Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Tuesday, October 29, 2013

{ ချစ်သူရာ }





 ထားခဲ့မှာလား ......
 ဝေးရမှာလား.......
 ဆွေးရမှာလား.....  
လွမ်းရမှာလား...... ?

  မထားခဲ့ပါနဲ့ .........                                                                                            မဝေးရဲလို့ပါ..........
  မဆွေးရဲလို့ပါ...........
 မလွမ်းရဲလို့ပါ............
                                          
                                             { ချစ်သူရာ }                                                                                                   

Friday, October 18, 2013

သီတင်းကျွတ်လပြည့်နေ့


မင်္ဂလာပါ . . .
                မနက်ဖြန်ကျရောက်လာမဲ့     စနေနေ့မှာ    သူငယ်ချင်းအားလုံး      ဆွမ်း  ၊ ပန်း ၊ ရေချမ်း  ၊ ဆီမီးများနဲ့   ကပ်လှူပူဇော်ကာ     ကုသိုလ်ကောင်းမှုယူနိုင်ရန်   နှိုးဆော်လိုက်ပါတယ်နော် ....

- ဘုရားသားတော် ရဟန်းတော်များ
ဝါတွင်းသုံးလအတွင်းမှ ၀ါကျွတ်သောနေ့၊

- အပြစ်ရှိက ပြောကြားပါရန် ၀ါဆိုသော သံဃာအချင်းချင်း
ဖိတ်မာန် အမှုပြုကြသော မဟာပ၀ါရဏာနေ့၊

- ဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို
ဟောကြား အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊

- နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ
သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊

- ထိုသို့ဘုရားရှင် ဆင်းသက်တော်မူသည်ကို
ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည် ထွန်းညှိပူဇော်သောနေ့၊

- စကြာဝဠာတိုက်တစ်သောင်းမှ လူ နတ် ဗြဟ္မာသတ္တ၀ါ
အားလုံးတို့သည် တစ်ဦးကို တစ်ဦးအချင်းချင်း မြင်နေကြရပြီး
လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်အားဖြင့် ဒိုးယိုပေါက်
ထုတ်ချင်းပေါက် ရောင်ခြည်တော်များဖြင့် လင်းထိန်နေကာ
ဘုရားရှင်အား အတူတကွ ကြည်ညို ပူဇော်ရသောနေ့၊

- နတ်လူအများတို့သည် ဘုရားရှင်၏ တန်ခိုးတော်အနန္တကို
ဖူးမြင်ကြရကား အားကျကြည်ညိုစိတ်ဖြင့် သင်္ကဿမြို့တွင် စုဝေးနေကြသော ပရိသတ်အများစု၏ ဘုရားဆုပန် သောနေ့
စသော ဂုဏ်ပေါင်းတို့ဖြင့် ပြည့်စုံသော
နေ့ထူး နေ့မြတ် ပင်ဖြစ်ပါသည်။



( https://www.facebook.com/photo.php?fbid=221593751335724&set=a.144808482347585.29835.144483682380065&type=1&theater )မှကူးယူဖော်ပြပါတယ် ။

Thursday, October 17, 2013

မျက်နှာဖုံး

ပြုံးရယ်နေတဲ့    မျက်နှာမှာ    မျက်ရည်စတွေကို    ဘယ်သူမှ     မမြင်အောင် ကွယ်ဝှက်ထားတတ်လာတယ်......

 

အဆင်မပြေခြင်းနဲ့   အားငယ်ခြင်းတွေကို    သေနေတဲ့     မျက်လုံးတွေနဲ့     နှုတ်ခမ်းတစ်စုံက ရယ်မောတတ်လာတယ် ........

 

မလိုတဲ့အခါ    ပစ်ပယ်ထား    လိုတော့မှ     အရေးပေးတတ်တဲ့     လူတွေမှာ   

မျက်နှာဖုံးတွေ    ဘယ်နှခုလောက်ရှိနေမလဲ     သိချင်လိုက်တာ .......

Wednesday, October 16, 2013

မြန်မာပြည်သား {ဘိန်းဖြူ အစားထိုး အဖြစ် သုံးစွဲနေကြတဲ့ "KROKODIL"}

မြန်မာပြည်သား

ဘိန်းဖြူ အစားထိုး အဖြစ် သုံးစွဲနေကြတဲ့ "KROKODIL"
_________________________________________
အောက်တိုဘာ ၁၅ ရက် ၂၀၁၃

ကမ္ဘာ့ကြောက်မက်ဖွယ် အကောင်းဆုံး မူးယစ်ဆေးပါ။ flesh-eating drug လို့တောင် တင်စား ခေါ်နေကြပြီး တားဆီးဖို့ အသည်းအသန် ကြိုးစား နေကြပါတယ်။ ဘိန်းဖြူဆိုတဲ့ မူးယစ်ဆေးဟာ အရင်လို လွယ်လွယ် ရောင်းဝယ်လို့ မရတာကြောင့် တခြားဆေးဝါး တွေကို အစားထိုး အသုံးချ လာပါတယ်။ အခု အခါလည်း US မှာတဖြည်းဖြည်း သုံးစွဲမှု ကြီးမားလာပြီး အန္တရာယ် အဆင့်ရှိတဲ့ ဆေးတစ်မျိုး အကြောင်းကို ဖော်ပြသွား မှာပါ။ အရင်က မူးယစ်ဆေး ဆိုတာ ဘိန်းဖြူ တစ်မျိုး တည်းလို့ သိကြတာပါ။ ဆေးပြား တွေလို ပုံစံမျိုး နဲ့ကော၊ အမှုန့်နဲ့ကော သုံးစွဲကြ သလို ဆေးလိပ်လို ဟာ မျိုး မှာလည်း ထည့်လိပ် ပြီးတော့ ရှုကြတာတွေ ရှိပါတယ်။ တချို့ကတော့ ဆေးထိုးအပ်နဲ့ ကိုယ်ထဲ ထိုးသွင်း ကြပါတယ်။ တရား ဥပဒေနဲ့ ငြိစွန်းပြီး နိုင်ငံတကာက အစွမ်းကုန် တိုက်ဖျက်လာ တာကြောင့် ပေါ်ပေါ်တင်တင် ထုတ်လုပ် ရောင်းဝယ်ဖို့ ခက်လာ ပါတယ်။ ဒီလိုနဲ့ ဘိန်းဖြူ လိုမျိုးလည်း ဇယားမရှုပ်၊ တရားဝင်လည်း ၀ယ်လို့ရတဲ့၊ အာနိသင်လည်း တူတူနီးပါး ရတဲ့ဟာမျိုး တွေကို အစားထိုး လာကြ ပါတယ်။ ဥပမာ ဆိုရရင် ကော်ရှုကြ တာမျိုးပါ။ နောက်တစ်မျိုး ကတော့ လူကို မူးစေတဲ့ အာနိသင် ရှိတဲ့ တရားဝင်ဆေး တွေပါ။ ဆေးဆိုင်လို ဟာမျိုး မှာတောင် ၀ယ်လို့ရလို့ အန္တရာယ် ကြီးပါတယ်။ အကျဉ်းချုပ် ရရင် လူတွေဟာ မူးယစ်ဆေးကို နည်းလမ်း အမျိုးမျိုးနဲ့ သုံးစွဲကြတယ် ဆိုတာပါပဲ။ ယခုအခါ မှာလည်း ကိုယ်ထဲကို ဆေးထိုးအပ်နဲ့ ထိုးသွင်းပြီး သုံးစွဲတဲ့ "Krokodil" ဆိုတဲ့ မူးယစ်ဆေး တစ်မျိုး ပေါ်လာ ပါတယ်။ မူရင်း ထင် ရှားတဲ့ Russia ကလာတဲ့ ဒီမူးယစ်ဆေးဟာ ရုရှားလို မိကျောင်းလို့ အဓိပ္ပါယ် ရပါတယ်။ US က Chicago ဆင်ဖြေဖုံး ရပ်ကွက် တွေမှာ ၈ဒေါ် လာ လောက်နဲ့ ၀ယ်လို့ရပြီး ၂၅ ကနေ ၃၀ဒေါ်လာ အထိ ပေးရတဲ့ ဘိန်းဖြူနဲ့ စာရင် အများကြီး ဈေးသက်သာ တာကြောင့် လူကြိုက်များ ပါတယ်။ ချောင်းဆိုး ပျောက်ဆေး Codeine ဆေးပြား၊ Iodine နဲ့တခြားသော ပေါပေါရတဲ့ အရည် တချို့ကနေ လွယ်လွယ် ပြုလုပ်ထား တဲ့ဒီ Krokodil ဆေးဟာ Morphine လိုမျိုး အစွမ်း ရှိပါတယ်။ ဒါပေမယ့် ဘယ်မူးယစ်ဆေး မဆို ကောင်းကျိုး မပေးပါဘူး။ အဲဒီဆေးဟာ အ သားတွေကို ပုပ်ပြဲစေ သလို အသား တွေကို အစိမ်းရောင် သဲ့သဲ့ တဖြည်းဖြည်း ပြောင်းစေ ပါတယ်။ အဆိုးဆုံး ကတော့ အသားတွေ ပုပ်ပြဲလာ တာကြောင့် အရေပြား အောက်က အရိုးတွေ၊ ကြွက်သားတွေ အတိုင်းသား မြင်ရပြီး ပြင်ပရောဂါ တွေပါ ကူးစက်လာ တာပါပဲ။ flesh-eating drug လို့တင်စား ခေါ်ဝေါ် နေကြပါတယ် အခုဆိုရင် Krokodile ပျော်စံရာ Chicago ကဆရာဝန် တွေဟာ ဆေးရဲ့ ဘေးဥပါဒ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကို အသည်းအသန် ကုသနေ ရတဲ့ ဘ၀ ရောက်နေ ပါတယ်။ ကံဆိုးလို့ သွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပါပဲ။ Arizona နဲ့ Utah ပြည်နယ် တွေကိုလဲ အဲဒီဆေးတွေ ပျံ့နှံ့ နေပါပြီ။ မီဒီယာ တွေရော၊ အစိုးရ ကပါ သတိပြု မိလာ တာကြောင့် မကြာခင်မှာ ထိရောက်တဲ့ စစ်ဆင်ရေး တွေနဲ့ ဖြေရှင်း သွားဖို့ ကိုတော့ မျှော်လင့် ရပါဦးမယ်။ ဘိန်းဖြူမှ မဟုတ်ပါဘူး။ မူးယစ် စေတဲ့ ဆေးမှန်သမျှ အားလုံး ဝေးဝေးက ရှောင်သင့် ပါတယ်။ ရှောင်ကြဉ်ရုံ တင်မကပဲ သူတစ်ပါးတွေ ရောင်းဝယ်တာ၊ သုံးစွဲတာတွေ တွေ့ရှိမိရင် သက်ဆိုင်ရာကို အမြန် သတိပေး သင့်ပါတယ်။ ဒါမှ ကျွန်တော်တို့ ကမ္ဘာကြီးဟာ မူးယစ်ဆေး ကင်းစင်တဲ့ သာယာတဲ့ လောကကြီး တစ်ခု ဖြစ်လာ မှာပါလို့ တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ရ ပါတယ် ခင်ဗျာ။

အလင်းရှင်

`` ကျွန်တော်ချစ်သော ဆရာမ ´´

 ကျောင်းနှင့်အိမ်လေး  ၊ ခရီးဝေးကွာ
အပြေးအလွှား  ၊ စာသင်ကြား၍
ကျောင်းသားရင်ကို   အေးစေသူ . . . 

 

 မြို့စွန်ကကျောင်း  ၊  အချိန်ကောင်း၌
ခေါင်းလောင်းထိုးချက်  ၊   နေအထွက်ကို
မပျက်မကွက်   သွားရောက်သူ . .  .

 

တပည့်ဆင်းရဲ  ၊ ကျောင်းပြေးဆဲတွင်
အိပ်ထဲပိုက်ဆံ  ၊ စိုက်ထုတ်ခံ၍
ကျောင်းပြန်တက်ဖို့   အားပေးသူ . . .
 

  သြော် . . . . . .

 

စားဝတ်နေရေး  ၊   မလွယ်ဘေးကို
ရွှင်အေးကြည်သာ  ၊   ပြုံးမျက်နှာဖြင့်
ဆရာပီပီ  ၊   ရင်ဆိုင်သည်တည့်
တိုက်တည်ကားပိုင်  ၊    မဖြစ်နိုင်လည်း
ဖူးလှိုင်ပွင့်လန်း  ၊   တပည့်ပန်းကို
မျှော်မှန်းရုံမျှ ၊  ဆရာမ  ရင်


အေးမြရွှင်သော် ၊  သူသေပျော်ပြီ
ကျွန်တော်ချစ်သော  ဆရာမ 
. . . . ။

Sunday, October 13, 2013

မင်္ဂလာပါ . . .

                    သူငယ်ချင်းအားလုံး     ကိုယ်စိတ်နှစ်ဖြာ   ကျန်မားရွှင်လန်ပါစေလို့    ကောင်းကင်      ဆုမွန်ကောင်းတောင်းပါတယ်နော် ။ ....။   သူငယ်ချင်းတွေကို    ကောင်းကင်    အပန်းဖြေစရာ     နေရာလေးတစ်ခုနဲ့     မိတ်ဆက်ပေးပါရစေရှင် ။ . . . .။  

 ကောင်းကင်    မိတ်ဆက်ပေးမဲ့နေရာလေးက    ကာရာအိုကေ     အခန်းလေးတစ်ခုပါ . . . သူငယ်ချင်း      ညီကိုမောင်နှမတွေ     စုဝေးပေါင်းဆုံရာနေရာလေးတစ်ခုပါ   . . . . တစ်နေ့တာလုံး    ကိုယ်ရောစိတ်ပါ     ပင်ပန်းခဲ့တာတွေကို     ဒီကာရာအိုကေ  အခန်းလေးမှာ   နှစ်သက်ရာ   သီချင်းလေးတွေကို    မိုက်လေးကိုင်    ရင်ဘက်ကိုဖွင့်ပြီး     ပျော်ရွှင်စွာ သီဆိုရအောင်    သူငယ်ချင်းအားလုံးကို     ကောင်းကင်နဲ့အတူ      ချယ်ရီဇော်   ညီအစ်ကို   မောင်နှမ    အားလုံးက    ဖိတ်ခေါ်ပါတယ် ။ .....။     သူငယ်ချင်း အားလုံးကို  

http://host13501.123flashchat.com/cherryzaw/      ဒီနေရာလေးမှာ လာရောက်အပန်းဖြေဖို့     ချစ်ခင်လေးစားစွာ      ဖိတ်ခေါ်ပါတယ်နော် ။ . . . . ။  လာရောက်မဲ့   သူငယ်ချင်းအားလုံး     cherryzawchatroom@gmail.com    ကိုအပ်ပြီး Adminထံ    နာမည်    လှလှလေး    လုပ်ခိုင်းလို့ရပါတယ်ရှင်   ။ . .  .  . ။  

 ကောင်းကင်ဖြူအိမ်လေးရဲ့    ဖျော်ဖြေရေးနေရာလေးမှာလဲ   Linkကို   ချပေးထားပါတယ်နော် ..... သူငယ်ချင်း    အားလုံးကို     ကောင်းကင်ဖြူအိမ်လေးမှ    တဆင့် ချယ်ရီဇော်    ချက်အခန်းလေးမှ    နွေးထွေးစွာ   ဖိတ်ခေါ် ကြိုဆိုပါတယ်ရှင်   ။ ~ ~ ~ ။



Thursday, October 10, 2013

{ ဝန်ခံခြင်း }

တိတ်ဆိတ်တဲ့ညရဲ့   အမှောင်ထဲမှာ . . . . 

ခံစားမှုကို  စုန်းစုန်း  နှစ်မြှုပ်ထားပြီး . . . . 

စိတ်ကူးတစ်လျှောက်လုံး  စကားလုံးတွေ 

ရှို့မီးလို  လောင်ကျွမ်းရင်း . . . . 

ကောင်းကင်က  လမင်းထဲမှာ   ခုန်နေတဲ့

အဝေးကြယ်လေးတစ်ပွင့်  နှစ်ပွင့်ထဲမှာ . . . .

မြေပြင်ပေါ်ဝပ်နေတဲ့   အမှောင်ထဲမှာ . . . . 

သူ . . . ရှိနေလိမ့်နိုးနဲ့   ရှာမိခဲ့တဲ့အခါ . . . 

ဘယ်သူ့ကိုမှ     မတွေ့ခဲ့ရပဲဘဲ . . . .

နေရာအနှံ့   ကြိုရောက်နေနှင့်ကြတဲ့ 

ကိုယ့်စကားလုံးတွေကိုပဲ   ကိုယ်ပြန်တွေ့ခဲ့ရတယ် ။   ။