Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Wednesday, December 31, 2008

မအိပ်နဲ့



ဝ။ နာရီနဲ့မအိပ်နဲ့
နာရီကနေ ရေဒီယိုသတ္တိကြွဓာတ်တွေထုတ်လွှတ်နိုင်ပါတယ်။ လက်ပတ်နာရီသေးသေးလေးဆိုပေမယ့် အကြာကြီးပတ်ထားပြီးအိပ်ရင် ကိုယ့်ကျန်းမားရေးကိုထိခိုက်နိုင်ပါတယ်။



၁။ ဖုန်းနဲ့မအိပ်နဲ့
အိပ်ရာဘေး သို့မဟုတ် ကိုယ်နဲ့နီးရာမှာဖုန်းကို မထားပါနဲ့။ တချို့က လက်ကိုင်ဖုန်းကို နှိုးစက်နာရီအနေနဲ့ သုံးတတ်ကြတယ်။ တကယ်တော့ လက်ကိုင်ဖုန်းကို ကိုယ်နဲ့ ဝေးဝေးထားနိုင်သမျှ ထားသင့်တယ်။
လက်ကိုင်ဖုန်းတို့၊တီဗွီတို့ စတဲ့လျှပ်စစ်ဓာတ်နဲ့သုံးရတဲ့ ပစ္စည်းတွေကို သုံးနေရင်သံလိုက်လှိုင်းတွေ လွှင့်ထုတ်နေတယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။ အဲဒီလှိုင်းတွေက လူတွေရဲ့ အာရုံကြောစနစ်ကိုဖျက်စီးတယ်၊ ထိခိုက်စေတယ်။ ဒါကြောင့် လက်ကိုင်ဖုန်း ကိုယ့်ဘေးထားအိပ်မယ်ဆိုရင်ပိတ်ထားတာပိုသင့်တော်ပါတယ်။

၎။မိတ်ကပ်နဲ့မအိပ်နဲ့
မိတ်ကပ်မဖျက်ဘဲ အိပ်တတ်တဲ့ မိန်းကလေးတွေအနေနဲ့ ကြာလာရင် အရေပြားပြဿနာ တစ်ခုခုတက်ပါလိမ့်မယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်တော့ ချွေးပေါက်တွေပိတ်ပြီး အရေပြားအတွက်လိုအပ်တဲ့ အောင်စီဂျင်ကို မရတော့ပါဘူး။ အရေပြားထဲက ထွက်ရမယ့် အဆီတို့ ချွေးတို့လည်းမထွက်နိုင်တော့ဘူး။ မိတ်ကပ်မဖျက်ဘဲ အိပ်တော့နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့လည်း အချိန်ပိုယူတတ်ပါတယ်။

၅။သူနဲ့ မအိပ်နဲ့
အဲဒီတစ်ခုကတော့ မပြောတော့ပါဘူး။ မပြောလို့လဲမဖြစ်တော့ ပြောရအုံးမယ်။ သူများချစ်သူ၊ဇနီး၊ ခင်ပွန်း၊ အခြားသောသူများနဲ့ မအိပ်နဲ့။

သူငယ်ချင်း တစ်ယောက် ပို့ပေးထား သဘောကျလို့ တင်လိုက်ပါတယ်

အိပ်စက်ချိန် မခြွေတာသင့်သည့် အကြောင်းရင်း(၁၀)ခု


ကျန်းမာပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်လိုသူများအနေနှင့် အိပ်ချိန်ပြည့်ပြည်၀၀ လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။ အိပ်ရေးမ၀သည့် အခြေအနေများသည် ကျန်းမာရေးအတွက် ဆိုးရွားသော အခြေအနေများ သက်ရောက်လာနိုင်ကြောင်း၊ မကြာခဏ အိပ်ရေးပျက်ခြင်းကြောင့် အာရုံကြော ထိခိုက်မှုများအပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများပါ တွေ့ကြုံရတတ်ပြီး လူ့သက်တမ်းကိုပါ ထိခိုက်လာစေနိုင်သည်ဟု သိရှိရသည်။ အမေရိကန်တွင် လူဦးရေ သန်း(၅၀)မှ သန်း(၇၀)ကြားအထိသည် အိပ်ရေးမ၀မှုကြောင့် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ဆရာဝန်များကဆိုသည်။ သုတေသန ပြုလုပ်မှုများအရ အိပ်ရေးမ၀ခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် အထင်ရှားဆုံး အခြေအနေ(၁၀)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ စစ်တမ်းများအရ တစ်ညတွင် (၇)နာရီ အောက်သာ အိပ်သောသူများ သည် ပို၍ဝလာနိုင်ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကဆာလောင်စေသော ဟော်မုန်းများကို ပိုထွက်စေသောကြောင့် ဖြစ်သည်။

၂။ အိပ်နေစဉ်တွင်အသက်ရှူ ပုံမမှန် ကြသူများမှာ အဆီများသောအစားများကို ကြိုက်နှစ်သက်သူများဖြစ်ကြပြီး ယင်းတို့မှာ အများအားဖြင့် အမျိုးသမီးများဖြစ်ကြသည်။

၃။ အိပ်ချိန်နည်းပါးမှုသည် ဆီးချိုဖြစ်နှုန်းနှင့် တိုက်ရိုက်အချိုးကျကြောင်းသိရသည်။

၎။ တစ်ညတွင် (၅)နာရီအောက်သာအိပ်သော အမျိုးသမီးများ၏ (၄၅)ရာခိုင်နှုန်း မှာနှလုံးရောဂါ ပိုမိုဖြစ်ပွားတတ်ကြောင်း သိရသည်။

၅။ အဝလွန်သူများ၊အိပ်နေစဉ် အသက်ရှူပိတ်တတ်သူများမှာ သွေးတိုးရောဂါဖြစ်ပွါးနှုန်း သာမန်ထက် မြင့်မားကြောင်း သိရသည်။

၆။ ယဉ်မတော်တဆမှုများ၏ (၂၀)ရာခိုင်နှုန်း မှာ အိပ်ငိုက်သော ယဉ်မောင်းသူများကြောင့် ဖြစ်ပါသည်။

၇။ အိပ်ရေးမဝသော သက်ကြီးရွယ်အိုများတွင် ရုတ်တရတ် လဲကျမှုနှုန်း (၂)ဆမှ (၄.၅)ဆအထိ မြင့်တက်ကြောင်း သိရသည်။

၈။ အိပ်ရေးမဝသော လူငယ်များတွင် စိတ်ကျရောဂါ ဖြစ်ပွါးမှုနှုန်း ပိုမိုကြောင်းသိရသည်။

၉။ အိပ်ရေးမဝသော ကလေးများတွင် ADHDဟုခေါ်သည့် အာရုံစူးစိုက်မှုမရှိ၊ ဂဏှာမငြိမ်ရောဂါ ပို၍ဖြစ်ပွားပါသည်။

၁၀။ တစ်ညတွင်(၅)နာရီအောက်သာ အိပ်သောသူများမှာ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲနှင့် ယျေဘူယျအားဖြင့် အသက်တိုတတ်ကြောင်း သိရှိရသည်။

အထက်ပါ အကြောင်းပြချက်များကြောင့် လူအများအနေနှင့် အိပ်ရေးပျက်ခံ အလုပ်လုပ်ခြင်းမျိုးကဲ့သို့ အပြုအမူများကို ရှောင်ကြဉ်သင့်ပြီး ကျန်းမာရေးနှင့် သင့်လျော်မည့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းမျိုး ပြုလုပ်သင့်ပါကြောင်း ဆရာဝန်များက အတိအလင်း နှိုးဆော်ထားကြောင်း သိရသည်။

သူငယ်ချင်း တစ်ယောက် ပို့ပေးထား သဘောကျလို့ တင်လိုက်ပါတယ်

ကောင်းကောင်းအိပ်နိုင်ပါစေ။


လူတော်တော်များများဟာ ညဘက်အိပ်မပျော်တဲ့ရောဂါခံစားရတတ်ပါတယ် အဲဒီလိုအိပ်မပျော်တဲ့သူတွေအ တွက် ဒီအကြံပြုချက်လေးတွေက အသုံးဝင်မယ်လို့ထင်ပါတယ်။


(၁)အိပ်ချိန်တွေကို အကြွေးမထားပါနဲ့။အိပ်ရေး ပျက်ခြင်းဟာ ဘီယာ အလွန်အကျွံသောက် သူတွေ လိုပဲသင့်
ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ (၂)နေ့ခင်းဘက်မှာ မိနစ်(၄၀)ခန့်အိပ်စက်အနားယူခြင်းဖြင့်အားအင်ပြည့်ဖြိုးပြီးအလုပ်အကိုင်တွေကိုအာရုံပို စိုက်နိုင်ပါတယ်။ (၃)ကိုယ်ဝန်ဆောင်ကာလမှာအိပ်ချိန်ကိုပိုပြီးဂရုစိုက်သင့်ပါတယ်ဘယ်ဘက်ကိုစောင်အိပ်ခြင်းဖြင့်သင်နဲ့သင့် ရင်သွေးငယ်တို့ရဲ့သွေးလည်ပတ်မှုကိုပိုမိုအားကောင်းစေပါတယ်။ (၄)အိပ်ချိန်နဲ့ကပ်ပြီးဗိုက်တင်းစေမယ့်အစာတွေမစားသင့်ပါဘူး။ (၅)ရေနွေးပူချိုးခြင်း၊aromatherapy၊တရားထိုင်ခြင်း၊ယောဂကျင်စဉ် ကျင့်ခြင်းစတာတွေ ကနှစ်ခြိုက်စွာ အိပ် စက်နိုင်စေ ဖို့အထောက်အကူပြုပါတယ်။ (၆)အိပ်ခန်းဟာ အပူချိန်မျှတပြီး အလင်းရောင်တွေမ၀င်နိုင်အောင် ကာကွယ်ထားရပါမယ်။တီဗွီနဲ့ကွန်ပြူတာ တွေကိုဝေးဝေးမှာထားရပါမယ်။ (၇)ပင်ပန်းတဲ့သူတွေဟာများများစာနိုင်ပြီးကိုယ်အလေးချိန်တက် တတ်ပါတယ်။အိပ်ရေးပျက်တဲ့သူတွေလည်း ဒီလိုပါပဲ။တစ်နေ့ (၇)နာရီအိပ်သူ ဟာ(၈)နာရီအိပ်သူထက် ကယ်လိုရီ ၆%လောက်နေ့စဉ်ပိုစားတတ်ကြ ပါတယ်။ (၈)မအိပ်ခင်မှာဆေး လိပ်မသောက် သင့်ပါဘူး။ဆေးလိပ်ဟာ ကဖင်းဓါတ်လိုပဲအိပ်ချင်စိတ် ကိုပျောက်ေ စ ပါ တယ်။အကောင်းဆုံးကတော့လုံးဝဖြတ်လိုက်ပါ။ (၉)သင်လဲလျောင်းတဲ့အခါအစာအိမ်က အက်ဆစ်ေ တွကြောင့် Heart Burn ရတတ်ပါတယ်။ေ ခါင်း အုံးမြင့် မြင့်နဲ့အိပ်ရင်သက်သာပါတယ်။ (၁၀)အိပ်မပျော်ရင်တော့နံရံကိုကြောင်ကြည့်နေတာမျိုးမလုပ်ပါနဲ့။အိပ်ယာကထပြီးစာဖတ်၊တီဗွီ ကြည့်ပါ။ပင် ပန်းလာမှ ပြန်အိပ်ပါ။ (၁၁)အရက်သောက်ရင်တော့မှောက်သွားမှာသေချာပါတယ်။ဒါပေမယ့် အိပ်ရေး၀၀ အိပ်ပျော်တာ မျိုးမဟုတ် ပါဘူး။ဒါကြောင့်အိပ်ေ ပျာ်အောင် အရက်ေ သာက်တာမျိုးရှောင်သင့်ပါတယ် မအိပ်ခင်(၃)နာရီအတွင်းမ သောက်သင့်ပါဘူး။ (၁၂)(၈)နာရီပြည့်အော င် အိပ်ပါ။(၆)နာရီပဲအိပ်လျှင်တော့ သွေးတိုးရောဂါခံစား ရဖို့အခွင်အလမ်း ၇၀% ပို များပါသတဲ့။ (၁၃)နောက်တစ်နေ့အတွက် အလုပ် အစီ အစဉ်ေ တွကို နေ့လည် ကတည်း ကလုပ်ထားပါ။အိပ် ယာထဲ ယူမလာပါနဲ့။ (၁၄)တစ်ယောက်တည်းစကားပြောတဲ့ကုထုံးကအိပ်မပျော်သူတွေအတွက်အထောက်အကူပြုပါသတဲ့ပြော ကြည့်ပေါ့။ (၁၅)အိပ်ရေးဝတဲ့သူဟာ နှလုံးရာဂါ၊ဆီးချိုရောဂါနှင့်ကင်ဆာရောဂါတွေအဖြစ်နည်းပါသတဲ့။ (၁၆)ဘယ်လောက်ပဲပင်ပန်းပါစေ။ညနေ(၃)နာရီကျော်ရင်တော့ခဏတဖြုတ်အိပ်တာမျိုးမလုပ်သင့်ပါဘူး။ (၁၇)ထောပတ်သီးမှာပါတဲ့ Tryptophan ဆိုတဲ့ဓါတ်ပစ္စည်းက အိပ်ပျော်အောင်ကူညီပေးပါသတဲ့။ထောပတ် သီးနေ့စဉ်စားကြပါစို့။ (၁၈)နေလည်နှင့် ညနေခင်းတွေမှာ ကိုယ်ကာယလေ့ကျင်းခန်းလုပ်ရင်ညဘက်ကောင်းကောင်းအိပ်ပျော်ပါ သတဲ့။အိပ်ခါနီးမှတော့မလုပ်သင့်ပါဘူး။ (၁၉)ကိုယ်ဝန်ဆောင်ေ တွမှာတော့ ကာဗိုလ်ဟိုက်ဒြိတ်များ တဲ့ အစားအစာတွေကအိပ်ေ ပျာ်အောင် ကူညီ နိုင်ပါသတဲ့။ (၂၀)အိပ်ယာကောင်းဖို့လည်းလိုပါသတဲ့။စိန်နှင်မြမှာသွားဝယ်ပေါ့။ဈေးတော့ကြီးတယ်။ (၂၁)အိပ်ဆေးတွေကိုသုံးမယ်ဆိုရင်တောင် (၅-၁၀) ရက်ထက်ပိုမသုံး သင့်ပါဘူးသ ဘာဝအတိုင်း အိပ်ပျော် ရင်တော့အကောင်းဆုံးပေါ့။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ကြပါစေ။

သူငယ်ချင်း တစ်ယောက် ပို့ပေးထား သဘောကျလို့ တင်လိုက်ပါတယ်

လှတောသား နဲ့ ငရုတ်သီး

လှတောသားတစ်ဦးဟာ သူ့မိတ်ဆွေနဲ့အတူ မြို့စွန်ရပ်ကွက်ကလေး တစ်ခုထဲ ဖြတ်လာတော့

လူနေအိမ်ခြေတွေကို ကြည့်ပြီး တအံ့အသြဖြစ်နေတယ် ။ ဒါကိုမြင်တော့ သူ့မိတ်ဆွေက

"ဟေ့လူ ဘာတွေ အံ့သြနေတာလဲ ၊ ဘာလဲ ကျုပ်တို့မြို့ပေါ်က အိမ်တွေက ခင်ဗျားတို့ရွာက အိမ်တွေနဲ့

ဘာမှ မခြားလို့ အံ့သြနေတာလာ"

"ဟုတ်ပေါင်ဗျာ ၊ အလိုလေကွယ် ၊ မင်းတို့ရပ်ကွက်က အိမ်တွေမှာ ထွန်းထားတဲ့ လျှပ်စစ်မီးလုံးတွေကလည်း

နီကျင်ကျင်နဲ့ ငါ့မျက်စိထဲ ငရုတ်သီးမှုန့်တွေပဲ မြင်ယောင်နေတယ် ၊ အိမ်တိုင်း ငရုတ်သီး

နီနီကလေးတွေ ချိတ်ထားကြသလား မှတ်ရတယ် " ဟူ၏ ။

ဟာ...ဟာ..ဟာ

ခံနေလို့ဖြစ်မလား

ရုပ်ရှင်ရုံအ၀င်ဝမှာအမျိုးသမီးကြီးတစ်ဦးက
လက်မှတ်စစ်ကိုရိုက်လိုက်လို့
ဘာဖြစ်လို့ရိုက်ရတာလဲ
မိုက်ရိုင်းလို့ပါ..ကျွန်မ၀ယ်လာတဲ့
လက်မှတ်ကိုယူပြီးဆွဲဆုတ်ပစ်တယ်လေ..။ ။


အထင်နဲ့အမြင်

ဒေါက်တာကျွန်တော့်ဒဏ်ရာကိုမချုပ်သေးဘဲနဲ့ ဘာဖြစ်လို့အချွန်နဲ့
ထိုးကလိနေရတာလဲ..
နည်းနည်းတော့သည်းခံရမှာပေါ့..အထဲရောက်နေတဲ့ကျည်ဆံ
ထိပ်ဖူးကိုထုတ်ပစ်မှဖြစ်မှာမို့ပါ
ဟင်းစောစောကပြောရောပေါ့ဒေါက်တာရယ်ကျည်ဆံကကျွန်တော့်
အိတ်ကပ်ထဲမှာဗျ..

အိပ်တော့အိပ်ပါတယ်

ဆရာဝန်။ ။ ဘယ့်နှယ့်လဲကျွန်တော်ညွှန်ကြားတဲ့အတိုင်း
အိပ်တဲ့အခါပြတင်းပေါက်တွေကိုပိတ်ပြီးအိပ်ရဲ့လား..
လူနာ။ ။အိပ်ပါတယ်ဆရာ..ဒါပေမယ့်ရုံးသူရုံးသားတွေအားလုံးက
အိုက်လို့မှောင်လို့ဆိုပြီးကျွန်တော့်ကိုပူညံပူညံပြောကြတယ်..


သူ့လက်ရာ

ဒီနေ့ကျွန်မချက်ကျွေးတဲ့ဟင်းကဘယ်လိုနေလဲ
ကောင်းတယ်မိန်းမရာချိုပြီးဆိမ့်နေတာပဲ
မဟုတ်သေးပါဘူးတော် ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ
ချဉ်စပ်လို့ရေးထားတယ်ရှင့်



ဒီနေ့ပို့မယ့်နေရာ...

လူတစ်ယောက်ကခြင်္သေ့တစ်ကောင်နဲ့အတူမြို့ထဲမှာလမ်းလျှောက်လာကိုရဲသားကမြင်တော့
'''ဟေးး..ခင်ဗျားအဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံသွားပို့သင့်တယ်…'''
''ဟုတ်ကဲ့''
နောက်ရက်မှာလည်းအဲ့လူကိုမြို့လယ်ခေါင်မှာခြင်္သေ့နဲ့အတူတွေ့ပြန်ရော…
ဒီတော့ရဲသားက
'''ဟေးလူ ခင်ဗျားကိုကျုပ်မနေ့က ပြောတယ်လေ..အဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံသွားပို့ဖို့'''
''ဟုတ်ကဲ့ ပို့ခဲ့ပါတယ်.. ဒီနေ့တော့ရုပ်ရှင်ရုံလိုက်ပို့မယ်စိတ်ကူးမိလို့…''



ပလုံ

ဒေါ်ထိပ်ထားခင်က စည်းကမ်းသိပ်ကြီးတယ်..
ညစာစားဖို့စားပွဲထိုင်ပြီးကြပြီဆိုတာနဲ့ဘာစကားမှမပြောရဘူး..
တစ်ရက်မှာညစာစားဖို့စားပွဲထိုင်နေကြတုန်း
ရေးကြီးသုတ်ပြာနဲ့သားကြီးရောက်လာတယ်..ပြီးတော့…..
'''အမေ'''
''စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..''
'''ဟို..ကျွန်တော်..'''
''ပြောစရာရှိရင်စားပြီးမှပြောလို့ပြောထားတယ်လေ..''
ဒီလိုနဲ့ထမင်းစားပြီးကြတော့
''ကဲပြောဘာလဲ''
'''ညီမလေးရေတွင်းထဲကျသွားလို့…'''



ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်

စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်-
စားသုံးသူ- "ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပုဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့
အရက်မျိုးငါသောက်ချင်တယ်ကွာ.."
စားပွဲထိုး - "ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ်ဆိုပြီး သူ့ကိုကျွန်တော်ပထုတ်သွားမယ်..
အရိပ်အခြည်ကြည့်ပြီးဆရာလှုပ်ရှားပေတော့"


ကြိုက်တာဝယ်စားး..

အမေရိကန်နိုင်ငံ၌၀က်မွေးမြူသူထံသို့ တစ်နေ့သောအခါလူကြီးလူကောင်းတစ်ဦး
ရောက်ရှိလာပြီးစုံစမ်းလေသည်။
ခင်ဗျားရဲ့ဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ
"ကျွန်တော့်ဝက်တွေကိုထမင်းကျန်ဟင်းကျန်တွေနဲ့ဟင်းသီးဟင်းရွက်
အပုပ်တွေရောစပ်ပြီးကျွေးပါတယ်..
ကြားရတာစိတ်မကောင်းစရာပဲ ကျွန်တော်ကကမ္ဘာ့တိရစ္ဆာန်များထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ..အခုလိုကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာ
တွေကျွေးမှုအတွက်ဒဏ်ငွေရိုက်ရပါလိမ့်မယ်.."
ဒဏ်ငွေဆောင်ပြီး၃လခန့်ကြာပြန်သော်နောက်ထပ်လူကြီးလူကောင်းတစ်ယောက်
လာပြီးစုံစမ်းပြန်သည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ
ဟုတ်ကဲ့..ပေါင်မုန့်ပူတင်း..ဒိန်ခဲ..အာလူး..ကြက်ပေါင်းနဲ့ဗိုက်တာမင်အားဆေးတွေ
ရောစပ်ပြီးကျွေးပါတယ်...
အားပါး..အံ့သြစရာပဲ..ကျွန်တော်ကကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကအရာရှိပါ..ကမ္ဘာကြီးရဲ့
လူဦးရေလေးပုံတစ်ပုံလောက်နှစ်စဉ်အငတ်ဘေးကြုံနေတာတောင်ကိုမှခင်ဗျားကခြိုးခြံမှု
မရှိဘဲဖြုန်းတီးပစ်နေတာ အဲ့ဒီအတွက်ခင်ဗျားကိုဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ်..
ဒဏ်ငွေဆောင်ပြီးများမကြာမီ နောက်တစ်ဦးလာပြန်လေသည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျာ
တစ်ကောင်ကိုတစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ပြောလိုက်တယ်..



ကျူးလွန်မိမှာစိုးလို. အဲ့...

Q : ဒါနဲ.ဲ့..နေပါအုန်း..နေပါအုန်း...
A : နေပါတယ်..
Q : မင်းကဘာလို. အရက်ကို အလွန်အကျွှံ သောက်ရတာလဲ...
A : သူရမေရာကံ ကျူးလွန်ပြီး...အခြားကံ ၄ ပါးလုံအောင်လို.ပါ...
Q : ဘာကွ! သူရာမေရကံ ကျူးလွန်ပြီး....အခြားကံ ၄ ပါးပါ ချိုးဖောက် တာ မဟုတ်ဘူးလား..
A : ဘဲနဲ. ချိုးဖောက်ရမှာလဲ..
Q : ဗျာ..
A: အေ့..။ တကယ်သောက်ကြည်.ပါလား...အရက်မူးလွန်လို. သူများကိုလိမ်ဖို.မပြောနဲ.ကို.ရှာအလုံးကြီးကို
ုပြန်မကိုက်မိအောင်လို. မနဲ ထိန်းထားရတယ်....အေ့...။
Q : အေ့!
A : မအေ့နဲ. တချို.ဆို အမူးလွန်းပြီး အမှန်တိုင် ပြောမိလို. ကျွှဲခိုးပေါ်တာ ရှိသေး..အေ့။
Q : အဲ့!
A : မ အဲ့ နဲ. အုန်းရှိသေးတယ်..သူတပါးပိုက်ဆံခိုးဖို.မပြောနဲ.
ကိုယ့်အိတ်ထဲ ပိုက်ဆံတောင် ဘယ်ကောင် နှိက်သွားမှန်း မသိလို.
ပျောက်ရတာအကြိမ်ကြိမ်...အေ့။
Q : ဟင်!
A : မဟင်နဲ.အုန်း..ကျန်သေးတယ်...သူတပါးအသက်သက်ဖို.မပြောနဲ.
ကိုယ်ဘာသာကို မရပ်နိုင်လို. ဓာတ်တိုင် ဖတ်ထားရတာဘဲ ကြည်. တော့...အေ့..။
Q : သြော်!
A : မသြော်နဲ.မပြီးသေးဘူးသူများသားမယားကိုပြစ်မှားဖို.ဆိုဝေးရော...
နိုင်ငံခြားမှာ ဖြစ်ဖူးတယ်...အမူးလွန်ပြီး ပန်ခြံထဲမှာ အိပ်နေတာ ကိုယ်. ဖင်ထဲကို
မြွေဝင်သွားမှန်း တောင်မသိဘူး...အေ့..။
Q : မင်ပြောတော့လည်း ဟုတ်သလိုဘဲ......ငါလည်း ကံ၎ပါး လုံအောင် အရက်သောက်ရ
မလိုဖြစ်နေပြီ အရက်ဆိုင် သွားအုံးမှ...

သူငယ်ချင်း တစ်ယောက် ပို့ပေးထား သဘောကျလို့ တင်လိုက်ပါတယ်

ရာသီပန်း



ပန်းကံကော်ရွှေစကား ၊

ငွေသားနု စံပယ်မှန်


မြတ်လေးခတ္တာ နှင့် ရွှေယင်းမာ


ကြာခ၀ဲ ဖွဲစနှင်းလျှံ ။

သဇင်ကျန် ခွာတံပေါက်လဲ

ပွင့်ဝတ်မှုန် ရွှေဖီမင်း ။


သထုံနံကဲ

happy new year !




နှစ် သစ် မှာ မင်္ဂလာ အ နဲ့ ပေါင်း ပြည့် စုံ ပါ စေ ! . . !

╔══╦══╦══╦══╗   ╚═╗║╔╗║╔╗║╔╗║   ╔═╝║║║║║║║╚╝║   ║╔═╣║║║║║╠═╗║   ║╚═╣╚╝║╚╝╠═╝║   ╚══╩══╩══╩══╝ ¤ø„¸¨°º¤ø„¸ ¸„ø¤º°¨¸„ø¤º°¨ ¨°º¤ø„¸ HaPpY ¸„ø¤º°¨ ¸„ø¤º°¨ NeW yEaR``°º¤ø„¸ ¸„ø¤º ``°º¤ø„¸ ¤ø„¸¨°º¤ø„¸ ★    & ‧°∴°﹒☆°.﹒ ‘*.  Happ



★ * ★.. .*★ *. *..*     ★ ★ Marry X'mas     * ★    & ‧°∴°﹒☆°.﹒ ‘*.  Happy New Year *   ‘★     ★     ‘*..★

အနှိုင်းမဲ့ပိုက်ကွန်(၂)


တချို့က ရှေးအတိတ်မှာ ဘ၀တွေ ဖြစ်ခဲ့ဖူးတယ်ဆိုတာကို မယုံကြည်ကြပါဘူး ။ ဒီဘ၀ကျမှ ထာဝရဘုရား ၊ မဟာနတ်မင်းကြီးစတဲ့ တန်ခိုးရှင်တွေ ဖန်ဆင်းလိုက်လို့ ဘ၀နောက်ဆိုတာ ဖြစ်လာတယ်လို့ ထင်မှတ်နေကြတယ် ။ ဒါပေမဲ့ နောက်အနာဂတ်မှာ ဘ၀တွေ ဆက်ကာဆက်ကာ ဖြစ်ရဦးမယ်ဆိုတာ ကိုတော့ ယုံကြည်ကြပါတယ် ။ သူတို့ရဲ့ မောဟပိုက်ကွန်ကို ရှေးဘ၀ (အတိတ်ဘ၀) ကိုမသိတဲ့ ( မသိအောင်ဖုံးလွှမ်းထားတဲ့ ) မောဟပိုက်ကွန် လို့ခေါ်ပါတယ် ။

တချို့က ရှေးအတိတ်မှာ ဘ၀တွေ ဖြစ်ခဲ့ဖူးတယ်ဆိုတာကို ယုံကြည်ကြပါတယ် ။ ဒါပေမဲ့ နောက်နောက်အနာဂတ်မှာ ရဟန္တာမဖြစ်သေးသမျှ ဘ၀တွေ ဆက်ကာဆက်ကာ ဖြစ်ရဦးမယ်ဆိုတာ
ကိုတော့ မယုံကြည်ကြပါဘူး ။ ဒီဘ၀က သေရင် ပြီးတာပဲ ၊ ပြတ်တာပဲ လို့ယူဆကြပါတယ် ။ သူတို့ရဲ့
မောဟပိုက်ကွန်ကို နောင်ဘ၀ ( အနာဂတ် ) ကိုမသိတဲ့ ( မသိအောင်ဖုံးလွှမ်းထားတဲ့ ) မောဟပိုက်ကွန် လို့ခေါ်ပါတယ် ။

တချို့က ရှေးအတိတ်မှာ ဘ၀တွေ ဖြစ်ခဲ့ဖူးတယ်ဆိုတာကို မယုံကြည်ကြပါဘူး ။ နောက်အနာဂတ်မှာ ဘ၀တွေ ဆက်ကာဆက်ကာ ဖြစ်ရဦးမယ်ဆိုတာ ကိုတော့ မယုံကြည်ကြပါဘူး ။ ဗုဒ္ဓတရားတော်တချို့ကို
ဗုဒ္ဓရဲ့ ဆိုလိုရင်းအဓိပ္ပာယ် နားမလည်ဘဲ လိုရာဆွဲ ကိုးကားပြီး ( ရှေးဘ၀၊ နောက်ဘ၀ ဗုဒ္ဓမဝေဖန်ဘူး )
လို့တောင် တလွဲဝါဒဖြန့်ကြပါတယ် ။ ဘ၀ဆိုတာ ပုခက်နဲ့ခေါင်းကြားမှာပဲ ရှိတယ်လို့ ယူဆကြပါတယ် ။
သူတို့ရဲ့ မောဟပိုက်ကွန်ကို ရှေးဘ၀ နောက်ဘ၀ နှစ်ခုလုံးကို ကိုမသိတဲ့ ( မသိအောင်ဖုံးလွှမ်းထားတဲ့ ) မောဟပိုက်ကွန် လို့ခေါ်ပါတယ် ။

တကယ်တော့. .ဒီပိုက်ကွန် သုံးထပ်ကလည်း အောက်ဆုံးထပ် ပိုက်ကွန်နဲ့ တိုက်ရိုက် ဆက်စပ်ယှက်နွယ်
နေပါတယ် ။ ကံနဲ့ကံရဲ့ အကျိုးကို ပိုင်ပိုင်နိုင်နိုင် မသိတဲ့သူ ၊ ကျေကျေနပ်နပ် သဘောမပေါက်တဲ့သူဟာ
ရှေးဘ၀ နောက်ဘ၀ဆိုတဲ့ ပရဘ၀တွေကို ပစ်ပယ်ဖို့ လုံးဝ ၀န်လေးတော့မှာ မဟုတ်ပါဘူး ။

ကိုးထပ်ချုပ် မောဟပိုက်ကွန်ကြီးရဲ့ နောက်ဆုံးအထပ် ငါးထပ်ကတော့ သစ္စာလေးပါးကို မသိတဲ့
( မသိအောင်ဖုံးလွှမ်းထားတဲ့ ) မောဟလေးမျိုးနဲ့ ပဋိစ္စသမုပ္ပါဒ်ကို မသိတဲ့ ( မသိအောင်ဖုံးလွှမ်းထားတဲ့ ) မောဟတို့ပဲ ဖြစ်ပါတယ် ။

သစ္စာလေးပါးကို မသိတဲ့ မောဟလေးမျိုးကတော့ ရုပ်နာမ်ခန္ဓာမှန်သမျှ ဆင်းရဲအမှန် ( ဒုက္ခသစ္စာ )ပဲ ၊
အာရုံတွေ ၊ ဘ၀တွေအပေါ် သာယာတပ်မက်တဲ့ တဏှာမှန်သမျှ ဆင်းရဲကြောင်းအမှန် ( သမုဒယသစ္စာ )ပဲ၊
ရုပ်နာမ် မဖြစ်တဲ့ ၊ ရုပ်နာမ်လုံးဝမရှိတဲ့ နိဗ္ဗာန်ဟာ ဆင်းရဲချုပ်ငြိမ်းရာ ( နိရောဓသစ္စာ )ပဲ ၊ သမ္မာဒိဋ္ဌိစတဲ့ မဂ္ဂင်ရှစ်ပါး ၊ သတိပဋ္ဌာန်စတဲ့ အကျင့်တရားဟာ ဆင်းရဲချုပ်ငြိမ်းကြောင်းအမှန် ( မဂ္ဂင်သစ္စာ ) ပဲလို့ မသိတဲ့ မောဟတွေပါပဲ ။

ပဋိစ္စသမုပ္ပါဒ်ကို မသိတဲ့ မောဟကတော့ မသိမှုအ၀ိဇ္ဇစတဲ့ အကြောင်းတရားကြောင့် ပြုလုပ်အားထုပ်မှု
သင်္ခါရစတဲ့ အကျိုးတရားချုပ်တယ်လို့ သံသရာစက်လည်ပတ်ပုံ ၊ သံသရာစက်ချုပ်ြပတ်ပုံကို မသိတဲ့ မောဟတွေပါပဲ ။

ကိုးထပ်ချုပ် မောဟပိုက်ကွန်ကြီးမှာ အထူးစား ၊ အကြမ်းစားအထပ်နဲ့ အပါးစား ၊ အနုစားအထပ်လို့ အထပ်
နှစ်မျိုး ရှိတယ် ။ အောက်ဆုံးလေးထပ်က အထူးစား ၊ အကြမ်းစားအထပ်တွေ ဖြစ်ပြီး ၊ အပေါ်ဆုံးငါးထပ်က အပါးစား ၊ အနုစားအထပ်တွေ ဖြစ်ပါတယ် ။

အထူးစား ၊ အကြမ်းစားအ မောဟပိုက်ကွန်တွေကိုတော့ သူတော်ကောင်းတရား နာကြားဖတ်ရှုခြင်း ၊ မိမိ
လက်လှမ်းမီရာ လူသားတွေရဲ့ ဘ၀ တစ်ယောက်နဲ့ တစ်ယောက် မတူညီတာကို ထောက်ရှုခြင်း ၊
ကံ ၊ ကံရဲ့ အကျိုးဆိုင်ရာ ၊ တမလွန်ဘ၀ဆိုင်ရာ ကိုယ်တွေ့ အဖြစ်အပျက်တွေကို လေ့လာ သုံးသပ်ခြင်း
အားဖြင့် ဖြတ်တောက် ဖျက်ဆီးပစ်ရပါမယ် ။

ကံနဲ့ကံရဲ့ အကျိုးကိုလည်း ယုံကြည်ပြီ ၊ ယုံကြည်တဲ့အတိုင်းလည်း မကောင်းမှုအကုသိုလ် မှန်သမျှ ရှောင်ကြဉ်ပြီ ၊ ကောင်းမှုကုသိုလ် မှန်သမျှ စွမ်းနိုင်သလောက် ပြုပြီဆိုရင် မိမိရဲ့ မောဟပိုက်ကွန် တော်တော်လေး ပါးသွားပါပြီး ။

အပါးစား ၊ အနုစားပိုက်ကွန်တွေက ပါးပေ့ ၊ နုပေမယ့် ပြတ်အောင် ဖြတ်ဖို့ သိပ်မလွယ်ကူလှပါဘူး ။ တော်တော် ခက်ခက်ခဲခဲ ဖြတ်ဖောက်မှ ပြတ်တောက် သွားနိုင်ပါတယ် ။

သစ္စာလေးပါးနဲ့ ပဋိစ္စသမုပ္ပါဒ်ကို စာပေဖတ်ရှု ၊ တရားနာကြားပြီး စာတွေ့ ၊ နာတွေ့ သိတာမျိုး မဟုတ်ဘဲ
( စက်ဝိုင်းထောက် ရှင်းပြတဲ့ ဆရာ့အပြောနဲ့ လွမ်းနေတဲ့ သိတာမျိုး မဟုတ်ဘဲ ) ပေါ်ဆဲရုပ်နာမ်ကို ပေါ်ဆဲအခိုက်မှာ သတိပဋ္ဌာန်နည်းကျ ၀ိပဿနာ ကိုယ်တိုင်ရှုပွားလို့ ငါတွေ့သိကြတဲ့ သောတာပန် ၊
သကဒါဂါမ် ၊ အနာဂါမ် အရိယာပုဂ္ဂိုလ်တွေတောင်မှ မောဟပိုက်ကွန်ကို ပါးသထက် ပါးလှပ်အောင်ပဲ
တတ်နိုင်ကြပါသေးတယ် ။

ရဟန္တာဖြစ်မှပဲ မောဟပိုက်ကွန် လုံးဝ ပြတ်တောက်သွားပါတယ် ။ ရဟန္တာမဖြစ်သေးသမျှတော့ ကုသိုလ်ပြု
နေတုန်း ပြုနေဆဲ အခိုက်အတန့် ခဏလေးမှာတောင် မောဟပိုက်ကွန်က ငြိမ်သက်ကိန်းဝပ် အငုပ်ဓာတ်အနေနဲ့ ရစ်ပက်ချုပ်နှောင် ထားဆဲပါပဲ ။

ဆက်ရန်ရှိသည် ။

Tuesday, December 30, 2008

လယ်ယာဦးကြီးတို့ မိုးလေ၀သသင်္ကေတ




ကျေးလက် တောရွာများတွင် ရာသီဥတု အခြေအနေကို မိုးရွာ မရွာကို ၊ လေကြီးမိုးကြီး ကျမကျကို
သဘာဝကပေးသော သစ်ပင် ၊ ပန်း ၊ သတ္တ၀ါ အစရှိသော သတ်ရှိသတ်မဲ့များ ကြည့်ပြီး မိုးလေ၀သသင်္ကေတ
ကိုခန့်မှန်းကြပါတယ် ။

လေမိုးသီးနှံကောင်းမကောင်းသင်္ကေတ

၁ ။ ရှားပင်ကို သင်္ကြန်ကျသည့်နေ့ တစ်ထစ်ဆီထစ်ထားပါ ၊ ပထမ မှတ်သည့်အရာ အရည်ထွက် အစေးများလျှင် မိုးဦးကောင်းမည် ။ အရည်နည်းလျှင်
မိုးနည်းလျှင်မည် ။ အရေမရှိလျှင် မိုးမကောင်း။ မိုးမကောင်း ။ မှတ်ထားသည့် အတစ်၃ထစ်ကိုကြည့်ကာ မိုးဦး ၊ မိုးလယ် ၊ မိုးနှောင်း မှတ်ရသည် ။

၂ ။
သင်္ကြန်ကျသည့်နေ့ အိမ်ကြက် အရင်တွန်လျှင် မိုးဦးကောင်းမည် ။ တောကြက် အရင်တွန်လျှင် မိုးနှောင်းကောင်းမည် ။ အိမ်ကြက်တာကြက် အပြိုင်တွန်လျှင် မိုးလယ်ကောင်းမည် ။

၃ ။ မိုးဦး လခွဲ
သင်္ကြန်ကျပြီးသည့် နောက်ရွာသည့် မိုးရေကို လျှာနှင့်တို့ပြီး စမ်းကြည့်ပါ ။ ခါးလျှင်
ပိုးမွှားကျမည် ။ ချိုလျှင် သီးနှံကောင်းမည် ။

၃ ။ ပုဇွန်များ ကုန်းမြင့်တွင် ကျင်းလုပ်လျှင် ရေကြီးမည် နိမ့်လျှင် ရေနည်းမည် ။

၎ ။ ကျီးသိုက်မြင့်လျှင် လေနည်းမည်
ကျီးသိုက်နိမ့်လျှင် လေထန်မည် ။

၅ ။ ဗီလုံးငှက်ကျင်းတွင်ဥ ဥလျှင်
မိုးကောင်းမည် ၊ ကုန်းတွင် ဥလျှင် မိုးမကောင်း ။

၆ ။
ပုဇွန်တွင်းဝမြောက်သို့ပြုလျှင် လေထန်သည် ။ တွင်းဝတောင်သို့ပြုလျှင် မိုးကောင်းမည် ။


Monday, December 29, 2008

လက်တစ်စုံ


ချစ်သူ ငါဟာ စိတ်ဓာတ်ကျလို့ ပြိုလဲချင်ပေမဲ့ မင်းရဲ့ချစ်တယ် ဆိုတဲ့စကား တစ်ခွန်းနဲ့ ငါပြန်ရပ်တည် နေတယ်။ မင်းစိတ်ဓာတ်ကျလို့ ပြိုလဲချင်နေတယ် ဆိုရင် မင်းတွဲပြီးရပ်ဖို့ ငါ့ရဲ့ လက်တစ်စုံကို သတိရလိုက်ပါ ချစ်သူ။ မင်းအနားကနေ ဟိုအဝေးကို ထွက်သွားဖို့ မပြောနဲ့ ငါသေတာတောင် မင်းအနားမှာ ရှိနေမယ်ဆိုတာ မမေ့ပါနဲ့ ချစ်သူ ..........

Sunday, December 28, 2008

morning



First thing, in the morning, as I begin my day, I turn on my computer, to see what my email friends have to say. They bring me such delight, with notes and cards and such, And I appreciate their thoughtfulness, so very much! Sometimes, there's a concern, a need for a quick prayer, and it encourages me to know, that they are always there. I hear the birds early chirping, with happy songs in their hearts, and just like my Friends, they give me a cheerful start. I'm blessed each and every morning, to see their names in my mailing list, and when one isn't there, they are truly missed. Even though we are far apart, and exist in Cyber Space, I hope, someday, to meet them all, smiling, face to face. So, I want to say "Good Morning!" to each and every one of you. Have a Blessed and Happy Day, and "Thanks" for making mine one, too!

ဒီကဗျာလေးက အစ်ကိုယ်တစ်ယောက်က ပို့ပေးလို့ ကြိုက်တာနဲ့ သူငယ်ချင်းတို့လဲ ခံစားရအောင် တင်လိုက်တယ်နော်.... :) ပုံပေးတဲ့ ညီမလေး မနှင်းကို ကျေးဇူးတင်ပါတယ်ကွယ် :P :D

Saturday, December 27, 2008

အနှိုင်းမဲ့ပိုက်ကွန်(၁)


လောကမှာ ရှိရှိသမျှ ပိုက်ကွန်အားလုံးထဲမှာ မောဟပိုက်ကွန်ဟာ အနှိုင်းမဲ့ပိုက်ကွန် ဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ မောဟပိုက်ကွန်ထက်ပိုပြီး သတ္တ၀ါတွေကို ငြိယှက်ဖုံးကွယ်တတ်ပါတယ် ၊ ချုပ်နှောင်ဖမ်းဆီး တတ်ပါတယ်လို့ နှိုင်းယှဉ်စရာ ၊ အစားထိုးစရာ ၊ ထပ်တူပြုစရာ တခြားပိုက်ကွန် မရှိတော့လို့ပါပဲ ။

မောဟပိုက်ကွန်နဲ့ လဲလှယ်သင့် လဲလှယ်ထိုက်တဲ့ တခြားပိုက်ကွန် လောကမှာ မရှိတော့တဲ့အတွက် မောဟပိုက်ကွန်ဟာ အနှိုင်းမဲ့ပိုက်ကွန် ဖြစ်ရပါတယ် ။

ပိုက်ကွန်ဆိုတာ မိမိအတွင်း ၀င်ရောက်လာတဲ့ တ္တ၀ါတွေကို ချုပ်နှောင်ထားတတ်တဲ့သဘော ရှိပါတယ် ။ ပိုက်ကွန်အတွင်း သက်ဆင်းကျရောက်သွားတဲ့ သတ္တ၀ါတွေဟာ ပိုက်ကွန်ရဲ့ အပြင်ဘက်ကို ပြန်ရောက်ဖို့ မလွယ်တော့ပါဘူး ။ လွတ်ထွက်ဖို့ သိပ်ခက်ပါတယ် ။

ပိုက်ကွန်ထဲမှာ နေရတော့ရာ စိတ်ချမ်းချမ်းသာသာ နေရသလားဆိုတော့ မနေရပါဘူး ။ မကြာခင်မှာ သေရတော့မယ်ဆိုတဲ့ အသိနဲ့ စိတ်ပင်ပန်းဆင်းရဲစွာ နေရပါတယ် ။ မလွဲမသေ ကြုံတွေ့
ရတော့မယ့် သေခြင်းတရားကို အနီးကပ်စောင့်စားရင်း စိတ်နှလုံးထိပ်လန့် တုန်လှုပ်စွာ ပူလောင်နေရပါတယ် ။ ပိုက်ကွန်ထဲရောက်နေမှန်း သိပါရက်နဲ့ ၊ ပိုက်ကွန်မိနေမှန် သိပါရက်နဲ့ ပျော်နေတဲ့ သတ္တ၀ါ ၊ စိတ်ချမ်းသာနေတဲ့ သတ္တ၀ါကတော့ အင်မတန့်ကို မိုက်မဲလွန်း ၊ ထူအ , လွန်းလို့ ဖြစ်ပါလိမ့်မယ် ။

ွှသတ္တ၀ါတွေကို လွတ်မြောက်ချမ်းသာခွင့် မပေးဘဲ ကျပ်တည်းဆင်းရဲစွာ ချုပ်နှောင်ငြိယှက် ထားတတ်တဲ့ ပိုက်ကွန်တွေထဲမှာ မောဟပိုက်ကွန်ဟာ အဆိုးဝါးဆုံး ပိုက်ကွန် ဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ မောဟပိုက်ကွန်ဟာ ပြတ်တောက်အောင် ဖြတ်ဖောက်ဖို့ အခက်ခဲဆုံး ပိုက်ကွန် ၊ အထူထပ်ဆုံး ပိုက်ကွန် ဖြစ်နေလို့ပါပဲ ။

အပြင်လောကမှာရှိတဲ့ ငှက်ဖမ်းပိုက်ကွန် ၊ ငါးဖမ်းပိုက်ကွန် ၊ သားကောင်ဖမ်းပိုက်ကွန်တွေက ငှက်တွေ
ငါးတွေ ၊ သားကောင်တွေရဲ့ ကြိုးပမ်းအားထုပ်မှုကြောင့် တစ်ခါတစ်ရံမှာ အလွယ်တကူနဲ့ ပြတ်တောက်ကောင်း ပြတ်တောက်သွားနိုင်ပါတယ် ။ ဒါတောင်မှ သိပ်တော့ မလွယ်လှပါဘူး ။

မောဟပိုက်ကွန်ကတော့ အမိခံသတ္တ၀ါတွေ လောကနည်းလမ်းနဲ့ ဘယ်လိုပဲ ကြိုးပမ်းအားထုပ်အားထုပ် ၊
ဘယ်တော့မှ မပြတ်တောက်နိုင်ပါဘူး ။ ဓမ္မနည်းလမ်းနဲ့ ကြိုးပမ်းအားထုပ်တာတောင်မှ လွယ်လွယ်ကူကူနဲ့
ပြတ်တောက် မသွားနိုင်ပါဘူး ။ ပိုက်ကွန်အထပ်ရေ များပြီးထူထဲလွန်းလှတဲ့အတွက် ခက်ခက်ခဲခဲ
ဖြတ်ဖောက်မှ ပြတ်တောက်နိုင်ပါတယ် ။

သတ္တ၀ါတွေကို လွှမ်းခြုံရစ်ပတ်ထားတဲ့ မောဟပိုက်ကွန်က အထပ်ရေပေါ်င်း ကိုးထပ်တောင် ချုပ်စပ်ထားပါတယ် ။ ကိုးထပ်ချုပ်ပိုက်ကွန်ကြီးကို ထိုးဖောက် ဖြတ်တောက်ပြီး လွတ်မြောက်ခွင့်ရဖို့ ဆိုတာကတော့ တော်ရုံတန်ရုံ စွမ်းအားမျိုးနဲ့ ဘယ်ဖြစ်နိုင်ပါ့မလဲ ။

ကိုးထပ်ချုပ် မောဟပိုက်ကွန်ကြီးရဲ့ အောက်ဆုံးအထပ်ကတော့ ကံနဲ့ ကံရဲ့ အကျိုးကို မသိတဲ့ မောဟပါပဲ ။ အထူထဲဆုံး ၊ အကြမ်းတမ်းဆုံး ပိုက်ကွန်အထပ်ဖြစ်ပါတယ် ။ သံသရာခရီးသွားတွေအတွက်.......
ကြောက်မက်ဖွယ် အကောင်းဆုံးပိုက်ကွန် လို့ခေါ်ရင် မမှားပါဘူး ။

သတ္တ၀ါတွေဟာ ကိုယ်ပြုတဲ့ကံ ၊ ကိုယ်လုပ်တဲ့ အလုပ်ရဲ့ အကျိုးကို ကိုယ်ကိုယ်တိုင်ပဲ ခံစားရတယ် ၊
ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ် ၊ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမယ် ၊ လို့ ကံနဲ့ ကံရဲ့ အကျိုးလေးတောင်မှ မသိနားမလည်းလောက်အောင် မောဟ ထူပြောနေတဲ့သူဟာ (ဒါ အကုသိုလ်ကံ ၊ မကောင်းတဲ့အလုပ် ၊ မလုပ်သင့်ဘူး ၊ဆိုတာ ခွဲခြားဝေဖန်နိုင်စွမ်း လုံးဝ မရှိတဲ့အတွက် ကုသိုလ်ကံတွေကိုလည်း ဆည်းပူးစုဆောင်းဖြစ်မှာ မဟုတ်သလို အကုသိုလ်ကံတွေကိုလည်း စွန့်ကြဉ်ရှောင်ရှားဖြစ်မှာ မဟုတ်တော့ပါဘူး။

စိတ်ရဲ့ ပင်ကိုသဘာဝက မကောင်းမှုမှာပဲ မွေ့လျော်တတ်တာမို့ ကုသိုလ်မှန်း ၊ အကုသိုလ်မှန်း ခွဲခြားမသိတဲ့
ပိုက်ကွန်မိ လူတစ်ယောက်အတွက် အကုသိုလ်တံခါးကြီး အမြဲဟင်းလင်းပွင့်နေပါတယ် ။ ဒုစရိုက်တံခါးကြီး အမြဲဟင်းလင်းပွင့်နေပါတယ်အယူမှား မိစ္ဆာဒိဋ္ဌိကြီးအားလုံးဟာ ကံ ၊ကံရဲ့ အကျိုးကို မသိ ၊ မမြင် ၊ မယြုံကည်မှုကနေ မြစ်ဖျားခံကြတာမို့ မိစ္ဆာဒိဋ္ဌိတံခါးကြီး အမြဲဟင်းလင်းပွင့်နေပါတယ် ။ ဟင်းလင်းပွင့် နေပါတယ် ။

အကုသိုလ်တံခါးကြီးရဲ့ ဟိုဘက် ၊ ဒုစရိုက်တံခါးကြီး ဟိုဘက် ၊ မိစ္ဆာဒိဋ္ဌိတံခါးကြီး ဟိုဘက်မှာတော့ အပါယ်လေးဘုံပဲ ရှိပါတယ် ။ အပါယ်လေးဘုံဟာ ကံနဲ့ ကံရဲ့ အကျိုးကို လုံးဝ မယုံကြည်သူတွေရဲ့ ကိုယ်ပိုင်အိမ်ပါပဲ ။ လယ်တီဆရာတော်ဘုရားကြီးရဲ့ စကားနဲ့ ပြောရရင်တော့ အပါယ်ထိုထို ၊ ဥဒဟိုသည် ၊ နင်လိုလူမိုက်သွားလမ်းတည်း ပေါ့ ။

ကိုးထပ်ချုပ် မောဟပိုက်ကွန်ကြီးရဲ့ နောက်အထပ် သုံးထပ်ကတော့ ရှေးဘ၀ကို မသိတဲ့ မောဟ ၊ နောင်ဘ၀ကို မသိတဲ့ မောဟ ၊ ရှေးဘ၀ ၊ နောင်ဘ၀ နှစ်ခုလုံးကို မသိတဲ့မောဟ တို့ဖြစ်ပါတယ် ။





Friday, December 26, 2008

ဘာသာရေးဘြ၀ါဒ

်လောဘမီး ဒေါသမီး မောဟမီး ဆိုတဲ့

မီးတွေလွတ်အောင်စားနိုင်မှ

တကယ့်မီးလွတ်တယ်လို့ခေါ်တယ် ။

သစ်သီးသစ်ဖုတွေစားရုံနဲ့

မီးမလွတ်နိုင်ဘူး ။

( ရွှင်ဥမင်ဆရာတော် )

တရားအားထုတ်ခါစတွင် ကိုယ်က တရားတ်ာကိုတွဲခေါ်ရတာ ။

နောက်ပိုင်းကျင့်အားကောင်းလာတော့ တရားအရသာပေါ်လာပြီး

တရားကကိုယ့်ကို တွဲခေါ်သွေားတော့တာပဲ ။

( သူငယ်တော်ရွာ တောရဆရာတော် )

သူတစ်ပါးကို မလှည့်စားရာ ၊

ဘယ်နေရာရောက်ရောက်

ဘယ့်သူကိုမှအထင်မသေးရာ ၊

အချင်းချင်းရဲ့ဆင်းရဲကို

ကာယကံ ၊ ၀စီကံ ၊ မနောကံ ဖြင့်ပါ အလိုမရှိရာ ။


ရဟန်းတို့.....မိမိပြုလုပ်ခဲ့သော

စေတနာ ဂရုဏ ကံဝဋ်ကြွေးသည


ကောင်းကင်မှာ နေသည်ဖြစ်စေ ၊

သမုဒွ့ရာမှာ နေသည်ဖြစ်စေ ၊

ကျောက်တောင်ကျောက်ဂူအတွင်းမှာ

ခိုအောင်းနေသည်ဖြစ်စေ

လိုက်လံအကျိုးပေးမြဲပင်တည်း ။

နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင်

ခေါင်းလျှော်ကြ ၊ အ၀တ်လျှာ်ကြလုပ်ကြတယ် ။

စိတ်ကိုရော ဖြူစင်အောင် လျှော်ဖွပ်ကြရဲ့လား

စိတ်သန့်ရှင်းဖို့က လူသန့်ရှင်းဖို့ထက်

အရေးကြီးတယ် ။

ကိလေသာအညစ်အကြေးတွေကိုအမြဲလျှော်ဖွပ်နေမှ

စိတ်သန့်ရှင်းဖြူစင်တယ် ။

( ရွှင်ဥမင်းဆရာတော် )


အမျက်ထွက်သူကို

အမျက်မထွက်သူက အမြဲနိုင်ဧ။် ။

မကောင်းပြောသူကို

အကောင်းပြောသူက အမြဲနိုင်ဧ။် ။

(ပထမရွှင်ကျင်ဆရာတော်)

သုတဟူသောပညာကို

အထင်မသေးလေနှင့် ။

သင်ဧ။်စိတ်ထဲမှာသိုမှီးထား

ရပေလိမ့်မည် ။

ခြကောင်တို့က မြေမှုန်များ

စုဆောင်းထားသဖြင့် ကြီးထွားလာသော

ခြတောင်ပို့ကဲ့သို့ဖြစ်သည် ။


ကိုယ့်ပုခုံပေါ်ရောက်လာတဲ့တာဝန်ကို

မချွတ်ဧကန်မငြင်းဆန်ဘဲ ကျေပွန်အောင်

ရွက်ဆောင်ရမယ် ။
ရွက်ဆောင်ရတဲ့အခါမှာလည်း

အရည်အသွေးအကောင်းဆုံးဖြစ်အောင်

ရွက်ဆောင်ရမယ် ။


ဝါသနာဆိုတာ

ပယ်နိုင်တာမှ မဟုတ်ပဲ ။

ပြောင်းယူရတယ် ။

ကုသိုလ်ကောင်းတဲ့

ဝါသနာတွေကို

ပြောင်းယူရတယ် ။






ပန်းတစ်ပွင့်က ပြောပါတယ်


အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။ ပန်းတစ်ပွင့်က ပြောပါတယ်.... ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။ ပန်းတစ်ပွင့်က ပြောပါတယ်.... မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ပန်းတစ်ပွင့်က ပြောပါတယ်.... ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။ ပန်းတစ်ပွင့်က ပြောပါတယ်.... နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။

သူငယ်ချင်း တစ်ယောက် က ပို့ပေးတဲ့ စာသားလေးပါရှင်....

အရည်အချင်းနှင့် လက်တွေ့

လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။ တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။ သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက် ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင် "ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ" ဟု စဉ်းစားမိသည်။ တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။ လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း "ငါကသူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။ တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး အပေါ့အပါး သွားလေသည်။ "သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား.. မဖြစ်နိုင်ပါဘူးလေ" လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။ ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည် "သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့ ရေထဲခုန်ချရသလဲဟု မေးလေသည်။ "ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်" လူငယ်နှစ်ဦးမှာ ရယ်ရင်း "ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့ အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ" ဟု ပြန်ဖြေလေသည်။ ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့ မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏ ရလဒ်ပင်ဖြစ်သည်။ "သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။ သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........" စသည်ဖြင့် ပညာမာန် တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို ချည်းကပ်ရမည်ပင်။

သူငယ်ချင်း တစ်ယောက် က ပို့ပေးတဲ့ စာသားလေးပါရှင်....

Hans Christian Andersen၏ ပုံပြင်များ

တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။ အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့ အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။ ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။ အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။ ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။ ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ အဘွားအိုက ၀မ်းသာအားရနဲ့ ... "ဟာ... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့" "အင်း... ဆိတ်နို့လည်း မဆိုးပါဘူး" "အော်... ငန်းမွေးတွေက သိပ်လှတာ" "အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့" စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့ အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ " အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ် လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။ ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက် ပါသမျှငွေတွေ ပေးခဲ့ရတယ်။ ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့ ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။ အချစ်ဆိုတာ အနုပညာတစ်မျိုး ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့ ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ် ။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း လှပနိုင်ပါတယ်။

သူငယ်ချင်း တစ်ယောက် က ပို့ပေးတဲ့ စာသားလေးပါရှင်....

ကိုယ့်ကိုကိုယ် အရင်ပြင်

တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို လာတယ်။ " ဂန္ဒီကြီး… ကျွန်မသားလေးက အချိုတွေ သိပ်စားတယ် ။ ကျွန်မလဲပြောတာပဲ… မရဘူး ။ ကလေးက စားမြဲ စားတာပဲ ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံးရှင့်" ဆိုပြီး လာပြောတယ် ။ ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ " နောက်တစ်လလောက် နေမှ ပြန်လာခဲ့ " လို့ပြောလိုက်တယ် ။ ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီးနဲ့ သူ ကလေး ပြန်ရောက်လာပြန်တယ် ။ အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ ကြည့်လိုက်ပြီး " သားလေး… အချိုတွေ သိပ်မစားနဲ့ " လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။ အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး " ဟုတ်ကဲ့ " လို့ပြောလိုက်တယ် ။ အဲလိုနဲ့ ကလေး အမေက "ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက ပြောလိုက်ရောပေါ့ " လို့ပြန်ပြောလိုက်မိတယ် ။ အဲဒီတော့မှ ဂန္ဒီကြီးက " ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့် အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ ။ ဒီကလေးကို အချိုမစားနဲ့ လို့ ဆုံးမဖို့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ ဖြစ်ရမယ် ။ "

ကဲ ... ဘယ်လိုလဲ သူငယ်ချင်းတိုရေ ... ပုံပြင်လေးကပြောထားတာတော့ ရှင်းရှင်းလေးပါပဲ ... သူများကို ဆုံးမပြုပြင်ပေးချင်ရင် အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံး မပြူပြင်ထားပို့  လိုအပ်တယ်ဆိုတဲ့ အကြောင်းလေးပေါ့ရှင်...

သူငယ်ချင်း တစ်ယောက် က ပို့ပေးတဲ့ စာသားလေးပါရှင်....

ဒေါသ

တစ်နေ့မှာ နာမည်ကြီးဖာသာတစ်ဦးဟာ ပန်းခြံထဲမှာထိုင်ပြီး ရိုသေကိုင်းရှိုင်းစွာ ဆုတောင်းဝတ်ပြုနေတယ်။ အဲဒီအချိန်မှာ ကလေးပျောက်လို့ လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ဦး ထိတ်ထိတ်ပြာပြာနဲ့ အနားကဖြတ်ပြေးသွားတယ်။ အမျိုးသမီးဟာ ကလေးဇောကြောင့် မြေကြီးပေါ်မှာထိုင်ပြီး ဆုတောင်းနေတဲ့ ဖာသာကိုမမြင်ဘဲ တိုက်လိုက်မိတယ်။ ဒါပေမယ့် ဖာသာကို တောင်းပန်စကား တစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့တယ်။ အတိုက်ခံရတဲ့ ဖာသာဟာ ဒေါသစိတ်ဖြစ်မိတယ်။ ၀တ်ပြုပြီးတဲ့နောက် ကလေးငယ်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လာနေတဲ့ သူ့ကိုတိုက်သွားတဲ့ အမျိုးသမီးကို မြင်တော့ "ခုနားက မင်းအပြုအမှုကို ရှင်းပြစမ်းပါဦး" လို့ မေးလိုက်တယ်။ ဒေါသတကြီးပြောလာတဲ့ ဖာသာကိုမြင်တော့ အမျိုးသမီးဟာ အနည်းငယ် ထိတ်လန့်သွားခဲ့တယ်။ ပြီးမှ "ခွင့်လွတ်ပါဖာသာ.. အခုနားက ကျွန်မကလေး တစ်ခုခုဖြစ်နေလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဖာသာကို သတိမထားလိုက်မိဘူး။ အဲအချိန်တုန်းက ဖာသာလည်း ၀တ်ပြုဆုတောင်းနေတာပဲ မဟုတ်လား? ဆုတောင်းတာကလည်း သတ္တ၀ါအားလုံး အေးချမ်းကျန်းမာဖို့ပဲ မဟုတ်လား..? ဖာသာ ဘာဖြစ်လို့ ကလေးဇောနဲ့ စိုးရိမ်ပူပန်နေတဲ့ကျွန်မကို မမြင်ခဲ့တာလဲ" လို့ ပြန်ပြောလိုက်တယ်။

သူငယ်ချင်း တစ်ယောက် က ပို့ပေးတဲ့ စာသားလေးပါရှင်....

အေးချမ်းစွာရှင်သန်ခြင်း


တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်။ အဲဒီဘုရင်ဟာ သူ့ ဥယျာဉ်ထဲမှာရှိတဲ့ ပန်းပင်တွေ၊ သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ် ။ သူဟာ ဥယျာဉ်ထဲရောက်တဲ့ အခါတိုင်း အပင်တွေကို အရမ်းပွင့်၊ အရမ်းသီးခိုင်းလေ့ ရှိတယ်။ တစ်နေ့မှာ သူဟာ ဥယျာဉ်ကြီးထဲကို ရောက်သွားတယ် ၊ ၀က်သစ်ချပင်ကြီးဟာ ညှိုးပြီး ခြောက်သွေ့ နေတယ် ၊ အဲဒီတော့ " ဘာဖြစ်တာလဲ " လို့ သူက မေးလိုက်တယ် ၀က်သစ်ချပင်ကြီးက " ဘယ်လိုဖြစ်ရမှာတုံး ၊ ကျုပ်က ထင်းရှူးပင်ကိုတုပြီး အပေါ်ကို တက်တော့ ထင်းရှူးပင် မဟုတ်လေတော့ အမြစ်အားက မခံနိုင်တော့ သေရတာပေါ့ " ။ အဲဒါနဲ့ ထင်းရှူးပင်ဆီကို သွားပြန်တော့ ထင်းရှူးပင်ကြီးက ကိုင်းပြီးကွေးကျနေတယ် ။ အဲဒီတော့ ထင်းရှူးပင်ကြီးကို " ဘယ်လိုဖြစ်တာလဲ " လို့ဘုရင်ကြီးက မေးလိုက်ပြန်တယ် ။ အဲဒီတော့ ထင်းရှူးပင်ကြီးက " ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး အသီးတွေ အရမ်းသီးလိုက်တယ် ၊ စပျစ်ပင် မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလိုအရမ်း ကွေးသွားတာပေါ့ " လို့ပြောတယ် ။ စပျစ်ပင်ကြီးကလည်း သေမလိုဖြစ်နေတယ် ၊ " ဘယ်လိုဖြစ်တာလဲ " လို့မေးတော့ " ကျုပ်က နှင်းဆီပင်ကို အားကျပြီး သူလို လိုက်ပွင့်တာဗျို့ ၊ အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး ၊ နှင်းဆီပန်းလဲ မပွင့်တော့ပဲ အခုလို သေလုမျောပါး ဖြစ်သွားရတာပဲ " လို့ပြောပြန်တယ် ။ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီးလျှောက်သွားတဲ့ အခါမှာ အပင်လေးတစ်ပင်ကို တွေ့တယ် ။ အပင်က သိပ်မကြီးပါဘူး ။ အရွက်လေးတွေ အကိုင်းအခက်လေးတွေလည်း စိုစိုပြေပြေနဲ့ ၊ အပွင့်က ရနံ့လေး တွေကလည်း သင်းပျံ့လို့ ၊ အဲဒီအပင်ရဲ့ နာမည်က Heart's Ease ( နှလုံးအေးချမ်း ပန်း ) လို့ခေါ်လေ့ ရှိတဲ့ အပင်လေးပါပဲ ။ ဘုရင်ကြီးက အဲဒီအပင်လေးကို ကြည့်ပြီး " ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံး မှာရှိတဲ့ အပင်တွေ သေတာတွေ သေကုန်ပြီ ၊ တချို့လည်း သေလုမျောပါ ဖြစ်နေပြီ ။ နှလုံးအေးချမ်းရယ်… မင်းကတော့ ရှင်သန်စိုပြေလို့ပါလား… ဘာကြောင့်လဲ " လို့မေးလိုက်တယ် ။ အဲဒီမှာ အပင်ကလေးက ဘာပြန်ပြောသလဲ ဆိုတော့ " အသင်မင်းကြီး ကျွန်ုပ်ကို ဒီဥယျာဉ်မှာ စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ် … ၀က်သစ်ချပင်လို မဖြစ်စေချင်ဘူး… ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ဘူး… အဲဒီလိုပဲ ထင်းရှူးပင်မြင့်မြင့်ကြီးတွေကိုလည်း အားမကျခဲ့ဘူး… အသီးတွေ ပြွတ်နေအောင်သီးတဲ့ စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး… အပွင့်ကြီးတွေ ဝေဆာနေတဲ့ နှင်းဆီပင်ကိုလည်း အာမကျခဲ့ဘူး… နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ နေခဲ့တယ်… နှလုံးအေးချမ်းလိုပဲ ရှင်သန်ခဲ့တယ်… အားကျပြီး ဘာကိုမှမလုပ်ခဲ့ဘူး… ဒါကြောင့် နှလုံးအေးချမ်အဖြစ်နဲ့ပဲ ရှင်သန်ရပ်တည်နေနိုင်တာပေါ့ … တခြားဘာမှမဟုတ်ဘူး " လို့ပြန်ပြီးပြော လိုက်တယ်…


ကဲဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကလည်းရှင်းလှပါတယ် .... သူတဖက်သားကို အတုယူပြီးအားကြပြီး လိုက်တုတာ မကောင်းသောအကြင့်လို့  မဆိုလိုနိုင်ပေမဲ့ .... မတုရင်တုလို့  မရတာတွေ အများကြိီးပါရှင် .. ဒါကြောင့် ကိုပိုင်ဆိုင်တဲ့ အရည်ချင်း ကိုရထားတဲ့ ဘ၀ကိုသာ ပိုမိုကောင်းမွန်အောင် ကြိုးစားမယ်ဆိုရင် ... ဒီပုံပြင်လေးထဲက နှလုံးအေးချမ်း အပင်လေးလို့ပဲ နှလုံးအေးချမ်းစွာ ရှင်သန်ရပ်တည်နေနိုင်မှာပါ ရှင် ...

သူငယ်ချင်း တစ်ယောက် က ပို့ပေးတဲ့ စာသားလေးပါရှင်....

Thursday, December 25, 2008

Merry Christmas.


H a P p Y N e W y E a R

နှစ်သစ်မှာ အားလုံးပျော်ရွှင် ပါစေ ............ !

Wednesday, December 24, 2008

ထန်ယွမ်


မင်္ဂလာရှင်
အေးမြတဲ့ ဒီဇင်ဘာလ ၊ ခရစ္စမတ် ၊ နတ်တော်လဆုတ် ၁၂ လ ဖြစ်ပါတယ် ။ တရုတ်လိုကတော့ ထန်ယွမ်လ (မုန့်လုံးရေပေါ်လ) လို့သတ်မှတ်ကြပါတယ်ရှင် ။ ဒီလို ချမ်းအေးတဲ့ ဒီဇင်ဘာလ ညချမ်းမှာ မိသားစု ၀ိုင်ဖွဲ့ပြီး ပျော်ပျော်ပါးပါး မုန့်လုံးရေပေါ် လုပ်စားကြပါတယ်ရှင် ။ တရုတ်မုန့်လုံးရေပေါ် နဲ့ မြန်မာမုန့်လုံးရေပေါ် မတူပါဘူးရှင် ။ မြန်မာမုန့်လုံးရေပေါ်က တန်းလျှက်ခဲထည့်ကာ ရေနွေပူနဲ့ ပြုပ်ပြီး အုန်းသီးခြစ်ဖြူးပြီး စားကြပါတယ် ။ တရုတ်မုန့်လုံးရေပေါ်ကတော့ မြေပဲ ၊ နှမ်း ၊ အသား ၊ ပိန်ဥ စတဲ့နှစ်သက်ရာထည့်ကာ ရေနွေပူနဲ့ပြုပ်ပြီး ဒီတိုင်း စားကြပါတယ်ရှင်။ တန်းလျှက်ကျိုကာ ပြုပ်ပြီးသား တရုတ်မုန့်လုံးရေပေါ် ထည့်ပြီးစားကြပါတယ်ရှင် ။ လာစားကြပါဦးလို့ ဖိတ်ခေါ်ပါတယ်နော် ။ ။ :)

ရိုက်ထားတာ လှလည်လှဘူး လှဖို့လိုပါဘူးရပါတယ်.. စားလို့တော့ကောင်းတယ် လာစားကြနော်.....!

အပြောင်းအလဲ

မောင်။ ။ယု... ဗိုက်ဆာပြီးလား ၊ မောင်မုန့်ဝယ်လိုက်မယ်လေ ၊ ကြက်ဥပူတင်းလာပါဦး
ယု ။ ။ဟာ..မောင်ကလည်း မစားချင်ပါဘူး ၊ ယုလည်း ဗိုက်မဆာဘူးမောင်ရဲ့
မောင်။ ။မရဘူး ၊ စားရမယ် ၊ မောင်ဝယ်ပြီးသွားပြီး ။ ယုကို စက္ကူ ပတ်လေးတွေ ခွာပေးမယ်နော်
ယု ။ ။မောင်...ယုကို သိတ်ချစ်တာပဲလားဟင်
မောင်။ ။ချစ်တာပေါ့...ယုရယ် ။ ယုတစ်ယောက်တည်းကိုပဲ ချစ်တာပါ ။ အချစ်ဆုံးပါ
ယု ။ ။ဒါဆို ယုတို့ လက်ထက်ပြီးရင်ရော
မောင်။ ။တစ်သက်လုံး .. တစ်သက်လုံး ။ ခုလိုပဲ ချစ်မယ် ။ ကြင်နာမယ် ။ ဂရုစိုက်မယ် ။ အဟုတ်
ကျွန်မ အလုပ်သွားတိုင်း မောင်က ဂရုစိုက်လိုက်ပို့တတ်ပါတယ် ။ အမြဲတမ်းလိုလို ကျွန်မကိုကြင်နာပါတယ်ရှင်။ မောင် ကျွန်မကို အမြဲချစ်နိုင်ပါစေလို့ တွေးရင် ။.........။
ယု ။ ။ဟဲ့... သားကြီး...လာစမ်း ၊ ဟိုမှာ ကားတွေလာနေတယ် ။ မောင်...သားကိုခေါ်ထား
မောင်။ ။အေးပါ ။ မင်းလက်ထဲက သမီးသာ ပြုတ်မကျစေနဲ့ ။ ကားလာတော့မယ်
ယု ။ ။မောင်..ဟိုမှာ ကြက်ဥပူတင်း
မောင်။ ။မင်းကလည်းကွာ... ကလေးမဟုတ် ။ သူငယ်မဟုတ် ။ မုန့်က စားဦးမယ် ။ ပြီးရင် အဲ့ဒီမုန့်က စက္ကူ ပတ်တွေလည်း ခွာရနဲ့ အလုပ်က ရှုပ်ဦးမယ် ။ ။
ယု ။ ။မောင်ကလည်း...!
မြတ်စွာဘုရား....ကျွန်မအံ့သြရပါပြီ ။ ဟိုးလွန်ခဲ့တဲ့ မောင်ရဲ့အကြင်နာ ၊ အယုယတွေ ဘယ်ရောက်ကုန်လဲလို့ ။ အရင်ကတော့ အမြဲတမ်း ချစ်မယ် ၊ အကြင်နာမယ် ၊ ယုယမယ်ဆိုပြီး အခုတော့ အင်း....တယ်လည် အပြောင်းလဲမြန်ပါလားလို့ ။ အတွေးနဲ့အတူ.....
ရယ်စရာ စာအုပ်တစ်အုပ်ထဲက ဖတ်ရလို့ သဘောကျတာနဲ့တင်လိုက်ပါတယ်ရှင် ။ ။

Tuesday, December 23, 2008

" ငါအိုသွားသောအခါ "

ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး ။ ငါ့ကိုနားလည်ပေးပါ ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ ။

ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ၊ လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့ ၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ ၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့ ။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ၊ ခြောက်တစ်လှည့် ရချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေကို မြင်ယောင်ပေးပါ ။

ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့ ။ ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှေက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ ။

တစ်နေ့ထက်တစ်နေ့ အိုစာ သွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနှင့် ၊ နားလည်ပေးပါ။ အားပေး ။ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ

Monday, December 22, 2008

စားပါဦး


ဒီဇင်ဘာလ ရောက်လာပြီဆိုတော့ ရာသီဥတုကလည်း တော်တော်ကို အေးလာပါတယ်ရှင်။ ဒီလိုချမ်းချမ်းလေးမှာ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူ ၊ နီ ပါးပါးလှီးပြီး ငရုပ်သီးစပ်စပ်လေးနဲ့ ရောသမပြီး ရွရွလေးကြော်ကာ ထမင်ပူပူလေးနဲ့ စားရအောင်နော် ။ ။ ကောင်းကင်တော့စားပြီးနော် ..... လာခေါ်နဲ့နော် :P

Sunday, December 21, 2008

အမေ


"အမေ"
ဆိုတဲ့စကားလေး၂လုံးကိုအသံထွက်ပြီးဆိုကြည့်ပါ.. အလွန်ချိုမြိန်သော.သာယာသော.. မေတ္တာဖြင့်ထုံလွှမ်းသောအရသာကိုခံစားရပါလိမ့်မယ်..
(ဦးသုခ)

Saturday, December 20, 2008

ယောက်ျားနှင့် မိန်းမ

တကယ်မှန်ပါကိုနေလို့ပါ

လောကကြီး၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် ယောက်ျားကို ဖန်ဆင်းသည်။
ယောက်ျား၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် မိန်းမကို ဖန်ဆင်းသည်။

ယောက်ျားလေးက မိန်းကလေးကို ချစ်မိလျှင် ကဗျာများရေးဖွဲ့ တတ်၏။
မိန်းကလေးက ယောက်ျားလေးကို ချစ်မိလျှင် စိတ်ကူးယဉ် အိပ်မက်မက်တတ်၏။

မိန်းကလေး၏ အကောင်းဆုံး ကိုယ်ပိုင် အရည်အချင်းမှာ ချွဲနွဲ့ခြင်းဖြစ်ပြီး
ယောက်ျားလေး၏ အရည်အချင်းမှာ လိမ်ညာခြင်း ဖြစ်သည်။

မိန်းကလေးအတွက် ကံကောင်းခြင်းမှာ "သူ ငါ့ကို တကယ်ချစ်ရှာသည်"ဟု ယုံကြည်ခြင်းဖြစ်ပြီး ယောက်ျားလေးအတွက် ကံကောင်းခြင်းမှာ "သူ့ကို ချစ်ရတာ ထိုက်တန်သည်" ဟု ထင်မြင်ခြင်း ဖြစ်သည်။

မိန်းကလေးတွင် ပြေပြစ်သော ရုပ်ရည်ရှိသင့်ပြီး ယောက်ျားလေးတွင် ပြည့်စုံသော ဓနဥစ္စာရှိသင့်သည်။

မိန်းကလေးက ယောက်ျားလေးကို နမ်းခြင်းသည် စိတ်ကြည်နူးမှုဖြစ်ပြီး
ယောက်ျားလေးက မိန်းကလေးကို နမ်းခြင်းသည် တဏှာ ဖြစ်သည်။

မိန်းကလေးများ ထွက်ပေါက်ရှာလျှင် အိမ်ထောင် ပြုတတ်ကြပြီး
ယောက်ျားလေးများ ထွက်ပေါက်ရှာလျှင် ကွာရှင်းတတ်ကြသည်။

ပါးနပ်ထက်မြက်သော မိန်းကလေးများက သူ့ချစ်ကိုရှာပြီး အိမ်ထောင်ပြုတတ်ကြ၏။
တုံးအသော မိန်းကလေးများက ကိုယ့်ချစ်ကိုရှာပြီး အိမ်ထောင် ပြုတတ်ကြသည်။

ရည်းစားဖြစ်ချိန်တွင် ယောက်ျားလေးများသည် မိန်းကလေးများကို ကြင်နာတတ်ပြီး အိမ်ထောင်ပြုပြီးချိန်တွင် ရက်စက်တတ်ကြသည်။

မိန်းမငယ်များသည် မျက်လုံးဖြင့် ယောက်ျားများကို ညို့စား တတ်ပြီး မိန်းမကြီးများသည် မျက်ရည်များဖြင့် လှည့်စားတတ်သည်။

မိန်းကလေးများအတွက် ကျမ်းကျိန်ဆိုသော ယောက်ျားသည် ရယ်စရာကောင်း၍ ဥစ္စာ ပစ္စည်းအရှာ တော်သော ယောက်ျားသည် ချစ်စရာကောင်းသည်။

ယောက်ျားလေးက ကွာရှင်းဖို့ စကားကမ်းလှမ်းခြင်းသည် မိန်းမကို စိတ်ကုန်လာခြင်းဖြစ်ပြီး မိန်းကလေးက ကွာရှင်းဖို့ စကား ကမ်းလှမ်းခြင်းသည် ယောက်ျားက သူ့ကိုမချစ်မှန်း သိလာခြင်းဖြစ်သည်။

မိန်းကလေးများ ယောက်ျားမယူဘဲ အပျိုကြီးအဖြစ် နေလျှင် နာတာရှည် ရှိသည်ဟု ထင်ကြပြီး ယောက်ျားလေးများ မိန်းမ မယူဘဲ လူပျိုကြီး အဖြစ်နေလျှင် စီးပွားလုပ်ငန်း ဖြင့် မအားလပ်ဟု ထင်ကြသည်။

သူငယ်ချင်း တစ်ယောက် က ရေးပြီးပို့ပေးတာပါတကယ်မှန်ပါကိုနေလို့ပါ

EQ လား IQ လား

လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(IQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။ ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင် ဖြစ်ခဲ့ရကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိခဲ့ရသည်။ (EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။ နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားငဲ့ညာနိုင်စွမ်းရှိခြင်း (Compassion)
(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)
(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking) ……………………… စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည် အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။
သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကို သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။
နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည် သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။
ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏။
နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊ ဆရာမ)များထံမှရသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းခဲ့သူ၊ ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင် ကြီးပြင်းခဲ့သူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘများထံမှရ)သည် ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည် ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။
ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည် ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင် ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင် အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။
နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင် မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။
နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….
(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။
(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။
(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။
(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။
(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။
(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။ အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။
(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။
(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။
(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။
ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည် နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည် ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။
မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။
လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။
သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင် သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။
လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်။

သူငယ်ချင်း တစ်ယောက် က ပို့ပေးတဲ့ စာသားလေးပါရှင်