Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Tuesday, December 30, 2008

လယ်ယာဦးကြီးတို့ မိုးလေ၀သသင်္ကေတ




ကျေးလက် တောရွာများတွင် ရာသီဥတု အခြေအနေကို မိုးရွာ မရွာကို ၊ လေကြီးမိုးကြီး ကျမကျကို
သဘာဝကပေးသော သစ်ပင် ၊ ပန်း ၊ သတ္တ၀ါ အစရှိသော သတ်ရှိသတ်မဲ့များ ကြည့်ပြီး မိုးလေ၀သသင်္ကေတ
ကိုခန့်မှန်းကြပါတယ် ။

လေမိုးသီးနှံကောင်းမကောင်းသင်္ကေတ

၁ ။ ရှားပင်ကို သင်္ကြန်ကျသည့်နေ့ တစ်ထစ်ဆီထစ်ထားပါ ၊ ပထမ မှတ်သည့်အရာ အရည်ထွက် အစေးများလျှင် မိုးဦးကောင်းမည် ။ အရည်နည်းလျှင်
မိုးနည်းလျှင်မည် ။ အရေမရှိလျှင် မိုးမကောင်း။ မိုးမကောင်း ။ မှတ်ထားသည့် အတစ်၃ထစ်ကိုကြည့်ကာ မိုးဦး ၊ မိုးလယ် ၊ မိုးနှောင်း မှတ်ရသည် ။

၂ ။
သင်္ကြန်ကျသည့်နေ့ အိမ်ကြက် အရင်တွန်လျှင် မိုးဦးကောင်းမည် ။ တောကြက် အရင်တွန်လျှင် မိုးနှောင်းကောင်းမည် ။ အိမ်ကြက်တာကြက် အပြိုင်တွန်လျှင် မိုးလယ်ကောင်းမည် ။

၃ ။ မိုးဦး လခွဲ
သင်္ကြန်ကျပြီးသည့် နောက်ရွာသည့် မိုးရေကို လျှာနှင့်တို့ပြီး စမ်းကြည့်ပါ ။ ခါးလျှင်
ပိုးမွှားကျမည် ။ ချိုလျှင် သီးနှံကောင်းမည် ။

၃ ။ ပုဇွန်များ ကုန်းမြင့်တွင် ကျင်းလုပ်လျှင် ရေကြီးမည် နိမ့်လျှင် ရေနည်းမည် ။

၎ ။ ကျီးသိုက်မြင့်လျှင် လေနည်းမည်
ကျီးသိုက်နိမ့်လျှင် လေထန်မည် ။

၅ ။ ဗီလုံးငှက်ကျင်းတွင်ဥ ဥလျှင်
မိုးကောင်းမည် ၊ ကုန်းတွင် ဥလျှင် မိုးမကောင်း ။

၆ ။
ပုဇွန်တွင်းဝမြောက်သို့ပြုလျှင် လေထန်သည် ။ တွင်းဝတောင်သို့ပြုလျှင် မိုးကောင်းမည် ။


No comments: