Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Tuesday, December 16, 2008

မရယ်ရသော ဟာသများ

" ချစ်ဇနီး ရဲ့ စေတနာ "
ခေါင်တွင်ပတ်တီးစည်းထားသော ကိုဟန်စိန်အား ဦးမြကမေးလိုက်သည်။
ခဗျားခေါင်းက ဘာလို့ဒဏ်ရာရတာလဲဗျ
ခြင်ကိုက်လို့ပါဗျာ
ဟာ ကဖြစ်နိုင်တာပဲ၊
ခြင်ကိုက်တာလေးနဲပတ်တီးစည်းရတယ်လို့ဗျာ
အဲဒီခြင်ကို ကျွန်တော်ဇနီးက ယောင်မနဲ့ ရိုက်သတ်လိုက်တယ်လေဗျာ!
" အရိုး "
အိမ်တစ်အိမ်တွင်မွေးထားသော ခွေးနဲ့ကြက်တို့ စကားပြောနေကြသည်။ခွေးက၀မ်းသာအားဖြင့် ကြက်အားပြောလိုက်သည်။
မနက်ဖြန် ငါတို့သခင်ရဲ့မွေးနေ့လေကွာ၊ ဟီ...ဟိ၊ အရိုးတွေ တစ်ထောကြီး စားချည်းသေးရဲ့
ခွေး၏ စကားကြားရတဲ့ ကြက်က အတော့်ကိုစိတ်မကောင်းဖြစ်သွားရတယ်။
ဟေ့ကောင် မင်းက မပျော်ဘူးလား
ဘာလို့ ပျော်ရမှာလဲ၊ ငိုရမှာကွ
ငိုရမှာ မင်းစားရမယ့်အရိုးတွေထဲမှာ ငါ့အရိုးတွေပါတယ် ဟင့်....ဟင့်!

ူ" အစားထိုးမယ် "
လူသားစား
ဘီလူးများ နေထိုင်သော ကျွန်းပေါ်သို့ လေယာဉ်ငယ်တစ်စီးပျက်ကျလာ၏။ ဘီလူးကြီးနှင့် ဘီလူးသားသမီးနှစ်ဦးတို့သည် လေယာဉ်ပေါ်ပါလာသူများကို သယ်ထုတ်နေကြ၏။ ဒါတို့တွက် နံနက်စာ ဟေ့
ဒုတိယ လေယာဉ်မှူးကို ဆွဲထုတ်လာပြန်၏။
ဟောဒါ..... တို့အတွတ်နေ့လယ်စာ
နောက်ဆုံးကျန်သည့် လေယာဉ်မယ်ကို ခေါ်ထုတ်လာပြန်၏။
ဒါက ဖေဖေတစ်ဦးတည်းတွက် ညစာ
သားတို့ အတွက်ကရော
မင်းတို့ အမေကို ချက်စားလိုက်....!

No comments: