Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Saturday, February 7, 2009

တောင်းပန်လွှာ

မောင် မိုးသည်း ပြောတာမှန်ပါတယ် post new နဲ့ တောင်းပန်သင့်တယ်ဆိုတာကိုပေါ့ ။ အခုလိုကျွန်မ blogspot ကို စောင့်ကြည့်ပြီး မသိတာကို ပြောပြပေးတာ ကိုကျေးဇူးတင်ပါတယ် ။ ဒီpost ကိုရေးတဲ့ မှုရင်စာရေးသူကို သေချာမသိပါဘူး။ မမဆိုတဲ့ blogspotမှာလဲ တောင်းပန်ထားပါတယ်။
တစ်ခုသိခြင်းတာက
မောင် မိုးသည်း က အခုလိုလာသတိပေးပြောဆိုနေပေမဲ့ မှုရင်စာရေးသူကတော့
အခုထိ လာပြီး ဘာမှကို ပြောဆိုဝေဖန်ခြင်း ၊ဘယ်လိုလုပ်သင့်ကြောင်း မပြောဆိုတာကတော့ တော်တော်ကိုထူးဆန်နေပါတယ် ။ထားပါတော့လေး ဘာဘယ်ဖြစ်ဖြစ် ဒီ
postနဲ့ပတ်သတ်ပြီး မမblogspot အားလုံးကိုဒီနေရာကနေ တောင်းပန်ပါတယ်ရှင်။

- - - - - - - - - ။ - - - - - - -- - - - -

http://www.blogger.com/post-create.g?blogID=6111997199909931146 ကပြောသလိုပဲ
ခိုးကူးတယ်လို ပြေလို့ရပါတာ။ တစ်ချား blogspotမှာ ရှိမှန်မသိလို့ ၊ မသိသေးတဲ့ သူတွေသိရအောင်လို ကိုယ်ကိုတိုင်းလည်း အခုမှသိတာကြောင့် ၊ မသိသေးတဲ့ သူငယ်ချင်းတွေသိရပါစေလို စေတနာနဲ့တင်တာပါ။ ဒါကို ခိုးတယ်လို ပြောလဲ နောက်ထက်လဲ မဖြေရှင်တဲ့တော့ပါဘူး။နောက်တစ်ခုကတော့ ( ဘိုကတော်ဖြစ်ချင်ရင်မြန်မြန်လာ ၊ နောက်ကျသွားရင်နတ်ကတော်နဲ့ညားလိမ့်မယ် ၊ ဘိုကတော်ဖြစ်ချင်တာနဲ့စစ်တပ်လို ခိုးတဲ့အကျင့် ကျင့်နေတာလားကွယ် ၊ လှူကြဦးမလား…ရှင့် ဆိုတဲ့ပို့စ်က ခိုးပိုစ့် ကြီး .ဟုတ်တယ်ဟုတ်) ဆိုပြီး ရေးသင့်ပါသလား ဘာကြောင့်ဒီလိုလာပြောရပါသလဲ ဘာအကြောင်းပြချက်နဲ့ရေးပါသလဲ ။ ကျွန်မ blogspot ဟာ နိုင်ငံရေး blogspotမဟုတ်သလို အစိုးရဘက်ကလိုက် blogspotလဲမဟုတ်ပါဘူး ။
ဒီလိုပြောတာဟာ တဖတ်မိန်းကလေးကို အရှက်ကွဲခြင်း ၊ နာမည်ဖျက်ခြင်း ၊ သိက္ခာကိုချတာလိုယူဆပါတယ် ။
ကျွန်မကို ဒီလိုရေးလိုက်လို့ MYANMAR R-MY ရဲ့သိက္ခာ ၊ ကိုယ်သိက္ခာကို ကိုယ်ဘာသာ ကိုယ်ချ သလိုဖြစ်နေတာကိုရော သိပါသလား ။ နှမချင်းကိုယ်ချင်းစားစေခြင်း ။


ကျွန်မ နာမည်နဲ့ blogspot ကိုသုံးပြီး ရေးထားတာလဲတွေ့ရပါတယ် ။ ( မနာလိုမဖြစ်ပါနဲက ကျမကစစ်ဘိုလွဲပြီး ဘယ်သူမှမဟူဘူး ၊ စစ်ဘိုဆိုတာပခုံးကောင်းတဲ့နွားတွေလေ ၊ ရှင်တို့မလုပ်နိုင်တာကို DSA ဆင်း စစ်ငနွားလေးတွေ လုပ်နိုင်တယ် ရှင်တို့ သူတို့လို လှည်းကျိုး ထမ်းနိုင်လို့လား ) ဆိုပြီး တွေ့ရပါတယ် ဘယ်သူရေးပါတယ်ဆိုတာကိုတော့ မသိပါဘူး။ ကျွန်မနာမည်နဲ့ ကျွန်မကိုရေးတာဟာ အရှက်မရှိလိုရေးတာလိုသတ်ပါတယ် ။ ကိုယ်ကိုမလုံး လို့ လိုသတ်မှတ်ပါတယ်။ ကျွန်မကိုဒီလိုရေးတာ ကျွန်မကိုကျွန်မကို ရှက်စရာမလိုပါဘူး ။ ရေးတဲ့သူသာရှက်ရမှာပါ ။ ကိုယ်ကိုမလုံးရင် ကိုယ်နာမည် gmail (or) blogspot ၁ခုခုနဲ့ရေးပါ ။


ထားပါတော့ အားလုံးကို တောင်းပန်ပါတယ် ။ ကျေးဇူးလဲတင်ပါတယ်ရှင် ။

2 comments:

နိုင်ကို said...

ဟူး
ကောင်းကင်ဖြူ ကိုဘယ်လိုရှင်းပြရမှန်းတောင် မသိဘူးဗျာ
ဘလော့လောကမှာ ဒီလိုသူများနာမည်ကို သုံးပြီးတော့ ရန်တိုက်ပေးနေတာ ကောင်းကင်ဖြူလည်း သိမှာပါ..ကျွန်တော် မိန်းကလေးတစ်ယောက်ကို အဲဒီလိုရေးပါ့မလား..၀ကေ.ကောင်းပြီ ကျွန်တော် ကောင်းကင်ဖြူရဲ့ ဂျီမေးလ်ကို အပ်လိုက်ပါ့မယ်...ကောင်းကင်ဖြူရဲ့ပို့စ်တွေကို ကျွန်တော် တကယ်ဖတ်တောင်မဖတ်ကြည့်မိပါဘူးဗျာ..တစ်ခါလားပဲ
ကျွန်တော်လာလည်တာပဲရှိပါတယ်..ကျွန်တော် ဘလော့မှာ အဲဒီလိုပဲ နိင်ငံရေးသမားတွေက လာလာပြီးတော့ ဆဲဆဲနေလို့ ကျွန်တော် မိန်းကလေးအချို့ဘလော့ကိုသွားရင်လည်း ကျွန်တော့်စီဘောက်စ်ကို မကြည့်ဖို့ပြောခဲ့ပါတယ်...ကောင်းကင်ဖြူ ပြောနေတဲ့ဟာတွေလည်း ကျွန်တော် တကယ်မသိသလို ကျွန်တော် အဲဒီလိုရေးဖို့ စိတ်ကူးတောင်မရှိပါဘူး...ကောင်းကင်ဖြူ နောက်ကျရင် ဘလော့လောက အကြောင်းကို နားလည်သွားမှာပါ...ကျွန်တော်က အခုမှဘလော့ရေးတာမှန်ပေမယ့် ဘလော့စာဖတ်ပရိတ်သတ်အနေနဲ့ နေလာခဲ့တာ ကြာပါပြီ..ဘလော့လောက မောင်နှမတွေ အမြဲတမ်းပြသာနာဖြစ်အောင် သူတို့တွေရဲ့ ၀က်ဆိုဒ်နာမည်တွေနဲ့လိုက်ပြီးတော့ အဲဒီလိုပဲ စီဘောက်တွေမှာ ပေါက်ကရတွေရေးလို့ ပြသာနာတတ်ပေါင်းမနည်းတဲ့ ဘလော့တွေ ကောင်းကင်ဖြူသိမှာပါ...ကျွန်တော်လည်း အထွေထူးမပြောတော့ပါဘူး...ဂျီမေးလ်မှာပဲ ပြောကြမှာလေ...အဲဒီအတွက် ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့...ဘလော့လောကမှာ ညီမရဲ့ ပထမဆုံး အတွေ့အကြုံလို့ပဲထားလိုက်ပါ....

နိုင်ကို said...

သြော် မေ့နေလို့ ကောင်းကင်ဖြူ
ကောင်းကင်ဖြူ စီဘောက်စ်ထဲမှာ ကျွန်တော်လိပ်စာနဲ့ လာရေးနေတဲ့သူရဲ့ IP address ကို ကြည့်လိုက်လေ.ဘယ်ကလည်းဆိုတာ သိတာပေါ့..ညီမ စီဘောက်စ်ကနေ သွားကြည့်လိုက်လေ.မကြည့်တတ်ဘူးဆိုရင် သိကျွမ်းတဲ့သူတစ်ယောက်ကိုမေးကြည့်လိုက်ပါ...