Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Friday, December 26, 2008

ဒေါသ

တစ်နေ့မှာ နာမည်ကြီးဖာသာတစ်ဦးဟာ ပန်းခြံထဲမှာထိုင်ပြီး ရိုသေကိုင်းရှိုင်းစွာ ဆုတောင်းဝတ်ပြုနေတယ်။ အဲဒီအချိန်မှာ ကလေးပျောက်လို့ လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ဦး ထိတ်ထိတ်ပြာပြာနဲ့ အနားကဖြတ်ပြေးသွားတယ်။ အမျိုးသမီးဟာ ကလေးဇောကြောင့် မြေကြီးပေါ်မှာထိုင်ပြီး ဆုတောင်းနေတဲ့ ဖာသာကိုမမြင်ဘဲ တိုက်လိုက်မိတယ်။ ဒါပေမယ့် ဖာသာကို တောင်းပန်စကား တစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့တယ်။ အတိုက်ခံရတဲ့ ဖာသာဟာ ဒေါသစိတ်ဖြစ်မိတယ်။ ၀တ်ပြုပြီးတဲ့နောက် ကလေးငယ်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လာနေတဲ့ သူ့ကိုတိုက်သွားတဲ့ အမျိုးသမီးကို မြင်တော့ "ခုနားက မင်းအပြုအမှုကို ရှင်းပြစမ်းပါဦး" လို့ မေးလိုက်တယ်။ ဒေါသတကြီးပြောလာတဲ့ ဖာသာကိုမြင်တော့ အမျိုးသမီးဟာ အနည်းငယ် ထိတ်လန့်သွားခဲ့တယ်။ ပြီးမှ "ခွင့်လွတ်ပါဖာသာ.. အခုနားက ကျွန်မကလေး တစ်ခုခုဖြစ်နေလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဖာသာကို သတိမထားလိုက်မိဘူး။ အဲအချိန်တုန်းက ဖာသာလည်း ၀တ်ပြုဆုတောင်းနေတာပဲ မဟုတ်လား? ဆုတောင်းတာကလည်း သတ္တ၀ါအားလုံး အေးချမ်းကျန်းမာဖို့ပဲ မဟုတ်လား..? ဖာသာ ဘာဖြစ်လို့ ကလေးဇောနဲ့ စိုးရိမ်ပူပန်နေတဲ့ကျွန်မကို မမြင်ခဲ့တာလဲ" လို့ ပြန်ပြောလိုက်တယ်။

သူငယ်ချင်း တစ်ယောက် က ပို့ပေးတဲ့ စာသားလေးပါရှင်....

No comments: