Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Saturday, December 20, 2008

ကဗျာ

" မတရားမူ"
လောကဇာတ်ခုံပေါ်
မကတတ် ကတတ်နဲ့
ကကြိုးသီခဲ့တဲ့ .... ငါ
ငိုရမယ့်အခန်းကြတော့
ရှိုက်တမတ်မတ် ငိုခဲ့ရပြီး
ရယ်ရမယ့်အခန်းကြတော့
ပြုံးခွင့်လေးတောင်
မပေးပါလား
ဇာတ်ဆရာရယ်။ ။

"စက္ကူလှေ"
ချစ်ဖို့ပဲ သိတတ်သူမှ အလွမ်းလက်ဆောင် ရခဲ့သူ မခံစားချင်ပါဘူး ဆိုကေမဲ့ ကြေကွဲခွင့် ကြုံခဲ့သူ.... ပျော်ရွှင်ခြင်းနဲ့ အဆုံးသတ်ချင်တယ်ဆိုမှ ရယ်မောခြင်း ကင်းရသူ... အငြိုးအတေးကို မုန်းပေမဲ့ နာကြည်းဖို့ ဖန်ခဲ့သူ... တကယ်တော့ ပင်လယ်ကို စက္ကူလှေနဲ့ ဖြတ်ခွင့်မရှိဘူးလေ....။ ။ "ဖန်ဆင်းရှင် ဆူးရှိတဲ့ပန်းတစ်ပွင့် ဖန်ဆင်းဖူးတယ် ရနံ့ရှိ မရှိတော့ မသိဘူး နမ်းရှိုက်ဖို့ ဟန်ပြင်လိုက်တော့ လေပြေခိုးနမ်းသွားတယ် ဖန်ဆင်းသူရဲ့ လက်မှာ သွေးတွေနဲ့...
"ရင်ကွဲ...နာ"
ငါ့ရင်ဘက်ထဲက
ရွတ်ပြတ်တောမှာ
မိုးတွေ တစ်နှစ်လုံးစွေတယ်။
ရေတွေကြီးခဲ့သမျှ
လှေနဲ့ကူးထွက်ဖို့လည်း
စိတ်မကူးဘူးတော့ပါဘူး
နစ်မယ်ဆိုလည်း နစ်ပါစေတော့...
ဒီရင်ဘက်ထဲ
မျှော်လင့်ခြင်းကင်းမဲ့
ရှင်သန်ခြင်း၊ အသက်မဲ့ခဲ့တာ
ကြာခဲ့ပါပြီးလေ

ကိုယ့်ဘ၀နဲ့ကိုယ်ပါ
နင်ဟာ သံသရာကို ယုံကြည်သူဆိုရင်
လက်ရှိဘ၀မှာ ကာလသုံးပါကို လှပအောင် ထုဆစ်နိုင်မှ
သံသရာမှာ အဖန်တစ်ရာ မလည်မှာပေါ့။
ဘယ်သူဘယ်လို ဆိုတာကြည့်မဲ့အစား

ကိုယ့်လုပ်ရပ်ကောင်းနိုင်ဖို့

အခုကစလို့ ကြိုးစားကြည့်
ပါ
နောက်တစ်ရက်မရောက်ခင်အချိန်လေးမှာပေါ့ ။ ။
စိတ်ကောက်နတ်သမီး
ကောင်မလေးတစ်ယောက်
စိတ်ကောက်တဲ့အခါ
ကျွန်တော့်အတွက်
ပျော်ရွှင်မူတွေပေါ့။

ဒါပေမဲ့
နတ်သမီးလေးတစ်ပါး စိတ်ကောင်တဲ့အခါ မှာတော့
သိမ်မွေ့နူးညံ့တဲ့ အချစ်စိတ်တွေဖြစ်သွားတယ်။ ။

No comments: