Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Friday, December 26, 2008

ဘာသာရေးဘြ၀ါဒ

်လောဘမီး ဒေါသမီး မောဟမီး ဆိုတဲ့

မီးတွေလွတ်အောင်စားနိုင်မှ

တကယ့်မီးလွတ်တယ်လို့ခေါ်တယ် ။

သစ်သီးသစ်ဖုတွေစားရုံနဲ့

မီးမလွတ်နိုင်ဘူး ။

( ရွှင်ဥမင်ဆရာတော် )

တရားအားထုတ်ခါစတွင် ကိုယ်က တရားတ်ာကိုတွဲခေါ်ရတာ ။

နောက်ပိုင်းကျင့်အားကောင်းလာတော့ တရားအရသာပေါ်လာပြီး

တရားကကိုယ့်ကို တွဲခေါ်သွေားတော့တာပဲ ။

( သူငယ်တော်ရွာ တောရဆရာတော် )

သူတစ်ပါးကို မလှည့်စားရာ ၊

ဘယ်နေရာရောက်ရောက်

ဘယ့်သူကိုမှအထင်မသေးရာ ၊

အချင်းချင်းရဲ့ဆင်းရဲကို

ကာယကံ ၊ ၀စီကံ ၊ မနောကံ ဖြင့်ပါ အလိုမရှိရာ ။


ရဟန်းတို့.....မိမိပြုလုပ်ခဲ့သော

စေတနာ ဂရုဏ ကံဝဋ်ကြွေးသည


ကောင်းကင်မှာ နေသည်ဖြစ်စေ ၊

သမုဒွ့ရာမှာ နေသည်ဖြစ်စေ ၊

ကျောက်တောင်ကျောက်ဂူအတွင်းမှာ

ခိုအောင်းနေသည်ဖြစ်စေ

လိုက်လံအကျိုးပေးမြဲပင်တည်း ။

နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင်

ခေါင်းလျှော်ကြ ၊ အ၀တ်လျှာ်ကြလုပ်ကြတယ် ။

စိတ်ကိုရော ဖြူစင်အောင် လျှော်ဖွပ်ကြရဲ့လား

စိတ်သန့်ရှင်းဖို့က လူသန့်ရှင်းဖို့ထက်

အရေးကြီးတယ် ။

ကိလေသာအညစ်အကြေးတွေကိုအမြဲလျှော်ဖွပ်နေမှ

စိတ်သန့်ရှင်းဖြူစင်တယ် ။

( ရွှင်ဥမင်းဆရာတော် )


အမျက်ထွက်သူကို

အမျက်မထွက်သူက အမြဲနိုင်ဧ။် ။

မကောင်းပြောသူကို

အကောင်းပြောသူက အမြဲနိုင်ဧ။် ။

(ပထမရွှင်ကျင်ဆရာတော်)

သုတဟူသောပညာကို

အထင်မသေးလေနှင့် ။

သင်ဧ။်စိတ်ထဲမှာသိုမှီးထား

ရပေလိမ့်မည် ။

ခြကောင်တို့က မြေမှုန်များ

စုဆောင်းထားသဖြင့် ကြီးထွားလာသော

ခြတောင်ပို့ကဲ့သို့ဖြစ်သည် ။


ကိုယ့်ပုခုံပေါ်ရောက်လာတဲ့တာဝန်ကို

မချွတ်ဧကန်မငြင်းဆန်ဘဲ ကျေပွန်အောင်

ရွက်ဆောင်ရမယ် ။
ရွက်ဆောင်ရတဲ့အခါမှာလည်း

အရည်အသွေးအကောင်းဆုံးဖြစ်အောင်

ရွက်ဆောင်ရမယ် ။


ဝါသနာဆိုတာ

ပယ်နိုင်တာမှ မဟုတ်ပဲ ။

ပြောင်းယူရတယ် ။

ကုသိုလ်ကောင်းတဲ့

ဝါသနာတွေကို

ပြောင်းယူရတယ် ။






No comments: