Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Friday, October 18, 2013

သီတင်းကျွတ်လပြည့်နေ့


မင်္ဂလာပါ . . .
                မနက်ဖြန်ကျရောက်လာမဲ့     စနေနေ့မှာ    သူငယ်ချင်းအားလုံး      ဆွမ်း  ၊ ပန်း ၊ ရေချမ်း  ၊ ဆီမီးများနဲ့   ကပ်လှူပူဇော်ကာ     ကုသိုလ်ကောင်းမှုယူနိုင်ရန်   နှိုးဆော်လိုက်ပါတယ်နော် ....

- ဘုရားသားတော် ရဟန်းတော်များ
ဝါတွင်းသုံးလအတွင်းမှ ၀ါကျွတ်သောနေ့၊

- အပြစ်ရှိက ပြောကြားပါရန် ၀ါဆိုသော သံဃာအချင်းချင်း
ဖိတ်မာန် အမှုပြုကြသော မဟာပ၀ါရဏာနေ့၊

- ဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို
ဟောကြား အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊

- နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ
သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊

- ထိုသို့ဘုရားရှင် ဆင်းသက်တော်မူသည်ကို
ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည် ထွန်းညှိပူဇော်သောနေ့၊

- စကြာဝဠာတိုက်တစ်သောင်းမှ လူ နတ် ဗြဟ္မာသတ္တ၀ါ
အားလုံးတို့သည် တစ်ဦးကို တစ်ဦးအချင်းချင်း မြင်နေကြရပြီး
လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်အားဖြင့် ဒိုးယိုပေါက်
ထုတ်ချင်းပေါက် ရောင်ခြည်တော်များဖြင့် လင်းထိန်နေကာ
ဘုရားရှင်အား အတူတကွ ကြည်ညို ပူဇော်ရသောနေ့၊

- နတ်လူအများတို့သည် ဘုရားရှင်၏ တန်ခိုးတော်အနန္တကို
ဖူးမြင်ကြရကား အားကျကြည်ညိုစိတ်ဖြင့် သင်္ကဿမြို့တွင် စုဝေးနေကြသော ပရိသတ်အများစု၏ ဘုရားဆုပန် သောနေ့
စသော ဂုဏ်ပေါင်းတို့ဖြင့် ပြည့်စုံသော
နေ့ထူး နေ့မြတ် ပင်ဖြစ်ပါသည်။



( https://www.facebook.com/photo.php?fbid=221593751335724&set=a.144808482347585.29835.144483682380065&type=1&theater )မှကူးယူဖော်ပြပါတယ် ။

No comments: