Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Wednesday, January 28, 2009

အရွယ်မရောက်သေးသူများနှင့် chatting ကိစ္စ



သူငယ်ချင်းတယောက်ကဒီကိစ္စနဲ့ ပတ်သက်ပြီးပြောလာတော့ မိမိထင်မြင်ချက်ခလေးကိုတင်ပြဖို့ စဉ်းစားမိတော့သည်။
အရွယ်မရောက်သေးသူဆိုတာက အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း နိုင်ငံတကာစံနှုန်း ၁၈ နှစ်အောက်အရွယ်တွေကို ရည်ရွယ်ပါတယ်။
ချွင်းချက်အနေနဲ့ တော့ ဒီထက်ငယ်ပြီးသတ်မှတ်ထားတဲ့  နိုင်ငံ အချို့ ရှိကောင်းရှိမှာပါ။
ဆိုက်ဘာကဖေးတွေမှာ ဆယ်ကျော်သက်အရွယ်တွေ အင်တာနက်အသုံးများလာတာ လူတိုင်းသတိပြုမိကြမှာပါ။
ဒီတော့လဲအရွယ်မရောက်သေးသူတွေလဲ ပါလာကြမှာပေါ့။
ခေတ်ကာလအရ အင်တာနက်ကို နဲနဲပါးပါးတော့ တီးမိခေါက်မိအသုံးပြုတက်ထားသင့်ပါတယ်။အွန်လိုင်းမှာ ပညာရပ်ဆိုင်ရာ ဆိုဒ်တွေလေ့လာစရာတွေ ဒုနဲ့ ဒေးပါ။ လူငယ်အများစုက chatting ကိစ္စကိုသာသုံးကြပါတယ်။ ပြည်ပရောက်နေတဲ့  အမေ၊အဖေစတဲ့ ပတ်သတ်ရာပတ်သက်ကြောင်းတွေနဲ့ ဆက်သွယ်ရာမှာလဲ အင်တာနက်ကများစွာ လွယ်ကူချောမွေ့ ပါတယ်။
အနောက်နိုင်ငံတွေမှာဆိုရင်လဲ အရေးပေါ်ဌာနတွေကို ခလေးတွေ အင်တာနက်ကတဆင့် ခေါ်တက်အောင် မူလတန်းပညာမှာကထဲကသင်ပေးထားကြပါတယ်။
ဒီတော့ မြန်မာပြည်မှာလဲ ဒီပညာတွေ ခလေးတွေတက်ထားသင့်တာပေါ့။
ဒါပေမယ့် အရွယ်မရောက်သေးသူတွေကို အုပ်ထိမ်းသူ တယောက်ယောက်မပါဘဲ chatting မှာလွှတ်မထားသင့်ပါဘူး။
အွန်လိုင်းကိုက လူအမျိုးမျိုးအသုံးပြုနေကြတာ မဟုတ်လား။
ငယ်ရွယ်သူတွေဆိုတာ အတုယူမြန်ကြ၊ စူးစမ်းချင်ကြတယ်လေ။
ကြားမိတာ စင်္ကာပူမှာ ခလေးတွေ chatting လုပ်၊ချိန်းတွေ့ ကြ၊နောက်တော့ ကောင်မလေးက ကိုယ်ဝန်ရှိလာရော။
ကောင်မလေးက ၁၃၊၁၄၊ ကောင်လေးက ၁၇ တဲ့ဗျာ။
ကောင်းကြရောပေါ့။
အရွယ်ကလဲငယ်ကြသေးတော့ စဉ်းစားဆင်ခြင်မှုက အားနည်းကြသေးတယ် မဟုတ်လား။
ဒီတော့ဒီကိစ္စကို သူတို့ ချည်းပဲ မလွှတ်ထားသင့်ဘူး မြင်ပါတယ်။
စင်္ကာပူကအဖြစ်မျိုးရော မြန်မာပြည်မှာ မဖြစ်နိုင်ဘူး ဆိုနိုင်မလား။
နောက်တယောက်နဲ့ တယောက် chatting မှာမမြင်ရတော့ စကြ၊နောက်ကြ၊လူငယ်တွေဆိုတော့ အဟုတ်ထင်မိပြီး သာယာမိမှာပဲလေ။
