အသိနောက်ကျခဲ့ပေမယ့်  
ပေးမိတဲ့အဖြေအတွက်  
ငါတာဝန်ယူရဲပါတယ်....  
အတွေးနောက်ကျခဲ့ပေမယ့်  
ဆွေးရတဲ့ငါ့နှလုံးသား  
ငါကုစားရဲပါတယ်...
ပြောခွင့်နောက်ကျခဲ့ပေမယ့်  
ချစ်မိတဲ့အချစ်တခုအတွက်  
ငါအသဲကွဲရဲပါတယ်...  
ကုစားနောက်ကျခဲ့ပေမယ့်  
နက်ရှိုင်းတဲ့  ဒါဏ်ရာတချက်အတွက်  
ငါကျေနပ်နေရဲပါတယ်...  
နောင်တတွေနောက်ကျခဲ့ပေမယ့်  
(အချစ်ဆုံးမင်းက)
 
 
1 comment:
ဟား...... ရေလည်လန်းတယ်ဗျာ၊ တကယ်ပြောတာ မိုက်တယ် ရှယ်ပဲ။
Post a Comment