Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Thursday, December 17, 2009

" ထူးခြားသောမြစ်သာမြစ် "

မြစ်သာမြစ်ကား အခြားမြန်မာပြည် အနှံ့အပြားမှရှိကြသော အခြားမြစ်ချောင်များနဲ့မတူပဲ ဆန့်ကျင်ဘက်ဖြစ်သည် ။ မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းဟူသမျှ မြောက်ဘက်မှတောင်ဘက်သို့ အစဉ်တစိုက် စီးဆင်းခဲ့ကြသော်လည်း မြစ်သာမြစ် ထိုသို့မဟုတ်ဘဲ တောင်ဖက်မှ မြောက်ဖက်သို့ ဆန်၍ စီးဆင်းသော် မြစ်တစ်စင်း ဖြစ်၏ ။


မြစ်သာမြစ်သည် မကွေးတိုင်း ဂန့်ဂေါမြို့ အစပ်တွင်ရှိ၏ ။

Friday, July 17, 2009

ပဲ့တင်သံတိတ်

ငြိမ်းအေးမှုကို ရှာလို့မရဘူး ငြိမ်းအေးမှုဆိုတာ အပြင်ကလာတာမဟုတ်ဘူး အတွင်းကလာရမှာ ။ အပြင်မှာရှာရင် ငြိမ်းအေးမှုကိုတော့ တွေ့မှာမဟုတ်ဘူး ၊ ရှာတဲ့ဒုက္ခသာ ပိုလာလိမ့်မယ် ၊ ဘယ်လိုဖြစ်နေလဲဆိုတော့ ပဲ့တင်သံကို တိတ်ပါတော့လို့ အော်ပြောနေတဲ့ လူနဲ့တူတယ် ၊ တိတ်ပါတော့လို့ အော်ပြောနေသ၍တော့ ပဲ့တင်သံဟာ တိတ်မသွားဘူး ၊ အဲ့ဒီတော့ ပဲ့တင်သံကိုတိတ်ဖို့ အလုပ်တစ်ခုပဲရှိတယ် ၊ အဲ့ဒီအလုပ်က ဘာအလုပ်လည်းဆိုရင် ဘာမှမလုပ်တဲ့အလုပ်ပဲ ၊ ဘာမှမလုပ်ရင် ပဲ့တင်သံဟာ ဘာမှပေါ်လာစရာ အကြောင်းမရှိတော့ဘူး ၊ နဂိုကတိတ်ပြီးသား ကိုယ်ကအော်လိုက်လို့ သူက ပြန်အော်နေတယ်ဆိုတာ သဘောပေါက်တဲ့ အချိန်ဟာ ပဲ့တင်သံတိတ်တဲ့ အချိန်ပါပဲ ။ . . . ။

Full-Stop

To Ask For Perfection Is To ask For Death . Death Is The Full-Stop . In Life You Can Use Commas , Semi-Colons ; But Never A Full-Stop .

Saturday, June 20, 2009

ဘောင်ကျဉ်းအလွမ်း


လွမ်းလာရင်
ဓာတ်ပုံလေး ထုတ်ကြည့်ရုံကလွဲလို့
ငါ့မှာ ဘာအခွင့်အရေးများ

ရှိခဲ့ဖူးလို့လဲ . . . . . . . .


(. . . . . . . . . .
. . . . .
. . . . . . .
. . . . . . . . . . . .
. . .
. . . . . . . . . . . .)


သူတစ်ပါးတွေ
အနမ်းနဲ့စန်းပွင့်နေချိန်မှာ

ငါ့မှာ အလွမ်းနဲ့ နွမ်းလွင့်နေခဲ့တယ် ။ . . . ။



ဒီ အလွမ်းတွေကိုတောင်

ပြင်းထန်တဲ့အမိန့်တွေ အထပ်ထပ်ချပြီး
မသေမချင်း ကြိုးစင်တင်တာကတော့

ရက်စက်ရာ မကျလွန်းဘူးလား . . . .



အခုတော့ ငါ့မှာ

လွမ်းတာတောင်

ပုန်းလျှိုးကွယ်လျှိုးနဲ့

စည်းနဲ့ ကမ်းနဲ့ လွမ်းနေရတော့တယ် ။ . . . . . ။




{ ( . . . . . . . . .
. . . . . . . . . . ကွက်လပ်ကို
ဖြည့်ပေးနိုင်ပါက
. . . . . . . . . . . . . . ဖြည့်ပေးနိုင်ပါသည်ဟု

. . . . . . . . . . . . . . .. . . . . ) သူငယ်ချင်းများအား တောင်းဆိုပါတယ်ရှ
င် ။ }

Friday, June 19, 2009

ချစ်သူ့ရုပ်တု



မေ့လိုက်တော့ဆိုတဲ့ စကားတစ်ခွန်းကို
အလှပဆုံးသုံးသွားပြီး ငါ့ကို အနိုင်ယူသွားတဲ့မင်း
အမြဲတမ်းကွယ် . . . . . .


ချစ်သူတစ်ယောက်အနေနဲ့
အရှုံးပေးနေတာပါ
ခယ ဝပ်တွားနေတာပါ
သီဆိုနေတဲ့ မင်အတွက် သီချင်းတွေလည်း
ရင်တွင်းကြေကွဲမှုကြောင့် ဆွံ့အကုန်ပြီ ။


ငိုချင်ပေမယ့်
မီးတောက်နေတဲ့ မျက်ရည်တွေနဲ့
ငါ့ရင်တစ်ခုလုံး လောင်မြိုက်နေဆဲပဲ . . . .
နာရီအလိုက်
ဖြတ်သန်းသွားတဲ့ နေ့ရက်တိုင်းမှာ ငါလွမ်းနေခဲ့တယ်
ချစ်သူ . . . .
ငါ့ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းတစ်စုံကတော့
ချစ်သူနံဘေးမှာ အရိပ်အဖြစ်လိုက်ရင်း
သံယောဇဉ် လေးညင်းနုတွေနဲ့
ငါ့နှလုံးသားကို ထာဝရ
ချစ်သူ့ရုပ်ထု
တစ်ခုအဖြစ် ထွင်းထုထားပါတယ် ။ . . . . . ။

Saturday, June 13, 2009

အဝေးကပဲငေးနေမယ်

ဝန်မခံရဲတဲ့သတ္တိနဲ့
မဆုံရဲတဲ့မျက်ကြည့်တွေဟာ . . . .
ကိုယ့်နှလုံးသားကို
ဒက်ထိအောင်ခတ်မိစေတယ် . . . .
အပြုံးမပျက် အမုန်းမဖက်ဘဲ
တစ်သက်လုံး ဖုံးကွယ်ထားမယ် . . . .
ကိုယ့်နှလုံးသားကို ပြုံးရယ်မပြုပါနဲ့
အထင်အမြင်တွေလည်းသေးပါစေ
ကိုယ့်မှာ. . . အဝေးကပဲငေးနေမယ် . . . .

Sunday, May 24, 2009

အမေဇုံနားပေါက်





အမေဇုံထံ
တရန်နားကပ်
ရှိပါသည် ။



တစ်ခါတလေ
အမေဇုံနား ၊ အမေဇုံပါး

နားပေါက်ဟောင်းလောင်း

တွေ့ပါသည် ။



အမေဇုံတဲ့

ခုံမင်လေးစား ၊ သူ့လင်သားပေါ်

ထားခဲ့သစ္စာ ၊ ချစ်သဒ္ဓါနဲ့

မေတ္တာမပျက် ၊ ရှေးရေစက် ။



အိမ်ဦးနတ်ရဲ့
ကြပ်မတ်လမ်းညွှန် ၊ ကျိုးနွံဇနီး

သမီးနဲ့သား ၊ အိမ်စီးပွားကို

တတ်အားသမျှ ၊

နေ့ညမနား ၊ သူမအား ။



နံနက်ခင်းဆို

ထင်းမီးစထိုး ၊ ဒယ်တစ်အိုးနဲ့

မုန့်မျိုးစုံရောင်း ၊ သူမညောင်း ။



နေ့လယ်နေ့ခင်း

ပျင်းမနေအား ၊ သမီးသားနဲ့

ဖက်များ အစီးခံ ၊ သူလုံးပြန် ။



အိမ်တွင်းမှုလုပ်

သိမ်းထုပ်သေချာ

ကြိုးကုတ်ပါသည် ။

လင်ပါဆွေမျိုး ၊ သူ့ဆွေမျိုး ။

ခင်ရာဆွေမျိုး ၊ သူမညှိုး ။



အမေဇုံတို့ခေတ်

ရွှေမဖြစ်လည်း ၊ ရွှေဖြစ်အောင်စု

သူ့ခေတ်သူ့ခါ ၊ တစ်ဆင်စာရွှေ

ရင်မှာစေ ၊ အမေဝတ်ဖူး

အိမ်ထောင်ဦးမှာ

ကြည်နူးရွှင်ပျဆင်တိုင်းလှ ။



မရှိဝမ်းစာ
ရှိတတ်ဆာပေါ့ ၊ ရွှေဆိုတာဝေး

ရှင်မှာ ဆွေးလည်း

ကလေးခြောက်ယောက်

လူလားမြောက်ရန်

အံ့လောက်အံခဲ

အမေ့ဇွဲကြောင့် အမြဲမပြတ်

တဖျပ်ဖျပ်နဲ့

နားကပ်တစ်ရန် ၊ ရှိတတ်ပြန် ။



ဒါပေမယ့်လေ

မေတို့အိမ် ၊ ဧည့်လာချိန်ဆို

ချိုသာစိတ်ရင်း ၊ဧည့်ခံခြင်းနဲ့

အိမ်တွင်းဘတ်ဂျက် ၊

နားနှစ်ဖက်က

လက်တွေ့သက်သေ ၊
ပြတတ်နေ ။



ဒီမှာအဆွေ

အမေဇုံနားပေါက်

သဘောပေါက် ။

Saturday, May 23, 2009

ဝဋ်မှာအမြဲငရဲမှာအပ

ဦးလွန်းမြိုင်နှင့် ဒေါ်လေးခင်တို့ မှာ ရန်ကုန်မြို့ (....)ရပ်ကွက်တွင် နေထိုင်ကြပြီး
သားတစ်ယောက်နှင့် သမီးတစ်ယောက် တို့ရှိကြသည် ။ ဦးလွန်းမြိုင်မှာ သူ့မိသားစုကို လက်သမားအလုပ်ဖြင့် လုပ်ကိုင်ကျွေးမွေးခဲ့ရာ သားကြီးဖြစ်သူမောင်မောင်ဦးမှာ ပညာကိုကြိုးစားမှုမရှိဘဲ ၁၆နှစ်ပြည့်သည့်တိုင် အဌမတန်းက မတက်နိုင်သေးဘဲရှိနေ၏ ။



သမီးဖြစ်သူ ခင်လေးနွယ်မှာမူ ပညာကြိုးစား သင်ယူမှုကြောင့် တစ်နှစ်တစ်တန်းကို မှန်မှန်တက်ကာ အတန်းတိုင်းကပထမနေရာကပင် အောင်မြင်ခဲ့သဖြင့် ယခုအသက် ၁၄နှစ်တွင် အဌမတန်းသို့ပင်ရောက်ရှိနေပေပြီ ။



ဦးလွန်းမြိုင်မှာ လက်သမားအလုပ်ကို ကြိုးစားလုပ်ကိုင်နေရင်းမှ တစ်နေ့တွင် ငြမ်းပေါ်မှခြေချော်ကျကာ အသက်ဆုံးရှုံးသွားရှာပေသည် ။ လုပ်ငန်းခွင်မှ ဝိုင်းဝန်းကူညီပံ့ပိုးသော ထောက်ပံ့ငွေများ ထိုက်ထိုက်တန်တန် ရလိုက်ပါ၏ ။ သို့သော်လည်း မိခင်မသိအောင် သားဖြစ်သူမောင်မောင်ဦးမှ ခိုးယူကာအသောက်အစားနှင့် လောင်းကစားပြုမှုတို့ကြောင့် ရရှိထားသောငွေများ တက်တက်စင်ပြောင်သွားလေသည် ။


ဒေါ်လေးခင်မှာ မိသားစု စားဝတ်နေရေးနှင့် သမီးလေးပညာရေးအတွက် ဟင်းသီးဟင်းရွက် ရောင်းကာ အိမ်စရိတ်ရှာဖွေရလေသည် ။ မောင်မောင်ဦးမှာ ကျောင်းလည်းမှန်မှန်မတက် ပညာရေးကိုလည်း ဂရုမပြုဘဲ အသောက်အစားနှင့် လောင်းကစားဖက်တွင် အလွန်အကြူးခုံမင်ပြီး အိမ်အတွက်ဘာမှ ထည့်မစဉ်းစားသဖြင့် တစ်နေ့တွင် မိခင်ဖြစ်သူဒေါ်လေးခင်က . . .

" သားရယ်မင်းကအကြီးဖြစ်ပြီး ကျောင်းလဲမတက် စာလဲမကြိုးစားမယ့်အတူတူ ကျောင်းထွက်ပြီး အမေ့ကိုဝိုင်းကူပါလား ၊ မင်းညီမလေးကပညာတော်တော့ သူ့ကိုအမေတို့က ဝိုင်းဝန်းပြီးပံ့ပိုးပေးရမှာပေါ့ "


" အိုဗျာ သူပညာတော်လို့ ပညာတတ်ဖြစ်သွားလဲ သူ့လင်နဲ့ သူသားသမီးကိုလုပ်ကျွေးမှာ ၊ ကျုပ်တို့ကကြားထဲက အပင်ပန်းမခံနိုင်ပါဘူး " ဟု မိခင်ကိုပြန်ပြောပြီး အိမ်ပေါ်မှ ထွက်သွားလေးတော့သည် ။


" အင်း . . . .တော်တော်ပြောရခက်တဲ့ သူငယ်ပဲ " ဟု ညည်းထွားကာ ဒေါ်လေးခင်မှာ သားဖြစ်သူ၏ နောက်ကျောကိုကြည့်ရင်း ငေးမောကျန်ခဲ့လေသည် ။


ဒေါ်လေးခင်မှာ သားဖြစ်သူ၏ကူညီပံ့ပိုးမှုလည်းမရ ၊ သမီးဖြစ်သူမှာလည်း တစ်နှစ်ထက်တစ်နှစ် အတန်းကကြီးလားသည်နှင့်အမျှ ကုန်ကျစရိတ်က မြင့်လားလာသဖြင့် ဟင်းသီးဟင်းရွက်ရောင်း သောအလုပ်ကိုစွန့်လွှတ်ပြီး ကြက်သားရောင်းလေတော့သည် ။


" မေမေရယ် ကြက်သားရောင်းတဲ့ အလုပ်ကိုတော့ မလုပ်ပါနဲ့ "
" သမီးက မေမေ ကြက်သားရောင်းတာ ရှက်လို့လား "
" ရှက်လို့မဟုပ်ပါဘူး ၊ သမီးအတွက်နဲ့ အမေငရဲခံရမှာစိုးလို့ပါ "
" အို ဝဋ်မှာအမြဲ ငရဲမှာအပတဲ့ ၊ မရှိဆင်းရဲတုန်း ဒီအလုပ်လုပ်ပြီး အားလုံးအဆင်ပြေတော့လဲ မေမေ ဒီအလုပ်ကို ဆက်မလုပ်တော့ဘူးပေါ့ သမီးရယ် "
"ဘာပဲဖြစ်ဖြစ် မေမေရယ် ၊ သမီးအတွက်နဲ့တော့ ဒီကြက်သားရောင်းတဲ့ အလုပ်ကို မလုပ်ပါနဲ့ ၊ သမီးအလုပ်တစ်ခုခုရှာပြီး လုပ်ကျွေးပါ့မယ် "
" ဒီမယ်သမီး ဒီစကားမျိုးဒီတစ်ခါပဲပြော ၊ သမီးရဲ့ပညာရေးကိုသာ သမီးကြိုးစားပြီး ဆုံးခန်းတိုင်အောင်သင်ပါ ၊ ဒါမေမေ နောက်ဆုံးပြောခြင်းပဲ "


ခင်လေးနွယ်ခမျှ မိခင်ကိုလည်းမလွန်ဆန်ရဲ ၊ အကုသိုလ် အလုပ်ဖြင့် မိခင် ရှာကျွေးနေသည်ကိုလည်း မျိုမကျဖြစ်နေရာမှ . . . .

" မထူးတော့ပါဘူးလေ ၊ ငါလုပ်ရမယ့်အလုပ်ကိုသာ ကြိုးစားပြီး ဆုံးခန်းတိုင်အောင်လုပ်မယ် ၊ ရည်ရွယ်ချက်ပြည့်တော့မှပဲ မေ့မေ့ကို အငြိမ်းစားပေးပါတော့မယ် ၊ မေမေပြုလုပ်ခဲ့တဲ့ အကုသိုလ်ငရဲတွေ ကျေအောင်ကုသိုလ်ကောင်းမှုအလုပ်ကို ပြုခိုင်းတော့မယ် " ဟု ဆုံးဖြတ်လိုက်လေတော့သည် ။


ခင်လေးနွယ်မှာ ဆယ်တန်းစာနေးပွဲကို ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ကာ စာရင်းကိုင်ဘွဲ့ကိုရယူပြီး တစ်ဖက်ကလည်း ကွန်ပျူတာကို ကျွမ်းကျင်တတ်မြောက်လာသဖြင့် ကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ရာမှ လစာကောင်းကောင်းနှင့် အချိန်ပိုလုပ်အားခများပါရသဖြင့်
မိခင်ကြီးမအား ဈေးရောင်းသည့်အလုပ်မှ အနားယူခိုင်းလိုက်လေသည် ။


သားဖြစ်သူ မောင်မောင်ဦးမှာ အရက်သောက် ဖဲရိုက်လုပ်နေရာမှ သူနှင့်စရိုက်ချင်းတူသော မိန်းခလေးတစ်ယောက်နှင့် အိမ်ထောင်ကျပြီး မိခင်အိမ်ပေါ်သို့ပြန်မတက်ရဲတော့ဘဲ ယောက္ခမအိမ်တွင်နေရင်း သားကလေးတစ်ယောက်မွေးဖွားရာ ရှစ်နှစ်သား အရွယ်ခန့်ပင် ရောက်ရှိနေပြီ ဖြစ်သည် ။


အခုချိန်ထိ မောင်မောင်ဦးမှာ လက်ကြောတင်းအောင် အလုပ်ကိုမည်မည်ရရမလုပ်ဘဲ ပေါ့ပေါ့နေပေါ့ပေါ့စား လုပ်နေသဖြင့် မိန်းမနဲ့ ယောက္ခမများ၏ငြူစူမှုခံရသည့်အပြင် သားဖြစ်သူ တင်ထွန်းဦးမှာလည်း ဖခင်ကို မလေးမစားဆက်ဆံကာ ပြန်လည်ပြောဆိုသမှုပြုလာလေသည် ။

ခင်လေးနွယ်သည် မိခင်ကြီးအား အိမ်မှာ နေ့စဉ် ဘုရားဝေယျာဝစ္စနှင့် တရားဘာဝနာ အားထုတ်ခြင်း အမှုလုပ်ကိုင်စေပြီး အခါအားလျော်စွာ ရိပ်သာသို့သွား၍ ဝိပသနာတရားများ အားထုတ်စေခဲ့သည် ။ ဒေါ်လေးခင်မှာလည်း မိမိပြုလုပ်ခဲ့သည့် အကုသိုလ်များ ကျေနိုင်သမျှကျေရန် ကြီုးစား၍တရား အားထုတ်လေတော့သည် ။


မိဘကို အမျိုးမျိုး ဒုက္ခပေးခဲ့သော မောင်မောင်ဦးမှာ ဖဲဝိုင်းတွင်ရန်ဖြစ်ရာမှာ ခြေတစ်ဖက်ဒဏ်ရာရပြီး ထိုဒဏ်ရာမှာ သေရာပါသည်အထိ မသန်မစွမ်းဖြစ်သွားလေသည် ။ ငယ်စဉ်ကပင်မိဘများ၏ ဆိုဆုံးမစကားကို ဖီလာဆန့်ကျင်ပြီး စည်းမဲ့ကမ်းမဲ့ နေခဲ့လေရာ ယခုသူ့သားတင်ထွန်းဦးမှာလည်း ၁၅နှစ်သားအရွယ်ရောက်လာသည်အထိ ကျောင်းလည်းမှန်မှန်မတတ်
စာလည်းမကျက်သဖြင် စတုတ္ထတန်းတွင် တစ်နေသဖြင့် ကျောင်းကထွက်လိုက်ပြီး ပေပေတေတေ လေလွင့်နေလေသည် ။


" ဟေ့ကောင်တင်ထွန်းဦး ၊ မင်းဟာ လူပျိုအရွယ်ဖြစ်လာပြီ ၊ စာလဲဟုတ်တိပက်တိမသင် ၊ အိမ်အလုပ်လဲဝိုင်းမလုပ်ဘဲ အချိန်တန်စားလိုက်အိပ်လိုက် အခုလအြရွယ်နဲ့မလိုက်အောင် အရက်ကလေးတမြမြနဲ့ ပျက်စီးခြင်းငါးပါးနဲ့ ပျက်စီးနေပါပေါ့လား "

" အဲဒါ ခင်ဗျားပိုက်ဆံနဲ့သောက်တာမဟုတ်ဘူး ၊ ခင်ဗျားပြောစရာမလိုဘူး ၊ ခင်ဗျားတောင် အခုအချိန်ထိ မိဘကို ဘာလုပ်ကျွေးဖူးသလဲ ၊ ပညာရော ဘယ်လောက်တတ်ခဲ့သလဲ ၊ မယားနဲ့ယောက္ခမ အိုကြီးအိုမလုပ်စာထိုင်စားပြီး ကောင်းကောင်းနေလို့လား ၊ ခင်ဗျားကြောင်းတွေကို တစ်ရက်ကွက်လုံးသိတယ် ၊အဲဒီတော့ ကျုပ်အခုလိုဖြစ်တာ ဘာဆန်းလဲ " ဟု ဖခင်ကိုဖြစ်သူကိုပင်
ခင်ဗျားလုံးရိုက်ပြီး တစ်ခွန်းမခံ ခွန်းတုံ့ပြန်ပြောလေသည် ။


" ငါက မင်းအတွက် ကောင်းစေချင်လို့ပြောနေတာ ၊ မင်းက ငါ့ကိုတောင် ခင်ဗျားလုံးရိုက်ပြီး ပြန်ပြောနေတယ်ပေါ့လေ "

" အဲဒီလို အပြောမခံချင်ရင် ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေပြီးမှ သူများကိုဆုံးမရတယ် " ဟု ခွန်းတုံ့ပြန်ပြီး ထွက်သွားလေတော့သည် ။

" တယ်လေ ဒီကောင်လေး ငါလုပ်လိုက်ရ သေတော့မယ် " ဟုပြောပြီး မောင်မောင်ဦးမှာ အိမ်ပေါ်တွင်ငေးကျန် နေခဲ့ရင်းမှ နောက်ကြောင်းများကို တရေးရေးမြင်ယောင်လာလေသည် ။

ယခုတော့ သူကိုယ်တိုင်ကလည်း နောက်ကြောင်းမကောင်းခဲ့သည့်အပြင် ယခုလို မသန်မစွမ်းဖြစ်နေသည့်တိုင်အောင် အသိတရားမရမဆင်ခြင်ဘဲ နေ့စဉ်လို အိမ်မှာလည်း သားဖြစ်သူနှင့် တကျက်ကျက်ဖြစ်နေသဖြင့် ပင်ပန်းကြီးစွာ ဈေးရောင်းရာမှပြန်လာကြသည့် ဇနီးနဲ့ယောက္ခမတို့က မခံနိုင်လွန်းလို့ မောင်မောင်ဦးကို အိမ်မှနှင်ထုတ်လိုက်လေတော့သည် ။

သြော် . . . ဝဋ်ဆိုတာ ဒါပါလားဟု ယခုမှပင် မောင်မောင်ဦး နောင်တရလေတော့သည် ။ မိဘကိုစိတ်ဆင်းရဲအောင် အမျိုးမျိုးပြုလုပ်ခဲ့သူမှာ ယခုတော့သည် ကိုယ်တိုင်စိတ်ဆင်းရဲနေရလေတော့သည် ။

ဥပုသ်နေ့တစ်နေ့တွင် ဒေါ်လေးခင်သည် ဘုန်းတော်ကြီးကျောင်းသို့ ဥပုသ်စောင့်သွားပြီးအပြန်တွင် ကြွင်းကျန်သော စားကြွင်းစားကျန်များအား ပန်းကန်ပြားတစ်ချပ်ဖြင့် တောင်းခံစားသောက်နေသော်
သားကြီးမောင်မောင်ဦးကို တွေ့ရလေသော် ရင်ထဲတွင်မဖော်ပြနိုင်လောက်အောင် နာကျင်နေသလို
သနားဂရုဏာများ ဖြစ်ပေါ်လာကာ မောင်မောင်ဦးအား အိမ်သို့ခေါ်လာခဲ့လေ၏ ။

တောင်းဆိုး ပလုံးဆိုးကိုသာ ပစ်ရိုးထုံးစံရှိသလို မိဘများမှာ သားဆိုးသမီးဆိုးကို မစွန့်ပစ်နိုင်ကြပါပေ ။ ခင်လေးနွယ်မှာ အလုပ်ကပြန်လာချိန်တွင် အိမ်မှာ မိခင်နဲ့အစ်ကိုကြီးဖြစ်သူတို့အား အတူတကွတွေ့လိုက်ရသဖြင့် မိသားစုအစုံကိုတွေ့လိုက်ရသော ဝမ်းသာပီတိအဟုန်ဖြင့် ကြည်နူးရသော်လည်း အစ်ကိုကြီး၏ဘဝမှာ မိမွေးတိုင်ဖမွေးတိုင် မဟုတ်တော့သည်ကို တွေ့လေရာ . . .


သြော် . . . ဘယ်သူမပြု မိမိမှုပါတကား ၊ ကိုယ်ပြုသည့်ဒဏ် ကိုယ်သာခံရမည်သာ ဟုရေရွတ်ရင်း စိတ်မကောင်းဖြစ်မိလေတော့သည် . . . . ။

Tuesday, May 5, 2009

လိုအပ်ချက်


ဘဝဆိုတာ

ဒီလောက် ဆိုးဆိုးဝါးဝါးကြီး

မဟုတ်ပါဘူး ။ ။

တစ်ခါတလေတော့လည်း

ကျယ်ကျယ်လောင်လောင် အသံတွေ

လိုအပ်တာပေါ့ ။ ။

တိတ်ဆိတ်ခြင်းဆိုတာလည်း ရှိရမှာပေါ့ ။ ။

ကောင်းကြောင်း


ကိုယ့်ကောင်းကြောင်းပဲ

ကိုယ်ပြောမယ် ။ ။

ကိုယ့်မကောင်းကြောင်း

မိတ်ဆွေတွေ ပြောပလေ့စေပေါ့ ။ ။

Tuesday, April 28, 2009

တောင် ( တို့နှစ်ယောက်ရဲ့မနက်ဖြန် )


ချစ်သူ . . .

မင်းနဲ့ငါ တစ်ယောက်
တစ်နေရာဆီရောက်နေပေမဲ့
ငါတို့နှစ်ယောက်ရဲ့
ရင်ခုန်သံတွေဟာ အနီးဆုံးမှာပါ
ချစ်သူ . . . .။


နေ့ရက်တိုင်းမှာ တို့နှစ်ယောက်
လူချင်းမတွေ့ဆုံနိုင်ပေမဲ့ နေ့ရက်တိုင်းဟာ ငါတို့ရဲ့
မျော်လင့်ချက် မနက်ဖြန်တွေပါ
ချစ်သူ . . . .။


အရမ်းဝေးကွာပြီး တွေ့ဆုံချိန်နဲလွန်းတဲ့
နေ့တွေမှာ မင်းအပေါ် ငါ့ရဲ့အချစ်ဟာ
သစ္စာရှိနေမှာ
ချစ်သူ . . . .။


ထပ်တူထပ်မျှ ငါအပေါ်ထားတဲ့ မင်းရဲ့
ချစ်ခြင်းဟာလည်း သစ္စာရှိနေမယ်လို့
ငါယုံကြည်နေမှာပါ
ချစ်သူ. . . . .။


ငါတို့နှစ်ယောက်ရဲ့ နှလုံးသားစာမျက်နှာကို
ဘယ်သူမှနားမလည်ရင် နေပါစေ
တို့နှစ်ယောက်စလုံးနားလည်ကြပါတယ် ။



တို့နှစ်ယောက် မနက်ဖြန်တွေကို ပိုင်ဆိုင်ဖို့
ကြိုးစားကျမယ်
ချစ်သူ . . . . . ။ ။

Tuesday, April 21, 2009

ရာဇဝင်

ကိုယ်ရေးတဲ့

ကိုယ့် ရာဇဝင်မှာ

မင်းဟာ

ကိုယ့်ရဲ့သမိုင်း မှတ်တမ်းပဲ

မိတ်ဆွေ

ပျော်ရွှင်မှုရယ်

အသိပညာ


ဒီနှစ်ခုက


အတူတကွ


ခရီးသွားနေတဲ့

မိတ်ဆွေတွေပေါ့ . . . ။

ကိုယ်မေ့နေတာ

ကိုယ့်ဘဝ

ကိုယ့်အနာဂတ်အတွက်


ကိုယ့်ကိုကိုယ် ကြီုးစားနေရလို့


ကိုယ့်နှလုံးသား


ကိုယ်မေ့နေတာ


တော်တော် ဆိုးဝါးသွားသလား မသိ . . . ။


ကိုယ့်ဖြစ်တည်မှုဟာ ကိုယ့်ကိုယ်ပိုင် အလံတော်ပါပဲ . . . . ။

ကိုယ်ရပ်တည်မှုနဲ့ကိုယ်

သူများ ဝမ်းနည်းတိုင်း


ကိုယ်က ဝမ်းနည်းရမှာလား



ကျွန်မမျက်ရည် အဲဒီလောက် မလွယ်ပါဘူး . . . ။



သူများ ပြုံးတိုင်း



ကိုယ်က ပြုံးရမှာလား . . . . ။



ကျွန်မ ပါးညောင်းတတ်တယ် . . . . ။



ကျွန်မကတော့ . . . .



သူများတွေ ပြောကြ ဆိုကြ ပုံသေနည်းတွေထက်



ကိုယ့်ဖြစ်တည်မှုကို



ကိုယ်မြတ်နိုးတယ် . . . . ။

ပြောခွင့်လေးတော့ပေးပါ။

လောကကြီးမှာ

ကိုယ့်ထမင်း ကိုယ်စားပြီး


မှန်တာလေးတောင်


ပြောခွင့် မရှိတော့ဘူးလားလို့


မိန်းမတွေများ (ယောင်္ကျားတွေများ)


သိပ်ချုပ်ချယ်ချင်ကြတာ ခက်ပါရဲ့

အင်္ကျီ

ဟောဒီ လူ့ဝန်းကျင်မှာ

ကိုယ့်ဖြစ်တည်မှု

ကိုယ့်စရိုက်နဲ့အညီ

ကိုယ့်ယုံကြည်ချက်အင်္ကျီ ကိုယ်ဝက်တာ

ဘာဖြစ်လဲ . . . .

သူများအင်္ကျီ ငှားဝက်တာမှ မဟုတ်တာ . . . .

နှလုံးသားတည့်တည့်

မြိုင်ရာဇာတွတ်ပီက

လွဲအောင်ပစ်ရင် ထိတယ် .....

ထိအောင်ပစ်ရင် လွဲတယ် .......

နောက်ဆုံးကျည်ဆန် ပစ်လိုက်ပြီ

မြိုင်ရာဇာတွတ်ပီ မဟုတ်တော့

မင်းရဲ့ နှလုံးသားတည့်တည့်ပဲ ။ ။

အဲ့ဒါ . . . . Lover အတွက်ပဲ . . . .

Saturday, April 18, 2009

အိုးစားကွဲသောအခါ(ဒုတိယပိုင်း)

" မေ့အတွင်းပစ္စည်းတွေ ဘယ်ရောက်ကုန်လဲ ၊ ညည်းတို့ယူထားလား "

" ကြံကြံဖန်ဖန် . . . သေတ္တာထဲကဟာအကုန်ပဲ "

" မညာနဲ့ ၊ ဒီလောက်မကဟာအကုန်ပဲ "

" မရှိဘူးမပြောနဲ့ ညည်းက အမေနဲ့နေတာ "

နှစ်ယောက်သားကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ ဖြစ်နေလိုက်ကြတာ မိခင်ကြီးရုပ်အလောင်း မီးစက်ထဲရောက်သွားတာတောင် သိကြဘူး ၊ ပရိသတ်သူတို့ဘက်လှည့်လာမှ အရှိန်သတ်သွားကြတယ် ။ ပွဲကတော့မပြတ်သေးဘူး ၊ ဆက်ထွက်ဦးမယ့်ပုံပဲ ။ ကျုပ်လည်း သူတို့ကိုကြည့်ပြီး သံဝေဂရမိတယ် ၊ ကျုပ်အလှည့်ကျ ဒီလိုမဖြစ်ရအောင် ပစ္စည်းစားရင်းလုပ်ပြီး ပေးထားလိုက်ရင် ကောင်းမလားတွေမိတယ် ၊ လူတွေကိုကြည့်ပြီးကျုပ်တောင် တော်တော်လေးစိတ်ပျက်မိတယ် ။ မီးစက်ရဲ့နောက်နားဘက်ကို ရွှေ့လှမ်းလာမိတယ် ။ နံရံတစ်ခုမှာမှီနေမိတယ် ။ လူတွေကိုကြည့်ရင်း ကျုပ်မောလာသလိုပါပဲ ။ ကျုပ်ခေါင်းကိုမော့ပြီး အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိတယ် ။ အလို . . .ထူးဆန်းလေစွ ။ လူကြီးတစ်ယောက်ဟာ မျက်နှာကျက်မှာ မှီကပ်နေရာက ကျုပ်ကိုပြုံးပြတယ်။ သူမျက်နှာကျက်မှာ ဘယ်လိုလုပ်ပြီး ရပ်တည်နေပါလိမ့် ။ လူတွေအများကြီးထဲမှာ ကျုပ်ကို အသိအမှတ်ပြုနှုတ်ဆက်တာ သူတစ်ယောက်ပဲ ရှိသေးတယ် ။ နောက်ပြီး ကျုပ်ကိုမေးငေါ့ပြတယ် ၊ သူပြရာဘက်ကို ကျုပ်လှမ်းကြည့်လိုက်တယ် ၊ အလောင်းတစ်လောင်းကို မီးစက်ဆီ တွန်းလာကြဖို့ လုပ်နေတာပါ ။ တစ်ယောက်က ရေအိုးလေးကို ပစ်ခွဲလိုက်တယ် ။

ဟင် . . . ရေအိုးခွဲတာ ကျုပ်ဘကြီးပဲ ။ ကျုပ်အဖေရဲ့အစ်ကိုလေ ဘယ်သူများသေလို့ပါလိမ့် ၊ ကျုပ်သေချာကြည့်မိတယ် ။ ဟင် . . . ဖေနဲ့ အမေပါလား ၊ မေကမျက်နှာကို လက်ဝါးနဲ့ အုပ်ငိုနေပြီး အဖေက အနားကနေ ထိန်းထားပေးနေတာ ။ အလောင်းရဲ့ပတ်ပတ်လည်မှာတော့ ကျုပ်ဇနီးနဲ့ သားသမီးတွေ ပါလာသေးတယ် ၊ ကျုပ်အံ့သြမိတယ် ၊ ဘယ်သူသေလို့ လိုက်ပို့ကြတာပါလိမ့်ဆိုပြီး သူတို့ဆီ ပြေးသွားမိတယ် ။

" ဟေ့ . . . . သက် "

ဇနီးသည်ကိုလည်း လှမ်းခေါ်လိုက်တယ် ၊ မကြားဘူး ။ ငိုမြဲငိုနေတယ် ၊ သောကနဲ့မို့ မကြားတာပဲလို့ ယူဆလိုက်မိတယ် ။ အဖေ့ကိုဆက်ခေါ်လိုက်မိတယ် ။

" အဖေ . . . အဖေ "

အဖေကလည်းမကြားပြန်ဘူး ၊ အမေ့ကိုချော့နေမြဲပဲ ။ လှည်းပေါ်က ရုပ်အလောင်းကိုတော့ မီးစက်ဆီတွန်းယူသွားကြပြီ ။ ဘယ်သူများသေလို့ပါလိမ့် ၊ တစ်အိမ်သားလုံး ဆွေးဆွေးမြည့်မြည့် လိုက်ပို့နေကြတာဆိုတော့ မိသားစုထဲကပဲလို့ ကျုပ်တွေးလိုက်မိတယ် ။ ကျုပ်လူကြားတိုးဝှေ့ပြီး အလောင်းရဲ့မျက်နှာကို ကြည့်လိုက်တယ် ။ ကျုပ်နဲ့ချွတ်စွပ်တူတဲ့ လူတစ်ယောက်ပဲ ။ မီးစက်ပေါက်မှာ ရပ်ထားပြီး သက်နဲ့ကလေးတွေးက ကန်တော့ကြတယ် ။ ရှိုက်ရှိုက်ငိုနေတဲ့အမေ့ကို
အဖေက . . . . " စိတ်ထိန်းပါကွာ " လို့ ငိုသံပါကြီးနဲ့ပြောနေတယ် ။
ကျုပ်နားမလည်နိုင်အောင် ဖြစ်နေတယ် ။ အားလုံး စိတ်ဆင်းရဲနေတာ ကျုပ်မကြည့်ရက်ဘူး ။

" ဟေ့ . . . .ဟေ့ . . . .ငါမသေဘူး ။ ဒီမှာပါကွာ " လို့ပြောလိုက်မိတယ် ။

ဘယ်သူမှာကြားဟန်မတူဘူး ၊ ငိုမြဲ ၊ ရှိုက်မြဲ ၊ ပူဆွေးမြဲပါပဲ ။ မီးစက်တံခါးက ဟလာပြီး လှည်းကိုမီးစက်ထဲတွန်းသွားကြတယ် ။ ကျုပ်အလန့်တကြားအော်ဟစ်မိလိုက်တယ် ။

" မလုပ်နဲ့ . . . မလုပ်နဲ့ . . . ကျုပ်မသေဘူး ။ ဒီမှာရှိတယ် "

လှည်းတွန်းလာတဲ့ ရေးဝေက ဝန်ထမ်းတွေလည်း မကြားပြန်ဘူး ၊ မီးစက်ထဲသွင်းဖို့ လုပ်နေကြမြဲပဲ။

" မလုပ်နဲ့ မလုပ်နဲ့ . . . . မင်းတို့မှားနေပြီ "

ကျုပ် သိမ်းကြုံး အော်ဟစ်မိတယ် ။ ကျုပ် သိပ်ကြောက်နေမိတယ် ၊ မီးတွေထဲက ကျုပ် အကြောက်ကြီးကြောက်တဲ့ နံပါတ် ( ၁၂ ) မြောက်မီးထဲကို ကျုပ်မဝင်ချင်ဘူး အို . . ကျုပ် ဘယ်မီးစက်ထဲကိုမှ မဝင်ချင်ဘူး ။ လှည်းပေါ်ကလူဟာ ကျုပ်တဲ့လား ။ ဒါကြောင့် သက်တို့ ၊ အဖေ တို့ အမေ ငိုနေကြတာလား ၊ ဒီလိုဆို မငိုကြပါနဲ့လို့ ပြောလိုက်ချင်တယ် ။ ကျုပ် သေမှမသေဘဲ ၊ ဒီမှာရှိနေတယ်လေ ။

" သား . . . . ဒီမှာပါ ဖေဖေရဲ့ "

ကျုပ်ရင်ဘက်ကို ပုတ်ပြပေတယ့် ဖေဖေ ဂရုမစိုက်ဘူး ။

" သက် . . . မငိုပါနဲ့ ၊ ကိုယ်ဒီမှာရှိပါတယ် "

သက်ကလည်း ဂရုမစိုက်ဘူး ၊ သူဟာသူငိုမြဲငိုနေတယ် ။

" သား . . . သမီးမငိုကြနဲ့တော့ ၊ ဒီမှာဖေဖေရှိတယ် "

သားနဲ့သမီးနာကပ်ပြီး တိုးတိုးလေ ပြောလိုက်တယ် ၊ သားကတော့ အငိုမပျတ်ဘူး ။ သမီးကတော့ အငိုရပ်ပြီး နားစွင့်ဟန်ပြုတယ် ၊ ကျုပ် သိပ်ဝမ်းသားသွားတယ် ။ ကျုပ်ပြောတာကို သမီးကြားတယ် သမီးသိတယ် ။ ကျုပ်သိပ်ချစ်တဲ့ သမီးလေးက ကျုပ်ပြောတာကို ကြားတယ်ဆိုပြီး ကျုပ်ဆွေ့ဆွေ့ခုန်မတတ် ဝမ်းသာသွားတယ် ။ သမီးရဲ့ ပါးစပ်ဖျားလေးက လှုပ်လာတယ် ။ သမီးအသံလေးကလည်း တိုးတိုးလေး ။

" ! @ # $ % ^ & * ^ # ^ & * # # $ ! @ $ ^ @ ! "

ကျုပ်ဘာလုပ်ရမှန်းမသိဘူး ။ တစ်ကိုယ်လုံး တောင့်တင်းသွားသလိုပဲ ။ သူတို့ကိုကြည့်ပြီး ကျုပ် ဝမ်းနည်းလာတယ် ။ ကျုပ် နောက်ဆုံး သတိထားလိုက်မိတာကတော့ ကျုပ် . . . ကျုပ်လည်း သူတို့နည်းတူ မျက်နှာကို လက်ဝါးနဲ့အုပ်လို့ ငိုကြွေးနေမိတယ် ဆိုတာကိုပါပဲ ။ ။

Tuesday, April 14, 2009

အိုးစားကွဲသောအခါ

ကျုပ်ဟာ သိပ်ကိုလန်းဆန်းပေါ့ပါးနေပါတယ် ။ ခုနက တင်းကြပ်နေတာတွေဟာ ကြက်ပျောက်ငှက်ပျောက်
ဖြစ်ကုန်ကြတယ် ။ ကျုပ်ဟာ ဇောင်းကလွှတ်တဲ့ မြင်းတစ်ကောင်လိုပါပဲ ။ ကွင်းပြင်တစ်ခုကိုဖြတ်ပြီး အဆောက်အဦ တစ်ခုဆီကို ဝင်လိုက်တယ် ။


ကားတွေ ၊ လူတွေအတော်များတယ် ။ ကားတွေကလည်း ဝင်လိုက်ထွက်လိုက် လူတွေကလည်း ဝင်လိုက်ထွက်လိုက်နဲ့ ၊ လူတွေကိုကြည့်ရတာလည်း ပျော်ပျော်ရွှင်ရွှင်တစ်ယောက်မှ မရှိကြဘူး ။


ကျုပ် လူကြားထဲရောနှောပြီးနေလိုက်တယ် ။ သူတို့လိုပဲလျှောက်ကြည့်နေလိုက်တယ် ။ အအေးခန်းထဲမှာတော့ လူသေ အလောင်း တစ်ခုကို ပြင်ဆင်ပေးနေတယ် ။ သေသူက ခပ်ငယ်ငယ် ကောင်မလေးပဲ ။

မိတ်ကပ်တွေ ၊ ပန်းတွေနဲ့ဆိုတော့ အိပ်ပျော်နေသလား ထင်မှားစရာပါ ။ ဇာပဝါ ပါးပါးလေးအုပ်ထားတဲ့ မျက်နှာက ပြုံးယောင်သန်းနေတယ် ။ သူဟာ သေခြင်းတရားကို ရဲရဲကြီး ရင်ဆိုင်သွားနိုင်တဲ့ ပုံစံပါပဲ ။

သေတဲ့သူတွေရဲ့ မျက်နှာကိုကြည့်တာနဲ့ သူတို့ ဘယ်ဘဝမျိုး ရောက်နေတယ်လို့ ခန့်မှန်းရိပ်မိနိုင်ကြတယ် မဟုတ်လား ။ ဧကန္တ ကောင်မလေးကတော့ နတ်ပြည်မှာ နတ်သားလေးနဲ့ ပျော်ပိုက်နေပြီထင်ပါရဲ့ ၊ မျက်နှာလေးက ပြုံးယောင်သန်းလို့ဗျာ ။

သေသူကပြုံးယောင်သန်းနေတာ ၊ ရှင်သူတွေကတော့ ငိုနေကြလေရဲ့ ၊ ရှိုက်ငိုနေတဲ့သူ ၊ ငိုရင်းတက်မလို ဖြစ်နေလို့ နှိပ်နယ်ပေးနေရသူနဲ့ ။ လူတစ်ယောက် သေဆုံးသွားရင် ကျန်ရစ်သူတွေမှာ သောကတွေ တစ်ပွေ့နဲ့ပါလားလို့ ကျုပ်သံဝေဂ ရမိတယ် ။

အဲဒီအနားကခွာပြီး အခြားအခန်းတစ်ခန်းဆီ ရောက်ခဲ့ပြန်တယ် ။ ဒီတစ်ခါ ပြင်ဆင်ထားတဲ့အလောင်းက အသက်(၆၀) လောက်ရှိတဲ့ လူကြီးတစ်ယောက် ။ သူ့မျက်နှာကို ကြည့်လိုက်တော့ ခုနက ကောင်မလေးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ် ။ အဘိုးကြီးမျက်နှာက စီုးရိမ် ကြောက်နေသလိုပဲ ။

ပါးစပ်ကြီးဟနေတယ် ပြန်စေ့လို့တောင်မရဘူးထင်ပါရဲ့ ၊ ဒီအလောင်းဘေးမှာ လူနည်းတယ် ၊ သားသမီးသုံးလေးယောက်ပဲ မျက်နှာငယ်လေးတွေနဲ့ ရှိနေကြတယ် ။ သြော် . . . ဒီအလောင်း မီးသဂြိုတ်တော့မှာကိုး . . .! မီးသဂြိုတ်စက်ရှိရာ အလောင်းကို တွန်းယူလာကြတယ် ။


အလောင်းကိုထုပ်လိုက်တာနဲ့ပဲ လူတစ်ယောက်က အပေါက်ဝမှာ ရေအိုးတစ်လုံးကို ခွဲချလိုက်တယ် ။
အိုးစားကွဲကြပြီဆိုတာ ဒါပဲထင်ပါရဲ့လို့ ကျုပ် တွေးနေမိတယ် ။ သူ့အလောင်းကို မီးစက်ထဲသွင်းတော့ သူ့သားသမီးတွေ လက်အုပ်ချီကန်တော့ရင်း မျက်ရည်ပြိုင်ပြိုင် ကျနေတယ် ။ သြော် . . . ပူဆွေးခြင်း သောကဆိုတဲ့ မီးလောင်နေကြခြင်းရယ်ပေါ့ ။

မီးလောင်ကြခြင်း တူသယောင်နဲ့ ကွဲပြားတာကို ကျုပ်သတိပြုမိတယ် ။ မီးစက်ထဲက မီးတစ်စက်ပဲ ။
လောင်မြိုက်ပြာကျပြီးသွားတာ . . . ။ လုတွေမှာ လောင်တဲ့မီးဆယ့်တစ်မီးက မွေးရာမှသည် သေသည့်တိုင် တငွေ့ငွေ့လောင်နေခဲ့ကြတာလေ ။ လူရယ်လို့ဖြစ်လာကြရင် မီးဆယ့်တစ်မီးလောင်နေကြစမြဲ ဆိုတဲ့နေရာမှာ ကျုပ်က တစ်မီးထပ်ထည့်လိုက်ချင်တယ် ။ မီးစက်ထဲကလည်း အပြီးသက်ဝါးမျိုတာပဲနဟုတ်လား ။

ဒီတော့ ဆယ့်နှစ်မီးပေါ့ ။ မြေမြုပ်သဂြိုတ်တဲ့ သူတွေကပဲ ဒီမီးကလွတ်လိမ့်မယ် ၊ ကျုပ်ပခုံးတွန့်မိတယ် ။
ဆယ့်တစ်မီးလောင်တာက တငွေ့ငွေ့နဲ့မသိသာဘူးဗျာ ။ ဒီမရဏ မီးစက်ကြီးထဲက မီးကတော့ တဖြောင်းဖြောင်းနဲ့ ဝါးမျိုလိုက်တာများ ကြောက်စရာကြီး ။ အင်း . . .ကျုပ်သေရင် မီးမသဂြိုတ်ဘဲ မြေမြုပ်ဖို့ မှာထားရဦးမယ် ။ ကျုပ်က မီးစက်ကြီးရှေ့နားကနေစောင့်ပြီး ဝင်လာသမျှ ရုပ်အလောင်း တွေကို ကြည့်မိတယ် ။

ကျုပ်အသိများ ပါလာမလားလို့ စူးစမ်းမိတယ် ။ လူတွေကတော့ ကျုပ်ကိုမသိကြ ၊ မမြင်ကြသလိုဘဲ ။
ကျုပ်ကို ဘယ်သူ့မှ ဂရုမစိုက်ကြဘူး ။ ကျုပ်ကိုတောင် တိုးဝှေ့ကျော်လွှား လုပ်နေကြသေးတယ် ။ ကျုပ်သူ့တို့ကို စိတ်မဆိုးပါဘူး ၊ သူတို့ဟာ အပှုသည်တွေပဲမဟုတ်လား ။ သူတို့ဟာ ကျုပ်ကိုမှမဟုတ်ပါဘူး ၊ ဘယ်သူ့ကိုမှ ဂရုစိုက်နိုင်ကြ မပေါ်ဘူး ။ သူတို့သောကနဲ့သူတို့ ပျာယာခက်နေကြတယ် ။


အဲဒီမှာ ထူးခြားတဲ့ ရုပ်အလောင်းတစ်လောင်း တွေ့ရတယ် ။ ထူးခြားတယ်ဆိုတာက ဒီလိုပါ ။ ရုပ်အလောင်းက အဘွားကြီးပါ ။ အသက်(၆၅) နှစ်ပဲရှိသေးတယ် ၊ ဆွေမျိုတောင်ပုံရတယ် ။ သားသမီးတွေများပုံပဲ ။ မီးရှိုပစ်မယ့် ရုပ်ကလာပ်ကိုများ ပြင်ဆင်ထားလိုက်ကြတာ ၊ ဝက်ပေစားပေထားလိုက်ကြတာ ၊ ပြင်ဆင်ပေးထားလိုက်ကြတာ အပျံစားပဲ ၊ သေပန်းပွင့်တယ်ဆိုတာ ဒါမျိုးခေါ်တာ ထင်ပါရဲ့ ။ လာလိုက်ကြတဲ့လူတွေ ၊ ချလိုက်ကြတဲ့ပန်းခွေတွေ ၊ ပန်းခြင်းတွေ နည်းမှ မနည်းဘဲကို ။အဲ . . .ထူးခြားတယ်ဆိုတာက အဘွားကြီးရဲ့ ရုပ်ကလာပ်ကို မီးစက်ထဲထည့်ခါနီးတော့ လက်အုပ်ချီ ကန်တော့သူတွေ ကန်တော့ကြတယ် ၊ ငိုတဲ့သူတွေ ငိုကြတယ် ။ ရှိုက်တဲ့သူတွေ ရှိုက်ကြတယ် ။ တက်တဲ့သူတော့မရှိဘူး ။


တွက်တဲ့သူတော့ရှိနေတယ် ။ ဟုတ်တယ် . . . အသက်သုံးဆယ်လောက်ရှိမယ့် ညီမနှစ်ယောက်က တွက်နေကြတယ် ။ သူတို့က ပရိတ်သတ်ရဲ့နောက်နား ခပ်ခွာခွာကနေ ဆွတ်ထိုးနေကြတာ ။ ကျုပ်လည်း ထူးခြားလို့ကပ်နားထောင်မိသေးတယ် ။


( ဆက်ရန်ရှိသည် )

ချစ်ပါရစေ


အိမ်မက်မှာ ယောင်ယမ်း

မျှော်မှန်းလို့နေမိတယ်


သူ . . . စေလိုရာစေ . . .!


ဒီတိမ်တစ်အုပ်


ရေမငုပ်ခင်

ငါ . . .ချစ်ပါရစေ . . . !

အချစ်နဲ့စစ်မှာ အကုန်တရားတယ်


အချစ်ဆိုတဲ့အရာနဲ့ပတ်သက်လာရင်

ရယူပိုင်ဆိုင်ဖို့အတွက်လူသားတိုင်းဟာ

တရားမျှတသည်ဖြစ်စေ ၊ မမျှတသည့်ဖြစ်စေ

ကြိုးစားပိုင်ခွင့်ရှိပါတယ် . . . ။

ဒါကြောင့် . . .

' အချစ်နဲ့စစ်မှာ အကုန်တရားတယ် '

ဆိုတဲ့စကားပုံလေး ဖြစ်ပေါ်လာရတာပါ ။

Monday, April 13, 2009

သင်္ကြန်ရောက်ပြီးဟေးးး





နှစ်သစ်မှာ သူငယ်ချင်းအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ . . . ။

Sunday, April 5, 2009

နှုတ်ဆက်လိုက်ပါတယ် . .သူငယ်ချင်း

တွေ့ဆုံခြင်းနဲ့ နှုတ်ဆက်ခြင်းရဲ့ ကြားထဲက အချိန်ကာလတစ်ခုဟာ တိုတောင်းတယ်လို့
ထင်ရပြီး ၊ ဘာမှမကြာဘူးလို့ထင်လိုက်ပေမဲ့ တကယ်ခွဲခွာရပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက်
သံယောဇဉ်တွေ ဘယ်လောက်ကြီးမားခဲ့တယ်ဆိုတာ အခုအချိန်မှာပိုသိလားတယ် . . . ။


တကယ်ခွဲရမယ်ဆိုတာ ဦးနှောက်ကသိပေမဲ့ ရင်ဘက်ထဲက နှလုံးအိမ်က လက်မခံဘူးဖြစ်နေတယ် ဘယ်တတ်နိုင်မလဲလေ ဒါတွေဟာ အိပ်မက်မှမဟုတ်တာ တစ်ချိန်ကြရင် ခွဲခွာရမှာပဲလေ လူတိုင်းကကိုယ့်အကြောင်းနဲ့ကိုယ်ပဲလေ . . . ။


ခွဲခွာရမယ့်အချိန်မှာ တွေ့ဆုံတုန်းကလိုပဲ ငါတို့ပျော်ရွှင်စွာနဲ့ နှုတ်ဆက်ကြတာပေါ့ သူငယ်ချင်း ။
ပြန်တွေ့ခွင့်ရှိနိုင်မယ်ဆို အဲ့ဒီနေ့လေးကို ငါမျော်လင့်နေမှာပါ . . . . . သူငယ်ချင်း ။ ။

Sunday, March 29, 2009

ကောင်းစွာ စားပါ





အန္တရာယ်ဖြစ်တတ်သည်
  1. မတည့်သောအစာကို မစားပါနှင့် ။
  2. မတည့်သောအစာမျာကို ရောမစားပါနှင့် ။
  3. စားပိုးနင့်အောင် မစားပါနှင့် ။

ရောဂါရတတ်သည်


  1. ငန်လွန်းသောဟင်းကို မစားပါနှင့် ။
  2. စပ်လွန်းသောဟင်းကို မစားပါနှင့် ။
  3. အဆီမှားလွန်းသောဟင်းကို မစားပါနှင့် ။


ကျန်းမာရေးအတွက်


  1. ကြေညက်သော အစာကိုသာစားပါ ။
  2. ကြေညက်အောင်ဝါးပြီးမှ အစာကိုသာစားပါ ။
  3. လုံလောက်စွာစားပါ ။
  4. လုပ်ငန်း လိုအပ်ချက်မှလွဲပြီး လမ်းလျှောက် မစားပါနှင့် ။
  5. ကျန်းမာရေးအနေထားမှလွဲကာ အိပ်ပြီးမစားပါနှင့် ။
  6. လုပ်ငန်း လိုအပ်ချက်မှလွဲပြီး မတ်တပ်ရပ် မစားပါနှင့် ။
  7. လုပ်ငန်း လိုအပ်ချက်မှလွဲပြီး ညနက်အိမ်ချိန် မစားပါနှင့် ။
  8. ညအိမ်ခါနီး မစားပါနှင့် ။
  9. ထမင်းစားစဉ် အရိုးကိုရှောင်ပြီး စားပါ ။
  10. ထမင်းစားစဉ် အရိုးကိုမျက်အောင် စားပါ ။
  11. ထမင်းစားလျှင် အသီးအရွက်နှင့် အသားကို မျှတစားပါ ။
  12. ထမင်းစားစဉ် ဟင်းရည်များများ သောက်ပါ ။ ဟင်းရည်မပါပါက ထမင်းစားပြီး ရေအဝသောက်ပါ ။
  13. ထမင်းစားစဉ် အချိုနည်းနည်း စားပေးပါ ။
  14. အာဟာရနှင့် ဗီတာမင်ပါသော အစာကိုရွေးစားပါ ။
  15. နံနက်စောစောစာ နေ့လယ်စာ ညစာ အချိန်များ ကွာခြားမှု မျှတပါစေ ။
  16. အရသာစုံအောင်စားပါ ။
  17. အဆာလွန်ချိန်စားရသောအခါ တစ်ခါတည်းသွတ်မစားပါနှင့် ။
  18. ရာသီဥတုနှင့်ကိုက်ညီသော အာဟာရကို စားသုံးပါ ။
  19. လက်ဖြင့်စားပါက မစားမီနှင့်စားပြီး လက်ကိုစင်ကြယ်စွာဆေးကြောပါ ။
  20. မိမိဝမ်းကိုခန့်မှန်းပြီး အစာကြေသလောက်စားပါ ။ အစာမကြေနိုင်ဟုထင်ပါက အစာကြေဆေးစားပေးပါ ။
  21. နေ့လယ်စာ စားပြီးပါက ခေတ္တမျှနားနေပါ ။ ဖြစ်နိုင်ပါက နာရီဝက်ခန့် လဲလျောင်းအိပ်စက်ပါ ။
  22. ရက်ရှည်ကြာစွာ ထမင်းစားလိုစိတ်မရှိပါက နီးရာဆရာဝန်ထံ သွားရောက်ပြပါ ။
ီ

ယဉ်ကျေးမှုအရ


  1. ပလုပ်ပလောင်းမစားပါနှင့် ။
  2. ဟိုဟိုဒီဒီကြည့်ပြီး မစားပါနှင့် ။
  3. လူကြီးနှင့်စားပါက လူကြီးကိုဦးချပြီးမှစားပါ ။
  4. အထက်လူကြီးနှင့် စားပါက အထက်လူကြီး စားမှစားပါ ။
  5. အလှမ်းဝေးသော ဟင်းခွက်ကို မနှိုက်ပါနှင့် ။
  6. ထမင်းစားနေစဉ် ဟက်ဟက်ပက်ပက် မရယ်မောပါနှင့် ။
  7. ထမင်းစားနေစဉ် စိတ်ထိခိုက်စရာမပြောရ ။
  8. ထမင်းစားနေစဉ် တွေးတောစရာမပြောရ ။
  9. ထမင်းစားနေချိန် ရန်မဖြစ်ပါနှင့် ။
  10. ဟင်းခွက်မျာအား အနီးစပ်ဆုံး မျှတစွာခွဲဝေစားပါ ။
  11. ထမင်းလုံးကျအောင် ၊ ဟင်းဖိတ်ကျအောင် မစားပါနှင့် ။
  12. အရိုးအား သီးသန့်ခွက်ထဲထည့်ရန် ၊ သီးသန့်ခွက်မရှိပါက ပန်းကန်ပြား၏ တစ်နေရာတွင် သီးသန့်ထားရန် ။
  13. လုပ်ငန်းသဘောမှလွဲပြီး ရေမိုးချိုးပြီး သန့်ရှင်းသောအဝက်ကို ဝက်ဆင်ပြီးမှစားပါ ။
  14. ဖြစ်နိုင်လျှင် ရောက်သည့်ဒေသနှင့်ကိုက်ညီသော စားသုံးမှုမျိုးမျိုးပြုလုပ်ပါ ။
  15. ထမင်းစားနေစဉ် လက်ကိုမစုပ်ပါနှင့် ။

Monday, March 23, 2009



တိုသောလက်သည်းရှိသူများ



ကံကြမ္မာကို လွန်စွာယုံကြည်တတ်ပြီး ထိုးထွင်းဥာဏ်နှင့် စွမ်းဆောင်နိုင်သည့် အရည်အချင်းများ ရှိတတ်သည် ။ သို့ရာတွင် အမျိုးအစား ညံ့ဖျင်းသည့် လက်ပုံသပုံသဏ္ဌာန်ရှိသူ ဖြစ်ပါက မိုက်မဲသော ပြစ်မှုများကို ကျူးလွန်တတ်သူများဖြစ်သည် ။ ယင်းကဲ့သို့သော လက်သည်းရှိပြီး လက်မမှာလည်း တင်းပုတ်သမားလက် ဖြစ်နေပါက အလွန်ရန်လိုတတ်သူဖြစ်ပြီ မိုက်မဲသော အကျင့်အကြံ အပြုအမူ ရှိသူဖြစ်သည် ။ ယင်းကဲ့သို့သော လက်သည်းနှင့် ပျော့ပျောင်းသော လက်ဝါးရှိသူဖြစ်ပါက ကြံ့ခိုင်သော စိတ်ဓာတ်နှင့် အလုပ်လုပ်ကိုင်ရာ စကားပြောဆိုရာတို့တွင် လွန်စွာခေါင်းမာသူများဖြစ်သည် ။


လက်ခလယ် လက်သည်းတိုသူများ


လက်ခလယ် လက်သည်းမှလွဲပြီ ကျန်လက်သည်းများ ဗာဒံသီးပုံသဏ္ဌာန် ဖြစ်နေပါက စိတ်ထားအလွန်ဆိုး စိတ်ဆိုးလွယ်သူ ဖြစ်တတ်သည် ။ သို့ရာတွင် တစ်ခါတစ်ရံ တစ်ဖတ်သားအပေါ် လွန်စွာညှာတာထောက်ထား ကိုယ်ချင်းစာနာစိတ် ရှိသူများလည်ဖြစ်သည် ။


လက်သည်းတိုပြီးအရောင်အသွေးဖျော့သူ


ယင်းသို့သော လက်သည်းရှိသူသည် စိတ်ထားများချို့ယွင်းတတ်ကြသည်။

လက်သည်းတိုပြီးနီသူ


ထိုကဲ့သို့သော လက်သည်းရှိသူသည် လွန်စွာစိတ်ဆိုးမြန်သူ ၊ စိတ်ဆတ်သူဖြစ်သည်။

လက်သည်းတိုပြီးလေးထောင့်ပုံကျ ၊ အရောင်ပြာသူ

ထိုကဲ့သို့သော လက်သည်းရှိသူသည် နှလုံးရောဂါခံစားရသူ၊ နှလုံးရောဂါရှိသူဖြစ်သည်။

လက်သည်းတိုပြီးအရင်းပိုင်းလေးထောင့်ကျသူ

ထိုကဲ့သို့သော လက်သည်းရှိသူသည် ဒေါသကို မချုပ်တည်းနိုင်သူများဖြစ်သည်။

လက်သည်းတိုပြီးတြိဂံဖြစ်နေသူ

ထိုကဲ့သို့သော လက်သည်းရှိသူသည် သွက်ချာပါဒခေါ် လေငန်းရောဂါဖြစ်ပွားခံစားနေရသူများဖြစ်သည်။

လက်သည်းတိုပြီးကျဉ်းမြောင်းကွေ့ကောက်ခြင်းရှိသူ

ထိုကဲ့သို့သော လက်သည်းရှိသူသည် ကျောရိုးပိုင်းနှင့် ဆိုင်သောနေရာတို့တွင် ရော၈ါအနာတရများ ဖြစ်ပွားတတ်သည်။

လက်သည်းရှည်လျားပြီးပါးလွှာခြင်းရှိသူ

ထိုကဲ့သို့သော လက်သည်းပိုင်ရှင်သည် လည်ချောင်းရောဂါနှင့် အသက်ရှူကျပ်ရောဂါ ၊ မောပန်းသည့်ရောဂါများ ဖြစ်ပွားခံစားရတတ်သည်။

လက်သည်းရှည်ပြီးကွေ့ကောက်ကာထူနေခြင်းရှိသူ



ထိုကဲ့သို့သော လက်သည်းပိုင်ရှင်သည် အချစ်ရေးတွင် အဆင်းမပြေခြင်း ပေါင်းသင်းဆက်ဆံရေးတို့တွင်လည်း လွန်စွာညံ့ဖျင်းသူများဖြစ်သည်။


လက်သည်းပေါ်တွင်အစင်းကြောင်းများရှိသူ

ထိုကဲ့သို့သော လက်သည်းပိုင်ရှင်သည် ခြုံးခြေံစွာကျင့်သုံးနိုင်သူဖြစ်ခြင်း ၊ သူရဲဘောကြောင်သော စိတ်ထားရှိတစ်ခါတစ်ရံတွင် အမျှာ်လင့်ဘဲ ထိုးတင်လိုက်သကဲ့သို့အောင်မြင်မှုရတတ်သည်။

Wednesday, March 11, 2009

နာမည်ပြောင်




မောင်နီ~~~ မင်းအဖေက ကရင်လူမျိုးလား

မောင်ဖြူ~~~ မြန်မာလူမျိုးမှ အညာသားစစ်စစ်ပါကွာ ၊ ရေတောင် မရောပါဘူး

မောင်နီ~~~ ငါကတော့ မင်းအဖေနာမည်ကို ' စောမူးဆဲ ' လို့လူတွေခေါ်ခေါ် နေတာ အမြဲလိုလို ကြားနေရလို့

မောင်ဖြူ~~~ အဲဒါက အဖေမနက်တိုင်း အိမ်မှာ စောစောစီးစီး အရက်မူးပြီး လျှောက်ဆဲ နေတာကိုးကွ

မောင်နီ~~~ မှတ်သားလောက်ပါရဲ့ကွာ

Saturday, February 28, 2009

မြန်မာအမျိုးသမီး ဒူဘိုင်မှာ မတရားစော်ကား သတ်ဖြတ်ခံရ

Thursday, February 26, 2009

စီးပွားရေးကြပ်တည်း၍အိမ်ရှိအရွယ်ရောက်သူအားလုံးအလုပ်ထွက်လုပ်မှထမင်းနပ်မှန်အောင်စား နိုင်သောခေတ်ကြီးတွင်မိမိဘ၀တိုးတက်ကောင်းမွန်ရေး၊လစာအခွင်.အရေးပိုမိုကောင်းမွန်သောနိုင် ငံရပ်ခြားသို.ပါလူငယ်လူရွယ်များထွက်လာ၍အလုပ်လုပ်ကြရသည်။ထိုသို.ထွက်ခွာလာကာရေကြည် ရာမျက်နုရာရှာဖွေကြသူများတွင်မြန်မာအမျိုးသမီးငယ်များလည်းပါလာကြရသည်။ အထူးသဖြင်.နိုင်ငံရပ်ခြားတွင်မိဝေးဖဝေးဖြင်.စွန်.စားကာလာရောက်အလုပ်လုပ်နေကြသည်.မိန်းက လေးတို.အဖို.လုပ်ငန်းခွင်အခက်အခဲများအပြင်ပတ်ဝန်းကျင်အသစ်နှင်.ထိတွေ.ဆက်ဆံရသည်မို.မိ မိ၏ပုဂ္ဂလိကအဆင်ပြေကျန်းမာရေး၊ဘေးအန္တရယ်များမှကင်းဝေးလုံခြုံရေး၊ကိုယ်ကျင်.သိက္ခာမထိခိုက် ရေးတို.အပြင်ပြည်ပရောက်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးသည်မိမိနိုင်ငံကိုကိုယ်စားပြုသည်မို.မိမိ တို.၏အပြုအမူများကမိမိတစ်ဦးချင်း၊မိမိ၏မိသားစုတင်မကမိမိနိုင်ငံ၏ဂုဏ်သိက္ခာကိုပါမြင်.တင်စေနိုင် ထိခိုက်စေနိုင်သည်မို.အထူးသတိပြုသင်.ပေသည်။ အထူးသဖြင်.မြန်မာအမျိုးသမီးများအနေဖြင်.မွတ်ဆလင်အမျိုးသားများသိန်းနှင်.ချီ၍အလုပ်လာရောက် လုပ်ကိုင်နေသည်.အရှေ.အလယ်ပိုင်းဒေသနိုင်ငံဖြစ်သောယူအေအီနိုင်ငံဒူဘိုင်းတွင်ပို၍သတိထားရန်လို အပ်ကြောင်းအောက်ဖော်ပြပါဖြစ်ရပ်များကသက်သေပြနေပါတော.သည်.... အဆုံး၏နိဂုံး မျိုးမျိုး( အမည်အရင်းမဟုတ်ပါ ။ ) သည်ယူအေအီးနိုင်ငံ၏အကြီးဆုံးလေကြောင်းလိုင်းဖြစ်သောဒူဘိုင်း အခြေစိုက် Emirates Airline ၏ customer service ဌာနတွင်အလုပ်ခန်.အပ်ခြင်းခံရသည်။ သူမတာဝန်ကျသည်ကအရှေ.အလယ်ပိုင်းဒေသ၏နာမည်ကျော်ဒူဘိုင်းလေဆိပ်...သူမတာဝန်က business class ဖြင်.ဆိုက်ရောက်၊လိုက်ပါမည်.ခရီးသည်များနားနေရာခန်းမ lounge တွင်ဧည်.ခံကြို ဆိုရသည်။မျိုးမျိုးအနေဖြင်.ယခင်ကလည်းမလေးရှားနိုင်ငံတွင်အလုပ်လုပ်ခဲ.သည်မို.ယခုအကြီမ်ပြည်ပ သို.လာရောက်အလုပ်လုပ်ရာတွင်သိပ်မစိမ်းတော.... သူမအနေဖြင်.ကိုယ်.ကိုယ်ကိုယုံကြည်မှုပိုရှိလာခဲ.သည်။ အသက်ခြောက်နှစ်အရွယ်သမီးလေးတစ် ယောက်ရှိသည်.အိမ်ထောင်သည်တစ်ယောက်မို.လည်းလူမျိုးခြားယောင်္ကျားလေးတွေနှင်.ပြောဆို ဆက်ဆံရာတွင်အတွေ.အကြုံမရှိသေးသည်အပျိုရိုင်းကလေးလိုရှိုးတိုးရှန်းတန်းဖြစ်မနေတော.ပေ.. ခပ်တည်တည်ဖြင်.ပင်သူတို.ကိုပြောဆိုဆက်ဆံနိုင်ခဲ.သည်သာ... ထိုထိုကာလသားများ၏ဖုန်းဖြင်.ဆက်ပြီးကြူတတ်သည်ကိုမလေးရှာတွင်နေကတည်းကကြားသိဘူး သဖြင်.ယခုဒူဘိုင်းတွင်မိုဘိုင်းလ်ဖုံးပင်ဝယ်မကိုင်ခဲ.ပေ... သို.သော်သူမ မသိနိုင်ခဲ.သည်ကဒီ ဒူဘိုင်းသို.ရောက်လာသူများကယခင်သူမ၊မလေးရှားတွင်တွေ. ခဲ.ဘူးသည်.လူများလိုမဟုတ်။ယခုရှိနေကြသည်.အများစုကအစ္စလာမ်ဘာသာရေးစည်းကမ်းများ၊ လူမျိုးရေးဓလေ.ထုံးတမ်းများအရအမျိုးသမီးများကိုဖိနှိပ်ချုပ်ချယ်မှုများသောပါကစ္စတန်၊အိန္ဒိယ၊သိ ရိလင်္ကာ၊ဘင်္ဂလားဒေ.ရှ် စသောနိုင်ငံများမှမွတ်ဆလင်၊ဟိန္ဒူကုလားအမျိုးသားများပင်... ထိုသူများကမိန်းမဆို၍ကလေးနှင်.ခွေးသာခြေလက်အင်္ဂါအစုံအလင်မြင်ခဲ.ဖူးသူများမို. (သူတို.နိုင် ငံကအမျိုးသမီးတွေကအပြင်ထွက်လျှင်ခေါင်းမြီးခြုံကြရသည်၊အိမ်တွင်းပုံးကြရသည်လေ..) မိသားစု၊ဇနီးမယားများနှင်.အကြာကြီးခွဲနေကြရသည်.အပြင်လွတ်လပ်စွာဝတ်ဆင်ခြယ်သ၍အလှ ကြီးလှ၊အပြကြီးပြနေကြသည်.အာရှသူမနူးမနပ်လေးများကိုတွေ.မြင်ကြရသည်.အခါထိုသူတို.၏စိတ် ဆင်ရိုင်းကားချွန်းအုပ်၍မရသည်.နှယ်ဖြစ်တော.သည်။ထိုအခါနည်းမျိုးစုံသုံးကာရသည်.နည်းဖြင်.ဒွေ နှစ်ဖော်သံဝါသဖို.အရေးကြိုးပမ်းကြတော.သည်။ မျိုးမျိုးသည်လည်းကလေးတစ်ယောက်မိခင်ဖြစ်စေကာမူသူမခင်ပွန်းကလည်းမလေးရှားတွင်အလုပ် လုပ်နေသည်.အပြင်မိမိကိုယ်တိုင်လည်းဝတ်တတ်စားတတ်သည်မို.ချောမောလှပဆွဲဆောင်မှုရှိသူ တစ်ဦးမို.လုပ်ငန်းခွင်တွင်ပျိုလေးတို.အိမ်ဦးဆပ်သွားဖူးကိုအုံသည်.ကျေးတွေကတော.ရှိကြသည်သာ... ထိုအထဲတွင်မူဆလင်၊ဟိန္ဒူကုလားလုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများလည်းပါဝင်ကြလေသည်။ သို.ကလို ကလူ၏သို.မြူ၏သို.တစ်သွယ်၊လက်မောင်းလက်ဖျံကိုဓါးဖြင်.သူမနာမည်ခြစ်ကာချစ်သက်သေပြ သည်.ချစ်လူမိုက်တို.၏နည်းလမ်းဖြင်.တစ်မျိုးတိုး၍တိုး၍ကြိုးစားကြသည်မို.ကလေးတစ်ယောက်မိခင် အိမ်ထောင်ရှင်သူမ၏နှလုံးသားလည်းနှဲ.၍လှုပ်သည်.သစ်ငုတ်ပမာယိုင်နဲ.လာခဲ.ရတော.သည်... မျိုးမျိုး၏ဘ၀အကြောင်းကိုသိထားသည်.မိတ်ဆွေမြန်မာမိန်းကလေးများကအိမ်ထောင်နှင်.သူမသမီး လေးကိုတော.ငဲ.ပါဦးဟုသတိပေးခဲ.သော်ငြားလည်းကယုကယင်၊အပင်.အမြှောက်၊အကြမ်းအရမ်း ထို ဇတ်လမ်းဝယ်သူမနစ်မြောခဲ.မိလေသည်... သို.နှင်.မစွန်းရင်းကလည်းရှိ၊ကန်စွန်းခင်းကလည်းငြိခဲ.ကြသည်မို.သူမနှလုံးသားကိုအပျိုရိုင်းကလေး နှယ်ရင်ခုန်အောင်စွမ်းဆောင်နိုင်သည်.ထိုလုပ်ဖော်ကိုင်ဖက်ဝန်ထမ်းအိန္ဒိယသားနှင်.ချစ်၍ခေါ်ရာလိုက် ခဲ.ပါသည်ဆိုသလိုအပြင်သို.လိုက်၍တစ်ကြိမ်လည်ပတ်ခဲ.ဖူးပြီ..... မည်သူမျှမသိအောင်မိုဘိုင်းဖုံးပင်မကိုင်ခဲ.ပဲအလုပ်ထဲတွင်သာထိုသူနှင်.ဆက်သွယ်ချိန်းဆိုခဲ.သည် တောင်မှအဆောင်နေခင်မင်ရင်းနှီးသည်.ညီမငယ်တစ်ဦးကထိုနေ.ကသူမအပြင်သို.တစ်ယောက် တည်းထွက်သွားသည်ကိုသိသွားပြီးပြန်လာသည်အထိအဆောင်တိုက်အောင်.မှစောင်.နေခဲ.သည်မို. မတတ်သာသည်.အဆုံးထိုညီမတစ်ဥိးကိုတော.ပြောပြခဲ.ရသည်။သို.သော်ထိုကုလားသူမကိုဘယ်ခေါ် သွားသည်ကိုတော.ရေရေရာရာမပြောပြခဲ....တက္ကစီသမားကပဲလမ်းတွေကိုကွေ.ပတ်ပြီးအကြာကြီး မောင်းနေသလိုလို၊သူမတို.နေသည်.အဆောင်နှင်.များစွာမဝေးကွာလှသည်.သာယာလှပသော အယ်လ်မန်ဇာကမ်းခြေပန်းခြံသို.ပဲရောက်သွားသလိုလိုသာပြောခဲ.သည်.... သိုသော်သူမ၏နောက်တစ်ခေါက်ရင်ခုန်လှိုက်မောဖွယ်ချစ်စွန်.စားခန်း၏အဆုံးသတ်ကားမလှပခဲ.ချေ။ ရင်နင်.ဖွယ်အဖြစ်ဆိုးနှင်.ကြုံတွေ.ခဲ.ရလေသည်။သူမကိုစောင်.ကြည်.နေသည်.ခင်မင်ရင်းနှီးသော ထိုညီမငယ်နေမကောင်း၍အိပ်နေသာတစ်ညနေတွင်သူမရည်းစားထိုကုလားခေါ်ရာသို.သွားခဲ.သည်။ ထိုနေ.ညမှစ၍သူမအဆောင်သို.ပြန်မရောက်လာနိုင်ခဲ.ပေ... တစ်ရက်၊နှစ်ရက်၊သုံးရက်... သူမအခန်း ဖော်သူငယ်ချင်းများကသူမပြန်လာနိုးစောင်.နေခဲ.ကြသည်။ဆက်သွယ်စရာမိုဘိုင်းဖုံးလည်းမရှိခဲ.သည် မို.သူမဘယ်သို.သွားခဲ.သည်ဆိုတာမရေမရာရှိခဲ.သည်... သို.နှင်.သူမပြန်မလာသည်.ရက်တွေကြာလာတော.အလုပ်ဌာနမှတစ်ဆင်.ရဲစခန်းသို.အကြောင်းကြား ရတာ.သည်။ထိုမှစ၍သူမနှင်.ပတ်သက်ခဲ.သောထိုကုလားကိုရဲစခန်းတွင်ခေါ်ဆောင်စစ်ဆေးခဲ.သည်။ သို.သော်သူကထိုနေ.ညကကသူမနှင်.အပြင်သို.သွားရောက်လည်ပတ်ပြီးသူမနေထိုင်ရာအဆောင်လမ်း ထိပ်ကုန်စုံဆိုင်နားအထိပို.ပေးခဲ.သည်ဟုဆိုခဲ.သည်။ သူမအဆောင်အထိတော.လိုက်ပို.ပေးရန်သူမကငြင်းဆိုခဲ.၍ထိုလမ်းထိပ်မှပင်သူနေထိုင်ရာနေရာသို. ပြန်သွားခဲ.သည်ဟုထွက်ဆိုခဲ.သည်။သူမနေထိုင်ရာအဆောင်မှအခန်းဖော်များ၊ရင်းနှီးသူများကိုရဲစခန်း ကခေါ်ယူစစ်ဆေးခဲ.သော်လည်းသူမကိုယ်တိုင်ကခပ်အေးအေးနေခဲ.သည်မို.မည်သူမှသေချာရေရာ သည်.အဖြေမပေးနိုင်ခဲ.ပေ... နောက်ဆုံးခြောက်ရက်မြောက်နေ.တွင်တော.သူမနေထိုင်သည်.အဆောင်တိုက်နှင်.အနီးအနားရှိ ဆောက်လက်စတိုက်ခန်းမြေကွက်လပ်ဘေးရှိရေထုတ်မြောင်းကွန်ကရစ်အုတ်ကန်အတွင်းမှသူမ၏ အ၀တ်အစားမဲ.ခန္ဓာကိုယ်ရုပ်အလောင်းကိုဆောက်လုပ်ရေးအလုပ်သမားတစ်ဦးကတွေ.ရှိပြီးရဲကို အကြောင်းကြား၍လာရောက်ဖော်ယူတွေ.ရှိခဲ.ရတော.သည်... နုံနက်အလုပ်သွားသည်.အချိန်ဖြစ်သည်.အပြင်ရဲများကလည်းမည်သူ.ကိုမှအနားသို.ပေးမလာသည်. အတွက်သူမအလောင်းကိုမြင်တွေ.လိုက်ရသည်.မြန်မာမရှိခဲ.ပေ...မြန်မာများအတွက်အားငယ်စရာ ကားဒူဘိုင်းတွင်မြန်မာသံရုံးလည်းမရှိ၊မြန်မာများစုစည်းထားသောအသင်းအဖွဲ.လည်းမည်မည်ရရမရှိ ၍မည်သို.မျှအကူအညီတောင်း၇န်မရခဲ.ပေ.... ဒူဘိုင်းရဲများကတော.အလောင်းတွေ.ရှိပြမို.စစ်ဆေးမေးမြန်းမှုများပိုမိုပြုလုပ်လျှက်ရှိသည်။ စုံစမ်းစစ်ဆေးမှုများမပြီးပြတ်သေးသည်.အတွက်သူမသေဆုံးခဲ.ရသည်.အကြောင်းအရင်းပင်တိကျစွာ မသိရသေးပေ..ညအချိန်မတော်မှောင်မိုက်ချိန်တစ်ယောက်တည်းပြန်လာသည်.သူမကိုလူပြတ်သည်. ထိုလမ်းထောင်.တွင်ကုလားများကအဓမ္မပြုကျင်.ပြီးအသတ်ခံခဲ.ရသည်ဟုသာကောက်ချက်ချထားရ တော.သည်။ ဒူဘိုင်းရှိမြန်မာအသိုင်းအ၀ိုင်းတွင်ပထမဦးဆုံးဖြစ်သည်.ထိုအကြောင်းကိုကြားသိရသည်.မြန်မာအပေါင်း ကားကိုယ်.လူမျိုးအမျိုးသမီးငယ်တစ်ဦးအားထိုကဲ.သို.အဖြစ်ဆိုးကျရောက်ခဲ.ရသည်.အတွက်သူမအ တွက်ရောကျန်ရစ်ခဲ.သည်.သမီးငယ်နှင်.ခင်ပွန်းမိသားစုအတွက်ပါစိတ်မကောင်းခြင်းကြီးစွာဖြစ်ကြ ရသည်။ အစားမတော်တစ်လုပ်၊အသွားမတော်တစ်လှမ်းပါပေတကား.....

. . . . . . . . . . . . . . . . . . . . . . . . . ။ ။ . . . . . . . . . . . . . . . . .

Feb 24

မြန်မာ မိန်းမသားတစ်ယောက်ရဲ့ ဘဝကို အရှက်အကြောက်တရား သိက္ခာတရားတွေနဲ့ တည်ဆောက်ထားပါတယ်။ မြန်မာ အမျိုးသမီးမှန်ရင် အသက်ငယ်တာ ကြီးတာနဲ့ မဆိုင် ပျိုတာ အိုတာနဲ့လဲမဆိုင် အရှက်တရား သိက္ခာတရားကို အသက်နဲ့ရင်းလို့ တန်ဘိုးထားတတ်ကြပါတယ်။ အရှက်ကို အသက်နဲ့ လဲမယ်ဆိုတာ မြန်မာမိန်းကလေးတွေ တော်တော်များများ ပြောတတ်ကြပါတယ်။ အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေရတဲ့ မြန်မာ မိန်းကလေးတွေ အများကြီးရှိပါတယ်။ ယဉ်ကျေးမှု ဓလေ့စရိုက် မတူညီတဲ့ သူတပါးတိုင်းပြည်မှာ မြန်မာ မိန်းကလေးတွေ ဘယ်လို အခက်အခဲတွေ ကြုံရတယ်ဆိုတာ ဘယ်လို ရင်ဆိုင်ဖြတ်သန်းရတယ်ဆိုတာတွေကိုတော့ ကိုယ်တိုင်ခံစားမိတဲ့ သူတွေကလွဲလို့ ဘယ်သူမှ ပုံတူ မခံစားနိုင်ပါဘူး။ ဘယ်သူကမှလဲ တိတိကျကျ မပြောနိုင်ကြပါဘူး။ ဘေးကနေပြီး အမျိုးမျိုးထင်မြင်ချက်ပေးနေသူတွေကလဲ တိတိကျကျ မသိကြပါဘူး။ အထူးသဖြင့် ဒီရက်ပိုင်းမှာ ဒူဘိုင်းမှာ မြန်မာ မိန်းကလေး တစ်ယောက် ရက်ရက်စက်စက် အသတ်ခံရတဲ့ ကိစ္စနဲ့ ပက်သက်လို့ အသံမျိုးစုံ ဝေဖန်ချက်မျိုးစုံကို ကြားရပါတယ်။ သတင်းတွေက မှန်တာလဲ ရှိသလို ချဲ့ကားပြီး ပြောကြတာတွေလဲ ရှိပါတယ်။ နှမသားချင်းမစာနာပဲ ချိုးချိုးဖဲ့ဖဲ့ ဝေဖန်တာတွေကိုလဲ နားနဲ့ ဆက်ဆက်ကြားနေရပါတယ်။ အဲလိုပြောနေကြတဲ့သူတွေအနေနဲ့ သေဆုံးသွားသူ မိန်းကလေးကို ဘယ်လိုများကူညီပေးနိုင်မှာလဲ အဲလိုပြောပေးခြင်းဖြင့် ကျန်ရစ်ခဲ့တဲ့ မိသားစု အသိုင်းအဝိုင်းရဲ့ သောကတွေကို ချုပ်ငြိမ်းစေမှာလား လို့ မဆီမဆိုင်စဉ်းစားမိပါတယ်။ အထူးသဖြင့် ကွယ်လွန်သူရဲ့ ကိုယ်ကျင့် သိက္ခာကို ဘာကိုမှ တိတိကျကျ မသိပဲ ပုတ်ခတ်ပြောကြတဲ့သူတွေက ယောက်ျားလေးတွေ များပါတယ်။ သူငယ်ချင်းကောင်လေးတွေ အားလုံးနီးပါးဆီက တူညီတဲ့ အသံတွေကိုပဲ ကြားခဲ့ရတာပါ။ စာနာတဲ့ အသံကိုတော့ မကြားလိုက်ရပါဘူး။ နိုင်ငံခြားရောက် ရွှေမြန်မာတွေပါ။ နားလည်ပါတယ် ယောက်ျားလေးတွေဆီမှာ ယောက်ျားလး အသိ ယောက်ျားလေးအတွေး ယောက်ျားလေး အမြင်တွေပဲ ဖုံးလွှမ်းနေတာပါ။ သူတို့ကိုလဲ အပြစ်ပြောလို့မရပါဘူး။ မျိုးချစ်စိတ်ရှိလို့ မြန်မာဘက်ကရပ်လို့ နာကြည်းလို့ ပြောကြတာပါ။ မိန်းကလေး သူငယ်ချင်းတွေ တော်တော်များများ ဆီကတော့ စာနာတဲ့အသံ ဂရုဏာသံတွေ စိုးရိမ်သံတွေ အများဆုံး ကြားရပါတယ်။ အဘူဒါဘီက ညီမလေးတစ်ယောက်က သတင်းစာတွေ့တွေ့ချင်းဖုန်းဆက်ပြီး ဘယ်လိုတွေ ကူညီပေးရင်ကောင်းမလဲ သံရုံးမရှိတဲ့ တိုင်းပြည်မှာ ကွယ်လွန်သူအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လို ရပ်တည်ပေးကြမလဲ လို့မေးလာပါတယ်။ မိန်းကလေးပီပီ မိန်းမသားချင်းစာနာ ဖေးကူချင်တဲ့ စိတ်ကလေးတွေ ကို မြန်မာမလေးတွေဆီမှာ ချစ်စရာ ကောင်းလောက်အောင် တွေ့ရပါတယ်။ ပြီးတော့ အသတ်ခံရသူက ရိုးရိုးသားသား အသတ်ခံရတာမဟုတ် ဝတ်လစ်စလစ်သေဆုံးနေတာ ဖြစ်တော့ ဝေဖန်သံတွေက တနေ့တခြားဆိုးလာပါတယ်။ ကွယ်လွန်သွားတဲ့ ကောင်မလေး ပျောက်ဆုံးနေတဲ့ ရက်တွေအတွင်းမှာလဲ ကောင်မလေးရဲ့ သူငယ်ချင်းကောင်မလေးတွေ တော်တော် သောကရောက်ခဲ့ရပါတယ်။ အထူးသဖြင့် ကောင်မလေးက အခြားနိုင်ငံသားတစ်ဦးနဲ့ ချစ်ကြိုက်နေတယ်ဆိုတဲ့ သတင်းက မြန်မာကောင်လေးတွေ ပါးစပ်ဖျားမှာ တော်တော်လေးကို ရေပန်းစားနေပြန်ပါတယ်။ သတင်းစာထဲမှာ ပါတာက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း လုပ်ငန်းတူ မိတ်ဆွေလို့ပဲ ရေးထားတာပါ။ ချစ်သူရည်းစားလို့ မရေးထားပါဘူး။ သတင်းစာတွေရှာပြီး သေသေချာချာ ဖတ်စေချင်ပါတယ်။ နှမသားချင်း စာနာစေချင်ပါတယ် ကိုယ့်ညီမ ကိုယ့်အမ ကိုယ့်ချစ်သူ ကိုယ့် ဆွေမျိုးသားချင်းလို့ သဘောထားပြီး ကောင်းတဲ့ ဘက်က ပြောင်းမြင်စေချင်ပါတယ်။ မီဒီယာတွေက သတင်းကို ဘယ်တော့မှ မဖုံးထားပါဘူး တိတိကျကျပဲ ရေးတာပါ။ ကောင်မလေးနောက်ဆုံးတွေ့ခဲ့ တဲ့သူဟာ အဲဒီနိုင်ငံခြားသား ဖြစ်နေတာတော့ မှန်ပါတယ်။ ဒါကို ထောက်ပြပြီး နိုင်ငံခြားရောက် မြန်မာမတွေ အောက်ခြေလွတ်တယ် နိုင်ငံခြားသားဆို မငြင်းဘူး ခေါ်ရင်လိုက်တာပဲလို့ ပြောပြန်ပါတယ်။ ဒါကလဲ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်သွားတာပါ။ ကောင်မလေးက အဲဒီလူကို အပြတ်ငြင်းထားတယ်ဆိုတာကို တိတိကျကျ ပြောတဲ့သူက နည်းပါတယ်။ အဲဒီအချက်ကို မေ့ထားကြပါတယ်။ မိန်းကလေးတွေရဲ့ အားနည်းချက် က အလွန်အမင်းအားနာတတ်တာပါပဲ။ ပြီးတော့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေဆွေကို ဘယ်သူက ပစ်ပစ်ခါခါ ရိုင်းရိုင်း စိုင်းစိုင်းပြောချင်မလဲ။ အထိုက်အလျောက် ခေါ်ပြောနှုတ်ဆက်ရပါတယ်။ မိတ်မပျက်အောင် လူမှုရေး မပျက်ရအောင် မေးထူးခေါ်ပြော လုပ်ရပါတယ်။ ပြီးတော့ သေဆုံးသူက သမီးတစ်ယောက်မိခင် အိမ်ထောင်သည် မိဘကို လုပ်ကျွေးနေသူတစ်ယောက်။ မြန်မာ့ အိမ်ထောင်ရေး ထုံးစံကို သူနားလည်သလို သမီးတစ်ယောက် မိခင်တစ်ယောက် ဖြစ်တဲ့ အတွက် သူ့ကိုယ်သူ ဘယ်လို ထိန်းကျောင်းရမယ်ဆိုတာ သူကောင်းကောင်းသိခဲ့မှာပါ။ အခန့်မသင့်လို့ အကြောင်းမလှလို့ အသေဆိုးနဲ့သေခဲ့ သူကသေခဲ့ပြီးပါပြီ။ သူလောကကြီးမှာ မရှိတော့ပေမယ့် သူ့မိသားစု အသိုင်းအဝိုင်းရဲ့ နားတွေ မျက်စေ့တွေ အများကြီး ကျန်နေပါသေးတယ်။ သူတို့ရဲ့ သောကတွေ ကိုဘယ်လို စာနာနားလည်ပေးနိုင်မလဲ။ ဘယ်လို နှစ်သိမ့်ပေးနိုင်မလဲ အထူးသဖြင့် သေခြင်းမလှခဲ့တဲ့ သူ့ရဲ့ဘဝလေး မြန်မာ မိန်းမသားရဲ့ ဘဝလေး။ သူမကွယ်လွန်ခင် အချိန်ပိုင်းလေးမှာ သူ့အရှက်သူ့သိက္ခာအတွက် ဘယ်လောကတောင်ခံစားခဲ့ရမလဲ။ သူ့ရဲ့နောက်ဆုံးထွက်သက်မှာ ဘယ်လောက်အထိ နာကျင်ခံစားလိုက်ရမလဲ။ သူဘယ်လောက်တောင် ခုခံကာကွယ်ပြီးမှ အားမတန်လို့ မာန်လျှော့ခဲ့ရလဲ ဒါလေးတွေကို လူတိုင်း တွေးမိချင်မှတွေးမိမှာပါ။ အရှက်ရော အသက်ပါ တပြိုင်တည်း ဆုံးခဲ့ရတဲ့ အဖြစ်ကို ဘဝတူ မိန်းကလေးတွေကသာ စာနာနားလည်ပေးနိုင်မှာပါ။ ထပ်တူထပ်မျှခံစားနိုင်မှာပါ။ နိုင်ငံခြားမှာ မိန်းကလေးတွေတော်တော်များများ နိုင်ငံခြားသားတွေနဲ့ ရည်ငံနေတာ လူတိုင်းသိပါတယ်။ လူမှုရေးကိစ္စတွေ ဖြစ်နေလေတော့ ကာယကံရှင်တွေကို ဘယ်သူတွေက အမုန်းခံပြီးတားဖြစ်နိုင်မှာလဲ။ တားခဲ့ နိုင်တယ်ဆိုရင်တောင်မှာ ဘယ်နှစ်ယောက်ကို လိုက်ပြီး တားနိုင်မှာလဲ။ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ပါကုန်တာကို ထိုင်ကြည့်နေရတဲ့ ကိုယ့်ခံစားချက်ကို ကိုယ်တိုင်အသိဆုံးမို့ ပို့စ်တစ်ခုမှာတောင် ရေးဖြစ်ခဲ့ပါတယ်။ မြန်မာ မိန်းကလေးတစ်ယောက်ကို တပါးသူကိုပေးလိုက်ရတိုင်း ကိုယ့် ကိုယ်ထဲကသွေးတွေကို ဖောက်ထုတ်ပြီးပေးခဲ့ရသလို နာနာကျင်ကျင်ခံစားခဲ့ရပါတယ်။ အကြိမ်ကြိမ်တားခဲ့ဘူးသလို အကြိမ်ကြိမ်လဲ လူမုန်းခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် အမှန်တရားတွေ ဖြစ်နေပြန်တော့ လဲကိုယ့်သူငယ်ချင်းလေးတွေအတွက် ကိုယ်စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှ လုပ်လို့မရခဲ့ပါ။ အခုကိစ္စမှာတော့ အမှန်တဝက် အမှားတဝက် ဖြစ်နေတာကိုတွေ့ရပါတယ်။ ကိုယ်က စာနာပေမယ့် မစာမနာပြောနေကြတာတွေ ကြားတိုင်းလဲ အောင့်သက်သက်နဲ့ ခံစားရပါတယ်။ သူလေးရဲ့ နောက်ဆုံးအချိန်မှာ သူ့ရဲ့ အရှက်နဲ့ သိက္ခာပါမက သူ့မိသားစု အသိုင်းအဝိုင်းရဲ့ သိက္ခာတွေပါ ထိခိုက်ကုန်ပါတယ်။ လုံးဝမဖြစ်သင့်တာတွေ ဖြစ်ကုန်တာပါ။ မိန်းကလေးနဲ့ ယောက်ျားလေး ရရှိပိုင်ဆိုင်ထားတဲ့ အခွင့်အရေးချင်းက မတူပါဘူး ဘယ်လိုမှလဲ ယှဉ်လို့မရပါဘူး။ မိန်းကလေးမှာက ပင်ကို သဘာဝမှာကိုက အားနည်းပြီးသားပါ။ ယော်ကျားတွေကို ဖြေဖျော်ဖို့ သက်သက် လူဖြစ်လာတာ မဟုတ်ပေမယ့် မိန်းကလေးလဲ မိန်းကလေးအလျှောက် တန်ဘိုးတွေ သိက္ခာတွေ ရှိပါတယ်။ အားနည်းချက်တွေကို သိကြတဲ့သူတွေက အနိုင်လိုချင်ကြပါတယ်။ ပါးစပ်လေးနဲ့ပဲ ပြောရပြောရ ဘယ်လိုလေးပဲ ဝေဖန်ရ ဝေဖန်ရ ဝေဖန်ချင်ကြပါတယ် ပြောချင်ကြပါတယ်။ သံရုံးမရှိတဲ့ တိုင်းပြည်မှာ ရက်ရက်စက်စက် အသတ်ခံရသလို ဘုန်းကြီးမရှိတဲ့ အမျှပေးလို့မရတဲ့ တိုင်းပြည်မှာ ကွယ်လွန်ခဲ့တဲ့ သူမရဲ့ ဘဝနိဂုံးက လုံးဝမလှပခဲ့ပါဘူး။ အရှက် အသက် သိက္ခာ ဘာမှမကျန်အောင် ရင်းနှီးပေးဆပ်ရလောက်အောင် အတိတ်ကံ မကောင်းခဲ့သူလေးအတွက် နေ့စဉ်နဲ့အမျှ စာနာသနားနေမိပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ အသက်အရှက် သိက္ခာတွေကို ပုံတူ စာနာနားလည်သူတွေ တိုးပွားလာဖို့လဲ ဆုတောင်းမိပါတယ်။ သူတို့ ကုမ္ပဏီက တာဝန်ရှိသူတွေက သူ့အလောင်းကို ရန်ကုန်အရောက်ပြန်ပို့ပေးဖို့ စီစဉ်နေကြပါတယ် ။ သူတို့ HR ကလူကြီးတွေ ကိုယ်တိုင် မိသားစုကို ဖုန်းဆက်ပြီး အစစအရာရာ တာဝန်ယူကြောင်း ရန်ကုန်အရောက် လိုက်ပို့ပေးမယ့် အကြောင်း ပြောခဲ့ပါတယ်။ အမှန်တရားကို ဖော်ပြချင်လို့ သူ့ရဲ့ သူငယ်ချင်း ဖြစ်သလို ကိုယ့် သူငယ်ချင်းလဲ ဖြစ်တဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဘက် တစ်ယောက်ကို ဖုန်းဆက်မေးပြီးမှ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။ သူမရဲ့ အရိပ်ဆိုးကြီးကို လုံးဝ ဖျောက်လို့မရပေမယ့် ကျန်ရစ်တဲ့ မိသားစု ရဲ့ သိက္ခာကို အနည်းအကျဉ်းလောက် ဖြစ်ဖြစ် ပြန်ဆယ်ပေးချင်ပါတယ်။ ကျန်နေခဲ့တဲ့ မိသားစုအသိုင်းအဝိုင်းရဲ့ မျက်နှာ မိခင်မဲ့ခဲ့ရတဲ့ ခြောက်နှစ်သမီးလေး နဲ့ ဇနီးမယားကို ဆုံးရှုံးခဲ့ရတဲ့ ခင်ပွန်းတစ်ယောက်ရဲ့ သိက္ခာ ကိုလဲ ထည့်သွင်းပြီး စာနာပေးချင်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ Gulf News မှာဝင်ဖတ်လို့ရပါတယ်။


(mail က နေရလို့တင်ပြလိုက်တာပါ ။ ဒီဖြစ်ရပ်ကို ဖတ်ပြီ သူငယ်ချင်းတို့လဲ စာနာနားလည်မယ်လို့ထင်ပါတယ် )

Monday, February 23, 2009

တစ်ချိန်တုန်းက ပျော်စရာ ၊ အခုတော့ လွမ်းစရာ


၁၀တန်းအောင်ပြီး တက္ကသိုလ်ပထမနှစ် စတက်တဲ့ ၄ ၊ ၅ ရက်လောက်မှာပဲ ကျောင်းကားပေါ်မှာ
ကိုမိုးသောက်(english) ၊ ကိုမျိုးကို(english) ၊ ခင်သက်စံ(english) ၊ ခင်မို့မို့ဝင်း(english) ၊ သဇင်(IC Fool) ဆိုတဲ့ သူငယ်ချင်း ၅ယောက်နဲ့ အရမ်ချစ်တဲ့ သူငယ်ချင်း တွေဖြစ်ခဲ့ကြတယ် ။


ကျွန်မနဲ့က မေဂျာမတူတော့ နံနက်ကျောင်းကား အတူတူစီးပြီး ကျောင်းကန်တင်းမှာ မုန့်အတူတူစား နေ့လည်ဆို ကိုဆီသူလာ ကန်တင်းမှာထမင်းအတူတူစား ညနေပြန်တော့ ကျောင်းကားအတူတူစီးပြီး ပြန်ကြတယ် ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ကောက်လိုက် ပြန်ချော့လိုက်နဲ့ (ဟီး ! ကိုကပဲ စိတ်ကောက်တာ သူတို့က တစ်ခါမှ စိတ်မကောက်ဘူး ကျွန်မ ကိုပဲပြန်ချော့ နေရတာ သူတို့က )

သြော်. . . ဒါနဲ့မှတ်မှတ်ရရ ပြောပြရအုံးမယ် တိရစ္ဆာန်ရုံ နှစ်တစ်ရာပြည့် ကျွန်မရယ် သဇင်ရယ် ၊ ခင်မို့ရယ် ၊ ခင်သက်စံရယ် လေးယောက် သွားကြတာလေ ။ လေးယောက်စလုံး လိုင်းကားလဲ ကောင်းကောင်း မစီးတတ်ကြဘူး ဒါပေမယ့် လိုင်းကားပဲစီးပြီးသွားချင်တာလေ ဘယ်ရမလဲ........ ဟိုလူမေး ၊ ဒီလူမေးနဲ့ လိုင်းကားစီးပြီး သွားလိုက်ကြတာ တိရစ္ဆာန်ရုံေ ရာက်သွားလေရဲ့...... (ဟီး..ဟီး)
အမျိုးတွေကို လိုက်ကြည့်ကြတယ် ညနေစောင်းတော့ ပြန်ထွက်လာကြတယ် ။ ကားဂိတ်က ဘယ်နားမှာမှန်းလဲ မသိဘူးကြဘူး လမ်းလျှောက် ပြီးလာခဲ့ကြတာ ရွှေတီဂုံဘုရား ရောက်သွားကြလေရော.....လူတွေက လျှောက်ရတာ တော်တော်လဲညောင်းနေပြီ ဗိုက်ကလဲဆာတော့
တစ်ယောက်နဲ့ တစ်ယောက် Texi စီးရင် အကောင်းသားဆိုပြီး အပြစ်တင်ကြတာပေါ့ ဒီလိုနဲ့
တွေ့တဲ့ဆိုင်ဝင်ပြီး ထမင်းဖြူလေးပွဲ ၊ ရှောက်သီးသုပ် ၊ ခရမ်းချဉ်သီးသုပ် ၊ လ္ဘက်သုပ် တွေမှာပြီးစား
ဆွဲကြတာပေါ့ ။ စားပြီးတော့ ရှေ့နည်းနည်း ဆက်လျှောက်တော့ ကားမှတ်တိုင်တွေ့တယ် အဲဒီမှာပဲ ဘုရားနဲ့ မြေနီကုန်ဆွဲတဲ့ (၃) ကားစီးပြီးတော့ အိမ်ပြန်ခဲ့ကြရတယ် ။


ခုတော့ အရင်ကအတူပျော်ခဲ့ တာတွေကို ပြန်စဉ်းစားမိတိုင်း လွမ်းစရာ အဖြစ်လေးတွေ အဖြစ်သတိရနေမိတယ် သူငယ်ချင်းတို့ရေ . . . . .

ကိုဝင်းဇော်ရေ.....Tag လေးကိုဖြေပေးလိုက်ပြီနော်...
ဒီထက်လဲ ဆက်မရေး တတ်တော့လို့ပါ ။
ကောင်းမကောင်း ကိုဖတ်လိုက်ပါအုံးနော် . . . .