Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Tuesday, January 20, 2009

သရဏဂုံတည်ရခြင်းငါးမျိုး


" သရဏတ္ထတော တာဝသရ ဏဂတာနံ ဘယံသန္တာသံ ဒုက္ခံ ဒုဂ္ဂတိ ပရိတိလေသံ ဟိံသတိ
ဝိနာသေတီတိ အတ္တော ရတနတ္ထယသေ(အကြီး)ဝေတံ အဓိဝစနံ "


ဘယ - တွေ့ကြုံရမည့် ဘေးမှန်သမျှကို ပယ်ဖျောက်ပေးသည် ။

သန္တာ - ကိုယ်စိတ်နှစ်ပါး ပူလောင်မှုမှန်သမျှကိုလည်း ပယ်ဖျောက်ပေးသည် ။

ဒုက္ခ - ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှုကိုလည်း ပယ်ဖျောက်ပေးသည် ။

ဒုဂ္ဂတိ -အပါယ်လေးဘုံ မကျအောင်လည်း စောင့်ရှောက်သည် ။

ပရိကိလေသ -ညစ်ညူးမှုမှန်သမျှကိုလည်း ပယ်ဖျောက်ပေးသည် ။

မကောင်းသောဘေး ဒုက္ခများကို ပယ်ဖျောက်ပေးသည်ဆိုရာတွင် ရတနာသုံးပါး၏ ဂုဏ်သတ္တိကို
ယုံကြည်သောသဒ္ဓါ ။ ရတနာသုံးပါးသာလျှင် အားကိုးရာပဲ တခြားအားကိုးရာ မရှိဟု ဆုံးဖြတ်သော
သမ္မာဒိဠိ ။ ထိုတရားနှစ်ပါးကြောင့်ပင် ဖြစ်၏ ။

No comments: