Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Friday, December 26, 2008

အေးချမ်းစွာရှင်သန်ခြင်း


တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်။ အဲဒီဘုရင်ဟာ သူ့ ဥယျာဉ်ထဲမှာရှိတဲ့ ပန်းပင်တွေ၊ သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ် ။ သူဟာ ဥယျာဉ်ထဲရောက်တဲ့ အခါတိုင်း အပင်တွေကို အရမ်းပွင့်၊ အရမ်းသီးခိုင်းလေ့ ရှိတယ်။ တစ်နေ့မှာ သူဟာ ဥယျာဉ်ကြီးထဲကို ရောက်သွားတယ် ၊ ၀က်သစ်ချပင်ကြီးဟာ ညှိုးပြီး ခြောက်သွေ့ နေတယ် ၊ အဲဒီတော့ " ဘာဖြစ်တာလဲ " လို့ သူက မေးလိုက်တယ် ၀က်သစ်ချပင်ကြီးက " ဘယ်လိုဖြစ်ရမှာတုံး ၊ ကျုပ်က ထင်းရှူးပင်ကိုတုပြီး အပေါ်ကို တက်တော့ ထင်းရှူးပင် မဟုတ်လေတော့ အမြစ်အားက မခံနိုင်တော့ သေရတာပေါ့ " ။ အဲဒါနဲ့ ထင်းရှူးပင်ဆီကို သွားပြန်တော့ ထင်းရှူးပင်ကြီးက ကိုင်းပြီးကွေးကျနေတယ် ။ အဲဒီတော့ ထင်းရှူးပင်ကြီးကို " ဘယ်လိုဖြစ်တာလဲ " လို့ဘုရင်ကြီးက မေးလိုက်ပြန်တယ် ။ အဲဒီတော့ ထင်းရှူးပင်ကြီးက " ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး အသီးတွေ အရမ်းသီးလိုက်တယ် ၊ စပျစ်ပင် မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလိုအရမ်း ကွေးသွားတာပေါ့ " လို့ပြောတယ် ။ စပျစ်ပင်ကြီးကလည်း သေမလိုဖြစ်နေတယ် ၊ " ဘယ်လိုဖြစ်တာလဲ " လို့မေးတော့ " ကျုပ်က နှင်းဆီပင်ကို အားကျပြီး သူလို လိုက်ပွင့်တာဗျို့ ၊ အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး ၊ နှင်းဆီပန်းလဲ မပွင့်တော့ပဲ အခုလို သေလုမျောပါး ဖြစ်သွားရတာပဲ " လို့ပြောပြန်တယ် ။ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီးလျှောက်သွားတဲ့ အခါမှာ အပင်လေးတစ်ပင်ကို တွေ့တယ် ။ အပင်က သိပ်မကြီးပါဘူး ။ အရွက်လေးတွေ အကိုင်းအခက်လေးတွေလည်း စိုစိုပြေပြေနဲ့ ၊ အပွင့်က ရနံ့လေး တွေကလည်း သင်းပျံ့လို့ ၊ အဲဒီအပင်ရဲ့ နာမည်က Heart's Ease ( နှလုံးအေးချမ်း ပန်း ) လို့ခေါ်လေ့ ရှိတဲ့ အပင်လေးပါပဲ ။ ဘုရင်ကြီးက အဲဒီအပင်လေးကို ကြည့်ပြီး " ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံး မှာရှိတဲ့ အပင်တွေ သေတာတွေ သေကုန်ပြီ ၊ တချို့လည်း သေလုမျောပါ ဖြစ်နေပြီ ။ နှလုံးအေးချမ်းရယ်… မင်းကတော့ ရှင်သန်စိုပြေလို့ပါလား… ဘာကြောင့်လဲ " လို့မေးလိုက်တယ် ။ အဲဒီမှာ အပင်ကလေးက ဘာပြန်ပြောသလဲ ဆိုတော့ " အသင်မင်းကြီး ကျွန်ုပ်ကို ဒီဥယျာဉ်မှာ စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ် … ၀က်သစ်ချပင်လို မဖြစ်စေချင်ဘူး… ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ဘူး… အဲဒီလိုပဲ ထင်းရှူးပင်မြင့်မြင့်ကြီးတွေကိုလည်း အားမကျခဲ့ဘူး… အသီးတွေ ပြွတ်နေအောင်သီးတဲ့ စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး… အပွင့်ကြီးတွေ ဝေဆာနေတဲ့ နှင်းဆီပင်ကိုလည်း အာမကျခဲ့ဘူး… နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ နေခဲ့တယ်… နှလုံးအေးချမ်းလိုပဲ ရှင်သန်ခဲ့တယ်… အားကျပြီး ဘာကိုမှမလုပ်ခဲ့ဘူး… ဒါကြောင့် နှလုံးအေးချမ်အဖြစ်နဲ့ပဲ ရှင်သန်ရပ်တည်နေနိုင်တာပေါ့ … တခြားဘာမှမဟုတ်ဘူး " လို့ပြန်ပြီးပြော လိုက်တယ်…


ကဲဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကလည်းရှင်းလှပါတယ် .... သူတဖက်သားကို အတုယူပြီးအားကြပြီး လိုက်တုတာ မကောင်းသောအကြင့်လို့  မဆိုလိုနိုင်ပေမဲ့ .... မတုရင်တုလို့  မရတာတွေ အများကြိီးပါရှင် .. ဒါကြောင့် ကိုပိုင်ဆိုင်တဲ့ အရည်ချင်း ကိုရထားတဲ့ ဘ၀ကိုသာ ပိုမိုကောင်းမွန်အောင် ကြိုးစားမယ်ဆိုရင် ... ဒီပုံပြင်လေးထဲက နှလုံးအေးချမ်း အပင်လေးလို့ပဲ နှလုံးအေးချမ်းစွာ ရှင်သန်ရပ်တည်နေနိုင်မှာပါ ရှင် ...

သူငယ်ချင်း တစ်ယောက် က ပို့ပေးတဲ့ စာသားလေးပါရှင်....

No comments: