Thursday, December 17, 2009

" ထူးခြားသောမြစ်သာမြစ် "

မြစ်သာမြစ်ကား အခြားမြန်မာပြည် အနှံ့အပြားမှရှိကြသော အခြားမြစ်ချောင်များနဲ့မတူပဲ ဆန့်ကျင်ဘက်ဖြစ်သည် ။ မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းဟူသမျှ မြောက်ဘက်မှတောင်ဘက်သို့ အစဉ်တစိုက် စီးဆင်းခဲ့ကြသော်လည်း မြစ်သာမြစ် ထိုသို့မဟုတ်ဘဲ တောင်ဖက်မှ မြောက်ဖက်သို့ ဆန်၍ စီးဆင်းသော် မြစ်တစ်စင်း ဖြစ်၏ ။


မြစ်သာမြစ်သည် မကွေးတိုင်း ဂန့်ဂေါမြို့ အစပ်တွင်ရှိ၏ ။

Friday, July 17, 2009

ပဲ့တင်သံတိတ်

ငြိမ်းအေးမှုကို ရှာလို့မရဘူး ငြိမ်းအေးမှုဆိုတာ အပြင်ကလာတာမဟုတ်ဘူး အတွင်းကလာရမှာ ။ အပြင်မှာရှာရင် ငြိမ်းအေးမှုကိုတော့ တွေ့မှာမဟုတ်ဘူး ၊ ရှာတဲ့ဒုက္ခသာ ပိုလာလိမ့်မယ် ၊ ဘယ်လိုဖြစ်နေလဲဆိုတော့ ပဲ့တင်သံကို တိတ်ပါတော့လို့ အော်ပြောနေတဲ့ လူနဲ့တူတယ် ၊ တိတ်ပါတော့လို့ အော်ပြောနေသ၍တော့ ပဲ့တင်သံဟာ တိတ်မသွားဘူး ၊ အဲ့ဒီတော့ ပဲ့တင်သံကိုတိတ်ဖို့ အလုပ်တစ်ခုပဲရှိတယ် ၊ အဲ့ဒီအလုပ်က ဘာအလုပ်လည်းဆိုရင် ဘာမှမလုပ်တဲ့အလုပ်ပဲ ၊ ဘာမှမလုပ်ရင် ပဲ့တင်သံဟာ ဘာမှပေါ်လာစရာ အကြောင်းမရှိတော့ဘူး ၊ နဂိုကတိတ်ပြီးသား ကိုယ်ကအော်လိုက်လို့ သူက ပြန်အော်နေတယ်ဆိုတာ သဘောပေါက်တဲ့ အချိန်ဟာ ပဲ့တင်သံတိတ်တဲ့ အချိန်ပါပဲ ။ . . . ။

Full-Stop

To Ask For Perfection Is To ask For Death . Death Is The Full-Stop . In Life You Can Use Commas , Semi-Colons ; But Never A Full-Stop .

Saturday, June 20, 2009

ဘောင်ကျဉ်းအလွမ်း


လွမ်းလာရင်
ဓာတ်ပုံလေး ထုတ်ကြည့်ရုံကလွဲလို့
ငါ့မှာ ဘာအခွင့်အရေးများ

ရှိခဲ့ဖူးလို့လဲ . . . . . . . .


(. . . . . . . . . .
. . . . .
. . . . . . .
. . . . . . . . . . . .
. . .
. . . . . . . . . . . .)


သူတစ်ပါးတွေ
အနမ်းနဲ့စန်းပွင့်နေချိန်မှာ

ငါ့မှာ အလွမ်းနဲ့ နွမ်းလွင့်နေခဲ့တယ် ။ . . . ။



ဒီ အလွမ်းတွေကိုတောင်

ပြင်းထန်တဲ့အမိန့်တွေ အထပ်ထပ်ချပြီး
မသေမချင်း ကြိုးစင်တင်တာကတော့

ရက်စက်ရာ မကျလွန်းဘူးလား . . . .



အခုတော့ ငါ့မှာ

လွမ်းတာတောင်

ပုန်းလျှိုးကွယ်လျှိုးနဲ့

စည်းနဲ့ ကမ်းနဲ့ လွမ်းနေရတော့တယ် ။ . . . . . ။




{ ( . . . . . . . . .
. . . . . . . . . . ကွက်လပ်ကို
ဖြည့်ပေးနိုင်ပါက
. . . . . . . . . . . . . . ဖြည့်ပေးနိုင်ပါသည်ဟု

. . . . . . . . . . . . . . .. . . . . ) သူငယ်ချင်းများအား တောင်းဆိုပါတယ်ရှ
င် ။ }

Friday, June 19, 2009

ချစ်သူ့ရုပ်တု



မေ့လိုက်တော့ဆိုတဲ့ စကားတစ်ခွန်းကို
အလှပဆုံးသုံးသွားပြီး ငါ့ကို အနိုင်ယူသွားတဲ့မင်း
အမြဲတမ်းကွယ် . . . . . .


ချစ်သူတစ်ယောက်အနေနဲ့
အရှုံးပေးနေတာပါ
ခယ ဝပ်တွားနေတာပါ
သီဆိုနေတဲ့ မင်အတွက် သီချင်းတွေလည်း
ရင်တွင်းကြေကွဲမှုကြောင့် ဆွံ့အကုန်ပြီ ။


ငိုချင်ပေမယ့်
မီးတောက်နေတဲ့ မျက်ရည်တွေနဲ့
ငါ့ရင်တစ်ခုလုံး လောင်မြိုက်နေဆဲပဲ . . . .
နာရီအလိုက်
ဖြတ်သန်းသွားတဲ့ နေ့ရက်တိုင်းမှာ ငါလွမ်းနေခဲ့တယ်
ချစ်သူ . . . .
ငါ့ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းတစ်စုံကတော့
ချစ်သူနံဘေးမှာ အရိပ်အဖြစ်လိုက်ရင်း
သံယောဇဉ် လေးညင်းနုတွေနဲ့
ငါ့နှလုံးသားကို ထာဝရ
ချစ်သူ့ရုပ်ထု
တစ်ခုအဖြစ် ထွင်းထုထားပါတယ် ။ . . . . . ။

Saturday, June 13, 2009

အဝေးကပဲငေးနေမယ်

ဝန်မခံရဲတဲ့သတ္တိနဲ့
မဆုံရဲတဲ့မျက်ကြည့်တွေဟာ . . . .
ကိုယ့်နှလုံးသားကို
ဒက်ထိအောင်ခတ်မိစေတယ် . . . .
အပြုံးမပျက် အမုန်းမဖက်ဘဲ
တစ်သက်လုံး ဖုံးကွယ်ထားမယ် . . . .
ကိုယ့်နှလုံးသားကို ပြုံးရယ်မပြုပါနဲ့
အထင်အမြင်တွေလည်းသေးပါစေ
ကိုယ့်မှာ. . . အဝေးကပဲငေးနေမယ် . . . .

Sunday, May 24, 2009

အမေဇုံနားပေါက်





အမေဇုံထံ
တရန်နားကပ်
ရှိပါသည် ။



တစ်ခါတလေ
အမေဇုံနား ၊ အမေဇုံပါး

နားပေါက်ဟောင်းလောင်း

တွေ့ပါသည် ။



အမေဇုံတဲ့

ခုံမင်လေးစား ၊ သူ့လင်သားပေါ်

ထားခဲ့သစ္စာ ၊ ချစ်သဒ္ဓါနဲ့

မေတ္တာမပျက် ၊ ရှေးရေစက် ။



အိမ်ဦးနတ်ရဲ့
ကြပ်မတ်လမ်းညွှန် ၊ ကျိုးနွံဇနီး

သမီးနဲ့သား ၊ အိမ်စီးပွားကို

တတ်အားသမျှ ၊

နေ့ညမနား ၊ သူမအား ။



နံနက်ခင်းဆို

ထင်းမီးစထိုး ၊ ဒယ်တစ်အိုးနဲ့

မုန့်မျိုးစုံရောင်း ၊ သူမညောင်း ။



နေ့လယ်နေ့ခင်း

ပျင်းမနေအား ၊ သမီးသားနဲ့

ဖက်များ အစီးခံ ၊ သူလုံးပြန် ။



အိမ်တွင်းမှုလုပ်

သိမ်းထုပ်သေချာ

ကြိုးကုတ်ပါသည် ။

လင်ပါဆွေမျိုး ၊ သူ့ဆွေမျိုး ။

ခင်ရာဆွေမျိုး ၊ သူမညှိုး ။



အမေဇုံတို့ခေတ်

ရွှေမဖြစ်လည်း ၊ ရွှေဖြစ်အောင်စု

သူ့ခေတ်သူ့ခါ ၊ တစ်ဆင်စာရွှေ

ရင်မှာစေ ၊ အမေဝတ်ဖူး

အိမ်ထောင်ဦးမှာ

ကြည်နူးရွှင်ပျဆင်တိုင်းလှ ။



မရှိဝမ်းစာ
ရှိတတ်ဆာပေါ့ ၊ ရွှေဆိုတာဝေး

ရှင်မှာ ဆွေးလည်း

ကလေးခြောက်ယောက်

လူလားမြောက်ရန်

အံ့လောက်အံခဲ

အမေ့ဇွဲကြောင့် အမြဲမပြတ်

တဖျပ်ဖျပ်နဲ့

နားကပ်တစ်ရန် ၊ ရှိတတ်ပြန် ။



ဒါပေမယ့်လေ

မေတို့အိမ် ၊ ဧည့်လာချိန်ဆို

ချိုသာစိတ်ရင်း ၊ဧည့်ခံခြင်းနဲ့

အိမ်တွင်းဘတ်ဂျက် ၊

နားနှစ်ဖက်က

လက်တွေ့သက်သေ ၊
ပြတတ်နေ ။



ဒီမှာအဆွေ

အမေဇုံနားပေါက်

သဘောပေါက် ။