၁၀တန်းအောင်ပြီး တက္ကသိုလ်ပထမနှစ် စတက်တဲ့ ၄ ၊ ၅ ရက်လောက်မှာပဲ ကျောင်းကားပေါ်မှာ
ကိုမိုးသောက်(english) ၊ ကိုမျိုးကို(english) ၊ ခင်သက်စံ(english) ၊ ခင်မို့မို့ဝင်း(english) ၊ သဇင်(IC Fool) ဆိုတဲ့ သူငယ်ချင်း ၅ယောက်နဲ့ အရမ်ချစ်တဲ့ သူငယ်ချင်း တွေဖြစ်ခဲ့ကြတယ် ။
ကျွန်မနဲ့က မေဂျာမတူတော့ နံနက်ကျောင်းကား အတူတူစီးပြီး ကျောင်းကန်တင်းမှာ မုန့်အတူတူစား နေ့လည်ဆို ကိုဆီသူလာ ကန်တင်းမှာထမင်းအတူတူစား ညနေပြန်တော့ ကျောင်းကားအတူတူစီးပြီး ပြန်ကြတယ် ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ကောက်လိုက် ပြန်ချော့လိုက်နဲ့ (ဟီး ! ကိုကပဲ စိတ်ကောက်တာ သူတို့က တစ်ခါမှ စိတ်မကောက်ဘူး ကျွန်မ ကိုပဲပြန်ချော့ နေရတာ သူတို့က )
သြော်. . . ဒါနဲ့မှတ်မှတ်ရရ      ပြောပြရအုံးမယ်       တိရစ္ဆာန်ရုံ      နှစ်တစ်ရာပြည့်      ကျွန်မရယ်  သဇင်ရယ် ၊ ခင်မို့ရယ် ၊ ခင်သက်စံရယ်      လေးယောက်      သွားကြတာလေ ။  လေးယောက်စလုံး        လိုင်းကားလဲ     ကောင်းကောင်း မစီးတတ်ကြဘူး      ဒါပေမယ့်       လိုင်းကားပဲစီးပြီးသွားချင်တာလေ        ဘယ်ရမလဲ........  ဟိုလူမေး ၊ ဒီလူမေးနဲ့   လိုင်းကားစီးပြီး      သွားလိုက်ကြတာ       တိရစ္ဆာန်ရုံေ   ရာက်သွားလေရဲ့......  (ဟီး..ဟီး)  အမျိုးတွေကို       လိုက်ကြည့်ကြတယ်    ညနေစောင်းတော့        ပြန်ထွက်လာကြတယ် ။      ကားဂိတ်က ဘယ်နားမှာမှန်းလဲ       မသိဘူးကြဘူး        လမ်းလျှောက်      ပြီးလာခဲ့ကြတာ     ရွှေတီဂုံဘုရား  ရောက်သွားကြလေရော.....လူတွေက    လျှောက်ရတာ       တော်တော်လဲညောင်းနေပြီ         ဗိုက်ကလဲဆာတော့   တစ်ယောက်နဲ့       တစ်ယောက်     Texi    စီးရင်     အကောင်းသားဆိုပြီး         အပြစ်တင်ကြတာပေါ့       ဒီလိုနဲ့       
အခုတော့ အရင်ကအတူပျော်ခဲ့ တာတွေကို ပြန်စဉ်းစားမိတိုင်း လွမ်းစရာ အဖြစ်လေးတွေ အဖြစ်သတိရနေမိတယ် သူငယ်ချင်းတို့ရေ . . . . .
  
ကိုဝင်းဇော်ရေ.....Tag လေးကိုဖြေပေးလိုက်ပြီနော်...    
တွေ့တဲ့ဆိုင်ဝင်ပြီး       ထမင်းဖြူလေးပွဲ ၊ ရှောက်သီးသုပ် ၊  ခရမ်းချဉ်သီးသုပ် ၊ လ္ဘက်သုပ်    တွေမှာပြီးစား 
ဆွဲကြတာပေါ့ ။ စားပြီးတော့ ရှေ့နည်းနည်း ဆက်လျှောက်တော့ ကားမှတ်တိုင်တွေ့တယ် အဲဒီမှာပဲ ဘုရားနဲ့ မြေနီကုန်ဆွဲတဲ့ (၃) ကားစီးပြီးတော့ အိမ်ပြန်ခဲ့ကြရတယ် ။
ဆွဲကြတာပေါ့ ။ စားပြီးတော့ ရှေ့နည်းနည်း ဆက်လျှောက်တော့ ကားမှတ်တိုင်တွေ့တယ် အဲဒီမှာပဲ ဘုရားနဲ့ မြေနီကုန်ဆွဲတဲ့ (၃) ကားစီးပြီးတော့ အိမ်ပြန်ခဲ့ကြရတယ် ။
အခုတော့ အရင်ကအတူပျော်ခဲ့ တာတွေကို ပြန်စဉ်းစားမိတိုင်း လွမ်းစရာ အဖြစ်လေးတွေ အဖြစ်သတိရနေမိတယ် သူငယ်ချင်းတို့ရေ . . . . .
ကိုဝင်းဇော်ရေ.....Tag လေးကိုဖြေပေးလိုက်ပြီနော်...
ဒီထက်လဲ     ဆက်မရေး     တတ်တော့လို့ပါ ။
ကောင်းမကောင်း ကိုဖတ်လိုက်ပါအုံးနော် . . . . 
 

 
1 comment:
တဂ်ပို့စ်လေး လာဖတ်ပါတယ်။
စိတ်လိုလက်ရ ရေးပေးလို့ ၀မ်းသာတယ်။
သူငယ်ချင်းတွေ မသိသေးတဲ့
ပျော်စရာအတိတ်လေးတွေကို
သိခွင့်ရလို့လည်း ကျေးဇူးတင်တယ်။
အလွဲလေးတွေ ရှိသေးရင် တင်အုန်းနော် . ..
Post a Comment