Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Monday, February 2, 2009

Shopping ထွက်တတ်တဲ့ အစ်မတွေ ညီမတွေ သတိထားကြပါ။

Saturday, January 24, 2009

အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ဒီနေ့ ကြားသိခဲ့ရပါတယ်။ကျွန်တော့် ဆီ ရန်ကုန် က သူငယ်ချင်းတစ်ယောက် mail ပို့ လာလို့ ။

ကျွန်တော့် သူငယ်ချင်း က သူ့ အစ်မ ရင်ဆိုင် ကြုံတွေ့ ခဲ့တာတွေကိုကျွန်တော့ ကိုပြောပြတယ်
ဘလောက်မှာတင်ပြီး အသိပေးပေးဖို့ ကိုလည်း ကျွန်တော့်ကို တောင်းဆိုတယ်လေ။ဖြစ်ပုံက ဒီလို........တဲ့
ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့
ဒီလိုပြောပါတယ်သူ့သူငယ်ချင်း ပလာဇာမှာ အင်္ကျီသွားဝယ်တုန်းက အဝတ်လဲခန်းမှာ
အဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာ
camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက်ပြီးတော့ forum တွေမှာတင်
ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆိုတခြားလူတွေပါ မျှတတ်တဲ့အကျင့်
ဖုန်းထဲမှာပုံတွေထည့်ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး
ပုံတွေကို share လုပ်ကြပုံတွေကြည့်ပြီးပုံထဲက တစ်ယောက်ကို အပြင်မှာ မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ
စဉ်းစားကြည့်ဗျာ အခုတစ်ယောက်က ဆေးကျောင်းကဆရာဝန်ဖြစ်မယ့်သူ
အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထားဓာတ်ပုံထဲမှာတော့ background အဖြူကြီးနဲ့ပေါ့
မသိရင် မကောင်းတာလုပ်စားနေတဲ့ မိန်းကလေးဈေးခေါ်တာ ကျနေတာပဲ
တော်တော်မိုက်ရိုင်းတဲ့ကောင်တွေမြန်မာအချင်းချင်းဗျာ
အဲလို လူမဆန်တာတော့ မကောင်းဘူး

ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ။ခင်ဗျားတို့ညီမ
အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး
ခင်ဗျားတို့ ကောင်မလေး
ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ်
အဲလို လူမဆန်ပဲကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး

နောက်ပြီး ဆိုင်ရှင်တွေ ခင်ဗျားတို့ကောဘာကြောင့် လူမဆန်တာလဲခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား
ဝယ်သူကိုလေးစားပေါ့ဗျာ။ခင်ဗျားတို့ ပိုက်ဆံရတယ် အဲလိုမျိုး camera လာတတ်ထားတဲ့ကောင်တွေက
ခင်ဗျားတို့ကို ၁ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ်ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး
ကျွန်တော် ထပ်ပြောမယ်
ခင်ဗျားတို့ ကောင်မလေး
ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ...?
နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင်သားသမီးတွေ...?
အရင်ကဆို အဲလိုမျိုး ပုံတွေနဲ့ မိကောင်းဖခင်သားသမီးတွေကို
ငွေညှစ်၊ဖျက်စီးခဲ့တဲ့ အဖြစ်တွေရှိတယ်။ကျွန်တော်သိတယ် မပြောချင်ဘူး
ပြောလို့လည်းမကောင်းဘူး။နောက်ပြီး ကျွန်တော့်မှာ သက်သေလည်းမရှိဘူး။
ဘာပဲ ပြောပြော ကိုယ်ချင်းစာတရားမျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက် ထည့်ကြပါ

အစ်မတွေ ညီမတွေ က လည်းအင်္ကျီ ဝယ်တဲ့အခါ သတိထားပါ
အပေါ်ကနေပဲ ထပ်ဝတ်ကြပါအဲလိုပဲ တခြား စကပ်တို့ ဘောင်းဘီတို့ဝယ်လည်း သတိထားပေါ့
မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီးလုပ်စားနေတဲ့ကောင်တွေ ရှိတယ်

