Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Saturday, February 14, 2009

ရင်ခွင်မဲ့တဲ့ နှလုံးသား



ရင်ခွင်မဲ့တဲ့ နှလုံးသား

နွေးထွေးယုယတဲ့ မင်းရဲ့

ချစ်ခြင်းတွေကို မျှော်လင့်ရင်း

ညတွေမှာ အိပ်မက်တစ္ဆေရဲ့

လှောင်ပြောင်မှုတွေကို

ဥပေက္ခာပြုလို့ ရူးသွပ်စွာ

တမ်းတ နေမိဆဲပါ..

မင်းကို မြင်တွေ့တဲ့ အချိန်တိုင်း

ခမ်းနားတဲ့ ရင်ခုန်သံတွေကို

သံစဉ်လုပ်လို့

အဆွေးသီချင်းတွေကိုသာ

ညည်းဆိုနေမိဆဲပါ..

တကယ်လို့များ

ကိုယ့်ရင်ထဲက အချစ်တွေကို

မင်းသိအောင် ပြခွင့်ရမယ်ဆိုရင်

မင်းအနားက မခွဲတမ်းသက်ဆုံးတိုင်

ကြင်နာပြ လိုက်ချင်ပါရဲ့

1 comment:

Anonymous said...

ကဲ... အဲဒီလောက် မခွဲတမ်းသက်ဆုံးတိုင် ကြင်နာချင်တယ်ဆိုလဲ လာခဲ့ဗျာ နောက်မှ ကြောက်ပါပြီဆိုပြီးအော်မပြေးနဲ့နော် ဟီး