ပြန်လာပါလို့
မတောင်းဆိုတော့ပါဘူး…
ပျော်ရွှင်စရာကောင်းခဲ့တဲ့
အချိန်တွေအတွတ်…
ကျေးဇူးပါ…
ဘာကြောင့်လဲလို့
မမေးတော့ပါဘူး…
စောတာနဲ့နောက်ကျတာဘဲကွာမယ်
တနေ့တော့နိုးထရမယ်ဆိုတာ
ငါ သိခဲ့ပြီးသားဘဲ…
တခါတခါတော့တွေးမိတယ်
အိပ်မက်တွေ
မမက်အောင်
ကန့်သက်လို့ရရင်
သိပ်ကောင်းမှာဘဲလို့…
ဒါမှမဟုတ်…
အိပ်မက်ကမနိုးထခဲ့ရင်ပေါ့…
ဆုတခုပြည့်ဝခွင့်ရမယ်ဆို
ထာဝရပျော်ရွှင်ခြင်းတွေ…
ကြွယ်ဝချမ်းသာမှုတွေ မလိုချင်ပါဘူး…
နောက်တခေါက်လောက်ပါဘဲ
အိပ်မက်လေးကို ထပ်မက်ပါရစေ….
နောက်တခေါက်လောက်ပါဘဲ…
ဘာဘဲဖြစ်ဖြစ်ပေါ့…
မက်ခွင့်ရခဲ့တဲ့အတွတ်…
အိပ်မက်လေးရေ ကျေးဇူးပါ…
1 comment:
အိပ်မက်ကို အမြဲတမ်း မက်ချင်တာလား ဒါမှမဟုတ် ကိုယ် အအိပ်ကြီးတာကို လူသိအောင်လုပ်တာလား မကွဲပြားဘူးဖြစ်နေတယ်ဗျ ဟီး။ စတာနော်
ကဗျာလေးကောင်းတယ် ခံစားဖတ်ရှုသွားတယ်။
Post a Comment