အစ်မကမေးတယ်ဘယ်လိုလုပ်သင့်လဲဆိုတော့
ကျွန်တော်က ပြောလိုက်တယ်
တရားစွဲပေါ့
တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ
တစ်ရှက်ကနေ နှစ်ရှက်ထက်တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ်
အဲလိုပဲ ပြောလိုက်တယ်အစ်မလည်း ပြန်ရောက်ကတည်းက
ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာဆဲလို့ဘာလုပ်လို့ရမှာလဲ
ဒါကြောင့် ငါလည်း ဒီစာလေးကို နိုင်ငံခြားမှာ
BLOG တစ်ခုကို ရင်ထဲက ကိုယ်ပိုင် ခံစားချက်တွေ အားလုံးကို လွတ်လွတ်လပ်လပ်
အနှောက်အယှက်ကင်းကင်း ရေးသားနိုင်ခွင့်ရတဲ့ သူငယ်ချင်းမင်းဆီကိုပဲရေးပို့ လိုက်တယ်ကွာ
မင်း BLOG မှာလည်း ဒီအကြောင်းရာတွေ ဖော်ပြပေးစေချင်တယ် သူငယ်ချင်းရေ။

ဒီ POST ကို COPY လုပ်၍ FWRD MAIL ဖြစ်စေ၊
မိမိတို့ ရဲ့ BLOG များတွင် ကူးယူ တင်ပြ၍ ဖြစ်စေ၊
သင့်၏ ပတ်ဝန်းကျင်မှ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကို အသိပေးနှိုးဆော်ပေးခြင်းဖြင့်
ယဉ်ကျေးသိမ်မွေ့ မှူ့ ဆိုတဲ့ ကျွန်တော်တို့  မြန်မာမိန်းကလေးများရဲ့ချစ်မြတ်နိုးစရာ စရိုက်လေးတွေနဲ့ ကမ္ဘာပေါ်မှာ ပြိုင်စံရှား အရမ်းကို
အရှက်အကြောက် ကြီးမားတတ်ကြတဲ့မြန်မာ့အမျိုးကောင်း သမီး ရတနာလေးများရဲ့ အရှက်နဲ့ သိက္ခာတို့ ကို
လူမဆန်စွာယုတ်မာရိုင်းစိုင်းနေကြပြီး ကိုယ်ချင်းစာတရား နဲမျိုးချစ်စိတ်ဓာတ်တွေကင်းမဲ့နေကြတဲ့ သူတွေရဲ့ လုပ်ရပ်တွေမှ မိမိတို
့တတ်အားသ၍ ၀ိုင်းဝန်းကာကွယ် ပေးစေလိုပါကြောင်းကျွန်တော် က မိတ်ဆွေများအားလုံးကို တောင်းဆိုလိုက်ပါရစေဗျာ။

အစ်မတွေ ညီမတွေ အားလုံးကလည်းကိုယ့်အန္တာရာယ်ကိုကိုယ် ဂရုတစိုက်နဲ့ သတိထားရင်း
ဈေးဝယ်ထွက်ကြပါလို့ကျွန်တော် ထပ်ပြီး သတိပေးလိုက်ပါတယ်
သီရိ(SG)ပေးပို့သောအီးမေးလ် သတင်းတပုဒ်ဖြစ်သည်။ပေးပို့သည့် အတိုင်းဖေါ်ပြရ၍(ခင်ဗျားတို့......) (ခင်ဗျားတို့......)ဆိုသည့်အရေးအသားကိုတော့နားလည်ပေးကြပါရန်။ ။
Original Post


ဒီသတိပေးစာလေကိုယ် အစ်ကိုတစ်ယောက် ပို့ပေးတာပါ ။ ဖတ်ပြီတော့ ဒီလို့ကောင်တွေကို တောတောလေးကို အန်ခြင်းစရာကောင်ပါတယ် ။ နေမကောင်းလို့ အေးဆေးနေရမလားလို့ mail ၀င်စစ်ပြီးဒေါသတွတ်ရပါတယ် ။ မိန်းကလေးတွေ သတိထားစေချင်ပါလို့ ထပ်တင်လိုက်တာပါ ။ စာကိုလည်း မူရင်တိုင်ပဲတင်ပေးလိုက်ပါတယ် ။ သူငယ်ချင်းများလဲ မိမိ blogspot မှလဲဒါလေးကိုတင်ပြီး
သတိပေး ပေးကြပါလို့ မတ္တာရပ်ခံပါတယ်ရှင် ။

5 comments:

အရုပ်ကလေး said...

သိကြားတာတော့ ကြာပြီ ..။
အဲလိုမျိုးတွေ ဖြစ်ပျက်နေကြတာ အားလုံး သတိလေးနဲ့
နေဖို့လိုအပ်လှပါပြီ ..။

ခင်မင်ရသော မောင်နှမများ အားလုံးကိုလည်း ပြောပြပေးလိုက်ပါမည် ..။

Anonymous said...

လုပ်သင့်တယ်ဗျာ။တရားစွဲသင့်တယ်။ ဘာသဘောနဲ့များ
ဒါကိုလုပ်ကြတာလဲ မသိဘူးနော်။စဉ်းစရာပါပဲ အံ့သြဖို့လဲ အလွန်ကောင်းတယ်ဗျာ။အဲဒီလောက်ကြည့်
ချင်ရင် ကြည့်လို့ရတဲ့ဆိုဒ်တွေ အများကြီးပါဗျာ။ကြည့်ပါ
လေ့။ခုတော့ဗျာ......

Welcome said...

ကျွန်တော်လည်း DVD တစ်ချပ် ရထားတယ်။ ဗမာမလေးတွေရဲ့ မလုံမခြုံပုံတွေကို ခိုးရိုက်ထားတဲ့ ပုံတွေ ရုပ်ရှင်တွေပါ။ နောက် ပန်းခြံထဲက အတွဲတွေ ခိုးရိုက်ထားတာ။
စိတ်မကောင်းစရာပါပဲ။ ဒီလို portable devices ပစ္စည်းတွေပေါလာတော့ လုံခြုံမှုဆိုတာ သံသယ ဖြစ်လာပါတယ်။ ကောင်းတဲ့နေရာမှာ သုံးရင် အကျိုးကျေးဇူးရစေပေမယ့်။ ခုလို မသမာတဲ့နေရာမှာ အသုံးပြုတဲ့အတွက် သွားသတိ၊ စားသတိနဲ့ နေသင့်ပြီ ထင်ပါတယ်။

ကောင်းကင်ဖြူ said...

ဟုပ်ပါတယ် ။ အခုလိုလုပ်တာဟာ တဖတ်မိန်းကလေးရဲ့ ရှေဆက်ရမဲ့ အနာဂတ်ကို ဖျတ်ဆီးလိုက်တာပါပဲ ။ လက်တလောကိုယ် ဖြစ်ခြင်းတဲ့ အာသီးသကိုဖြည့်ဆီးပို့ လုပ်လိုက်ခြင်းဟာ တပါးသူရဲ့ ဘ၀မှာအရှက်ရ ပါတယ် ။ နာမည်ပျက်ပါတယ် ၊ ဒီလိုပါပဲ မိမိသက္ခာ ကိုယ်မိဘ သက္ခာ ကိုကျဆင်းတာကိုမသိဘူးလေ ။ မြန်မာမိန်းကလေးတစ်ယောက်ဟာ မကောင်းတဲ့ မိန်းမတစ်ယောက်ဖြစ်သွားတာရင်နာတယ် ။ငခုံမတစ်ကောင်းကြောင့် တစ်လှေလုံးပုပ်ပါပြီးရှင် ။

WWKM said...

အဲဒီလိုတွေလဲရှိတာပဲနော် ညီမလေး ။
မောင်နှမချင်းမစာမနာ တော်တော်ဆိုးတဲ့သူတွေပဲနော်။
ဒီလိုပို့စ်လေးနဲ့ ဖော်ပြပေးတော့ ဖတ်တဲ့သူတွေသိပြီး
လက်ဆင့်ကမ်းပြောနိုင်တာပေါ့ညီမလေးရယ်။
ကျေးဇူးပါနော်။