Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Wednesday, December 24, 2008

ထန်ယွမ်


မင်္ဂလာရှင်
အေးမြတဲ့ ဒီဇင်ဘာလ ၊ ခရစ္စမတ် ၊ နတ်တော်လဆုတ် ၁၂ လ ဖြစ်ပါတယ် ။ တရုတ်လိုကတော့ ထန်ယွမ်လ (မုန့်လုံးရေပေါ်လ) လို့သတ်မှတ်ကြပါတယ်ရှင် ။ ဒီလို ချမ်းအေးတဲ့ ဒီဇင်ဘာလ ညချမ်းမှာ မိသားစု ၀ိုင်ဖွဲ့ပြီး ပျော်ပျော်ပါးပါး မုန့်လုံးရေပေါ် လုပ်စားကြပါတယ်ရှင် ။ တရုတ်မုန့်လုံးရေပေါ် နဲ့ မြန်မာမုန့်လုံးရေပေါ် မတူပါဘူးရှင် ။ မြန်မာမုန့်လုံးရေပေါ်က တန်းလျှက်ခဲထည့်ကာ ရေနွေပူနဲ့ ပြုပ်ပြီး အုန်းသီးခြစ်ဖြူးပြီး စားကြပါတယ် ။ တရုတ်မုန့်လုံးရေပေါ်ကတော့ မြေပဲ ၊ နှမ်း ၊ အသား ၊ ပိန်ဥ စတဲ့နှစ်သက်ရာထည့်ကာ ရေနွေပူနဲ့ပြုပ်ပြီး ဒီတိုင်း စားကြပါတယ်ရှင်။ တန်းလျှက်ကျိုကာ ပြုပ်ပြီးသား တရုတ်မုန့်လုံးရေပေါ် ထည့်ပြီးစားကြပါတယ်ရှင် ။ လာစားကြပါဦးလို့ ဖိတ်ခေါ်ပါတယ်နော် ။ ။ :)

ရိုက်ထားတာ လှလည်လှဘူး လှဖို့လိုပါဘူးရပါတယ်.. စားလို့တော့ကောင်းတယ် လာစားကြနော်.....!

No comments: