Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Friday, January 16, 2009

စတုရန်းရဲ့အထားအသို

အိမ်မက်တွေ ရှာဖွေမယ်
ညခေါင်ခေါင်ကြီးမှာ
လရောင်တွေ ဆာလောင်နေကြပြီးလား ။


ချစ်ခြင်းဆိုတာ
ပန်းခင်းထဲဝင်ပြေးရမယ့်
မျောက်ပိစိကွေးလေးမှ မဟုတ်တာ . . . ။
ငါ့သံစဉ်တိုင်းမှာတော့
မင်းဟာ
ပန်းခင်းလေးလို ရိုးသားနေတယ် ။


ငါ့ဒိုင်ယာရီကြားမှာ ညှပ်ထားတဲ့
ပန်းလေးကတော့
မှတ်မှတ်ရရကို ဖြူစင်နေဆဲ ။


ဒီလိုပါပဲ
သံစဉ်တွေ တဖွဲဖွဲရွာရန်ရာနှုန်းရှိနေပြီလေ
ချစ်ခြင်းရေ . . . အချိန်များများမှာ
ပန်းခင်းလေးဆီ တို့တတွေ လာရအောင်…

No comments: