
နွေဦးလမှာ မြေလူးခတဲ့ရွက်ခြောက်လိုပါပဲ
နင် . . . ခြွေခူးချခဲ့တာက ငါ.အသည်း ။ ။
မိုးရေစက်ကြားမှာ အငြိုးပြေပျက်မလားရယ်လို့
ကျိုးကြေပျက်ခဲ့တာက .... ငါ့မျော်လင့်ချက် ။ ။
ဒီဇင်ဘာရဲ့နှင်းတွေနဲ့အတူ
ကြည်လင်လာမလားလို့
ငါ့အနာဂါတ်ကို
ပီပြင်မလာနိုင်တဲ့စိတ်ကူးတွေနဲ့
ယောင်တောင်တောင်
မိုးလင်းခဲ့တာကငါ့ရဲ့ညတွေ ။ ။
သုံးလီသောရာသီမှာ
တောင်းခဲ့သမျှဆုတွေက ပောာင်းနွမ်းပြီဖြစ်တဲ့
"ပြန်ချစ်ပါစေ"
ဆိုတဲ.ဆု ဖြစ်ခဲ့ပေမယ့် .....
နင့်အတွက်မြားတစ်ချောင်းကိုတော့
မြားနတ်မောင်ကမေ့နေတယ် ထင်ပါရဲ့လေ ။ ။
No comments:
Post a Comment