနေရသူနဲ့ ။ လူတစ်ယောက် သေဆုံးသွားရင် ကျန်ရစ်သူတွေမှာ သောကတွေ တစ်ပွေ့နဲ့ပါလားလို့ ကျုပ်သံဝေဂ ရမိတယ် ။

အဲဒီအနားကခွာပြီး အခြားအခန်းတစ်ခန်းဆီ ရောက်ခဲ့ပြန်တယ် ။ ဒီတစ်ခါ ပြင်ဆင်ထားတဲ့အလောင်းက အသက်(၆၀) လောက်ရှိတဲ့ လူကြီးတစ်ယောက် ။ သူ့မျက်နှာကို ကြည့်လိုက်တော့ ခုနက ကောင်မလေးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ် ။ အဘိုးကြီးမျက်နှာက စီုးရိမ် ကြောက်နေသလိုပဲ ။

ပါးစပ်ကြီးဟနေတယ် ပြန်စေ့လို့တောင်မရဘူးထင်ပါရဲ့ ၊ ဒီအလောင်းဘေးမှာ လူနည်းတယ် ၊ သားသမီးသုံးလေးယောက်ပဲ မျက်နှာငယ်လေးတွေနဲ့ ရှိနေကြတယ် ။ သြော် . . . ဒီအလောင်း မီးသဂြိုတ်တော့မှာကိုး . . .! မီးသဂြိုတ်စက်ရှိရာ အလောင်းကို တွန်းယူလာကြတယ် ။


အလောင်းကိုထုပ်လိုက်တာနဲ့ပဲ လူတစ်ယောက်က အပေါက်ဝမှာ ရေအိုးတစ်လုံးကို ခွဲချလိုက်တယ် ။
အိုးစားကွဲကြပြီဆိုတာ ဒါပဲထင်ပါရဲ့လို့ ကျုပ် တွေးနေမိတယ် ။ သူ့အလောင်းကို မီးစက်ထဲသွင်းတော့ သူ့သားသမီးတွေ လက်အုပ်ချီကန်တော့ရင်း မျက်ရည်ပြိုင်ပြိုင် ကျနေတယ် ။ သြော် . . . ပူဆွေးခြင်း သောကဆိုတဲ့ မီးလောင်နေကြခြင်းရယ်ပေါ့ ။

မီးလောင်ကြခြင်း တူသယောင်နဲ့ ကွဲပြားတာကို ကျုပ်သတိပြုမိတယ် ။ မီးစက်ထဲက မီးတစ်စက်ပဲ ။
လောင်မြိုက်ပြာကျပြီးသွားတာ . . . ။ လုတွေမှာ လောင်တဲ့မီးဆယ့်တစ်မီးက မွေးရာမှသည် သေသည့်တိုင် တငွေ့ငွေ့လောင်နေခဲ့ကြတာလေ ။ လူရယ်လို့ဖြစ်လာကြရင် မီးဆယ့်တစ်မီးလောင်နေကြစမြဲ ဆိုတဲ့နေရာမှာ ကျုပ်က တစ်မီးထပ်ထည့်လိုက်ချင်တယ် ။ မီးစက်ထဲကလည်း အပြီးသက်ဝါးမျိုတာပဲနဟုတ်လား ။

ဒီတော့ ဆယ့်နှစ်မီးပေါ့ ။ မြေမြုပ်သဂြိုတ်တဲ့ သူတွေကပဲ ဒီမီးကလွတ်လိမ့်မယ် ၊ ကျုပ်ပခုံးတွန့်မိတယ် ။
ဆယ့်တစ်မီးလောင်တာက တငွေ့ငွေ့နဲ့မသိသာဘူးဗျာ ။ ဒီမရဏ မီးစက်ကြီးထဲက မီးကတော့ တဖြောင်းဖြောင်းနဲ့ ဝါးမျိုလိုက်တာများ ကြောက်စရာကြီး ။ အင်း . . .ကျုပ်သေရင် မီးမသဂြိုတ်ဘဲ မြေမြုပ်ဖို့ မှာထားရဦးမယ် ။ ကျုပ်က မီးစက်ကြီးရှေ့နားကနေစောင့်ပြီး ဝင်လာသမျှ ရုပ်အလောင်း တွေကို ကြည့်မိတယ် ။

ကျုပ်အသိများ ပါလာမလားလို့ စူးစမ်းမိတယ် ။ လူတွေကတော့ ကျုပ်ကိုမသိကြ ၊ မမြင်ကြသလိုဘဲ ။
ကျုပ်ကို ဘယ်သူ့မှ ဂရုမစိုက်ကြဘူး ။ ကျုပ်ကိုတောင် တိုးဝှေ့ကျော်လွှား လုပ်နေကြသေးတယ် ။ ကျုပ်သူ့တို့ကို စိတ်မဆိုးပါဘူး ၊ သူတို့ဟာ အပှုသည်တွေပဲမဟုတ်လား ။ သူတို့ဟာ ကျုပ်ကိုမှမဟုတ်ပါဘူး ၊ ဘယ်သူ့ကိုမှ ဂရုစိုက်နိုင်ကြ မပေါ်ဘူး ။ သူတို့သောကနဲ့သူတို့ ပျာယာခက်နေကြတယ် ။


အဲဒီမှာ ထူးခြားတဲ့ ရုပ်အလောင်းတစ်လောင်း တွေ့ရတယ် ။ ထူးခြားတယ်ဆိုတာက ဒီလိုပါ ။ ရုပ်အလောင်းက အဘွားကြီးပါ ။ အသက်(၆၅) နှစ်ပဲရှိသေးတယ် ၊ ဆွေမျိုတောင်ပုံရတယ် ။ သားသမီးတွေများပုံပဲ ။ မီးရှိုပစ်မယ့် ရုပ်ကလာပ်ကိုများ ပြင်ဆင်ထားလိုက်ကြတာ ၊ ဝက်ပေစားပေထားလိုက်ကြတာ ၊ ပြင်ဆင်ပေးထားလိုက်ကြတာ အပျံစားပဲ ၊ သေပန်းပွင့်တယ်ဆိုတာ ဒါမျိုးခေါ်တာ ထင်ပါရဲ့ ။ လာလိုက်ကြတဲ့လူတွေ ၊ ချလိုက်ကြတဲ့ပန်းခွေတွေ ၊ ပန်းခြင်းတွေ နည်းမှ မနည်းဘဲကို ။အဲ . . .ထူးခြားတယ်ဆိုတာက အဘွားကြီးရဲ့ ရုပ်ကလာပ်ကို မီးစက်ထဲထည့်ခါနီးတော့ လက်အုပ်ချီ ကန်တော့သူတွေ ကန်တော့ကြတယ် ၊ ငိုတဲ့သူတွေ ငိုကြတယ် ။ ရှိုက်တဲ့သူတွေ ရှိုက်ကြတယ် ။ တက်တဲ့သူတော့မရှိဘူး ။


တွက်တဲ့သူတော့ရှိနေတယ် ။ ဟုတ်တယ် . . . အသက်သုံးဆယ်လောက်ရှိမယ့် ညီမနှစ်ယောက်က တွက်နေကြတယ် ။ သူတို့က ပရိတ်သတ်ရဲ့နောက်နား ခပ်ခွာခွာကနေ ဆွတ်ထိုးနေကြတာ ။ ကျုပ်လည်း ထူးခြားလို့ကပ်နားထောင်မိသေးတယ် ။


( ဆက်ရန်ရှိသည် )

ချစ်ပါရစေ


အိမ်မက်မှာ ယောင်ယမ်း

မျှော်မှန်းလို့နေမိတယ်


သူ . . . စေလိုရာစေ . . .!


ဒီတိမ်တစ်အုပ်


ရေမငုပ်ခင်

ငါ . . .ချစ်ပါရစေ . . . !

အချစ်နဲ့စစ်မှာ အကုန်တရားတယ်


အချစ်ဆိုတဲ့အရာနဲ့ပတ်သက်လာရင်

ရယူပိုင်ဆိုင်ဖို့အတွက်လူသားတိုင်းဟာ

တရားမျှတသည်ဖြစ်စေ ၊ မမျှတသည့်ဖြစ်စေ

ကြိုးစားပိုင်ခွင့်ရှိပါတယ် . . . ။

ဒါကြောင့် . . .

' အချစ်နဲ့စစ်မှာ အကုန်တရားတယ် '

ဆိုတဲ့စကားပုံလေး ဖြစ်ပေါ်လာရတာပါ ။

Monday, April 13, 2009

သင်္ကြန်ရောက်ပြီးဟေးးး





နှစ်သစ်မှာ သူငယ်ချင်းအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ . . . ။

Sunday, April 5, 2009

နှုတ်ဆက်လိုက်ပါတယ် . .သူငယ်ချင်း

တွေ့ဆုံခြင်းနဲ့ နှုတ်ဆက်ခြင်းရဲ့ ကြားထဲက အချိန်ကာလတစ်ခုဟာ တိုတောင်းတယ်လို့
ထင်ရပြီး ၊ ဘာမှမကြာဘူးလို့ထင်လိုက်ပေမဲ့ တကယ်ခွဲခွာရပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက်
သံယောဇဉ်တွေ ဘယ်လောက်ကြီးမားခဲ့တယ်ဆိုတာ အခုအချိန်မှာပိုသိလားတယ် . . . ။


တကယ်ခွဲရမယ်ဆိုတာ ဦးနှောက်ကသိပေမဲ့ ရင်ဘက်ထဲက နှလုံးအိမ်က လက်မခံဘူးဖြစ်နေတယ် ဘယ်တတ်နိုင်မလဲလေ ဒါတွေဟာ အိပ်မက်မှမဟုတ်တာ တစ်ချိန်ကြရင် ခွဲခွာရမှာပဲလေ လူတိုင်းကကိုယ့်အကြောင်းနဲ့ကိုယ်ပဲလေ . . . ။


ခွဲခွာရမယ့်အချိန်မှာ တွေ့ဆုံတုန်းကလိုပဲ ငါတို့ပျော်ရွှင်စွာနဲ့ နှုတ်ဆက်ကြတာပေါ့ သူငယ်ချင်း ။
ပြန်တွေ့ခွင့်ရှိနိုင်မယ်ဆို အဲ့ဒီနေ့လေးကို ငါမျော်လင့်နေမှာပါ . . . . . သူငယ်ချင်း ။ ။