Thursday, February 26, 2009
စီးပွားရေးကြပ်တည်း၍အိမ်ရှိအရွယ်ရောက်သူအားလုံးအလုပ်ထွက်လုပ်မှထမင်းနပ်မှန်အောင်စား နိုင်သောခေတ်ကြီးတွင်မိမိဘ၀တိုးတက်ကောင်းမွန်ရေး၊လစာအခွင်.အရေးပိုမိုကောင်းမွန်သောနိုင် ငံရပ်ခြားသို.ပါလူငယ်လူရွယ်များထွက်လာ၍အလုပ်လုပ်ကြရသည်။ထိုသို.ထွက်ခွာလာကာရေကြည် ရာမျက်နုရာရှာဖွေကြသူများတွင်မြန်မာအမျိုးသမီးငယ်များလည်းပါလာကြရသည်။ အထူးသဖြင်.နိုင်ငံရပ်ခြားတွင်မိဝေးဖဝေးဖြင်.စွန်.စားကာလာရောက်အလုပ်လုပ်နေကြသည်.မိန်းက လေးတို.အဖို.လုပ်ငန်းခွင်အခက်အခဲများအပြင်ပတ်ဝန်းကျင်အသစ်နှင်.ထိတွေ.ဆက်ဆံရသည်မို.မိ မိ၏ပုဂ္ဂလိကအဆင်ပြေကျန်းမာရေး၊ဘေးအန္တရယ်များမှကင်းဝေးလုံခြုံရေး၊ကိုယ်ကျင်.သိက္ခာမထိခိုက် ရေးတို.အပြင်ပြည်ပရောက်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးသည်မိမိနိုင်ငံကိုကိုယ်စားပြုသည်မို.မိမိ တို.၏အပြုအမူများကမိမိတစ်ဦးချင်း၊မိမိ၏မိသားစုတင်မကမိမိနိုင်ငံ၏ဂုဏ်သိက္ခာကိုပါမြင်.တင်စေနိုင် ထိခိုက်စေနိုင်သည်မို.အထူးသတိပြုသင်.ပေသည်။ အထူးသဖြင်.မြန်မာအမျိုးသမီးများအနေဖြင်.မွတ်ဆလင်အမျိုးသားများသိန်းနှင်.ချီ၍အလုပ်လာရောက် လုပ်ကိုင်နေသည်.အရှေ.အလယ်ပိုင်းဒေသနိုင်ငံဖြစ်သောယူအေအီနိုင်ငံဒူဘိုင်းတွင်ပို၍သတိထားရန်လို အပ်ကြောင်းအောက်ဖော်ပြပါဖြစ်ရပ်များကသက်သေပြနေပါတော.သည်.... အဆုံး၏နိဂုံး မျိုးမျိုး( အမည်အရင်းမဟုတ်ပါ ။ ) သည်ယူအေအီးနိုင်ငံ၏အကြီးဆုံးလေကြောင်းလိုင်းဖြစ်သောဒူဘိုင်း အခြေစိုက် Emirates Airline ၏ customer service ဌာနတွင်အလုပ်ခန်.အပ်ခြင်းခံရသည်။ သူမတာဝန်ကျသည်ကအရှေ.အလယ်ပိုင်းဒေသ၏နာမည်ကျော်ဒူဘိုင်းလေဆိပ်...သူမတာဝန်က business class ဖြင်.ဆိုက်ရောက်၊လိုက်ပါမည်.ခရီးသည်များနားနေရာခန်းမ lounge တွင်ဧည်.ခံကြို ဆိုရသည်။မျိုးမျိုးအနေဖြင်.ယခင်ကလည်းမလေးရှားနိုင်ငံတွင်အလုပ်လုပ်ခဲ.သည်မို.ယခုအကြီမ်ပြည်ပ သို.လာရောက်အလုပ်လုပ်ရာတွင်သိပ်မစိမ်းတော.... သူမအနေဖြင်.ကိုယ်.ကိုယ်ကိုယုံကြည်မှုပိုရှိလာခဲ.သည်။ အသက်ခြောက်နှစ်အရွယ်သမီးလေးတစ် ယောက်ရှိသည်.အိမ်ထောင်သည်တစ်ယောက်မို.လည်းလူမျိုးခြားယောင်္ကျားလေးတွေနှင်.ပြောဆို ဆက်ဆံရာတွင်အတွေ.အကြုံမရှိသေးသည်အပျိုရိုင်းကလေးလိုရှိုးတိုးရှန်းတန်းဖြစ်မနေတော.ပေ.. ခပ်တည်တည်ဖြင်.ပင်သူတို.ကိုပြောဆိုဆက်ဆံနိုင်ခဲ.သည်သာ... ထိုထိုကာလသားများ၏ဖုန်းဖြင်.ဆက်ပြီးကြူတတ်သည်ကိုမလေးရှာတွင်နေကတည်းကကြားသိဘူး သဖြင်.ယခုဒူဘိုင်းတွင်မိုဘိုင်းလ်ဖုံးပင်ဝယ်မကိုင်ခဲ.ပေ... သို.သော်သူမ မသိနိုင်ခဲ.သည်ကဒီ ဒူဘိုင်းသို.ရောက်လာသူများကယခင်သူမ၊မလေးရှားတွင်တွေ. ခဲ.ဘူးသည်.လူများလိုမဟုတ်။ယခုရှိနေကြသည်.အများစုကအစ္စလာမ်ဘာသာရေးစည်းကမ်းများ၊ လူမျိုးရေးဓလေ.ထုံးတမ်းများအရအမျိုးသမီးများကိုဖိနှိပ်ချုပ်ချယ်မှုများသောပါကစ္စတန်၊အိန္ဒိယ၊သိ ရိလင်္ကာ၊ဘင်္ဂလားဒေ.ရှ် စသောနိုင်ငံများမှမွတ်ဆလင်၊ဟိန္ဒူကုလားအမျိုးသားများပင်... ထိုသူများကမိန်းမဆို၍ကလေးနှင်.ခွေးသာခြေလက်အင်္ဂါအစုံအလင်မြင်ခဲ.ဖူးသူများမို. (သူတို.နိုင် ငံကအမျိုးသမီးတွေကအပြင်ထွက်လျှင်ခေါင်းမြီးခြုံကြရသည်၊အိမ်တွင်းပုံးကြရသည်လေ..) မိသားစု၊ဇနီးမယားများနှင်.အကြာကြီးခွဲနေကြရသည်.အပြင်လွတ်လပ်စွာဝတ်ဆင်ခြယ်သ၍အလှ ကြီးလှ၊အပြကြီးပြနေကြသည်.အာရှသူမနူးမနပ်လေးများကိုတွေ.မြင်ကြရသည်.အခါထိုသူတို.၏စိတ် ဆင်ရိုင်းကားချွန်းအုပ်၍မရသည်.နှယ်ဖြစ်တော.သည်။ထိုအခါနည်းမျိုးစုံသုံးကာရသည်.နည်းဖြင်.ဒွေ နှစ်ဖော်သံဝါသဖို.အရေးကြိုးပမ်းကြတော.သည်။ မျိုးမျိုးသည်လည်းကလေးတစ်ယောက်မိခင်ဖြစ်စေကာမူသူမခင်ပွန်းကလည်းမလေးရှားတွင်အလုပ် လုပ်နေသည်.အပြင်မိမိကိုယ်တိုင်လည်းဝတ်တတ်စားတတ်သည်မို.ချောမောလှပဆွဲဆောင်မှုရှိသူ တစ်ဦးမို.လုပ်ငန်းခွင်တွင်ပျိုလေးတို.အိမ်ဦးဆပ်သွားဖူးကိုအုံသည်.ကျေးတွေကတော.ရှိကြသည်သာ... ထိုအထဲတွင်မူဆလင်၊ဟိန္ဒူကုလားလုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများလည်းပါဝင်ကြလေသည်။ သို.ကလို ကလူ၏သို.မြူ၏သို.တစ်သွယ်၊လက်မောင်းလက်ဖျံကိုဓါးဖြင်.သူမနာမည်ခြစ်ကာချစ်သက်သေပြ သည်.ချစ်လူမိုက်တို.၏နည်းလမ်းဖြင်.တစ်မျိုးတိုး၍တိုး၍ကြိုးစားကြသည်မို.ကလေးတစ်ယောက်မိခင် အိမ်ထောင်ရှင်သူမ၏နှလုံးသားလည်းနှဲ.၍လှုပ်သည်.သစ်ငုတ်ပမာယိုင်နဲ.လာခဲ.ရတော.သည်... မျိုးမျိုး၏ဘ၀အကြောင်းကိုသိထားသည်.မိတ်ဆွေမြန်မာမိန်းကလေးများကအိမ်ထောင်နှင်.သူမသမီး လေးကိုတော.ငဲ.ပါဦးဟုသတိပေးခဲ.သော်ငြားလည်းကယုကယင်၊အပင်.အမြှောက်၊အကြမ်းအရမ်း ထို ဇတ်လမ်းဝယ်သူမနစ်မြောခဲ.မိလေသည်... သို.နှင်.မစွန်းရင်းကလည်းရှိ၊ကန်စွန်းခင်းကလည်းငြိခဲ.ကြသည်မို.သူမနှလုံးသားကိုအပျိုရိုင်းကလေး နှယ်ရင်ခုန်အောင်စွမ်းဆောင်နိုင်သည်.ထိုလုပ်ဖော်ကိုင်ဖက်ဝန်ထမ်းအိန္ဒိယသားနှင်.ချစ်၍ခေါ်ရာလိုက် ခဲ.ပါသည်ဆိုသလိုအပြင်သို.လိုက်၍တစ်ကြိမ်လည်ပတ်ခဲ.ဖူးပြီ..... မည်သူမျှမသိအောင်မိုဘိုင်းဖုံးပင်မကိုင်ခဲ.ပဲအလုပ်ထဲတွင်သာထိုသူနှင်.ဆက်သွယ်ချိန်းဆိုခဲ.သည် တောင်မှအဆောင်နေခင်မင်ရင်းနှီးသည်.ညီမငယ်တစ်ဦးကထိုနေ.ကသူမအပြင်သို.တစ်ယောက် တည်းထွက်သွားသည်ကိုသိသွားပြီးပြန်လာသည်အထိအဆောင်တိုက်အောင်.မှစောင်.နေခဲ.သည်မို. မတတ်သာသည်.အဆုံးထိုညီမတစ်ဥိးကိုတော.ပြောပြခဲ.ရသည်။သို.သော်ထိုကုလားသူမကိုဘယ်ခေါ် သွားသည်ကိုတော.ရေရေရာရာမပြောပြခဲ....တက္ကစီသမားကပဲလမ်းတွေကိုကွေ.ပတ်ပြီးအကြာကြီး မောင်းနေသလိုလို၊သူမတို.နေသည်.အဆောင်နှင်.များစွာမဝေးကွာလှသည်.သာယာလှပသော အယ်လ်မန်ဇာကမ်းခြေပန်းခြံသို.ပဲရောက်သွားသလိုလိုသာပြောခဲ.သည်.... သိုသော်သူမ၏နောက်တစ်ခေါက်ရင်ခုန်လှိုက်မောဖွယ်ချစ်စွန်.စားခန်း၏အဆုံးသတ်ကားမလှပခဲ.ချေ။ ရင်နင်.ဖွယ်အဖြစ်ဆိုးနှင်.ကြုံတွေ.ခဲ.ရလေသည်။သူမကိုစောင်.ကြည်.နေသည်.ခင်မင်ရင်းနှီးသော ထိုညီမငယ်နေမကောင်း၍အိပ်နေသာတစ်ညနေတွင်သူမရည်းစားထိုကုလားခေါ်ရာသို.သွားခဲ.သည်။ ထိုနေ.ညမှစ၍သူမအဆောင်သို.ပြန်မရောက်လာနိုင်ခဲ.ပေ... တစ်ရက်၊နှစ်ရက်၊သုံးရက်... သူမအခန်း ဖော်သူငယ်ချင်းများကသူမပြန်လာနိုးစောင်.နေခဲ.ကြသည်။ဆက်သွယ်စရာမိုဘိုင်းဖုံးလည်းမရှိခဲ.သည် မို.သူမဘယ်သို.သွားခဲ.သည်ဆိုတာမရေမရာရှိခဲ.သည်... သို.နှင်.သူမပြန်မလာသည်.ရက်တွေကြာလာတော.အလုပ်ဌာနမှတစ်ဆင်.ရဲစခန်းသို.အကြောင်းကြား ရတာ.သည်။ထိုမှစ၍သူမနှင်.ပတ်သက်ခဲ.သောထိုကုလားကိုရဲစခန်းတွင်ခေါ်ဆောင်စစ်ဆေးခဲ.သည်။ သို.သော်သူကထိုနေ.ညကကသူမနှင်.အပြင်သို.သွားရောက်လည်ပတ်ပြီးသူမနေထိုင်ရာအဆောင်လမ်း ထိပ်ကုန်စုံဆိုင်နားအထိပို.ပေးခဲ.သည်ဟုဆိုခဲ.သည်။ သူမအဆောင်အထိတော.လိုက်ပို.ပေးရန်သူမကငြင်းဆိုခဲ.၍ထိုလမ်းထိပ်မှပင်သူနေထိုင်ရာနေရာသို. ပြန်သွားခဲ.သည်ဟုထွက်ဆိုခဲ.သည်။သူမနေထိုင်ရာအဆောင်မှအခန်းဖော်များ၊ရင်းနှီးသူများကိုရဲစခန်း ကခေါ်ယူစစ်ဆေးခဲ.သော်လည်းသူမကိုယ်တိုင်ကခပ်အေးအေးနေခဲ.သည်မို.မည်သူမှသေချာရေရာ သည်.အဖြေမပေးနိုင်ခဲ.ပေ... နောက်ဆုံးခြောက်ရက်မြောက်နေ.တွင်တော.သူမနေထိုင်သည်.အဆောင်တိုက်နှင်.အနီးအနားရှိ ဆောက်လက်စတိုက်ခန်းမြေကွက်လပ်ဘေးရှိရေထုတ်မြောင်းကွန်ကရစ်အုတ်ကန်အတွင်းမှသူမ၏ အ၀တ်အစားမဲ.ခန္ဓာကိုယ်ရုပ်အလောင်းကိုဆောက်လုပ်ရေးအလုပ်သမားတစ်ဦးကတွေ.ရှိပြီးရဲကို အကြောင်းကြား၍လာရောက်ဖော်ယူတွေ.ရှိခဲ.ရတော.သည်... နုံနက်အလုပ်သွားသည်.အချိန်ဖြစ်သည်.အပြင်ရဲများကလည်းမည်သူ.ကိုမှအနားသို.ပေးမလာသည်. အတွက်သူမအလောင်းကိုမြင်တွေ.လိုက်ရသည်.မြန်မာမရှိခဲ.ပေ...မြန်မာများအတွက်အားငယ်စရာ ကားဒူဘိုင်းတွင်မြန်မာသံရုံးလည်းမရှိ၊မြန်မာများစုစည်းထားသောအသင်းအဖွဲ.လည်းမည်မည်ရရမရှိ ၍မည်သို.မျှအကူအညီတောင်း၇န်မရခဲ.ပေ.... ဒူဘိုင်းရဲများကတော.အလောင်းတွေ.ရှိပြမို.စစ်ဆေးမေးမြန်းမှုများပိုမိုပြုလုပ်လျှက်ရှိသည်။ စုံစမ်းစစ်ဆေးမှုများမပြီးပြတ်သေးသည်.အတွက်သူမသေဆုံးခဲ.ရသည်.အကြောင်းအရင်းပင်တိကျစွာ မသိရသေးပေ..ညအချိန်မတော်မှောင်မိုက်ချိန်တစ်ယောက်တည်းပြန်လာသည်.သူမကိုလူပြတ်သည်. ထိုလမ်းထောင်.တွင်ကုလားများကအဓမ္မပြုကျင်.ပြီးအသတ်ခံခဲ.ရသည်ဟုသာကောက်ချက်ချထားရ တော.သည်။ ဒူဘိုင်းရှိမြန်မာအသိုင်းအ၀ိုင်းတွင်ပထမဦးဆုံးဖြစ်သည်.ထိုအကြောင်းကိုကြားသိရသည်.မြန်မာအပေါင်း ကားကိုယ်.လူမျိုးအမျိုးသမီးငယ်တစ်ဦးအားထိုကဲ.သို.အဖြစ်ဆိုးကျရောက်ခဲ.ရသည်.အတွက်သူမအ တွက်ရောကျန်ရစ်ခဲ.သည်.သမီးငယ်နှင်.ခင်ပွန်းမိသားစုအတွက်ပါစိတ်မကောင်းခြင်းကြီးစွာဖြစ်ကြ ရသည်။ အစားမတော်တစ်လုပ်၊အသွားမတော်တစ်လှမ်းပါပေတကား.....
. . . . . . . . . . . . . . . . . . . . . . . . . ။ ။ . . . . . . . . . . . . . . . . .
Feb 24
မြန်မာ မိန်းမသားတစ်ယောက်ရဲ့ ဘဝကို အရှက်အကြောက်တရား သိက္ခာတရားတွေနဲ့ တည်ဆောက်ထားပါတယ်။ မြန်မာ အမျိုးသမီးမှန်ရင် အသက်ငယ်တာ ကြီးတာနဲ့ မဆိုင် ပျိုတာ အိုတာနဲ့လဲမဆိုင် အရှက်တရား သိက္ခာတရားကို အသက်နဲ့ရင်းလို့ တန်ဘိုးထားတတ်ကြပါတယ်။ အရှက်ကို အသက်နဲ့ လဲမယ်ဆိုတာ မြန်မာမိန်းကလေးတွေ တော်တော်များများ ပြောတတ်ကြပါတယ်။ အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေရတဲ့ မြန်မာ မိန်းကလေးတွေ အများကြီးရှိပါတယ်။ ယဉ်ကျေးမှု ဓလေ့စရိုက် မတူညီတဲ့ သူတပါးတိုင်းပြည်မှာ မြန်မာ မိန်းကလေးတွေ ဘယ်လို အခက်အခဲတွေ ကြုံရတယ်ဆိုတာ ဘယ်လို ရင်ဆိုင်ဖြတ်သန်းရတယ်ဆိုတာတွေကိုတော့ ကိုယ်တိုင်ခံစားမိတဲ့ သူတွေကလွဲလို့ ဘယ်သူမှ ပုံတူ မခံစားနိုင်ပါဘူး။ ဘယ်သူကမှလဲ တိတိကျကျ မပြောနိုင်ကြပါဘူး။ ဘေးကနေပြီး အမျိုးမျိုးထင်မြင်ချက်ပေးနေသူတွေကလဲ တိတိကျကျ မသိကြပါဘူး။ အထူးသဖြင့် ဒီရက်ပိုင်းမှာ ဒူဘိုင်းမှာ မြန်မာ မိန်းကလေး တစ်ယောက် ရက်ရက်စက်စက် အသတ်ခံရတဲ့ ကိစ္စနဲ့ ပက်သက်လို့ အသံမျိုးစုံ ဝေဖန်ချက်မျိုးစုံကို ကြားရပါတယ်။ သတင်းတွေက မှန်တာလဲ ရှိသလို ချဲ့ကားပြီး ပြောကြတာတွေလဲ ရှိပါတယ်။ နှမသားချင်းမစာနာပဲ ချိုးချိုးဖဲ့ဖဲ့ ဝေဖန်တာတွေကိုလဲ နားနဲ့ ဆက်ဆက်ကြားနေရပါတယ်။ အဲလိုပြောနေကြတဲ့သူတွေအနေနဲ့ သေဆုံးသွားသူ မိန်းကလေးကို ဘယ်လိုများကူညီပေးနိုင်မှာလဲ အဲလိုပြောပေးခြင်းဖြင့် ကျန်ရစ်ခဲ့တဲ့ မိသားစု အသိုင်းအဝိုင်းရဲ့ သောကတွေကို ချုပ်ငြိမ်းစေမှာလား လို့ မဆီမဆိုင်စဉ်းစားမိပါတယ်။ အထူးသဖြင့် ကွယ်လွန်သူရဲ့ ကိုယ်ကျင့် သိက္ခာကို ဘာကိုမှ တိတိကျကျ မသိပဲ ပုတ်ခတ်ပြောကြတဲ့သူတွေက ယောက်ျားလေးတွေ များပါတယ်။ သူငယ်ချင်းကောင်လေးတွေ အားလုံးနီးပါးဆီက တူညီတဲ့ အသံတွေကိုပဲ ကြားခဲ့ရတာပါ။ စာနာတဲ့ အသံကိုတော့ မကြားလိုက်ရပါဘူး။ နိုင်ငံခြားရောက် ရွှေမြန်မာတွေပါ။ နားလည်ပါတယ် ယောက်ျားလေးတွေဆီမှာ ယောက်ျားလး အသိ ယောက်ျားလေးအတွေး ယောက်ျားလေး အမြင်တွေပဲ ဖုံးလွှမ်းနေတာပါ။ သူတို့ကိုလဲ အပြစ်ပြောလို့မရပါဘူး။ မျိုးချစ်စိတ်ရှိလို့ မြန်မာဘက်ကရပ်လို့ နာကြည်းလို့ ပြောကြတာပါ။ မိန်းကလေး သူငယ်ချင်းတွေ တော်တော်များများ ဆီကတော့ စာနာတဲ့အသံ ဂရုဏာသံတွေ စိုးရိမ်သံတွေ အများဆုံး ကြားရပါတယ်။ အဘူဒါဘီက ညီမလေးတစ်ယောက်က သတင်းစာတွေ့တွေ့ချင်းဖုန်းဆက်ပြီး ဘယ်လိုတွေ ကူညီပေးရင်ကောင်းမလဲ သံရုံးမရှိတဲ့ တိုင်းပြည်မှာ ကွယ်လွန်သူအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လို ရပ်တည်ပေးကြမလဲ လို့မေးလာပါတယ်။ မိန်းကလေးပီပီ မိန်းမသားချင်းစာနာ ဖေးကူချင်တဲ့ စိတ်ကလေးတွေ ကို မြန်မာမလေးတွေဆီမှာ ချစ်စရာ ကောင်းလောက်အောင် တွေ့ရပါတယ်။ ပြီးတော့ အသတ်ခံရသူက ရိုးရိုးသားသား အသတ်ခံရတာမဟုတ် ဝတ်လစ်စလစ်သေဆုံးနေတာ ဖြစ်တော့ ဝေဖန်သံတွေက တနေ့တခြားဆိုးလာပါတယ်။ ကွယ်လွန်သွားတဲ့ ကောင်မလေး ပျောက်ဆုံးနေတဲ့ ရက်တွေအတွင်းမှာလဲ ကောင်မလေးရဲ့ သူငယ်ချင်းကောင်မလေးတွေ တော်တော် သောကရောက်ခဲ့ရပါတယ်။ အထူးသဖြင့် ကောင်မလေးက အခြားနိုင်ငံသားတစ်ဦးနဲ့ ချစ်ကြိုက်နေတယ်ဆိုတဲ့ သတင်းက မြန်မာကောင်လေးတွေ ပါးစပ်ဖျားမှာ တော်တော်လေးကို ရေပန်းစားနေပြန်ပါတယ်။ သတင်းစာထဲမှာ ပါတာက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း လုပ်ငန်းတူ မိတ်ဆွေလို့ပဲ ရေးထားတာပါ။ ချစ်သူရည်းစားလို့ မရေးထားပါဘူး။ သတင်းစာတွေရှာပြီး သေသေချာချာ ဖတ်စေချင်ပါတယ်။ နှမသားချင်း စာနာစေချင်ပါတယ် ကိုယ့်ညီမ ကိုယ့်အမ ကိုယ့်ချစ်သူ ကိုယ့် ဆွေမျိုးသားချင်းလို့ သဘောထားပြီး ကောင်းတဲ့ ဘက်က ပြောင်းမြင်စေချင်ပါတယ်။ မီဒီယာတွေက သတင်းကို ဘယ်တော့မှ မဖုံးထားပါဘူး တိတိကျကျပဲ ရေးတာပါ။ ကောင်မလေးနောက်ဆုံးတွေ့ခဲ့ တဲ့သူဟာ အဲဒီနိုင်ငံခြားသား ဖြစ်နေတာတော့ မှန်ပါတယ်။ ဒါကို ထောက်ပြပြီး နိုင်ငံခြားရောက် မြန်မာမတွေ အောက်ခြေလွတ်တယ် နိုင်ငံခြားသားဆို မငြင်းဘူး ခေါ်ရင်လိုက်တာပဲလို့ ပြောပြန်ပါတယ်။ ဒါကလဲ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်သွားတာပါ။ ကောင်မလေးက အဲဒီလူကို အပြတ်ငြင်းထားတယ်ဆိုတာကို တိတိကျကျ ပြောတဲ့သူက နည်းပါတယ်။ အဲဒီအချက်ကို မေ့ထားကြပါတယ်။ မိန်းကလေးတွေရဲ့ အားနည်းချက် က အလွန်အမင်းအားနာတတ်တာပါပဲ။ ပြီးတော့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေဆွေကို ဘယ်သူက ပစ်ပစ်ခါခါ ရိုင်းရိုင်း စိုင်းစိုင်းပြောချင်မလဲ။ အထိုက်အလျောက် ခေါ်ပြောနှုတ်ဆက်ရပါတယ်။ မိတ်မပျက်အောင် လူမှုရေး မပျက်ရအောင် မေးထူးခေါ်ပြော လုပ်ရပါတယ်။ ပြီးတော့ သေဆုံးသူက သမီးတစ်ယောက်မိခင် အိမ်ထောင်သည် မိဘကို လုပ်ကျွေးနေသူတစ်ယောက်။ မြန်မာ့ အိမ်ထောင်ရေး ထုံးစံကို သူနားလည်သလို သမီးတစ်ယောက် မိခင်တစ်ယောက် ဖြစ်တဲ့ အတွက် သူ့ကိုယ်သူ ဘယ်လို ထိန်းကျောင်းရမယ်ဆိုတာ သူကောင်းကောင်းသိခဲ့မှာပါ။ အခန့်မသင့်လို့ အကြောင်းမလှလို့ အသေဆိုးနဲ့သေခဲ့ သူကသေခဲ့ပြီးပါပြီ။ သူလောကကြီးမှာ မရှိတော့ပေမယ့် သူ့မိသားစု အသိုင်းအဝိုင်းရဲ့ နားတွေ မျက်စေ့တွေ အများကြီး ကျန်နေပါသေးတယ်။ သူတို့ရဲ့ သောကတွေ ကိုဘယ်လို စာနာနားလည်ပေးနိုင်မလဲ။ ဘယ်လို နှစ်သိမ့်ပေးနိုင်မလဲ အထူးသဖြင့် သေခြင်းမလှခဲ့တဲ့ သူ့ရဲ့ဘဝလေး မြန်မာ မိန်းမသားရဲ့ ဘဝလေး။ သူမကွယ်လွန်ခင် အချိန်ပိုင်းလေးမှာ သူ့အရှက်သူ့သိက္ခာအတွက် ဘယ်လောကတောင်ခံစားခဲ့ရမလဲ။ သူ့ရဲ့နောက်ဆုံးထွက်သက်မှာ ဘယ်လောက်အထိ နာကျင်ခံစားလိုက်ရမလဲ။ သူဘယ်လောက်တောင် ခုခံကာကွယ်ပြီးမှ အားမတန်လို့ မာန်လျှော့ခဲ့ရလဲ ဒါလေးတွေကို လူတိုင်း တွေးမိချင်မှတွေးမိမှာပါ။ အရှက်ရော အသက်ပါ တပြိုင်တည်း ဆုံးခဲ့ရတဲ့ အဖြစ်ကို ဘဝတူ မိန်းကလေးတွေကသာ စာနာနားလည်ပေးနိုင်မှာပါ။ ထပ်တူထပ်မျှခံစားနိုင်မှာပါ။ နိုင်ငံခြားမှာ မိန်းကလေးတွေတော်တော်များများ နိုင်ငံခြားသားတွေနဲ့ ရည်ငံနေတာ လူတိုင်းသိပါတယ်။ လူမှုရေးကိစ္စတွေ ဖြစ်နေလေတော့ ကာယကံရှင်တွေကို ဘယ်သူတွေက အမုန်းခံပြီးတားဖြစ်နိုင်မှာလဲ။ တားခဲ့ နိုင်တယ်ဆိုရင်တောင်မှာ ဘယ်နှစ်ယောက်ကို လိုက်ပြီး တားနိုင်မှာလဲ။ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ပါကုန်တာကို ထိုင်ကြည့်နေရတဲ့ ကိုယ့်ခံစားချက်ကို ကိုယ်တိုင်အသိဆုံးမို့ ပို့စ်တစ်ခုမှာတောင် ရေးဖြစ်ခဲ့ပါတယ်။ မြန်မာ မိန်းကလေးတစ်ယောက်ကို တပါးသူကိုပေးလိုက်ရတိုင်း ကိုယ့် ကိုယ်ထဲကသွေးတွေကို ဖောက်ထုတ်ပြီးပေးခဲ့ရသလို နာနာကျင်ကျင်ခံစားခဲ့ရပါတယ်။ အကြိမ်ကြိမ်တားခဲ့ဘူးသလို အကြိမ်ကြိမ်လဲ လူမုန်းခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် အမှန်တရားတွေ ဖြစ်နေပြန်တော့ လဲကိုယ့်သူငယ်ချင်းလေးတွေအတွက် ကိုယ်စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှ လုပ်လို့မရခဲ့ပါ။ အခုကိစ္စမှာတော့ အမှန်တဝက် အမှားတဝက် ဖြစ်နေတာကိုတွေ့ရပါတယ်။ ကိုယ်က စာနာပေမယ့် မစာမနာပြောနေကြတာတွေ ကြားတိုင်းလဲ အောင့်သက်သက်နဲ့ ခံစားရပါတယ်။ သူလေးရဲ့ နောက်ဆုံးအချိန်မှာ သူ့ရဲ့ အရှက်နဲ့ သိက္ခာပါမက သူ့မိသားစု အသိုင်းအဝိုင်းရဲ့ သိက္ခာတွေပါ ထိခိုက်ကုန်ပါတယ်။ လုံးဝမဖြစ်သင့်တာတွေ ဖြစ်ကုန်တာပါ။ မိန်းကလေးနဲ့ ယောက်ျားလေး ရရှိပိုင်ဆိုင်ထားတဲ့ အခွင့်အရေးချင်းက မတူပါဘူး ဘယ်လိုမှလဲ ယှဉ်လို့မရပါဘူး။ မိန်းကလေးမှာက ပင်ကို သဘာဝမှာကိုက အားနည်းပြီးသားပါ။ ယော်ကျားတွေကို ဖြေဖျော်ဖို့ သက်သက် လူဖြစ်လာတာ မဟုတ်ပေမယ့် မိန်းကလေးလဲ မိန်းကလေးအလျှောက် တန်ဘိုးတွေ သိက္ခာတွေ ရှိပါတယ်။ အားနည်းချက်တွေကို သိကြတဲ့သူတွေက အနိုင်လိုချင်ကြပါတယ်။ ပါးစပ်လေးနဲ့ပဲ ပြောရပြောရ ဘယ်လိုလေးပဲ ဝေဖန်ရ ဝေဖန်ရ ဝေဖန်ချင်ကြပါတယ် ပြောချင်ကြပါတယ်။ သံရုံးမရှိတဲ့ တိုင်းပြည်မှာ ရက်ရက်စက်စက် အသတ်ခံရသလို ဘုန်းကြီးမရှိတဲ့ အမျှပေးလို့မရတဲ့ တိုင်းပြည်မှာ ကွယ်လွန်ခဲ့တဲ့ သူမရဲ့ ဘဝနိဂုံးက လုံးဝမလှပခဲ့ပါဘူး။ အရှက် အသက် သိက္ခာ ဘာမှမကျန်အောင် ရင်းနှီးပေးဆပ်ရလောက်အောင် အတိတ်ကံ မကောင်းခဲ့သူလေးအတွက် နေ့စဉ်နဲ့အမျှ စာနာသနားနေမိပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ အသက်အရှက် သိက္ခာတွေကို ပုံတူ စာနာနားလည်သူတွေ တိုးပွားလာဖို့လဲ ဆုတောင်းမိပါတယ်။ သူတို့ ကုမ္ပဏီက တာဝန်ရှိသူတွေက သူ့အလောင်းကို ရန်ကုန်အရောက်ပြန်ပို့ပေးဖို့ စီစဉ်နေကြပါတယ် ။ သူတို့ HR ကလူကြီးတွေ ကိုယ်တိုင် မိသားစုကို ဖုန်းဆက်ပြီး အစစအရာရာ တာဝန်ယူကြောင်း ရန်ကုန်အရောက် လိုက်ပို့ပေးမယ့် အကြောင်း ပြောခဲ့ပါတယ်။ အမှန်တရားကို ဖော်ပြချင်လို့ သူ့ရဲ့ သူငယ်ချင်း ဖြစ်သလို ကိုယ့် သူငယ်ချင်းလဲ ဖြစ်တဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဘက် တစ်ယောက်ကို ဖုန်းဆက်မေးပြီးမှ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။ သူမရဲ့ အရိပ်ဆိုးကြီးကို လုံးဝ ဖျောက်လို့မရပေမယ့် ကျန်ရစ်တဲ့ မိသားစု ရဲ့ သိက္ခာကို အနည်းအကျဉ်းလောက် ဖြစ်ဖြစ် ပြန်ဆယ်ပေးချင်ပါတယ်။ ကျန်နေခဲ့တဲ့ မိသားစုအသိုင်းအဝိုင်းရဲ့ မျက်နှာ မိခင်မဲ့ခဲ့ရတဲ့ ခြောက်နှစ်သမီးလေး နဲ့ ဇနီးမယားကို ဆုံးရှုံးခဲ့ရတဲ့ ခင်ပွန်းတစ်ယောက်ရဲ့ သိက္ခာ ကိုလဲ ထည့်သွင်းပြီး စာနာပေးချင်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ Gulf News မှာဝင်ဖတ်လို့ရပါတယ်။
(mail က နေရလို့တင်ပြလိုက်တာပါ ။ ဒီဖြစ်ရပ်ကို ဖတ်ပြီ သူငယ်ချင်းတို့လဲ စာနာနားလည်မယ်လို့ထင်ပါတယ် )
Welcome To The skywhitegirl Blogspot

Saturday, February 28, 2009
Monday, February 23, 2009
တစ်ချိန်တုန်းက ပျော်စရာ ၊ အခုတော့ လွမ်းစရာ
၁၀တန်းအောင်ပြီး တက္ကသိုလ်ပထမနှစ် စတက်တဲ့ ၄ ၊ ၅ ရက်လောက်မှာပဲ ကျောင်းကားပေါ်မှာ
ကိုမိုးသောက်(english) ၊ ကိုမျိုးကို(english) ၊ ခင်သက်စံ(english) ၊ ခင်မို့မို့ဝင်း(english) ၊ သဇင်(IC Fool) ဆိုတဲ့ သူငယ်ချင်း ၅ယောက်နဲ့ အရမ်ချစ်တဲ့ သူငယ်ချင်း တွေဖြစ်ခဲ့ကြတယ် ။
ကျွန်မနဲ့က မေဂျာမတူတော့ နံနက်ကျောင်းကား အတူတူစီးပြီး ကျောင်းကန်တင်းမှာ မုန့်အတူတူစား နေ့လည်ဆို ကိုဆီသူလာ ကန်တင်းမှာထမင်းအတူတူစား ညနေပြန်တော့ ကျောင်းကားအတူတူစီးပြီး ပြန်ကြတယ် ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ကောက်လိုက် ပြန်ချော့လိုက်နဲ့ (ဟီး ! ကိုကပဲ စိတ်ကောက်တာ သူတို့က တစ်ခါမှ စိတ်မကောက်ဘူး ကျွန်မ ကိုပဲပြန်ချော့ နေရတာ သူတို့က )
သြော်. . . ဒါနဲ့မှတ်မှတ်ရရ ပြောပြရအုံးမယ် တိရစ္ဆာန်ရုံ နှစ်တစ်ရာပြည့် ကျွန်မရယ် သဇင်ရယ် ၊ ခင်မို့ရယ် ၊ ခင်သက်စံရယ် လေးယောက် သွားကြတာလေ ။ လေးယောက်စလုံး လိုင်းကားလဲ ကောင်းကောင်း မစီးတတ်ကြဘူး ဒါပေမယ့် လိုင်းကားပဲစီးပြီးသွားချင်တာလေ ဘယ်ရမလဲ........ ဟိုလူမေး ၊ ဒီလူမေးနဲ့ လိုင်းကားစီးပြီး သွားလိုက်ကြတာ တိရစ္ဆာန်ရုံေ ရာက်သွားလေရဲ့...... (ဟီး..ဟီး) အမျိုးတွေကို လိုက်ကြည့်ကြတယ် ညနေစောင်းတော့ ပြန်ထွက်လာကြတယ် ။ ကားဂိတ်က ဘယ်နားမှာမှန်းလဲ မသိဘူးကြဘူး လမ်းလျှောက် ပြီးလာခဲ့ကြတာ ရွှေတီဂုံဘုရား ရောက်သွားကြလေရော.....လူတွေက လျှောက်ရတာ တော်တော်လဲညောင်းနေပြီ ဗိုက်ကလဲဆာတော့ တစ်ယောက်နဲ့ တစ်ယောက် Texi စီးရင် အကောင်းသားဆိုပြီး အပြစ်တင်ကြတာပေါ့ ဒီလိုနဲ့
အခုတော့ အရင်ကအတူပျော်ခဲ့ တာတွေကို ပြန်စဉ်းစားမိတိုင်း လွမ်းစရာ အဖြစ်လေးတွေ အဖြစ်သတိရနေမိတယ် သူငယ်ချင်းတို့ရေ . . . . .
ကိုဝင်းဇော်ရေ.....Tag လေးကိုဖြေပေးလိုက်ပြီနော်... 
တွေ့တဲ့ဆိုင်ဝင်ပြီး ထမင်းဖြူလေးပွဲ ၊ ရှောက်သီးသုပ် ၊ ခရမ်းချဉ်သီးသုပ် ၊ လ္ဘက်သုပ် တွေမှာပြီးစား
ဆွဲကြတာပေါ့ ။ စားပြီးတော့ ရှေ့နည်းနည်း ဆက်လျှောက်တော့ ကားမှတ်တိုင်တွေ့တယ် အဲဒီမှာပဲ ဘုရားနဲ့ မြေနီကုန်ဆွဲတဲ့ (၃) ကားစီးပြီးတော့ အိမ်ပြန်ခဲ့ကြရတယ် ။
ဆွဲကြတာပေါ့ ။ စားပြီးတော့ ရှေ့နည်းနည်း ဆက်လျှောက်တော့ ကားမှတ်တိုင်တွေ့တယ် အဲဒီမှာပဲ ဘုရားနဲ့ မြေနီကုန်ဆွဲတဲ့ (၃) ကားစီးပြီးတော့ အိမ်ပြန်ခဲ့ကြရတယ် ။
အခုတော့ အရင်ကအတူပျော်ခဲ့ တာတွေကို ပြန်စဉ်းစားမိတိုင်း လွမ်းစရာ အဖြစ်လေးတွေ အဖြစ်သတိရနေမိတယ် သူငယ်ချင်းတို့ရေ . . . . .
ကိုဝင်းဇော်ရေ.....Tag လေးကိုဖြေပေးလိုက်ပြီနော်...
ဒီထက်လဲ ဆက်မရေး တတ်တော့လို့ပါ ။
ကောင်းမကောင်း ကိုဖတ်လိုက်ပါအုံးနော် . . . .

Saturday, February 21, 2009
မအတွက်
အရမ်းချစ်တယ်.......
အရမ်းလည်း လွမ်းတယ်...
အရမ်းလည်း သတိရတယ်.
မရယ်.........
မောင်တို့ရဲ့တွေ့ဆုံချိန်တွေက..
အရမ်းကိုနည်းလွန်းတယ်နော်...
မောင်ကိုမ မုန်းသွားရင်
မောင်ဆိုတဲ့ကောင်
ဘယ်လိုအသက်ရှင်ရမလည်း
မသိတော့ပါဘူး
မအပြုံးလေး တစ်ချက်နဲ့တင်
မောင်အိမ်မက်တွေ ကို
အရုံးခံချင်ခဲ့တာပါ
အရမ်းလည်း လွမ်းတယ်...
အရမ်းလည်း သတိရတယ်.
မရယ်.........
မောင်တို့ရဲ့တွေ့ဆုံချိန်တွေက..
အရမ်းကိုနည်းလွန်းတယ်နော်...
မောင်ကိုမ မုန်းသွားရင်
မောင်ဆိုတဲ့ကောင်
ဘယ်လိုအသက်ရှင်ရမလည်း
မသိတော့ပါဘူး
မအပြုံးလေး တစ်ချက်နဲ့တင်
မောင်အိမ်မက်တွေ ကို
အရုံးခံချင်ခဲ့တာပါ
ဆုတောင်း

ဆောင်းတစ်ညရဲ့
အလွမ်းတွေကို တင်ပြမလို့ ပါ ချစ်သူ။...။
အရင်ဆုံး......
(နွေးထွေးစွာအိပ်ပျော်ပါစေချစ်သူ)
ထားရာနေစေရာသွား
မင်းတစ်ယောက်နားက
အရိပ်တမျှအသက်မကပါ . . . (...) ။
ဆောင်းချစ်သူမို့ 
နှင်းမကြောက်ပေမယ့်
မင်းတစ်ယောက်မုန်းသွားရင်
လူ့ဘ၀ထဲကရုန်းသွားချင်သူပါ . . (...) ။
မင်းအသံတွေကြားနေရတိုင်း
နားထဲမှာ နှင်းတမျှ အေးခဲရပါတယ် . . . (...) ။
ဆောင်းတွင်းညတွေ
အိပ်မရတိုင်း
မင်းချော့သိပ်မယ့် သီချင်းတစ်ပုဒ်က
ိုကြယ်စင်ကြွေတိုင်း
ဆုတောင်းနေရပါတယ် . . . (...) ။
"""( . . . ) ရေ """ ( . . . ) ရေ

( . . . ) ရေ """( . . . ) ရေ """ ( . . . ) ရေ
နင်မကြံရွယ်ထားပေမယ့်
နင့်စကားသံတွေက
ဖမ်းစားခဲ့တော့
ရုတ်တရက်
ငါ့ရင်ခုန်သံတွေ
ပျက်ယွင်းလို့
ရှင်းသန့်နေတဲ့
အဖြူရောင်
သံယောဇဉ်
အရောင်တွေ
စွန်းထင်းသွားခဲ့ပြီ . . .
သူငယ်ချင်းဆိုတဲ့ ဘ၀မှာ
ဟန်ဆောင်ခြင်းတွေနဲ့သာ
ရှောင်ပုန်းချင်ခဲ့ပေမယ့်
နင့်အတွက် ငါ့အကြင်နာတွေ
ထိန်းမနိုင်သိမ်းမရ စီးဆင်းခဲ့တော့
တန်ပြန်မှုအနေနဲ့
နင့်အချစ်တွေကို
မမျှော်ဝံ့လည်း
နင့်နာမည်ကို ( ရင်ထဲကနေ ) ယောင်ယမ်းပြီး ခေါ်နေမိတယ် ။ ။
တိတ်တခိုးလေ . . . နင်မထူးခဲ့ပေမယ့်
နင့်အတွက်သာရည်ရွယ်ပါတယ် ။ . . . . . ။
နင်မရှိရင်ငါဆိုတာ

* နီးစပ်ခြင်းဆိုတာသာမရှိရင် *
ဝေးကွာခြင်းဆိုတာလည်းရှိမှာမဟုတ်ဘူး
* ချစ်တယ်ဆိုတာသာမရှိရင် *
မုန်းတယ်ဆိုတာလည်းရှိမှာမဟုတ်ဘူး
* သတိရတယ်ဆိုတာသာမရှိရင် *
လွမ်းတယ်ဆိုတာလည်းရှိမှာမဟုတ်ဘူး
* ကြည်နူးမှုဆိုတာသာမရှိရင် *
နာကြည်းမဆိုတာလည်းရှိမှာမဟုတ်ဘူး
* ပျော်ရွှင်မှုဆိုတာသာမရှိရင် *
ဝမ်းနည်းမှုတာဆိုတာလည်းရှိမှာမဟုတ်ဘူး
* Chatroom တွေသာမရှိရင် *
Chattingဆိုတာလည်းရှိမှာမဟုတ်ဘူး *
နင်ဆိုတဲ့ ကောင်လေးသာမရှိရင်
* ငါဆိုတဲ့ ကောင်မလေးလည်းရှိမှာမဟုတ်ဘူး *
ဘာလို့လဲဆိုတော့ *
နင်မရှိရင်ငါဆိုတာလည်းရှိမှာမဟုတ်ဘူး
“မ”
"ပြန်ချစ်ပါစေ"

နွေဦးလမှာ မြေလူးခတဲ့ရွက်ခြောက်လိုပါပဲ
နင် . . . ခြွေခူးချခဲ့တာက ငါ.အသည်း ။ ။
မိုးရေစက်ကြားမှာ အငြိုးပြေပျက်မလားရယ်လို့
ကျိုးကြေပျက်ခဲ့တာက .... ငါ့မျော်လင့်ချက် ။ ။
ဒီဇင်ဘာရဲ့နှင်းတွေနဲ့အတူ
ကြည်လင်လာမလားလို့
ငါ့အနာဂါတ်ကို
ပီပြင်မလာနိုင်တဲ့စိတ်ကူးတွေနဲ့
ယောင်တောင်တောင်
မိုးလင်းခဲ့တာကငါ့ရဲ့ညတွေ ။ ။
သုံးလီသောရာသီမှာ
တောင်းခဲ့သမျှဆုတွေက ပောာင်းနွမ်းပြီဖြစ်တဲ့
"ပြန်ချစ်ပါစေ"
ဆိုတဲ.ဆု ဖြစ်ခဲ့ပေမယ့် .....
နင့်အတွက်မြားတစ်ချောင်းကိုတော့
မြားနတ်မောင်ကမေ့နေတယ် ထင်ပါရဲ့လေ ။ ။
ရှာကြည့်ပါဦ
ရှာကြည့်ပါဦး.............
မင်းအပြုံးလောက် ......
ငါ့ ကို ယစ်မူးစေတာ . . . ။
ရှာကြည့်ပါဦး
မင်းမျက်ဝန်းလောက် . . .
ငါ့ကို စေခိုင်းတတ်တာ . . . ။
ရှာကြည့်ပါဦး
မင်းအပြောလောက်.....
ငါ့ကိုနာခံစေတာ . . . ။
ရှာကြည့်ပါဦး .............
မင်းရယ်(ရီ)သံလောက် . . .
ငါ့ကိုပျော်မြူးစေတာ . . . ။
ရှာကြည့်ပါဦး .............
ရှာကြည့်ပါဦး ..............
.............................
.............................
တော်ပြီ ..................... တော်ပြီ ....................
ဆက်ရှာနေရင် . . . အမေဆူတော့ မယ် . . . . ။

Thursday, February 19, 2009
Saturday, February 14, 2009
blogspot birthday

ဝါး . . . . ၀ါး . . . .. ၀ါး
သြော် . . . ကျွန်မဘယ်လောက် အလုပ်ရုပ်နေလဲ အခုမှကိုယ်ကို သိတော့တယ် . . . . . .( အလားကာ မေ့နေတာ . . .ဟီး ) ၁၄ ၊ ၁၂ ၊ ၂၀၀၈ ရက်နေ့က blogspot မှာစာစရေးတဲ့နေ့ ၊ မနေ့က ၁၄ ၊ ၂ ၊ ၂၀၀၉ ရက်နေ့ valentine's day ၊ ကျွန်မ blogspot ၂လ ပြည့်တဲ့နေ့လေ valentine's day ကိုသာသတိရလိုက်ပြီး blogspot birthday ကိုမေ့နေတယ် . . . . ဟီး ။ ၂လ ၁ရက်ပြည့် blogspot မွေးနေ့လေးမှာ သူငယ်ချင်းအားလုံး မုန့်လာစားကြပါဦး . . . . . .့
့
ရင်ခွင်မဲ့တဲ့ နှလုံးသား
ရင်ခွင်မဲ့တဲ့ နှလုံးသား
နွေးထွေးယုယတဲ့ မင်းရဲ့
ချစ်ခြင်းတွေကို မျှော်လင့်ရင်း
ညတွေမှာ အိပ်မက်တစ္ဆေရဲ့
လှောင်ပြောင်မှုတွေကို
ဥပေက္ခာပြုလို့ ရူးသွပ်စွာ
တမ်းတ နေမိဆဲပါ..
မင်းကို မြင်တွေ့တဲ့ အချိန်တိုင်း
ခမ်းနားတဲ့ ရင်ခုန်သံတွေကို
သံစဉ်လုပ်လို့
အဆွေးသီချင်းတွေကိုသာ
ညည်းဆိုနေမိဆဲပါ..
တကယ်လို့များ
ကိုယ့်ရင်ထဲက အချစ်တွေကို
မင်းသိအောင် ပြခွင့်ရမယ်ဆိုရင်
မင်းအနားက မခွဲတမ်းသက်ဆုံးတိုင်
ကြင်နာပြ လိုက်ချင်ပါရဲ့
Wednesday, February 11, 2009
မောင့်ရဲ့နှလုံးသား
သွေဖီဝေးကွာနယ်မြေခြားလည်း
သတိရစိတ်တွေ လွမ်းစိတ်တွေက
မ အပေါ်မှာပဲသက်ရောက်တာလား........။
မြူနှင်းဝေတဲ့နံနက်ခင်းတစ်ခုမှာ
ချစ်သူပုံလေးထုတ်ကာကြည့်ရင်း
ပါးပြင်းလေးကိုနမ်းနေမိတယ်........။
ရင်မှာအချိန်ပြည့်နာရီတိုင်းဝယ်
မ နဲ့တွေ့ဖို့စောင့်မျှော်နေတယ်......
လွမ်းရဝေဒနာတိုးတိုးရင်းနဲ့
မောင့်ရဲ့အချစ်ကမ္ဘာအတွေးလေးထဲမှာ
မ က၀င်ရောက်ခိုအောင်းနေပြီ.......
ကျောက်သားတွေလိုထုဆစ်ထားတဲ့
မောင့်ရဲ့နှလုံးသား
မ နဲ့တွေ့မှအရည်ပျော်သွားပြီ......
နေခြည်ထိုးတဲ့ပန်းကလေးတွေတောင်
မောင့်ရဲ့ဝေဒနာသိကုန်ကြပြီ.......
နာကျင်မှုရဲ့
ဟိုးအဝေးတစ်ဖက်မှာ
ပျော်ရွှင်ခြင်းတွေအများကြီးရှိမည်......။
အဝေးမြေသို့တမ်းတရင်းနဲ့
မောင့်ရဲ့အသည်းတွေကြွေလုမတတ်ပေါ့
ဖူးစာဆုံတော့
မလွှဲမရှောင်ဘဲ
မ ကိုထာဝရချစ်တော့မယ်.........။
သတိရစိတ်တွေ လွမ်းစိတ်တွေက
မ အပေါ်မှာပဲသက်ရောက်တာလား........။
မြူနှင်းဝေတဲ့နံနက်ခင်းတစ်ခုမှာ
ချစ်သူပုံလေးထုတ်ကာကြည့်ရင်း
ပါးပြင်းလေးကိုနမ်းနေမိတယ်........။
ရင်မှာအချိန်ပြည့်နာရီတိုင်းဝယ်
မ နဲ့တွေ့ဖို့စောင့်မျှော်နေတယ်......
လွမ်းရဝေဒနာတိုးတိုးရင်းနဲ့
မောင့်ရဲ့အချစ်ကမ္ဘာအတွေးလေးထဲမှာ
မ က၀င်ရောက်ခိုအောင်းနေပြီ.......
ကျောက်သားတွေလိုထုဆစ်ထားတဲ့
မောင့်ရဲ့နှလုံးသား
မ နဲ့တွေ့မှအရည်ပျော်သွားပြီ......
နေခြည်ထိုးတဲ့ပန်းကလေးတွေတောင်
မောင့်ရဲ့ဝေဒနာသိကုန်ကြပြီ.......
နာကျင်မှုရဲ့
ဟိုးအဝေးတစ်ဖက်မှာ
ပျော်ရွှင်ခြင်းတွေအများကြီးရှိမည်......။
အဝေးမြေသို့တမ်းတရင်းနဲ့
မောင့်ရဲ့အသည်းတွေကြွေလုမတတ်ပေါ့
ဖူးစာဆုံတော့
မလွှဲမရှောင်ဘဲ
မ ကိုထာဝရချစ်တော့မယ်.........။
အိပ်မက်လေးရေ ကျေးဇူးပါ…
ပြန်လာပါလို့
မတောင်းဆိုတော့ပါဘူး…
ပျော်ရွှင်စရာကောင်းခဲ့တဲ့
အချိန်တွေအတွတ်…
ကျေးဇူးပါ…
ဘာကြောင့်လဲလို့
မမေးတော့ပါဘူး…
စောတာနဲ့နောက်ကျတာဘဲကွာမယ်
တနေ့တော့နိုးထရမယ်ဆိုတာ
ငါ သိခဲ့ပြီးသားဘဲ…
တခါတခါတော့တွေးမိတယ်
အိပ်မက်တွေ
မမက်အောင်
ကန့်သက်လို့ရရင်
သိပ်ကောင်းမှာဘဲလို့…
ဒါမှမဟုတ်…
အိပ်မက်ကမနိုးထခဲ့ရင်ပေါ့…
ဆုတခုပြည့်ဝခွင့်ရမယ်ဆို
ထာဝရပျော်ရွှင်ခြင်းတွေ…
ကြွယ်ဝချမ်းသာမှုတွေ မလိုချင်ပါဘူး…
နောက်တခေါက်လောက်ပါဘဲ
အိပ်မက်လေးကို ထပ်မက်ပါရစေ….
နောက်တခေါက်လောက်ပါဘဲ…
ဘာဘဲဖြစ်ဖြစ်ပေါ့…
မက်ခွင့်ရခဲ့တဲ့အတွတ်…
အိပ်မက်လေးရေ ကျေးဇူးပါ…
မတောင်းဆိုတော့ပါဘူး…
ပျော်ရွှင်စရာကောင်းခဲ့တဲ့
အချိန်တွေအတွတ်…
ကျေးဇူးပါ…
ဘာကြောင့်လဲလို့
မမေးတော့ပါဘူး…
စောတာနဲ့နောက်ကျတာဘဲကွာမယ်
တနေ့တော့နိုးထရမယ်ဆိုတာ
ငါ သိခဲ့ပြီးသားဘဲ…
တခါတခါတော့တွေးမိတယ်
အိပ်မက်တွေ
မမက်အောင်
ကန့်သက်လို့ရရင်
သိပ်ကောင်းမှာဘဲလို့…
ဒါမှမဟုတ်…
အိပ်မက်ကမနိုးထခဲ့ရင်ပေါ့…
ဆုတခုပြည့်ဝခွင့်ရမယ်ဆို
ထာဝရပျော်ရွှင်ခြင်းတွေ…
ကြွယ်ဝချမ်းသာမှုတွေ မလိုချင်ပါဘူး…
နောက်တခေါက်လောက်ပါဘဲ
အိပ်မက်လေးကို ထပ်မက်ပါရစေ….
နောက်တခေါက်လောက်ပါဘဲ…
ဘာဘဲဖြစ်ဖြစ်ပေါ့…
မက်ခွင့်ရခဲ့တဲ့အတွတ်…
အိပ်မက်လေးရေ ကျေးဇူးပါ…
အချစ်ဆုံးမင်းက
အသိနောက်ကျခဲ့ပေမယ့်
ပေးမိတဲ့အဖြေအတွက်
ငါတာဝန်ယူရဲပါတယ်....
အတွေးနောက်ကျခဲ့ပေမယ့်
ဆွေးရတဲ့ငါ့နှလုံးသား
ငါကုစားရဲပါတယ်...
ပြောခွင့်နောက်ကျခဲ့ပေမယ့်
ချစ်မိတဲ့အချစ်တခုအတွက်
ငါအသဲကွဲရဲပါတယ်...
ကုစားနောက်ကျခဲ့ပေမယ့်
နက်ရှိုင်းတဲ့ ဒါဏ်ရာတချက်အတွက်
ငါကျေနပ်နေရဲပါတယ်...
နောင်တတွေနောက်ကျခဲ့ပေမယ့်
(အချစ်ဆုံးမင်းက)
ပေးမိတဲ့အဖြေအတွက်
ငါတာဝန်ယူရဲပါတယ်....
အတွေးနောက်ကျခဲ့ပေမယ့်
ဆွေးရတဲ့ငါ့နှလုံးသား
ငါကုစားရဲပါတယ်...
ပြောခွင့်နောက်ကျခဲ့ပေမယ့်
ချစ်မိတဲ့အချစ်တခုအတွက်
ငါအသဲကွဲရဲပါတယ်...
ကုစားနောက်ကျခဲ့ပေမယ့်
နက်ရှိုင်းတဲ့ ဒါဏ်ရာတချက်အတွက်
ငါကျေနပ်နေရဲပါတယ်...
နောင်တတွေနောက်ကျခဲ့ပေမယ့်
(အချစ်ဆုံးမင်းက)
ငိုနေသူ
ငါရယ်နေတယ် . . . .
မျက်နာသေနဲ့ရယ်နေတာပါ . . . .
ငါစကားသံတွေချိုနေတယ် . . . .
အေးစက်နေတဲ့စကားသံတွေပါ . . . .
ငါမရပ်မနားအလုပ်လုပ်နေတယ် . . . .
အသက်မပါတဲ့အလုပ်တွေပါ . . . .
မင်းကြည့်လိုက်တိုင်း . . . . .
ငါဟာပျော်နေတယ်လို့ . . . . .
မင်းမြင်နေမယ် . . . .
ဒါပေမဲ့
ရင်ထည်မှာငိုနေတာ . . . .
မင်းသိမှာမဟုတ်ဘူး . . . . . ။
မျက်နာသေနဲ့ရယ်နေတာပါ . . . .
ငါစကားသံတွေချိုနေတယ် . . . .
အေးစက်နေတဲ့စကားသံတွေပါ . . . .
ငါမရပ်မနားအလုပ်လုပ်နေတယ် . . . .
အသက်မပါတဲ့အလုပ်တွေပါ . . . .
မင်းကြည့်လိုက်တိုင်း . . . . .
ငါဟာပျော်နေတယ်လို့ . . . . .
မင်းမြင်နေမယ် . . . .
ဒါပေမဲ့
ရင်ထည်မှာငိုနေတာ . . . .
မင်းသိမှာမဟုတ်ဘူး . . . . . ။
Tuesday, February 10, 2009
ကမ္ဘာကျော် စာရေးဆရာကြီး တစ်ဦးထံသို့ လူငယ်တစ်ဦး ရောက်လာ၏ ။
" စာရေးဆရာကြီးခင်ဗျာ . . . .
ကျွန်တော်လည်း ဆရာကြီးလို ကမ္ဘာကျော် စာရေးဆရာကြီး တစ်ယောက် ဖြစ်ချင်ပါတယ် "
" ကောင်းတာပေါ့ကွာ "
" ကျွန်တော်ကို နည်းလမ်ပေးပါ ခင်ဗျာ "
" စာများများဖက် . . . စာများများရေးပါ "
"ဟုက်ကဲ့ . . . ဘယ်သူဆီ လိပ်စာတတ်ရေးရမလဲ ခင်ဗျာ"
" ဟာကွာ . . . မင်းကလည်း "
"နောက်ပြီး ဘယ်လိုစရေးရမယ် ဆိုတာကိုလည်း ပြောပြပါခင်ဗျာ "
"အေး . . . ဘယ်ဘက်စပြီး ညာဘက်ကို ရေးကွ "

Sunday, February 8, 2009
Saturday, February 7, 2009
တောင်းပန်လွှာ
မောင် မိုးသည်း ပြောတာမှန်ပါတယ် post new နဲ့ တောင်းပန်သင့်တယ်ဆိုတာကိုပေါ့ ။ အခုလိုကျွန်မ blogspot ကို စောင့်ကြည့်ပြီး မသိတာကို ပြောပြပေးတာ ကိုကျေးဇူးတင်ပါတယ် ။ ဒီpost ကိုရေးတဲ့ မှုရင်စာရေးသူကို သေချာမသိပါဘူး။ မမဆိုတဲ့ blogspotမှာလဲ တောင်းပန်ထားပါတယ်။
တစ်ခုသိခြင်းတာက မောင် မိုးသည်း က အခုလိုလာသတိပေးပြောဆိုနေပေမဲ့ မှုရင်စာရေးသူကတော့
အခုထိ လာပြီး ဘာမှကို ပြောဆိုဝေဖန်ခြင်း ၊ဘယ်လိုလုပ်သင့်ကြောင်း မပြောဆိုတာကတော့ တော်တော်ကိုထူးဆန်နေပါတယ် ။ထားပါတော့လေး ဘာဘယ်ဖြစ်ဖြစ် ဒီpostနဲ့ပတ်သတ်ပြီး မမblogspot အားလုံးကိုဒီနေရာကနေ တောင်းပန်ပါတယ်ရှင်။
- - - - - - - - - ။ - - - - - - -- - - - -
http://www.blogger.com/post-create.g?blogID=6111997199909931146 ကပြောသလိုပဲ ခိုးကူးတယ်လို ပြေလို့ရပါတာ။ တစ်ချား blogspotမှာ ရှိမှန်မသိလို့ ၊ မသိသေးတဲ့ သူတွေသိရအောင်လို ကိုယ်ကိုတိုင်းလည်း အခုမှသိတာကြောင့် ၊ မသိသေးတဲ့ သူငယ်ချင်းတွေသိရပါစေလို စေတနာနဲ့တင်တာပါ။ ဒါကို ခိုးတယ်လို ပြောလဲ နောက်ထက်လဲ မဖြေရှင်တဲ့တော့ပါဘူး။နောက်တစ်ခုကတော့ ( ဘိုကတော်ဖြစ်ချင်ရင်မြန်မြန်လာ ၊ နောက်ကျသွားရင်နတ်ကတော်နဲ့ညားလိမ့်မယ် ၊ ဘိုကတော်ဖြစ်ချင်တာနဲ့စစ်တပ်လို ခိုးတဲ့အကျင့် ကျင့်နေတာလားကွယ် ၊ လှူကြဦးမလား…ရှင့် ဆိုတဲ့ပို့စ်က ခိုးပိုစ့် ကြီး .ဟုတ်တယ်ဟုတ်) ဆိုပြီး ရေးသင့်ပါသလား ဘာကြောင့်ဒီလိုလာပြောရပါသလဲ ဘာအကြောင်းပြချက်နဲ့ရေးပါသလဲ ။ ကျွန်မ blogspot ဟာ နိုင်ငံရေး blogspotမဟုတ်သလို အစိုးရဘက်ကလိုက် blogspotလဲမဟုတ်ပါဘူး ။
ဒီလိုပြောတာဟာ တဖတ်မိန်းကလေးကို အရှက်ကွဲခြင်း ၊ နာမည်ဖျက်ခြင်း ၊ သိက္ခာကိုချတာလိုယူဆပါတယ် ။
ကျွန်မကို ဒီလိုရေးလိုက်လို့ MYANMAR R-MY ရဲ့သိက္ခာ ၊ ကိုယ်သိက္ခာကို ကိုယ်ဘာသာ ကိုယ်ချ သလိုဖြစ်နေတာကိုရော သိပါသလား ။ နှမချင်းကိုယ်ချင်းစားစေခြင်း ။
ကျွန်မ နာမည်နဲ့ blogspot ကိုသုံးပြီး ရေးထားတာလဲတွေ့ရပါတယ် ။ ( မနာလိုမဖြစ်ပါနဲက ကျမကစစ်ဘိုလွဲပြီး ဘယ်သူမှမဟူဘူး ၊ စစ်ဘိုဆိုတာပခုံးကောင်းတဲ့နွားတွေလေ ၊ ရှင်တို့မလုပ်နိုင်တာကို DSA ဆင်း စစ်ငနွားလေးတွေ လုပ်နိုင်တယ် ရှင်တို့ သူတို့လို လှည်းကျိုး ထမ်းနိုင်လို့လား ) ဆိုပြီး တွေ့ရပါတယ် ဘယ်သူရေးပါတယ်ဆိုတာကိုတော့ မသိပါဘူး။ ကျွန်မနာမည်နဲ့ ကျွန်မကိုရေးတာဟာ အရှက်မရှိလိုရေးတာလိုသတ်ပါတယ် ။ ကိုယ်ကိုမလုံး လို့ လိုသတ်မှတ်ပါတယ်။ ကျွန်မကိုဒီလိုရေးတာ ကျွန်မကိုကျွန်မကို ရှက်စရာမလိုပါဘူး ။ ရေးတဲ့သူသာရှက်ရမှာပါ ။ ကိုယ်ကိုမလုံးရင် ကိုယ်နာမည် gmail (or) blogspot ၁ခုခုနဲ့ရေးပါ ။
ထားပါတော့ အားလုံးကို တောင်းပန်ပါတယ် ။ ကျေးဇူးလဲတင်ပါတယ်ရှင် ။

Friday, February 6, 2009
လှူကြဦးမလား…ရှင့်
ကျမလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ် ။ မနက်ဆို နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျမပေါ့ ။
အဲဒါမနက်ပိုင်း ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့  ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီးတန်ဆောင်းမှာ ပုတီးစိတ် စကားတွေပြောပြီး ။ ခေါင်းလောင်းထိုး လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့  ကျမတို့  ဆင်းလာခဲ့ကြတယ် ။
ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့  ဘုရားတရား သိပ်လုပ်တယ်လို့ တော့ မထင်စေချင်ဘူး ။
အကြောင်းအရာ တစ်ခုစလိုက်ရင် တစ်ယောက်တစ်ပေါက် မပြီးနိုင်မစီးနိုင်ပြောတာတွေ ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော ကြုံရင်ကြုံသလို နောက်တုန်း ။ ကျမကတော့ အကုန်စပ်စုတွေ့  သမျှ အကုန် အဲလိုစပ်စုရင်းနဲ့  ရွှေတိဂုံဘုရားက အလှူခံပုံးတွေ အကြောင်း ကျမသိလာခဲ့  ရတယ် ၊ ချမ်းသာကြီး တန်ဆောင်းမှာ ပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတစ်ယောက်က သော့ခတ်ထားတဲ့  အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ်။ ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့ လဲမဟုတ် နှစ်နေ့ လဲ မဟုတ် စဉ်းစားကြည့်ပါဦးရှင့်။
ကျမတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့ ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်းတာ တစ်ခါမှမတွေ့ ဘူးခဲ့ ဘူး။
အခုဆယ်နာရီဆိုရင် ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ့ ဝန်ထမ်းပဲ ကျန်တာ။ သော့ခတ်ထားတဲ့ အလှူခံပုံးကို ဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့ မတူပေဘူးလား။ ပုတုတုနဲ့ အဲဒီပုံးလာထမ်းတဲ့ ကောင်လေးကို မမလေ - သိတယ်နော်။
ဟဲ့ နင်ကို ဘယ်သူဒဏ်ပေးထားတာတုန်းလို့ ကျမမေးတော့ - ဗျာ အမတဲ့  အဲဒီ ပုံးတွေထမ်းပြီး ဘယ်ယူသွားတာတုန်းဆို တော့ - သိမ်းတာလေတဲ့ ။
ဟဲ့ နင်အားနေလား နင့်ဘယ်သူသိမ်းခိုင်းတာလဲ အဲဒါဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ ခိုးမဲ့  သူမရှိဘူးဆိုတော့။ မဟုတ်ဘူးအမ ကျနော်တို့ က ၀န်ထမ်း ဒါကျနော်တို့ သူဌေးပိုင်တာတဲ့ ။
ကျမခေါင်းနဘမ်းကြီးသွားသလို အမတွေလည်း အနားတိုးလာတယ်။ ရှင်းရှင်းပြောစမ်း နားမလည်ဘူး၊ ဂေါပကသွား တိုင်မှာနော် ဘုရားပိုင်ငွေတွေ ပြည်သူတွေရဲ့ အလှူငွေတွေကို ဘယ်ကသူဌေးက ပိုင်တယ်လို့  နင်ပြောတာတုန်းဆိုတော့၊ ကျနော်တို့ သူဌေးက ရွှေတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ ကန်ထရိုက်ယူထားသတဲ့ ။
ရှင်။ ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို အမတို့ အားလုံးလဲ ပါးစပ်အဟောင်းသားနဲ့။ နင့်သူဌေးက ဗုဒ္ဓဘာသာလား ဆိုတော့ - မဟုတ်ဘူး၊ ဘာသာခြားတဲ့  ။ မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး၊ မမ နင်မေးရက်တယ်တဲ့ ။ မလတ်ရယ် ဗုဒ္ဓဘာသာတွေလုပ်လို့  ဒီအလှူငွေတွေ ဘာသာခြား လက်ထဲရောက်ကုန်တာ မဟုတ်လား ဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ့ ဗုဒ္ဓဘာသာ မဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျနေတဲ့ လူတစ်စုကြောင့် ရပြီးသား ဘုရားငွေတွေရော၊ မရေရသေးတဲ့ အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲမှာ ပေါင်ထားတာပေါ့တဲ့ ။
ငါတို့ ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ကုလားက ရနေတာကိုးတဲ့ ။ အဲဒီနေ့ ကစလို့  ဘုရားကို ရေလှူ ၊ ပန်းကပ်ရွှေသင်္ကန်းကပ်ရုံကလွဲလို့  သော့ခတ်ထားတဲ့ အလှူခံပုံးတွေထဲ ကျမတို့  အလှူငွေမထည့်တော့ဘူးရှင်။ ကဲ….. ရှင်တို့ ရောလှူကြဦးမလား…ရှင့် ။
မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျမကို ကျိုးကြောင်း ခိုင်လုံစွာ ရှင်းပြပေးပါရှင် ။ ကျမ မဟုတ်ဘူးဆိုတာ ကိုလက်ခံချင်လို့ ပါ….။ ရင်းနှီးတဲ့ ဂေါပကလူကြီးတစ်ယောက်ကိုလဲ ကျမမေးကြည့်တော့  မှန်ပါတယ်တဲ့ ရှင် …..
မမ blogspot မှရရှိပါသည်။

Monday, February 2, 2009
Shopping ထွက်တတ်တဲ့ အစ်မတွေ ညီမတွေ သတိထားကြပါ။
Saturday, January 24, 2009
အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ဒီနေ့ ကြားသိခဲ့ရပါတယ်။ကျွန်တော့် ဆီ ရန်ကုန် က သူငယ်ချင်းတစ်ယောက် mail ပို့ လာလို့ ။
ကျွန်တော့် သူငယ်ချင်း က သူ့ အစ်မ ရင်ဆိုင် ကြုံတွေ့ ခဲ့တာတွေကိုကျွန်တော့ ကိုပြောပြတယ်
ဘလောက်မှာတင်ပြီး အသိပေးပေးဖို့ ကိုလည်း ကျွန်တော့်ကို တောင်းဆိုတယ်လေ။ဖြစ်ပုံက ဒီလို........တဲ့
ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့
ဒီလိုပြောပါတယ်သူ့သူငယ်ချင်း ပလာဇာမှာ အင်္ကျီသွားဝယ်တုန်းက အဝတ်လဲခန်းမှာ
အဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာ
camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက်ပြီးတော့ forum တွေမှာတင်
ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆိုတခြားလူတွေပါ မျှတတ်တဲ့အကျင့်
ဖုန်းထဲမှာပုံတွေထည့်ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး
ပုံတွေကို share လုပ်ကြပုံတွေကြည့်ပြီးပုံထဲက တစ်ယောက်ကို အပြင်မှာ မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ
စဉ်းစားကြည့်ဗျာ အခုတစ်ယောက်က ဆေးကျောင်းကဆရာဝန်ဖြစ်မယ့်သူ
အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထားဓာတ်ပုံထဲမှာတော့ background အဖြူကြီးနဲ့ပေါ့
မသိရင် မကောင်းတာလုပ်စားနေတဲ့ မိန်းကလေးဈေးခေါ်တာ ကျနေတာပဲ
တော်တော်မိုက်ရိုင်းတဲ့ကောင်တွေမြန်မာအချင်းချင်းဗျာ
အဲလို လူမဆန်တာတော့ မကောင်းဘူး
ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ။ခင်ဗျားတို့ညီမ
အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး
ခင်ဗျားတို့ ကောင်မလေး
ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ်
အဲလို လူမဆန်ပဲကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး
နောက်ပြီး ဆိုင်ရှင်တွေ ခင်ဗျားတို့ကောဘာကြောင့် လူမဆန်တာလဲခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား
ဝယ်သူကိုလေးစားပေါ့ဗျာ။ခင်ဗျားတို့ ပိုက်ဆံရတယ် အဲလိုမျိုး camera လာတတ်ထားတဲ့ကောင်တွေက
ခင်ဗျားတို့ကို ၁ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ်ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး
ကျွန်တော် ထပ်ပြောမယ်
ခင်ဗျားတို့ ကောင်မလေး
ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ...?
နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင်သားသမီးတွေ...?
အရင်ကဆို အဲလိုမျိုး ပုံတွေနဲ့ မိကောင်းဖခင်သားသမီးတွေကို
ငွေညှစ်၊ဖျက်စီးခဲ့တဲ့ အဖြစ်တွေရှိတယ်။ကျွန်တော်သိတယ် မပြောချင်ဘူး
ပြောလို့လည်းမကောင်းဘူး။နောက်ပြီး ကျွန်တော့်မှာ သက်သေလည်းမရှိဘူး။
ဘာပဲ ပြောပြော ကိုယ်ချင်းစာတရားမျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက် ထည့်ကြပါ
အစ်မတွေ ညီမတွေ က လည်းအင်္ကျီ ဝယ်တဲ့အခါ သတိထားပါ
အပေါ်ကနေပဲ ထပ်ဝတ်ကြပါအဲလိုပဲ တခြား စကပ်တို့ ဘောင်းဘီတို့ဝယ်လည်း သတိထားပေါ့
မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီးလုပ်စားနေတဲ့ကောင်တွေ ရှိတယ်
အစ်မကမေးတယ်ဘယ်လိုလုပ်သင့်လဲဆိုတော့
ကျွန်တော်က ပြောလိုက်တယ်
တရားစွဲပေါ့
တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ
တစ်ရှက်ကနေ နှစ်ရှက်ထက်တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ်
အဲလိုပဲ ပြောလိုက်တယ်အစ်မလည်း ပြန်ရောက်ကတည်းက
ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာဆဲလို့ဘာလုပ်လို့ရမှာလဲ
ဒါကြောင့် ငါလည်း ဒီစာလေးကို နိုင်ငံခြားမှာ
BLOG တစ်ခုကို ရင်ထဲက ကိုယ်ပိုင် ခံစားချက်တွေ အားလုံးကို လွတ်လွတ်လပ်လပ်
အနှောက်အယှက်ကင်းကင်း ရေးသားနိုင်ခွင့်ရတဲ့ သူငယ်ချင်းမင်းဆီကိုပဲရေးပို့ လိုက်တယ်ကွာ
မင်း BLOG မှာလည်း ဒီအကြောင်းရာတွေ ဖော်ပြပေးစေချင်တယ် သူငယ်ချင်းရေ။
ဒီ POST ကို COPY လုပ်၍ FWRD MAIL ဖြစ်စေ၊
မိမိတို့ ရဲ့ BLOG များတွင် ကူးယူ တင်ပြ၍ ဖြစ်စေ၊
သင့်၏ ပတ်ဝန်းကျင်မှ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကို အသိပေးနှိုးဆော်ပေးခြင်းဖြင့်
ယဉ်ကျေးသိမ်မွေ့ မှူ့ ဆိုတဲ့ ကျွန်တော်တို့  မြန်မာမိန်းကလေးများရဲ့ချစ်မြတ်နိုးစရာ စရိုက်လေးတွေနဲ့ ကမ္ဘာပေါ်မှာ ပြိုင်စံရှား အရမ်းကို
အရှက်အကြောက် ကြီးမားတတ်ကြတဲ့မြန်မာ့အမျိုးကောင်း သမီး ရတနာလေးများရဲ့ အရှက်နဲ့ သိက္ခာတို့ ကို
လူမဆန်စွာယုတ်မာရိုင်းစိုင်းနေကြပြီး ကိုယ်ချင်းစာတရား နဲမျိုးချစ်စိတ်ဓာတ်တွေကင်းမဲ့နေကြတဲ့ သူတွေရဲ့ လုပ်ရပ်တွေမှ မိမိတို
့တတ်အားသ၍ ၀ိုင်းဝန်းကာကွယ် ပေးစေလိုပါကြောင်းကျွန်တော် က မိတ်ဆွေများအားလုံးကို တောင်းဆိုလိုက်ပါရစေဗျာ။
အစ်မတွေ ညီမတွေ အားလုံးကလည်းကိုယ့်အန္တာရာယ်ကိုကိုယ် ဂရုတစိုက်နဲ့ သတိထားရင်း
ဈေးဝယ်ထွက်ကြပါလို့ကျွန်တော် ထပ်ပြီး သတိပေးလိုက်ပါတယ်
သီရိ(SG)ပေးပို့သောအီးမေးလ် သတင်းတပုဒ်ဖြစ်သည်။ပေးပို့သည့် အတိုင်းဖေါ်ပြရ၍(ခင်ဗျားတို့......) (ခင်ဗျားတို့......)ဆိုသည့်အရေးအသားကိုတော့နားလည်ပေးကြပါရန်။ ။
Original Post
ိဒီသတိပေးစာလေကိုယ် အစ်ကိုတစ်ယောက် ပို့ပေးတာပါ ။ ဖတ်ပြီတော့ ဒီလို့ကောင်တွေကို တောတောလေးကို အန်ခြင်းစရာကောင်ပါတယ် ။ နေမကောင်းလို့ အေးဆေးနေရမလားလို့ mail ၀င်စစ်ပြီးဒေါသတွတ်ရပါတယ် ။ မိန်းကလေးတွေ သတိထားစေချင်ပါလို့ ထပ်တင်လိုက်တာပါ ။ စာကိုလည်း မူရင်တိုင်ပဲတင်ပေးလိုက်ပါတယ် ။ သူငယ်ချင်းများလဲ မိမိ blogspot မှလဲဒါလေးကိုတင်ပြီး
သတိပေး ပေးကြပါလို့ မတ္တာရပ်ခံပါတယ်ရှင် ။

Subscribe to:
Posts (Atom)