
ဆောင်းတစ်ညရဲ့
အလွမ်းတွေကို တင်ပြမလို့ ပါ ချစ်သူ။...။
အရင်ဆုံး......
(နွေးထွေးစွာအိပ်ပျော်ပါစေချစ်သူ)
ထားရာနေစေရာသွား
မင်းတစ်ယောက်နားက
အရိပ်တမျှအသက်မကပါ . . . (...) ။
ဆောင်းချစ်သူမို့ 
နှင်းမကြောက်ပေမယ့်
မင်းတစ်ယောက်မုန်းသွားရင်
လူ့ဘ၀ထဲကရုန်းသွားချင်သူပါ . . (...) ။
မင်းအသံတွေကြားနေရတိုင်း
နားထဲမှာ နှင်းတမျှ အေးခဲရပါတယ် . . . (...) ။
ဆောင်းတွင်းညတွေ
အိပ်မရတိုင်း
မင်းချော့သိပ်မယ့် သီချင်းတစ်ပုဒ်က
ိုကြယ်စင်ကြွေတိုင်း
ဆုတောင်းနေရပါတယ် . . . (...) ။
No comments:
Post a Comment