ကျောင်းနှင့်အိမ်လေး ၊
ခရီးဝေးကွာ
အပြေးအလွှား ၊ စာသင်ကြား၍
ကျောင်းသားရင်ကို အေးစေသူ . . .
မြို့စွန်ကကျောင်း ၊ အချိန်ကောင်း၌
ခေါင်းလောင်းထိုးချက် ၊
နေအထွက်ကို
မပျက်မကွက် သွားရောက်သူ . . .
တပည့်ဆင်းရဲ ၊
ကျောင်းပြေးဆဲတွင်
အိပ်ထဲပိုက်ဆံ ၊ စိုက်ထုတ်ခံ၍
ကျောင်းပြန်တက်ဖို့
အားပေးသူ . . .
သြော် . . . . . .
စားဝတ်နေရေး ၊ မလွယ်ဘေးကို
ရွှင်အေးကြည်သာ ၊
ပြုံးမျက်နှာဖြင့်
ဆရာပီပီ ၊ ရင်ဆိုင်သည်တည့်
တိုက်တည်ကားပိုင် ၊
မဖြစ်နိုင်လည်း
ဖူးလှိုင်ပွင့်လန်း ၊ တပည့်ပန်းကို
မျှော်မှန်းရုံမျှ ၊ ဆရာမ
ရင်
အေးမြရွှင်သော် ၊ သူသေပျော်ပြီ
ကျွန်တော်ချစ်သော
ဆရာမ . . . . ။





No comments:
Post a Comment