Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Wednesday, December 24, 2008

အပြောင်းအလဲ

မောင်။ ။ယု... ဗိုက်ဆာပြီးလား ၊ မောင်မုန့်ဝယ်လိုက်မယ်လေ ၊ ကြက်ဥပူတင်းလာပါဦး
ယု ။ ။ဟာ..မောင်ကလည်း မစားချင်ပါဘူး ၊ ယုလည်း ဗိုက်မဆာဘူးမောင်ရဲ့
မောင်။ ။မရဘူး ၊ စားရမယ် ၊ မောင်ဝယ်ပြီးသွားပြီး ။ ယုကို စက္ကူ ပတ်လေးတွေ ခွာပေးမယ်နော်
ယု ။ ။မောင်...ယုကို သိတ်ချစ်တာပဲလားဟင်
မောင်။ ။ချစ်တာပေါ့...ယုရယ် ။ ယုတစ်ယောက်တည်းကိုပဲ ချစ်တာပါ ။ အချစ်ဆုံးပါ
ယု ။ ။ဒါဆို ယုတို့ လက်ထက်ပြီးရင်ရော
မောင်။ ။တစ်သက်လုံး .. တစ်သက်လုံး ။ ခုလိုပဲ ချစ်မယ် ။ ကြင်နာမယ် ။ ဂရုစိုက်မယ် ။ အဟုတ်
ကျွန်မ အလုပ်သွားတိုင်း မောင်က ဂရုစိုက်လိုက်ပို့တတ်ပါတယ် ။ အမြဲတမ်းလိုလို ကျွန်မကိုကြင်နာပါတယ်ရှင်။ မောင် ကျွန်မကို အမြဲချစ်နိုင်ပါစေလို့ တွေးရင် ။.........။
ယု ။ ။ဟဲ့... သားကြီး...လာစမ်း ၊ ဟိုမှာ ကားတွေလာနေတယ် ။ မောင်...သားကိုခေါ်ထား
မောင်။ ။အေးပါ ။ မင်းလက်ထဲက သမီးသာ ပြုတ်မကျစေနဲ့ ။ ကားလာတော့မယ်
ယု ။ ။မောင်..ဟိုမှာ ကြက်ဥပူတင်း
မောင်။ ။မင်းကလည်းကွာ... ကလေးမဟုတ် ။ သူငယ်မဟုတ် ။ မုန့်က စားဦးမယ် ။ ပြီးရင် အဲ့ဒီမုန့်က စက္ကူ ပတ်တွေလည်း ခွာရနဲ့ အလုပ်က ရှုပ်ဦးမယ် ။ ။
ယု ။ ။မောင်ကလည်း...!
မြတ်စွာဘုရား....ကျွန်မအံ့သြရပါပြီ ။ ဟိုးလွန်ခဲ့တဲ့ မောင်ရဲ့အကြင်နာ ၊ အယုယတွေ ဘယ်ရောက်ကုန်လဲလို့ ။ အရင်ကတော့ အမြဲတမ်း ချစ်မယ် ၊ အကြင်နာမယ် ၊ ယုယမယ်ဆိုပြီး အခုတော့ အင်း....တယ်လည် အပြောင်းလဲမြန်ပါလားလို့ ။ အတွေးနဲ့အတူ.....
ရယ်စရာ စာအုပ်တစ်အုပ်ထဲက ဖတ်ရလို့ သဘောကျတာနဲ့တင်လိုက်ပါတယ်ရှင် ။ ။

No comments: