Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Friday, December 26, 2008

ကိုယ့်ကိုကိုယ် အရင်ပြင်

တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို လာတယ်။ " ဂန္ဒီကြီး… ကျွန်မသားလေးက အချိုတွေ သိပ်စားတယ် ။ ကျွန်မလဲပြောတာပဲ… မရဘူး ။ ကလေးက စားမြဲ စားတာပဲ ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံးရှင့်" ဆိုပြီး လာပြောတယ် ။ ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ " နောက်တစ်လလောက် နေမှ ပြန်လာခဲ့ " လို့ပြောလိုက်တယ် ။ ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီးနဲ့ သူ ကလေး ပြန်ရောက်လာပြန်တယ် ။ အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ ကြည့်လိုက်ပြီး " သားလေး… အချိုတွေ သိပ်မစားနဲ့ " လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။ အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး " ဟုတ်ကဲ့ " လို့ပြောလိုက်တယ် ။ အဲလိုနဲ့ ကလေး အမေက "ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက ပြောလိုက်ရောပေါ့ " လို့ပြန်ပြောလိုက်မိတယ် ။ အဲဒီတော့မှ ဂန္ဒီကြီးက " ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့် အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ ။ ဒီကလေးကို အချိုမစားနဲ့ လို့ ဆုံးမဖို့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ ဖြစ်ရမယ် ။ "

ကဲ ... ဘယ်လိုလဲ သူငယ်ချင်းတိုရေ ... ပုံပြင်လေးကပြောထားတာတော့ ရှင်းရှင်းလေးပါပဲ ... သူများကို ဆုံးမပြုပြင်ပေးချင်ရင် အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံး မပြူပြင်ထားပို့  လိုအပ်တယ်ဆိုတဲ့ အကြောင်းလေးပေါ့ရှင်...

သူငယ်ချင်း တစ်ယောက် က ပို့ပေးတဲ့ စာသားလေးပါရှင်....

No comments: