Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot
Showing posts with label ဆက်ရန်ရှိသည်။. Show all posts
Showing posts with label ဆက်ရန်ရှိသည်။. Show all posts

Monday, March 23, 2009



တိုသောလက်သည်းရှိသူများ



ကံကြမ္မာကို လွန်စွာယုံကြည်တတ်ပြီး ထိုးထွင်းဥာဏ်နှင့် စွမ်းဆောင်နိုင်သည့် အရည်အချင်းများ ရှိတတ်သည် ။ သို့ရာတွင် အမျိုးအစား ညံ့ဖျင်းသည့် လက်ပုံသပုံသဏ္ဌာန်ရှိသူ ဖြစ်ပါက မိုက်မဲသော ပြစ်မှုများကို ကျူးလွန်တတ်သူများဖြစ်သည် ။ ယင်းကဲ့သို့သော လက်သည်းရှိပြီး လက်မမှာလည်း တင်းပုတ်သမားလက် ဖြစ်နေပါက အလွန်ရန်လိုတတ်သူဖြစ်ပြီ မိုက်မဲသော အကျင့်အကြံ အပြုအမူ ရှိသူဖြစ်သည် ။ ယင်းကဲ့သို့သော လက်သည်းနှင့် ပျော့ပျောင်းသော လက်ဝါးရှိသူဖြစ်ပါက ကြံ့ခိုင်သော စိတ်ဓာတ်နှင့် အလုပ်လုပ်ကိုင်ရာ စကားပြောဆိုရာတို့တွင် လွန်စွာခေါင်းမာသူများဖြစ်သည် ။


လက်ခလယ် လက်သည်းတိုသူများ


လက်ခလယ် လက်သည်းမှလွဲပြီ ကျန်လက်သည်းများ ဗာဒံသီးပုံသဏ္ဌာန် ဖြစ်နေပါက စိတ်ထားအလွန်ဆိုး စိတ်ဆိုးလွယ်သူ ဖြစ်တတ်သည် ။ သို့ရာတွင် တစ်ခါတစ်ရံ တစ်ဖတ်သားအပေါ် လွန်စွာညှာတာထောက်ထား ကိုယ်ချင်းစာနာစိတ် ရှိသူများလည်ဖြစ်သည် ။


လက်သည်းတိုပြီးအရောင်အသွေးဖျော့သူ


ယင်းသို့သော လက်သည်းရှိသူသည် စိတ်ထားများချို့ယွင်းတတ်ကြသည်။

လက်သည်းတိုပြီးနီသူ


ထိုကဲ့သို့သော လက်သည်းရှိသူသည် လွန်စွာစိတ်ဆိုးမြန်သူ ၊ စိတ်ဆတ်သူဖြစ်သည်။

လက်သည်းတိုပြီးလေးထောင့်ပုံကျ ၊ အရောင်ပြာသူ

ထိုကဲ့သို့သော လက်သည်းရှိသူသည် နှလုံးရောဂါခံစားရသူ၊ နှလုံးရောဂါရှိသူဖြစ်သည်။

လက်သည်းတိုပြီးအရင်းပိုင်းလေးထောင့်ကျသူ

ထိုကဲ့သို့သော လက်သည်းရှိသူသည် ဒေါသကို မချုပ်တည်းနိုင်သူများဖြစ်သည်။

လက်သည်းတိုပြီးတြိဂံဖြစ်နေသူ

ထိုကဲ့သို့သော လက်သည်းရှိသူသည် သွက်ချာပါဒခေါ် လေငန်းရောဂါဖြစ်ပွားခံစားနေရသူများဖြစ်သည်။

လက်သည်းတိုပြီးကျဉ်းမြောင်းကွေ့ကောက်ခြင်းရှိသူ

ထိုကဲ့သို့သော လက်သည်းရှိသူသည် ကျောရိုးပိုင်းနှင့် ဆိုင်သောနေရာတို့တွင် ရော၈ါအနာတရများ ဖြစ်ပွားတတ်သည်။

လက်သည်းရှည်လျားပြီးပါးလွှာခြင်းရှိသူ

ထိုကဲ့သို့သော လက်သည်းပိုင်ရှင်သည် လည်ချောင်းရောဂါနှင့် အသက်ရှူကျပ်ရောဂါ ၊ မောပန်းသည့်ရောဂါများ ဖြစ်ပွားခံစားရတတ်သည်။

လက်သည်းရှည်ပြီးကွေ့ကောက်ကာထူနေခြင်းရှိသူ



ထိုကဲ့သို့သော လက်သည်းပိုင်ရှင်သည် အချစ်ရေးတွင် အဆင်းမပြေခြင်း ပေါင်းသင်းဆက်ဆံရေးတို့တွင်လည်း လွန်စွာညံ့ဖျင်းသူများဖြစ်သည်။


လက်သည်းပေါ်တွင်အစင်းကြောင်းများရှိသူ

ထိုကဲ့သို့သော လက်သည်းပိုင်ရှင်သည် ခြုံးခြေံစွာကျင့်သုံးနိုင်သူဖြစ်ခြင်း ၊ သူရဲဘောကြောင်သော စိတ်ထားရှိတစ်ခါတစ်ရံတွင် အမျှာ်လင့်ဘဲ ထိုးတင်လိုက်သကဲ့သို့အောင်မြင်မှုရတတ်သည်။