Welcome To The skywhitegirl Blogspot
Tuesday, October 29, 2013
{ ချစ်သူရာ }
ထားခဲ့မှာလား ......
ဝေးရမှာလား.......
ဆွေးရမှာလား.....
လွမ်းရမှာလား...... ?
မထားခဲ့ပါနဲ့ ......... မဝေးရဲလို့ပါ..........
မဆွေးရဲလို့ပါ...........
မလွမ်းရဲလို့ပါ............
{ ချစ်သူရာ }
Friday, October 18, 2013
သီတင်းကျွတ်လပြည့်နေ့
မင်္ဂလာပါ . . .
မနက်ဖြန်ကျရောက်လာမဲ့ စနေနေ့မှာ သူငယ်ချင်းအားလုံး ဆွမ်း ၊ ပန်း ၊ ရေချမ်း ၊ ဆီမီးများနဲ့ ကပ်လှူပူဇော်ကာ ကုသိုလ်ကောင်းမှုယူနိုင်ရန် နှိုးဆော်လိုက်ပါတယ်နော် ....
- ဘုရားသားတော် ရဟန်းတော်များ
ဝါတွင်းသုံးလအတွင်းမှ ၀ါကျွတ်သောနေ့၊
- အပြစ်ရှိက ပြောကြားပါရန် ၀ါဆိုသော သံဃာအချင်းချင်း
ဖိတ်မာန် အမှုပြုကြသော မဟာပ၀ါရဏာနေ့၊
- ဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို
ဟောကြား အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊
- နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ
သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊
- ထိုသို့ဘုရားရှင် ဆင်းသက်တော်မူသည်ကို
ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည် ထွန်းညှိပူဇော်သောနေ့၊
- စကြာဝဠာတိုက်တစ်သောင်းမှ လူ နတ် ဗြဟ္မာသတ္တ၀ါ
အားလုံးတို့သည် တစ်ဦးကို တစ်ဦးအချင်းချင်း မြင်နေကြရပြီး
လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်အားဖြင့် ဒိုးယိုပေါက်
ထုတ်ချင်းပေါက် ရောင်ခြည်တော်များဖြင့် လင်းထိန်နေကာ
ဘုရားရှင်အား အတူတကွ ကြည်ညို ပူဇော်ရသောနေ့၊
- နတ်လူအများတို့သည် ဘုရားရှင်၏ တန်ခိုးတော်အနန္တကို
ဖူးမြင်ကြရကား အားကျကြည်ညိုစိတ်ဖြင့် သင်္ကဿမြို့တွင် စုဝေးနေကြသော ပရိသတ်အများစု၏ ဘုရားဆုပန် သောနေ့
စသော ဂုဏ်ပေါင်းတို့ဖြင့် ပြည့်စုံသော
နေ့ထူး နေ့မြတ် ပင်ဖြစ်ပါသည်။
( https://www.facebook.com/photo.php?fbid=221593751335724&set=a.144808482347585.29835.144483682380065&type=1&theater )မှကူးယူဖော်ပြပါတယ် ။
Thursday, October 17, 2013
မျက်နှာဖုံး
ပြုံးရယ်နေတဲ့ မျက်နှာမှာ မျက်ရည်စတွေကို ဘယ်သူမှ မမြင်အောင် ကွယ်ဝှက်ထားတတ်လာတယ်......
အဆင်မပြေခြင်းနဲ့ အားငယ်ခြင်းတွေကို သေနေတဲ့ မျက်လုံးတွေနဲ့ နှုတ်ခမ်းတစ်စုံက ရယ်မောတတ်လာတယ် ........
မလိုတဲ့အခါ ပစ်ပယ်ထား လိုတော့မှ အရေးပေးတတ်တဲ့ လူတွေမှာ
မျက်နှာဖုံးတွေ ဘယ်နှခုလောက်ရှိနေမလဲ သိချင်လိုက်တာ .......
Sunday, October 13, 2013
သူငယ်ချင်းအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်မားရွှင်လန်ပါစေလို့ ကောင်းကင် ဆုမွန်ကောင်းတောင်းပါတယ်နော် ။ ....။ သူငယ်ချင်းတွေကို ကောင်းကင် အပန်းဖြေစရာ နေရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေရှင် ။ . . . .။
ကောင်းကင် မိတ်ဆက်ပေးမဲ့နေရာလေးက ကာရာအိုကေ အခန်းလေးတစ်ခုပါ . . . သူငယ်ချင်း ညီကိုမောင်နှမတွေ စုဝေးပေါင်းဆုံရာနေရာလေးတစ်ခုပါ . . . . တစ်နေ့တာလုံး ကိုယ်ရောစိတ်ပါ ပင်ပန်းခဲ့တာတွေကို ဒီကာရာအိုကေ အခန်းလေးမှာ နှစ်သက်ရာ သီချင်းလေးတွေကို မိုက်လေးကိုင် ရင်ဘက်ကိုဖွင့်ပြီး ပျော်ရွှင်စွာ သီဆိုရအောင် သူငယ်ချင်းအားလုံးကို ကောင်းကင်နဲ့အတူ ချယ်ရီဇော် ညီအစ်ကို မောင်နှမ အားလုံးက ဖိတ်ခေါ်ပါတယ် ။ .....။ သူငယ်ချင်း အားလုံးကို
http://host13501.123flashchat.com/cherryzaw/ ဒီနေရာလေးမှာ လာရောက်အပန်းဖြေဖို့ ချစ်ခင်လေးစားစွာ ဖိတ်ခေါ်ပါတယ်နော် ။ . . . . ။ လာရောက်မဲ့ သူငယ်ချင်းအားလုံး cherryzawchatroom@gmail.com ကိုအပ်ပြီး Adminထံ နာမည် လှလှလေး လုပ်ခိုင်းလို့ရပါတယ်ရှင် ။ . . . . ။
ကောင်းကင်ဖြူအိမ်လေးရဲ့ ဖျော်ဖြေရေးနေရာလေးမှာလဲ Linkကို ချပေးထားပါတယ်နော် ..... သူငယ်ချင်း အားလုံးကို ကောင်းကင်ဖြူအိမ်လေးမှ တဆင့် ချယ်ရီဇော် ချက်အခန်းလေးမှ နွေးထွေးစွာ ဖိတ်ခေါ် ကြိုဆိုပါတယ်ရှင် ။ ~ ~ ~ ။
Wednesday, February 8, 2012
စည်း
“ တချိန်တုန်းက ” “ မိန်းမ ”

တစ်နေ့မှာ......
တိမ်ပြာHotel ရဲ့ စားသောက်ခန်းထဲကို ဧည့်သည်နှစ်ယောက်ဝင်လာတယ်..
အဖြူရောင်အိင်္ကျီပေါ်မှာ နက်ပြာရောင်ကုတ် နက်ပြာရောင်စကပ်တိုဒူးဖုံးန
ဝင်လာတဲ့ဧည့်သည်တွေက ကျားမ တစ်တွဲဖြစ်တယ် အသက် ၄ဝ အရွယ်လောက်ရှိကြမယ် ... ဝတ်ထားတာသန့်သန့်ပြန့်ပြန့်
ခရီးဆောင်အိပ်အနီကြီးကို ဘီးလိမ့်လို့ဆွဲလာတယ် ... အလည်အပတ် ခရီးထွက်လာတဲ့ လင်မယားဖြစ်ဖို့များတယ်...
စားပွဲထိုးမိန်းကလေး ဦးဆောင်ပြီး စားပွဲတစ်ခုမှာနေရာပေးလိုက်
ရဲ့စားသောက်ခန်းဟာ ခန်းနားလှပနေတယ် ...
ထိုင်ခုံမှာ ထိုင်ပြီးတော့ စားပွဲထိုးမိန်းကလေးက စားသောက်Menu ကဒ် ကို ပြုံးပြီးလှမ်းပေးလိုက်တယ် ...
ယောက်ျားကြီးက ကဒ်ကို လှမ်းယူပြီး မိန်းမကြီးကို ထိုးပေးလိုက်တယ် "မင်း... ဘာစားချင်ဘာမှာလိုက်.."
မိန်းမကြီးက ကဒ်ကို ကြည့်တောင်မကြည့်ဘဲ စားပွဲထိုးမိန်းကလေးကို တစ်ချက်ကြည့်ပြီး "ကျွန်မတို့ကို ဖက်ထုပ်အရည်ဖျော်တစ်ပွဲပေးရ
စားပွဲထိုးမိန်းကလေး တစ်ချက်တန့်သွားတယ် ... ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး ... တိမ်ပြာHotel လာပြီး ဖက်ထုပ်မှာစားတယ်? ပြီးတော့ ဒီမှာလဲ မရှိဘူး ... နားကြားများလွဲသလား ဆိုပြီး မိန်းမကြီးကို
မေးခွန်းများစွာပါတဲ့အကြည့်
ယောက်ျားကြီးကစကားပြောလာတော
မိန်းမကြီးခေါင်းခါပြီး " ကျွန်မ ဖက်ထုပ်ပဲစားမှာ!" ယောက်ျားကြီးက တစ်ချက်တန့်ပြီး စားပွဲထိုးမိန်းကလေးရဲ့ အံ့သြတဲ့အကြည့်တွေကို အားနာနာနဲ့ "ညီမ .. အကိုတို့ကို ဖက်ထုပ်နှစ်ပွဲပေးပါ"
" မဟုတ်ဘူး တစ်ပွဲတည်းယူမှာ" မိန်းမကြီးခပ်တည်တည်နဲ့ပြော
တစ်နေ့လုံးကျွန်မစကားပဲနားေ
ယောက်ျားကြီးဘာသံမှထွက်မလာေ
ကပ်စီးနည်းတာလဲ လွန်လွန်းပါတယ် Hotel စားသောက်ခန်းမှာ ထမင်းလာစားတာ ဖက်ထုပ်မှာတဲ့အပြင် ၁ပွဲကို ၂ယောက်စားအုံးမယ်တဲ့} မိန်းမကြီးကို မဲ့ပြီး "တောင်းပန်ပါတယ်ရှင့်...ကျွ
ဖက်ထုပ်မရောင်းလို့ပါ... အကိုတို့အမတို့စားချင်တယ်ဆိ
မိန်းမကြီးမယုံစွာနဲ့ "ဘယ်လိုဖြစ်လို့ ဖက်ထုပ်မရောင်းတာလဲ ? နင်က မှာတာနည်းလို့ မရောင်းချင်တာလား..လူကိုအထင
ဒီချိန်မှာ ... Hotel သူဋ္ဌေး ဦးဝင်းစိန် round လှည့်လို့ စားသောက်ခန်းထဲရောက်လာတယ် ... မိန်းမကြီးပြောနေတာကိုသူကြာ
စားပွဲထိုးမိန်းကလေးကဒေါသသံ
ဦးဝင်းစိန် ပြုံးပြီး လက်ကာပြလိုက်တယ်... သူလဲအံ့သြနေတာပဲ ဒီလင်မယားရဲ့ဝတ်ထားပုံကြည့်
စီးပွားရေးကကိုယ့်စီလာနေမှေ
စားပွဲထိုးမိန်းကလေးရဲ့နားန
ဘာတွေဆက်ဖြစ်မယ်ဆိုတာ စောင့်ကြည့်နေလိုက်တယ်...
သိပ်မကြာလိုက်ဘူး... စားပွဲထိုးမလေး မီးခိုးတစ်လူလူ ထွက်နေတဲ့ ကြွေပန်းကန်လုံးကြီးတစ်ခု ကို အဝတ်ခံပြီးမလာခဲ့တယ် ... မိန်းမကြီးရဲ့ရှေ့ကိုချပေြး
ဖက်ထုပ်ပွဲကိုတွေ့တော့... မိန်းမကြီးပျော်သွားတယ်... သူမမျက်နှာကို ပန်းကန်လုံးအဝမှာ ထားပြီးတစ်ချက်ရှိုက်ရှူလို
မွှေပေးနေတယ်...
ယောက်ျားကြီးက မျက်လုံးပြူးမျက်စံ ပြူးနဲ့မိန်းမကိုကြည့်နေတယ်
မင်းကိုငါ တကယ် နားမလည်းတော့ဘူးကွာ ... ဒီလောက် ခရီးဝေးကြီးလာတာ ဖက်ထုပ်တစ်ပွဲစားဖို့အတွက်ပ
မိန်းမကြီးခေါင်းမော့လာတယ် "ကျွန်မ ကြိုက်လို့!"
ယောက်ျားကြီး စားပွဲပေါ်မှ Menu ကဒ်ကိုယူပြီး "မင်းကြိုက်ရင်မင်းစား ငါတစ်နေကုန်လမ်းမှာဘာမှ စားခဲ့ရတာမဟုတ်ဘူး ... ဗိုက်ကဆာနေပြီ " သူလက်ကာပြီး စားပွဲထိုးမလေးကို ခေါ်လိုက်တယ် ...
ဟင်းကောင်းတွေကြီး ၆ မျိုး ၇ မျိုး မှာလိုက်တယ် ...
မိန်းမကြီးကတော့ အေးဆေးပဲ .. ယောက်ျား ဟင်းမှာပြီးမှ စားပွဲထိုးမလေးကို သတိပေးလိုက်တယ် " ညီမလေး သူ့မှာပိုက်စံ ပါလားအရင်မေးကြည့်အုံး... မရှင်းဘဲ ထွက်ပြေးနေအုံးမယ်"
စားပွဲထိုးမလေး ဘာဆိုလိုမှန်းမသိလိုက်ချိန်
နိုက်တယ် " ?? အင် ... ငါ့ ပိုက်စံအိပ်ကော ? " သူထပြီးတော့ရှာတယ် ဒီအိပ်ထောင်နိုက်လိုက် ဟိုအိပ်ထောင်စမ်းလိုက် ...အဲအခါမှာ ဟမ်းဖုန်း ပါ မရှိတော့ဘူးဆိုတာ သတိထားမိတယ် ...သူခန စဉ်းစားပြီး နောက်ဆုံး
အကြည့်တွေ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ မိန်းမကြီးစီရောက်သွားတယ် ...
မိန်းမကြီး အေးအေးလူးလူး နဲ့ " ရှင် အလုပ်ရှုပ်ခံမနေနဲ့ ပိုက်စံအိပ်နဲ့ဖုန်းနဲ့ မနေ့ညက ကျွန်မ မြစ်ထဲပစ်လိုက်ပြီ..တွေ့မှာ
ယောက်ျားကြီး ဒေါသ ထွက်သွားတယ် " မင်း ရူးနေပြီလား"
မိန်းမကြီးကတော့ မကြားသလိုဘဲ ... ဖက်ထုပ် ပန်းကန် ကို ပဲ မွှေနေတယ်
ယောက်ျားကြီး တစ်ခုခုကိုသတိရလိုက်တော့ ခရီးဆောင်အိပ်အနီးကြီးထဲ လက်နဲ့စမ်းတယ်
မိန်းမကြီး အေးစက်စက် လေသံနဲ့ " ရှင်ရှာမနေနဲ့တော့ ရှင့်နာရီ ၊ ကျွန်မ လက်စွပ် ရှိရှိသမျှ ကျွန်မတို့ ခရီးမှာပါလာတဲ့ တန်းဖိုးရှိတဲ့ပစ္စည်းမှန်သ
၅ဝဝ ရှိတယ် ... ဒီ ဖက်ထုပ် တစ်ပွဲစာတော့လောက်မယ် ! "
ယောက်ျားကြီး မျက်နှာတစ်ခုလုံး သွေးမရှိတော့တဲ့ အတိုင်း ဖြူသွားတယ် ... ကုလားထိုင် ပေါ် ထိုင်ချလိုက်သလား ခြေပစ်လက်ပစ် ဖြစ်သွားသလား ... မိန်းမကြီးကို စိုက်ကြည့်ပြီး " မင်း တကယ်ရူးနေပြီ
မင်းတကယ်ရူးနေပြီ! ငါတို့ ပိုက်စံ မပါဘဲ ဘယ်လိုပြန်မလဲ? လမ်းခရီးကနည်းတာမှတ်လို့...
မိန်းမကြီး မပူမပင် နဲ့ဘဲ ... " ရှင်ဘာစိတ်ပူနေတာလဲ ... ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မတို့မှာ ခြေထောက်တွေပါနေတာပဲ ... လမ်းလျှောက်ပြန်လဲ လျှောက်ရင်းလျှောက်ရင် အိမ်ပြန်ရောက်မှာပါပဲ "
ယောက်ျားကြီး သက်ပြင်းချတယ်.. မိန်းမကြီးက ဆက်ပြောတယ် " လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်တုန်းကလဲ .. ကျွန်မတို့ ကိုယ်ပေါ် ပိုက်စံတစ်ပြားမှ မရှိဘဲလည်း အိမ်ရောက်အောင် ပြန်ခဲ့ကြတာပဲ မဟုတ်လား
...
ယောက်ျားကြီး ဒီစကားလဲကြားရော...ကြောင်တေ
မိန်မကြီး သက်ပြင်းချပြီး " ကြည့်ရတာ.. ဒီနှစ်တွေမှာ ပိုက်စံလေး နှစ်ပြား သုံးပြား ရှိလာတော့ အရာရာကို မေ့ပစ်လိုက်ပြီပေါ့ ၊ လွန်ခဲ့တဲ့ အနှစ် ၂ဝ တုန်းက ကျွန်မတို့ အလုပ်လုပ်မယ်ဆိုပြီး
ဆုထားတဲ့ငွေလေးနဲ့ ခရီးဝေးကို ထွက်လာကြတယ်၊ ပိုက်ဆံ အလိမ်ခံရလို့ အခြေအနေမကောင်းခဲ့ဘူး... အိမ်ပြန်ဖို့စာရိတ်တောင်မကျ
ကျွန်မ သိတယ် အဲဒီအချိန် ရှင့်မှာ ပိုက်စံ ၅ဝ ပဲကျန်တော့တယ်"
ယောက်ျားကြီး ဒါတွေလဲ ကြားရော ... တစ်ချက် တွန့်သွားတယ် ...ပတ်ဝန်ကျင် ကို သေချာကြည့်တယ် " ဒီ ....... ဒီ နေရာက ...... "
"ဟုတ်တယ် ဒီနေရာပဲ ...ကျွန်မ တစ်သက်လုံး မေ့လို့ရမှာမဟုတ်ဘူး ...အဲဒီအချိန်တုန်းက ဒီနေရာလေးဟာ ဖက်ထုပ်ဆိုင်လေး ဖွင့်ထားတယ်လေ ...
ယောက်ျားကြီး အသံတိတ်ခေါင်းလေးငုံ့လို့..
စားပွဲထိုးမလေး လျင်မြန်စွာပဲပန်းကန်အလွတ်တ
တွန်းပို့ပေးတယ်.."စားလိုက်
ယောက်ျားကြီးက ရှေ့မှာရှိတဲ့ ဖက်ထုပ် တစ်ဝက်ကို စိုက်ကြည့်ပြီး .." ငါ မဆာဘူး " မိန်းမကြီးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့ " လွန်ခဲ့တဲ့ နှစ် ၂ဝ တုန်းကလည်း
ရှင်ဒီလိုပြောခဲ့တာပဲလေ...က
ယောက်ျားကြီးက " နင်ဘာလို့မစားသေးလည်း ? " မိန်းမကြီး တစ်ချက်ရှိုက်ပြီး " လွန်ခဲ့တဲ့နှစ် ၂ဝ တုန်းကလဲ ရှင်ဒီအတိုင်းပဲ ကျွန်မကို မေးခဲ့တာပဲ ... ကျွန်မမှတ်မိသေးတယ်... ကျွန်မအဲဒီတုန်းကဖြေခဲ့တာက
..စားရင် အတူတူစားမယ် မစားရင်လဲ လုံးဝ မစားဘူး ...အခုလည်း အဲဒီ အဖြေပဲ ..."
ယောက်ျားကြီး ဘာမှမပြောတော့ဘူး ... ဇွန်းကိုကောက်ကိုင်ပြီး ဖက်ထုပ်ကိုခပ်တယ် ..ဘာကြောင့်မသိဘူး ... ဇွန်းကိုင်တဲ့လက်က တအားတုန်နေတယ်... ဘယ်နှခါ ခပ်မိတယ်မသိဘူး ... ဖက်ထုပ်က
ဟင်းရည်ထဲကိုပဲ ပြန်ပြန် ဆင်းသွားတယ်... နောက်ဆုံးတော့ သူ ဖက်ထုပ် တစ်ခုကို ခပ်ပြီး ပါးစပ်ထဲပို့လိုက်တယ် ... ဝါးတယ်စားတယ်.. နောက်တစ်ခုကို ခပ်ပြီး ပါးစပ်ထဲ ထည့်တော့ မျက်ရည်တွေ ... တပေါက်ပေါက်
စီးကျလာတော့တယ် ...
မိန်းမကြီးက သူ့ယောက်ျားစားတာတွေ့တော့ မျက်နှာမှာ အပြုံးတွေနဲ့ ဇွန်းကိုယူ ပြီး စားတော့တယ်... ဖက်ထုပ် ပါးစပ်ထဲကိုလည်း ရောက်ရော ... မျက်ရည်ကလည်း ပန်းကန်းလုံးထဲကို ကျသွားတယ်... ဒီ
ဇနီးမောင်းနှံ က ဒီလိုနဲ့ မျက်ရည်ရောတဲ့ ဖက်ထုပ် တစ်ဝက်စီကို စားလို့ ကုန်သွားတယ်...
ဇွန်းကို ချပြီးပြီးချင်း .. ယောက်ျားက မိန်းမကိုမေးတယ် .. " ဗိုက်ဝပြီလား ..."
မိန်းမကခေါင်းခါတယ် ၊ ယောက်ျား ပြာသွားတယ်... ရုတ်တရက် သူသတိရလိုက်တယ်...ခါးကိုကုန
တစ်ရွက်ထွက်လာတယ် ... သူအံ့သြပြီး လက်ထဲက ၅ဝဝတန် ကို ကြောင်းငေးနေမိတယ် ..
မိန်းမကြီးက ပြုံးပြီး " အဲဒီ လွန်ခဲ့တဲ့ နှစ်၂ဝ တုန်းကလေ .. ရှင် ကျွန်မကို ငွေ ၅ဝ ပဲ ရှိတော့တယ် ဆို ပြီး ဖက်ထုပ်တစ်ပွဲတည်း ဝယ်းကျွေးခဲ့တယ်.. တကယ်တော့ ရှင့်မှာ နောက် ထက် ၅ဝ ရှိသေးတယ် ...
ခြေနင်းက အောက်ခံသားရည်ပြားအောက်ထဲမှ
တစ်ဝက်စားလိုက်တော့ ကျွန်မဗိုက်မဝသေးဘူးဆိုတာ သိလို့ .. နောက်တစ်ပွဲ ထက်မှာ စားခဲ့ကြတယ်လေ ..." သက်ပြင်းလေးတစ်ချက်ချပြီး " ရှင်လုပ်ခဲ့ဖူးတာတွေကို ပြန်မှတ်မိသေးတယ်နော်... .. အဲဒီ ၅ဝဝ ဖွက်တာ
အလကား မဖြစ်တော့ဘူး"
ယောက်ျားက ပိုက်စံကို စားပွဲထိုးမလေးကို ပေးတယ် " အကိုတို့ကို နောက်တစ်ပွဲ ထပ်ပေးအုံးကွာ..." စားပွဲထိုးမလေးကပိုက်စံကို မယူဘဲ ...အပြေးလေးထွက်သွားတယ် ..ခဏကြာတော့ လက်ထဲမှာ ဖက်ထုပ်
ပူနွေးနွေး တစ်ပွဲ ပါလာတယ် ...
ယောက်ျားက မိန်းမရဲ့ ပန်းကန်ထဲကို တစ်ဝက် ခွဲထည့်ပေးတယ် .." ပူတုန်းလေး စားလိုက်အုံး..."
မိန်းမ နည်းနည်းမှ မလှုပ်ဘဲပြောတယ် " စားပြီးရင်တော့ ကျွန်မတို့ လမ်းလျှောက်အိပ်ပြန်ကြရတော့
ဒုက္ခနဲ့ဗိုက်မဝ တဲ့ ဒဏ် ကို အတူတူ မျှဝေခံစားချင်လို့ပါ...
ယောက်ျား ဘာအသံမှ ထွက်မလာဘူး ... ခေါင်းကြီး ငုံ့လို့ .. ဖက်ထုပ်တွေ တစ်လုတ်ပြီးတစ်လုတ် ... အရည် တွေ လဲ အကုန်လုံး မော့သောက်လိုက်တယ် ... ပြောင်းသလင်းခါ နေအောင်း စား ပြီး ... မိန်မကို
လောတယ် .." မြန်မြန်စား .. စားပြီးရင် ငါတို့ လမ်းလျှောက်ပြန်ရအုံးမယ်.."
မိန်းမက " ရှင်စိတ်ချပါ ... ကျွန်မ ကတိတည်ပါတယ် ... အိမ်ပြန်ရောက်တာနဲ့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးမယ် .... ငွေလည်းတစ်ပြားမှ မယူဘူး .. ရှင် ဘယ်မိန်းကလေးနဲ့ ပဲ ကြိုက်ကြိုက် ၉ယောက်
၁ဝ ယောက် ယူယူ ... ကျွန်မနဲ့ ဘာမှ မဆိုင်တော့ပါဘူး ..."
ယောက်ျားကြီးအားခေါင် သံ ကြီးနဲ့ အော်ပြောတယ် " အိမ်ပြန်ရောက် ရင် ငါ အဲဒီ ကွာရှင်းစာချုပ်ကို မီးရှို့ပစ်ပါမယ်ဟာ .ဟုတ်ပြီလား.. " ပြောအပြီးမှာ .. သူ ရှိုက်ကြီးတငင်ငိုပြောတယ်..
မိန်းမ ... ငါ ဦးနှောက်ထဲရေဝင်လို့ အဲလို မှားခဲ့မိတယ်. .."
မိန်းမကြီးက ပြုံးပြုံးလေးနဲ့ အေးအေးဆေးဆေး ဖက်ထုပ် ပန်းကန် တစ်ဝက်ကို ကုန်အောင်စားလိုက်တယ် ... ပြီးတော့ စားပွဲထိုးမိန်းကလေးကို .." ညီမရေ ဘေလ်ရှင်းမယ်နော်"
တစ်ချိန်လုံး ဘေးကနေကြည့်နေတဲ့ hotel သူဋ္ဌေး ဦးဝင်းစိန် သတိပြန်ဝင်လာပြီး .. စားပွဲဝိုင်းရှိရာကို လာခဲ့တယ် ... ငွေပေးနေတဲ့ မိန်းမကြီးလက်ကို တားပြီး အိပ်ထဲကနေ ၁ဝဝဝ တန် ၅ရွက်ထုတ်ပေးတယ်..
" မင်းတို့ အိမ်ပြန်ရောက်ရင် ကွာရှင်းစာချုပ်မီးရှို့ပစ်
လင်းမယားနှစ်ယောက်လုံး ဘာမှနားမလည်ဘဲ ဦးဝင်းစိန်ကို ငေးကြည့်နေကြတယ်. .. ဦးဝင်းစိန်က ပြုံးပြီး.." မင်းတို့က ငါ့ရဲ့ဖောက်သည်ဟောင်းကြီးတေ
ကလဲ ငါ့ဆိုင်ပဲ ... အဲဒီ အချိန်တုန်းက ဖက်ထုပ်က ငါ့မိန်းမလက်ရာကွ ... " ပြောပြီး ပိုက်စံကို ယောက်ျားလက်ထဲ အတင်း ထည့်ပြီး လှည့်ထွက်သွားတယ် ...
ဦးဝင်းစိန် ရုံးခန်းထဲလဲရောက်ရော... စားပွဲ အံဆွဲထဲကနေ စာစီပြီးသား ကွာရှင်းစာချုပ် စာရွက်လေးတစ်ရွက်ထွက်လာတယ် ... " အော် ... ငါလဲ ဦးနှောက်ထဲ ရေဝင် ပြီး မှားချင်ခဲ့တာပဲ " .....
လမ်းခွဲတော့မယ်ဆိုရင်တွေးကြ
အချိန်တွေ့တရွေ့ရွေ့တွားနေလ
သင့်ကိုအချစ်ဆုံးသူမဟုတ်ပါဘ
ဇာတ်လမ်းလေးကိုကြည့်ပြီး (ဇနီးမယား)မိန်းမဆိုတာ ဘာလဲသိပြီလား....
မိန်းမဆိုတာ သင့်နှစ်သက်မယ့်လက်ဆောင်လေး
မိန်းမဆိုတာ သင့်ကိုချစ်လို့ ကျန်တဲ့သူတွေကိုလျစ်လျူရြှု
မိန်းမဆိုတာ သင့်ကိုတခြားမိန်းကလေးအကြော
မိန်းမဆိုတာ ဖုန်းထဲမှာ သင်ပို့သမျှ message ကို သိမ်းထားပြီး အကြိမ်ကြိမ်ပြန်ဖတ်ပြီးပျော
မိန်းမဆိုတာ သင်ဘယ်ဘောင်းဘီလေးတွေ့ခဲ့လိ
မိန်းမဆိုတာ သင်သူမဘေးမှာမရှိချိန်မှာ သင့်ကိုအရမ်းသတိရပြီး ဖုန်းကိုကိုယ်နဲ့မကွာထားကာ နေ့တိုင်းဖုန်းမျှော်နေတတ်တ
မိန်းမဆိုတာ တခြားသူရဲ့ညစ်ပေနေတဲ့အိင်္ကျီကို မြင်တာနဲ့ ရွံတတ်ပေမယ့် .. သင်ရဲ့ နံစော်နေတဲ့ ခြေအိတ်စုံကို မငြီးမငြူလျှော်ဖွတ်ပေးတတ်တ
မိန်းမဆိုတာ သင့်ကို မကောင်းပြောတဲ့သူတွေနဲ့ အော်ကြီးဟစ်ကျယ်ရန်ဖြစ်နေမယ
မိန်းမဆိုတာ လူကြားမှာ ဘယ်လောက်ကြံ့ခိုင်ပြီး တော်နေပါစေ သင့်ရှေ့ရောက်ရင် ကလေးဆန်ဆန်ချွဲနွဲ့နေမယ့် "ကလေးမလေး" ပါ။
ယောက်ျားလေးများမှတ်သားကြပါ
သူမရှိပြီးနေပြီမို့ တခြားမိန်းကလေးကိုသတိမရစေတေ
သူမအတွက် ဘယ်လောက်ကုန်ကုန်ကပ်စေးမနည်
သူမအတွက်နဲ့ အရင် က သင့်ရဲ့ယောက်ျားမာန အတ္တတွေကို လျော့ချပြီး လိုက်လျောတတ် အလျှော့ပေးတတ်နေပြီဆိုရင် သူမဟာ မိန်းမပါပဲ ..။
သူမရှေ့မှာ အိုးခွက်ပန်းကန်ဆေးနေရရင်တေ
သူမကြောင့် တာဝန်သိတတ်လာပြီး၊ သူမတစ်သက်လုံး စိတ်ချမ်းသာနေမယ်ဆိုရင် ဘယ်လောက်ပင်ပန်းပင်ပန်း ကျေနပ်နိုင်ခဲ့ပြီဆိုရင် သူမဟာ မိန်းမပါပဲ...။
သူမရဲ့ အအေးမိဖျားနာခြင်းကို စိတ်ပူတတ်ပြီး၊ သူမ ထမင်းတစ်ပန်းကန် ပိုစားရင်ကိုပဲ ပျော်ရွှင်မိမယ်ဆိုရင် သူမဟာ မိန်းမပါပဲ...။
သူမအတွက် မိုးအုံ့နေပြီဆိုတာနဲ့ ထီးမိုးပေးဖို့အမြဲသတိရနေပြ
အထက်မှာပါတဲ့အချက်တွေအားလုံ
... တန်ဖိုးထားတတ်တဲ့သူကနားလည်လ
(Face Book မှကူးယူဖော်ပြပါသည်။)
Friday, August 19, 2011
"ဖတ်ဖြစ်အောင်ဖတ်စေလိုပါသည်"
အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ
အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။
၁။ အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။
၂။ အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။
၃။ ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။
ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။
နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ
ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။
အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။
၁။ သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။
၂။ သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။
၃။ သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။
ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။
နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။
ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။
ဒီစာလေးကို သင့်ရဲ့ သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
ခင်မင်စွာဖြင့်
yanaing( Yan Naing Aung facebook မှ ကူးယူဖော်ပြပါသည်။)