နောက်ဓါတ်ပုံ ဖလှယ်ကြတဲ့ ကိစ္စ။ခင်နေမင်နေကြစဉ်က တယောက်နဲ့ တယောက်ဓါတ်ပုံတွေ ဖလှယ်ကြ၊ passward တွေတောင်တယောက်ဟာ တယောက်သိနေကြတာ၊ဖလှယ်ထားကြတာလေ။ ပျော်စရာပါ။
နောက်မသင့်မတင့်တွေဖြစ်ပြီး ခွါပြဲတော့ကြတော့မှ တဖက်ကနှမချင်းစာနာတက်သူ၊ စိတ်ကောင်းရှိသူဆိုတော်သေး။
မဟုတ်ရင် ကိုယ့်မျက်နှာနဲ့  နိုင်ငံတကာက ဇိမ်မယ်ခန္ဓာကိုယ်နဲ့  ညစ်ညမ်းတဲ့ ဆိုဒ်တွေထဲရောက်ကုန်ပါလေရောလား။ ပြည်တွင်းကလူတွေကတော့ သိချင်မှသိမှာ ပြည်ပရောက်နေတဲ့ အကိုလုပ်သူက သူ့ ညီမမျက်နှာနဲ့ ပုံကို မကောင်းတဲ့ ဆိုဒ်တခုမှာသွားတွေ့ မှ ပြဿနာတက်ကြပါလေရော။ ဒီတော့ မိန်းခလေးတွေဆင်ခြင်ကြပါ။ ဓါတ်ပုံကို အရမ်းလိုက်မပေးမိဖို့ နဲ့  ဖိုရမ်တို့ ဘာတို့ မှာလဲ အရမ်းမတင်မိဖို့ ပါ။
ပြဿနာတက်လာရင် ဘယ်သူတာဝန်ယူမှာလဲ။
chatting မှာလဲ
စည်းလေးတော့ ထားသင့်ပါတယ်။
ခင်ကာစက တိုင်ပင်နဲ့ ပြောကြပေါ့။ပြောကြည့်ရင်သိသာပါတယ်။
ဒီလူဟာ ရိုးရိုးသားသားလား ဆန်းဆန်းပြားပြားလားဆိုတာ။ ဆယ်ကျော်သက်တွေကဆင်ခြင်နိုင်ပါ့မလား။ နောက်အင်မတန်ရင်နှီးပါမှ voice နဲ့ ပြောပေါ့။ အရုပ်ပါမြင်ရတဲ့  vzo, skype တို့ ဆိုပို့ လို့ ဆင်ခြင်သင့်ပါတယ်။ တဖက်ကဖမ်းယူထားပြီး အထက်ကပြောသလိုလုပ်ပစ်ရင် မခတ်ကုန်ပေဘူးလား။
ကွန်ပျူတာပညာရပ်ကလဲ အံ့မခန်းတိုးတက်နေတာလေ။
ဒီတော့ အွန်လိုင်းချစ်သူတွေ သတိထားကြပါ။ ရုပ်ရှင်မင်းသမီးပါဖြစ်သွားနိုင်ပါတယ်။
ပြောသာပြောရ ရိုးရိုးသားသားသမားတွေတော့ အားနာပါတယ်။
အများစုက အဲလိုရှုပ်ရှုပ်တွေများလေတော့ ဆယ်ကျော်သက်တွေ ကိုဒီအတိုင်းလွှတ်မထားသင့်ဘူးဆိုတာပါပဲ။
အင်း ဆယ်ကျော်သက်တွေသာ ခေါင်းစဉ်တပ်ပြီးပြောနေရတာပါလေ.......................။
ကဲ ဒီတော့ဗျာ. အရွယ်မရောက်သေးသူတွေကို chatting မှာ အုပ်ထိမ်းသူမပါဘဲ လွှတ်မထားသင့်ပါဘူး။
ကျတော့အမြင်ပါ။
ဆိုင်ဖွင့်ထားသူတွေလဲ သတိပေးမှုတွေရှိသင့်ပါတယ်။
ခေတ်မီတိုးတက်ခြင်းသည်ကောင်း၏၊သို့ သော်မကောင်း။
နောက်ကျကျန်ရစ်ခြင်းသည်ကောင်း၏၊၊သို့ သော်မကောင်း။
ဒီတော့ မိမိယဉ်ကျေးမှု ဓလေ့စရိုက်ကို မထိခိုက်စေဘဲ ခေတ်နဲ့ အညီလိုက်မျောပါဝင်စီးဆင်းကြရအောင်လားဗျာ..။
ပြောနေရင်း တချိန်က ဘီဘီစီ မြန်မာဌာနက ဦးလေးကြီးဦးဖေသန်းရဲ့ စကားကိုပဲ တဆင့်ပြောပါရစေတော့..
စဉ်းစားဆင်ခြင်ဖို့ နဲ့ ဝေဖန်သုံးသပ်ဖို့ ပါ တဲ့။

4 comments:

Welcome said...

ကျွန်တော်တော့ ချက်မတက်ဖြစ်ဘူး။ မတက်ဖြစ်တဲ့ အကြောင်းက -
(၁)အချိန်ကုန်တယ်။
(၂)တစ်ဖက်လူရဲ့လိမ်ညာတာကို မခံချင်ဘူး။
(၃)စမ်းတ၀ါးဝါး မလုပ်ချင်ဘူး။
(၄)သူများသုံးတဲ့ Burglish ကို ဘာသာ မပြန်တတ်ဘူး၊ ခဏခဏ နားလည်မှုလွဲတယ်။
ဒါပေမယ့်
(၁)အကျိုးရှိတဲ့ အမေး/အဖြေတွေ။
(၂)တစ်ယောက်နဲ့တစ်ယောက် ခင်မင်တဲ့ ဘလောဂ်ဂါထဲက သူငယ်ချင်းတွေနဲ့ greeting လုပ်တာလောက်တော့ သုံးဖြစ်ပါတယ်။
------
တိုးတက်နေတဲ့ နည်းပညာတွေကို လူတိုင်းကို အသုံးပြုစေချင်ပါတယ်။ ဒါပေမယ့် သူ့စည်းနဲ့ သူပဲဖြစ်စေချင်ပါတယ်။
အဓိကကတော့ (ကလေးမလေး) တွေကို အယုံမလွယ်စေဖို့ သတိပေးချင်တာပါ။
Chatting မှာ nickname အမျိုးမျိုးနဲ့ လူပေါင်းစုံတယ်လေ။ အယုံသွင်းခံရပြီး စာရေးသူပြောသလို ဘ၀ပျက်နိုင်ပါတယ်။
ပညာပေးပို့လေးအတွက် ကျေးဇူးပါ
ခင်မင်လျက် .. ၀င်းဇော်

အောင်မြေ said...

ချက်တက်ဖြစ်ဘူး။ အချိန်မလောက်လို့။
ကလေးတွေ အတုယူမမှားရင် ကောင်းမှာပဲ။ ကိုယ်လည်း ဒီလိုကနေ သင်ခန်းစာတွေ ရလာတာလေ။
ကျေးဇူးပါ။

မီယာ said...

သိတဲ့ ကလေးမိဘတွေကို လက်ဆင့် ကမ်းလိုက် မယ်နော်.. ရန်ကုန်ပြန်တုန်းကတော့ email စစ်ဖို့တောင် ဆိုင်မှာ အတော် ထိုင်စောင့်ရတယ်။ အခုတော့ ကွန်နတ်ရှင် ကောင်းနေပြီ ဆိုတဲ့ သဘောပေါ့နော်..

WWKM said...

ပို့စ်ကောင်းလေးတစ်ခုပါ ညီမလေးရေ.
ညီမလေးက စာရေးကောင်းတယ်နော်။ ဖတ်လို့ကောင်း
တဲ့ မှတ်သားစရာပို့စ်လေးပါကွယ်။
အဆင်ပြေပျော်ရွှင်ပါစေ ညီမလေးရေ။