Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Friday, January 30, 2009

ဦးစားပေးရမှာက

ကျွန်တော်တို့ စီးလာသော ခရီးသည်တင်သင်္ဘော တစ်ဝိုက်သို့ လေပြင်းကျလာသောအခါ
ကုန်းပတ်ပေါ်တွင် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးသည် စကတ်အပေါ်လန် မသွားစေရန်နှင့် ဦးထုပ် လွင့်ပါမသွားစေရန်ကို တစ်ပြိုင်တည်း ကြိုးပမ်းနေရသည် ။ ထိုတွင် ကျွန်တော်၏ ဇနီးက
အကူအညီပေးရန် ပြေးသွားပြီး မေးသည် ။

" စကတ်ကို ကျွန်မ ကိုင်ပေးထားရမလား "

အမျိုးသမီးကြီးက ပြန်အော်သည် ။

" အဲဒါကို မေ့ထားလိုက် ။ ငါ့ကိုယ်လုံးက ၈၅ နှစ်တောင် အိုနေပြီဟဲ့ ။ ဦးထုပ်က အသစ်ကြီးရှိသေးတယ် ။ "

2 comments:

Anonymous said...

အဟီဟီ ဟုတ်တာပဲဟာ။
ရယ်သွားတယ်ဗျို့

Welcome said...

အမှန်တွေ ပြောသွားတာပဲ။