Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Sunday, January 4, 2009

သတိ ! ခြေက်လှန့်တတ်သည် ။


ကာလညတစ်ည . . . ။

လကွယ်ညဖြစ်ပြီး ကြယ်တစ်ချို့တလေသာရှိသဖြစ် ကောင်းကင်တစ်ခုလုံး
ပိန်းပိတ်အောင် မှောင်နေသည်။ တိမ်ညိုတိမ်မည်းများက ပိန်းပိတ်အောင်မှောင်နေသည်။ တိမ်ညိုတိမ်မည်းများက တရွေ့ရွေ့မျောလွင့်နေကြသည်။

" အူး . . .၀ူး . . . ၀ူး "

မနီးမဝေးမှ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံကြေင့် ကင်းတဲပေါ်တွင် မီးကင်းစောင့်နေသော
အောင်ဘမှာ ကြက်သီးမွေးညင်းထကာ ခေါင်းနားပန်းကြီးသွားသည် ။

" ဟင် "

အောင်ဘ အလန့်တကြား ရေရွတ်လိုက်၏ ။ အမှောင်ထဲတွင် သူ့ထံသို့ တည့်တည့်လျှေက်လာသော အရိပ်မည်းမည်းကြီး နှစ်ခုကို မြင်တွေ့လိုက်ရသောကြောင့်ပင် ။

သရဲကြောက်တတ်သော အောင်ဘတစ်ယောက် နေစရာမရှိတော့ ။ မီးဖိုရန်စဉ်းစားမိသော်လည်း
ကြောက်လွန်းသဖြင့် ကင်းတဲပေါ်မှ အောက်သို့လည်းမဆင်းရဲ ။ ကြက်သီး များတဖျန်းဖျန်း ထလာပြီး
အပေါ့သွားချင် သလိုလို အလေးသွားချင် သလိုလို ဖြစ်လာသည် ။

အရိပ်မည်းမည်းကြီး နှစ်ခုက သူ့ထံသို့ တရွေ့ရွေ့ လျှောက်လာနေဆဲ ။ အောင်ဘ မျက်စိစုံမှိတ်ပြီး ပါးစပ်ထဲပေါ်လာသမျှ ဘုရားစာကို အမြီးအမောက်မတည့်စွာ တဖွဖွရွတ်နေမိ၏ ။ စွတ်ကျယ်လက်ပြတ်နှင့်
ကိုယ်ကိုလည်းကျုံကွေးထားမိသည် ။့်

အချိန်မည်မျှကြာအောင် ရွတ်နေမိသည်မသိ ။ ဘုရားစာရွတ်ရလွန်းသဖြင့် ပါးစပ်မှ အမြှုပ်ထွက်မတတ် မောလာ၏ ။ အောင်ဘမရဲတရဲဖြင့် မျက်လုံးအစုံကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည် ။ ခုနက
သူတွေ့မြင်နေရသော အရိပ်မည်းမည်းကြီး နှစ်ခု ဘယ်ရောက်သွားပြီည် ။

အရိပ်မည်းမည်းကြီး နှစ်ခုကား ပျောက်ခြင်းမလှပျောက်သွားလေပြီ ။ အောင်ဘ စိတ်သက်သာရာရစွာဖြင့်
လေပူတစ်ချက် မှုတ်ထုတ်လိုက်၏ ။ တော်ပါသေးရဲ့ ။ ငါ မျက်စိအမြင်မှားတာပဲဖြစ်မယ် ။

အတွေးမဆုံးခင်မှာပင်...........

ဘတ် ! ! !

အား..............ကယ်ကြပါဦးဗျ ! ! !

No comments: