Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Saturday, January 24, 2009

ရင်မှ ခံစားရသော ဝေဒနာ



ရောက်မလာသေးတဲ့ ဘ၀တစ်ခုကို မျော်လင့်တကြီးနဲ့ စိတ်ကူးယဉ်ခဲ့တယ် ။ ငါစိတ်ကူးလေနဲ့ပဲ ငါဟာအရမ်ကို ပျော်နေခဲ့တယ် ။ အခုတော့ ငါမျော်လင့်ခဲ့တဲ့ ဘ၀လေးဟာ အိမ်မက်လိုပဲ လေပြေလိုပျောက်ဆုံး သွားပြီး ။ ငါ့မျော်လင့်ချက်ကို ရိုက်ချိုးလိုက်တဲ့ မင်းကို ငါမမုန်းပါဘူး ။ လောကထဲကို စရောက်ထည်းက အခုချိန်ထိ ကံဆိုးနေတဲ့ ငါ့ကိုယ်ငါပဲ အရမ်းမုန်းတယ် ။ လောကကြီး တကယ်ဆို ငါအတွက် လုံးဝကို မတရားဘူး လူတွေကို ကြောက်တဲ့စိတ်နဲ့ ခပ်ကင်းကင်းနေခဲ့တဲ့ ငါ့ရင်ထည်းကို ထည့်ပြီး ပြန်ဆွဲထုပ်သွားမဲ့ အိမ်မက်တွေကို ဘာလိုထည့်ပေးခဲ့ရတာလဲ . . .

လူတွေရယ်အောင် ပျော်အောင် ငါလုပ်ပေးခဲ့တယ် ။ ငါရယ်အောင် ဘယ်သူလုပ် ပေးမှာလဲ . . .

မင်းတို့အမြင်မှာ ငါဟာအရာအားလုံးကို မေ့သွားပြီး ရယ်နေတယ် ၊ ပျော်နေတယ် ဟာသလုပ်နေတာ တွေကို ကြည့်ပြီး ငါဟာတကယ် ပျော်နေတယ်လို့ မြင်ကြမှာပဲ ငါ့ရင်ထဲမှာ ငိုနေတာ ၊ ခံစားနေရတာကို ဘယ်သူမြင်မှာလဲ ။

အခုဆိုရင် ငါဟာ အသက်မပါတဲ့ လုပ်ရပ်တွေကို လူမြင်အောင် လုပ်ပြနေပြီး ရင်ထဲခံစားနေရတဲ့
ဝေဒနာကို လူမမြင်အောင် ဖုန်ကွယ်ရင် ညတိုင်ငိုကြွေးနေတာကို မင်းသိရင် ငါကျေနပ်ပါပြီး . . . . . . .

( ဘ၀ဘ၀တိုင်မှာ ချစ်သောသူနဲ့ ကွေကွင်းရခြင်း မချစ်သော်သူနဲ့ ပေါင်ဖက်ရခြင်း မိမိကိုယ်တွင် ခံစားနေရသော် ရင်မှ ဝေဒနာ ခန္ဓာကိုယ်မှ ဝေဒနာတို့ ခံစားမှုမှ ကင်းဝေးပါလို၏ ။ သူငယ်ချင်း အားလုံးလဲ ထိုခံစားမှုမျိုးမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ။ )

1 comment:

Unknown said...

ကောင်းကင်ဖြူရဲ့ ဆုတောင်းများပြည့်ဝပါစေ လို့ ဆုတောင်းပေးရင်း ဒီပို့စ်လေး ကိုဖတ်ပြီး ထပ်တူထပ် မျှ ခံစားရ ပါကြောင်း............