ငရုပ်သီးရောင်းတဲ့ လှတောသားတစ်ဦးဆီမှာ လှတောသား တစ်ယောက်က ဈေးဝယ်တယ် ။
ခင်ဗျား ငရုပ်သီးက စပ်ရဲ့လားဗျ
ငရုပ်သီးပါဆိုမှ စပ်ပြီပေါ့ဗျ
ဟုတ်ဖူလေး တချို့ ငရုပ်သီးတွေက ကြွက်မခုပ်တဲ့ ကြောင်တွေလိုပဲဗျ နာမည်သာရှိတာ အသုံးမကျဘူး
မစပ်တဲ့ ငရုပ်သီးတွေရှိတာတော့ မှန်ပါတယ် ဒါပေမယ့် ကျုက်ငရုပ်သီးကတော့ စပ်သလားမမေးနဲ့
စာပြီးတာနဲ့ အဲယားကွန်း ဖွင့်ထားပေရော ယပ်ခပ်လို့ မနိုင်ဘူးဗျ
Welcome To The skywhitegirl Blogspot

Saturday, January 31, 2009
Friday, January 30, 2009
လိုက်နာစောင့်ထိန်းဖို့
မိမိအပြစ်ကို ၀န်မချလျှင် ၊
ယင်းကို စောဒကတက်လျှင်
သို့မဟုတ်
မာန်ခံပြီရှိခိုးကန်တော့ခြင်း
မပြုနိုင်ခဲ့လျှင်
သံသရာတစ်ခွင်ဝယ်
နတ်ရွာ ၊
မဂ်ဖိုလ်လမ်းများပိတ်ဆို့
တားဆီးခြင်းခံရမည့်အပြင်
အပါယ်လေးရွာသို့ပင်
လားရောက်နိုင်သည် ။
ယင်းကို စောဒကတက်လျှင်
သို့မဟုတ်
မာန်ခံပြီရှိခိုးကန်တော့ခြင်း
မပြုနိုင်ခဲ့လျှင်
သံသရာတစ်ခွင်ဝယ်
နတ်ရွာ ၊
မဂ်ဖိုလ်လမ်းများပိတ်ဆို့
တားဆီးခြင်းခံရမည့်အပြင်
အပါယ်လေးရွာသို့ပင်
လားရောက်နိုင်သည် ။
ဦးစားပေးရမှာက
ကျွန်တော်တို့ စီးလာသော ခရီးသည်တင်သင်္ဘော တစ်ဝိုက်သို့ လေပြင်းကျလာသောအခါ
ကုန်းပတ်ပေါ်တွင် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးသည် စကတ်အပေါ်လန် မသွားစေရန်နှင့် ဦးထုပ် လွင့်ပါမသွားစေရန်ကို တစ်ပြိုင်တည်း ကြိုးပမ်းနေရသည် ။ ထိုတွင် ကျွန်တော်၏ ဇနီးက
အကူအညီပေးရန် ပြေးသွားပြီး မေးသည် ။
" စကတ်ကို ကျွန်မ ကိုင်ပေးထားရမလား "
အမျိုးသမီးကြီးက ပြန်အော်သည် ။
" အဲဒါကို မေ့ထားလိုက် ။ ငါ့ကိုယ်လုံးက ၈၅ နှစ်တောင် အိုနေပြီဟဲ့ ။ ဦးထုပ်က အသစ်ကြီးရှိသေးတယ် ။ "

ငိုတဲ့သူ
သတိထားပါ
လောကမှာ
အနီးကပ်ဆုံးရန်သူဟာအနာရောဂါ
အနီးကပ်ဆုံးမိတ်ဆွေဟာ အတက်ပညာ
အနီးကပ်ဆုံးချစ်သူဟာ ကိုယ့်ကို၌ပဲ
အနီကပ်ဆုံးအင်းအားကတော့ ကံကြမ္မာ

Wednesday, January 28, 2009
အရွယ်မရောက်သေးသူများနှင့် chatting ကိစ္စ
ၥ
သူငယ်ချင်းတယောက်ကဒီကိစ္စနဲ့ ပတ်သက်ပြီးပြောလာတော့ မိမိထင်မြင်ချက်ခလေးကိုတင်ပြဖို့ စဉ်းစားမိတော့သည်။
အရွယ်မရောက်သေးသူဆိုတာက အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း နိုင်ငံတကာစံနှုန်း ၁၈ နှစ်အောက်အရွယ်တွေကို ရည်ရွယ်ပါတယ်။
ချွင်းချက်အနေနဲ့ တော့ ဒီထက်ငယ်ပြီးသတ်မှတ်ထားတဲ့  နိုင်ငံ အချို့ ရှိကောင်းရှိမှာပါ။
ဆိုက်ဘာကဖေးတွေမှာ ဆယ်ကျော်သက်အရွယ်တွေ အင်တာနက်အသုံးများလာတာ လူတိုင်းသတိပြုမိကြမှာပါ။
ဒီတော့လဲအရွယ်မရောက်သေးသူတွေလဲ ပါလာကြမှာပေါ့။
ခေတ်ကာလအရ အင်တာနက်ကို နဲနဲပါးပါးတော့ တီးမိခေါက်မိအသုံးပြုတက်ထားသင့်ပါတယ်။အွန်လိုင်းမှာ ပညာရပ်ဆိုင်ရာ ဆိုဒ်တွေလေ့လာစရာတွေ ဒုနဲ့ ဒေးပါ။ လူငယ်အများစုက chatting ကိစ္စကိုသာသုံးကြပါတယ်။ ပြည်ပရောက်နေတဲ့  အမေ၊အဖေစတဲ့ ပတ်သတ်ရာပတ်သက်ကြောင်းတွေနဲ့ ဆက်သွယ်ရာမှာလဲ အင်တာနက်ကများစွာ လွယ်ကူချောမွေ့ ပါတယ်။
အနောက်နိုင်ငံတွေမှာဆိုရင်လဲ အရေးပေါ်ဌာနတွေကို ခလေးတွေ အင်တာနက်ကတဆင့် ခေါ်တက်အောင် မူလတန်းပညာမှာကထဲကသင်ပေးထားကြပါတယ်။
ဒီတော့ မြန်မာပြည်မှာလဲ ဒီပညာတွေ ခလေးတွေတက်ထားသင့်တာပေါ့။
ဒါပေမယ့် အရွယ်မရောက်သေးသူတွေကို အုပ်ထိမ်းသူ တယောက်ယောက်မပါဘဲ chatting မှာလွှတ်မထားသင့်ပါဘူး။
အွန်လိုင်းကိုက လူအမျိုးမျိုးအသုံးပြုနေကြတာ မဟုတ်လား။
ငယ်ရွယ်သူတွေဆိုတာ အတုယူမြန်ကြ၊ စူးစမ်းချင်ကြတယ်လေ။
ကြားမိတာ စင်္ကာပူမှာ ခလေးတွေ chatting လုပ်၊ချိန်းတွေ့ ကြ၊နောက်တော့ ကောင်မလေးက ကိုယ်ဝန်ရှိလာရော။
ကောင်မလေးက ၁၃၊၁၄၊ ကောင်လေးက ၁၇ တဲ့ဗျာ။
ကောင်းကြရောပေါ့။
အရွယ်ကလဲငယ်ကြသေးတော့ စဉ်းစားဆင်ခြင်မှုက အားနည်းကြသေးတယ် မဟုတ်လား။
ဒီတော့ဒီကိစ္စကို သူတို့ ချည်းပဲ မလွှတ်ထားသင့်ဘူး မြင်ပါတယ်။
စင်္ကာပူကအဖြစ်မျိုးရော မြန်မာပြည်မှာ မဖြစ်နိုင်ဘူး ဆိုနိုင်မလား။
နောက်တယောက်နဲ့ တယောက် chatting မှာမမြင်ရတော့ စကြ၊နောက်ကြ၊လူငယ်တွေဆိုတော့ အဟုတ်ထင်မိပြီး သာယာမိမှာပဲလေ။
နောက်ဓါတ်ပုံ ဖလှယ်ကြတဲ့ ကိစ္စ။ခင်နေမင်နေကြစဉ်က တယောက်နဲ့ တယောက်ဓါတ်ပုံတွေ ဖလှယ်ကြ၊ passward တွေတောင်တယောက်ဟာ တယောက်သိနေကြတာ၊ဖလှယ်ထားကြတာလေ။ ပျော်စရာပါ။
နောက်မသင့်မတင့်တွေဖြစ်ပြီး ခွါပြဲတော့ကြတော့မှ တဖက်ကနှမချင်းစာနာတက်သူ၊ စိတ်ကောင်းရှိသူဆိုတော်သေး။
မဟုတ်ရင် ကိုယ့်မျက်နှာနဲ့  နိုင်ငံတကာက ဇိမ်မယ်ခန္ဓာကိုယ်နဲ့  ညစ်ညမ်းတဲ့ ဆိုဒ်တွေထဲရောက်ကုန်ပါလေရောလား။ ပြည်တွင်းကလူတွေကတော့ သိချင်မှသိမှာ ပြည်ပရောက်နေတဲ့ အကိုလုပ်သူက သူ့ ညီမမျက်နှာနဲ့ ပုံကို မကောင်းတဲ့ ဆိုဒ်တခုမှာသွားတွေ့ မှ ပြဿနာတက်ကြပါလေရော။ ဒီတော့ မိန်းခလေးတွေဆင်ခြင်ကြပါ။ ဓါတ်ပုံကို အရမ်းလိုက်မပေးမိဖို့ နဲ့  ဖိုရမ်တို့ ဘာတို့ မှာလဲ အရမ်းမတင်မိဖို့ ပါ။
ပြဿနာတက်လာရင် ဘယ်သူတာဝန်ယူမှာလဲ။
chatting မှာလဲ
စည်းလေးတော့ ထားသင့်ပါတယ်။
ခင်ကာစက တိုင်ပင်နဲ့ ပြောကြပေါ့။ပြောကြည့်ရင်သိသာပါတယ်။
ဒီလူဟာ ရိုးရိုးသားသားလား ဆန်းဆန်းပြားပြားလားဆိုတာ။ ဆယ်ကျော်သက်တွေကဆင်ခြင်နိုင်ပါ့မလား။ နောက်အင်မတန်ရင်နှီးပါမှ voice နဲ့ ပြောပေါ့။ အရုပ်ပါမြင်ရတဲ့  vzo, skype တို့ ဆိုပို့ လို့ ဆင်ခြင်သင့်ပါတယ်။ တဖက်ကဖမ်းယူထားပြီး အထက်ကပြောသလိုလုပ်ပစ်ရင် မခတ်ကုန်ပေဘူးလား။
ကွန်ပျူတာပညာရပ်ကလဲ အံ့မခန်းတိုးတက်နေတာလေ။
ဒီတော့ အွန်လိုင်းချစ်သူတွေ သတိထားကြပါ။ ရုပ်ရှင်မင်းသမီးပါဖြစ်သွားနိုင်ပါတယ်။
ပြောသာပြောရ ရိုးရိုးသားသားသမားတွေတော့ အားနာပါတယ်။
အများစုက အဲလိုရှုပ်ရှုပ်တွေများလေတော့ ဆယ်ကျော်သက်တွေ ကိုဒီအတိုင်းလွှတ်မထားသင့်ဘူးဆိုတာပါပဲ။
အင်း ဆယ်ကျော်သက်တွေသာ ခေါင်းစဉ်တပ်ပြီးပြောနေရတာပါလေ.......................။
ကဲ ဒီတော့ဗျာ. အရွယ်မရောက်သေးသူတွေကို chatting မှာ အုပ်ထိမ်းသူမပါဘဲ လွှတ်မထားသင့်ပါဘူး။
ကျတော့အမြင်ပါ။
ဆိုင်ဖွင့်ထားသူတွေလဲ သတိပေးမှုတွေရှိသင့်ပါတယ်။
ခေတ်မီတိုးတက်ခြင်းသည်ကောင်း၏၊သို့ သော်မကောင်း။
နောက်ကျကျန်ရစ်ခြင်းသည်ကောင်း၏၊၊သို့ သော်မကောင်း။
ဒီတော့ မိမိယဉ်ကျေးမှု ဓလေ့စရိုက်ကို မထိခိုက်စေဘဲ ခေတ်နဲ့ အညီလိုက်မျောပါဝင်စီးဆင်းကြရအောင်လားဗျာ..။
ပြောနေရင်း တချိန်က ဘီဘီစီ မြန်မာဌာနက ဦးလေးကြီးဦးဖေသန်းရဲ့ စကားကိုပဲ တဆင့်ပြောပါရစေတော့..
စဉ်းစားဆင်ခြင်ဖို့ နဲ့ ဝေဖန်သုံးသပ်ဖို့ ပါ တဲ့။

Monday, January 26, 2009
Saturday, January 24, 2009
ရင်မှ ခံစားရသော ဝေဒနာ

ရောက်မလာသေးတဲ့ ဘ၀တစ်ခုကို မျော်လင့်တကြီးနဲ့ စိတ်ကူးယဉ်ခဲ့တယ် ။ ငါစိတ်ကူးလေနဲ့ပဲ ငါဟာအရမ်ကို ပျော်နေခဲ့တယ် ။ အခုတော့ ငါမျော်လင့်ခဲ့တဲ့ ဘ၀လေးဟာ အိမ်မက်လိုပဲ လေပြေလိုပျောက်ဆုံး သွားပြီး ။ ငါ့မျော်လင့်ချက်ကို ရိုက်ချိုးလိုက်တဲ့ မင်းကို ငါမမုန်းပါဘူး ။ လောကထဲကို စရောက်ထည်းက အခုချိန်ထိ ကံဆိုးနေတဲ့ ငါ့ကိုယ်ငါပဲ အရမ်းမုန်းတယ် ။ လောကကြီး တကယ်ဆို ငါအတွက် လုံးဝကို မတရားဘူး လူတွေကို ကြောက်တဲ့စိတ်နဲ့ ခပ်ကင်းကင်းနေခဲ့တဲ့ ငါ့ရင်ထည်းကို ထည့်ပြီး ပြန်ဆွဲထုပ်သွားမဲ့ အိမ်မက်တွေကို ဘာလိုထည့်ပေးခဲ့ရတာလဲ . . .
လူတွေရယ်အောင် ပျော်အောင် ငါလုပ်ပေးခဲ့တယ် ။ ငါရယ်အောင် ဘယ်သူလုပ် ပေးမှာလဲ . . .
မင်းတို့အမြင်မှာ ငါဟာအရာအားလုံးကို မေ့သွားပြီး ရယ်နေတယ် ၊ ပျော်နေတယ် ဟာသလုပ်နေတာ တွေကို ကြည့်ပြီး ငါဟာတကယ် ပျော်နေတယ်လို့ မြင်ကြမှာပဲ ငါ့ရင်ထဲမှာ ငိုနေတာ ၊ ခံစားနေရတာကို ဘယ်သူမြင်မှာလဲ ။
အခုဆိုရင် ငါဟာ အသက်မပါတဲ့ လုပ်ရပ်တွေကို လူမြင်အောင် လုပ်ပြနေပြီး ရင်ထဲခံစားနေရတဲ့
ဝေဒနာကို လူမမြင်အောင် ဖုန်ကွယ်ရင် ညတိုင်ငိုကြွေးနေတာကို မင်းသိရင် ငါကျေနပ်ပါပြီး . . . . . . .
( ဘ၀ဘ၀တိုင်မှာ ချစ်သောသူနဲ့ ကွေကွင်းရခြင်း မချစ်သော်သူနဲ့ ပေါင်ဖက်ရခြင်း မိမိကိုယ်တွင် ခံစားနေရသော် ရင်မှ ဝေဒနာ ခန္ဓာကိုယ်မှ ဝေဒနာတို့ ခံစားမှုမှ ကင်းဝေးပါလို၏ ။ သူငယ်ချင်း အားလုံးလဲ ထိုခံစားမှုမျိုးမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ။ )
Friday, January 23, 2009
ခွက်ပဲ့လေး တစ်လုံး

အဘွားအို တစ်ဦးဟာ တုန်ချည့်ချည့် လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ် ။
လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲ အဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာ ဖြစ်တယ် ။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့ ဟင်းရွက်တစ်ချို့ ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး ။ ထမင်းစား ချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့
အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ် ။
ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲ သွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ် ။ ဒါဟာ အဘွားအိုရဲ့ နေ့စဉ်အလုပ်ဖြစ်တယ် ။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျော မပေးခဲ့ဘူး ။
"မေမေ . . . ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး ။ ဘာဖြစ်လို့ သူ့ပန်းကန်ကို ဆေးမပေးရတာလဲ ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ ? "
အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ် ။
"ကလေးက ကလေးနေရာမှာ နေစမ်း ။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကို
အိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား ? သူစားတဲ့ခွက်ကို ငါက ဆေးပေးရဦးမှာလား ? အဲဒီခွက်သုံးလို့ ရသေးတာပဲ ဘာအသစ်လဲနေစရာ လိုလို့လဲ ။ အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ် ။ ပိုက်ဆံက အလကား ရတာမဟုတ်ဘူး " အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့ စကားကို အဘွားအို အလွတ်ရလုနီးနေပါပြီ ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအို ပွတ်သုတ်လိုက်တယ် ။
အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့ အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့်
ပြန်မပြောရဲခဲ့ဘူး ။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။ အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ ။ အမေ့မျက်နှာ အရိပ်အကဲနဲ့
ရှင်သန်နေရသူ ဖြစ်တယ်။
ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီး ကုတင်ပေါ် ထိုင်ချလိုက်တယ် ။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး "
ဘွားဘွား . . . မေမေကို မမုန်းဘူးလားဟင် " လို့မေးလိုက်တယ် ။
" မြေးလေးရယ် . . . အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ ။ ထမင်းတစ်လုပ်
စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ ။ အမုန်းဆိုတာ မရှိသင့်ဘူး ။ မြေးမေမေ တတွတ်တွတ် ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ " မြေးကို ပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ် ။
"ဟဲ့ . . ဒီကောင်မ . . ဘယ်သွားနေတာလဲ ? ကိုယ့်အခန်းထဲ ဝင်နေစမ်း " ချွေးမရဲ့ အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ် ။ ကုတင်ပေါ် အဘွားအို လဲချလိုက်တယ် ။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ ညတွေ နည်းလာခဲ့တယ် ။ ကုတင်ပေါ် လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ် ။
အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ် ။ သားက အဲဒီကုမ္ပဏီက မန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ် ။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့ သား နဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ ။ ချွေးမက လက်ထပ်ပြီးစမှာ ယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ် ။
ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ် ။ မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ် ။
မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ ? အဘိုးအို ဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲ ကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ် ။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့ မျက်လုံး ကွယ်ခဲ့ရတယ် ။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့
ဗီဇရုပ်ပေါ်လာတာပါပဲ ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့ ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ် ။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူ အဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာ ရှင်သန်ခဲ့ရတယ် ။
အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင် နေရောင်ခြည် ၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ က်ပေါင်း ၇ဝဝကျော် ရှိနေခဲ့ပါပြီ ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
နေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ် ။ ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို " ခဏနေ ဧည့်သည်လာရင် အပြင် မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း . . . ဒီနေ့လာမဲ့ ဧည့်သည်တွေက လူကြီးလူကောင်းတွေ . . မျက်ကန်းအဘွားကြီးကြောင့် ကျွန်မ အရှက်မကွဲစေနဲ့ ၊ ရှင့်နာမည် မပျက်စေနဲ့နော် " လို့ မှာတယ် ။ မယားစကား နာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး ။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ်
ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ် ။ အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲ သားဝင်လာခဲ့တယ် ။
ခုတစ်လော မြို့မှာ ကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့ အိမ်ပြန်ရောက်လာ ခဲ့တယ် ။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက် အသား ၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင် ချက်ကျွေး တော့တယ်။
"ရပြီ . . မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး " သားပန်းကန်ထဲ ဟင်းတွေ ထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ " မေမေ . . ဘွားဘွားကိုလည်း သားတို့နဲ့ အတူတူစားခိုင်း ပါလား ? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ " လို့ တောင်းဆိုလိုက်တယ် ။
"သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး ။ ဘယ်နားစားစား အတူတူပဲလေသား ။ အခန်းထဲမှာ စားတာ သူကျင့်သားရနေပါပြီ "
အဘွား အပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ် ။
.......................................................................................................................................................................
သူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြာပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ် ။
" သားတို့က ဘွားဘွား ကောင်းဖို့အတွက်ပါ သားတို့ ပြောသလိုသာ လုပ်ပါ ဘွားဘွား "လို့ မြေးအကြီးက တောင်းဆိုတယ် ။
" ဆရာမက ပြောတယ် " လူကြီးမိဘတွေကို ရိုသေလေးစားရမယ် " တဲ့ ။ မေမေ လုပ်ပုံက မဟုတ် သေးဘူး ။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး ။ သမီးတို့ ပြောသလို လုပ်ပါနော် ဘွားဘွား " မြေးမလေးက ဝင်ထောက်ပြန်တယ် ။
"ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွား လက်ခံနိုင်ပေမယ့် ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး ။ သားတို့ ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအို ခေါင်းညိတ်မိလိုက်တယ် ။
ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး ။ မြေးကြီးက တိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာ ပစ်ချလိုက်တယ် ။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့ . . . ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီး အခန်းထဲကနေ ထွက်လာခဲ့တယ် ။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကို အော်ဟစ်လိုက်တယ် ။
" ဘာဖြစ်လို့ ထွက်လာရတာလဲ ? အခုချက်ချင်း ပြန်ဝင်စမ်း "
ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကို လွတ်ချလိုက်တယ် ။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံက ပိုကျယ်လောင် နေပါတယ် ။
" ကြည့်စမ်း . . ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ် ။ အေး . . ဒီည ထမင်းစားရဖို့ မစဉ်းစားနဲ့တော့ "
အဲဒီအချိန်မှာ မြေးကြီးက " အဘွားကလဲကွာ . . ပန်းကန်ကို လုပ်ခွဲလိုက်ရတယ်လို့ ။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့" ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကို အသံမြင့် လှည့်ပြောလိုက်တယ် ။
"မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား ။ ဒီပန်းကန်က အရမ်းအရေးပါတာ ။ ဒီပန်းကန်ကို အဘွားလုပ်ကွဲလိုက်ရင် နောင်နောက် မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ ? "
သားရဲ့ စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ ငုံ့ထားမိတယ် ။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ် ။ အဲဒီ နောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအို မကြားခဲ့ရတော့ဘူး ။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်း
ပြောင်းလဲလာခဲ့တယ် ။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့ နွေးထွေးလာခဲ့ပါတယ်။
ဒီဇာတ်လမ်းလေ ဖတ်ပြီး ရင်ဘတ်နဲ့ ထပ်တူပြန်ခံစား နိုင်ကြပါစေ ။

Thursday, January 22, 2009
ပုဝါဖြူလား လက်နှီးစုတ်လား
ကိုယ့်ကိုယ်ကို
ပုဝါဖြူလား
လက်နှီးစုတ်လားလို့
အမြဲစစ် ။
ပုဝါဖြူဆိုရင်
အညစ်အကြေးမပေစေနဲ့
ထိမ်းသိမ်း ။
လက်နှီးစုတ်ဆိုရင်
နာနာဖွတ်လျှော်နိုင်မှ
ဖြူမယ်လို့မှတ်။
ပုဝါဖြူလား
လက်နှီးစုတ်လားလို့
အမြဲစစ် ။
ပုဝါဖြူဆိုရင်
အညစ်အကြေးမပေစေနဲ့
ထိမ်းသိမ်း ။
လက်နှီးစုတ်ဆိုရင်
နာနာဖွတ်လျှော်နိုင်မှ
ဖြူမယ်လို့မှတ်။
新 年 快 乐
Tuesday, January 20, 2009
သရဏဂုံတည်ရခြင်းငါးမျိုး
ိ
" သရဏတ္ထတော တာဝသရ ဏဂတာနံ ဘယံသန္တာသံ ဒုက္ခံ ဒုဂ္ဂတိ ပရိတိလေသံ ဟိံသတိ
ဝိနာသေတီတိ အတ္တော ရတနတ္ထယသေ(အကြီး)ဝေတံ အဓိဝစနံ "
ဘယ - တွေ့ကြုံရမည့် ဘေးမှန်သမျှကို ပယ်ဖျောက်ပေးသည် ။
သန္တာ - ကိုယ်စိတ်နှစ်ပါး ပူလောင်မှုမှန်သမျှကိုလည်း ပယ်ဖျောက်ပေးသည် ။
ဒုက္ခ - ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှုကိုလည်း ပယ်ဖျောက်ပေးသည် ။
ဒုဂ္ဂတိ -အပါယ်လေးဘုံ မကျအောင်လည်း စောင့်ရှောက်သည် ။
ပရိကိလေသ -ညစ်ညူးမှုမှန်သမျှကိုလည်း ပယ်ဖျောက်ပေးသည် ။
မကောင်းသောဘေး ဒုက္ခများကို ပယ်ဖျောက်ပေးသည်ဆိုရာတွင် ရတနာသုံးပါး၏ ဂုဏ်သတ္တိကို
ယုံကြည်သောသဒ္ဓါ ။ ရတနာသုံးပါးသာလျှင် အားကိုးရာပဲ တခြားအားကိုးရာ မရှိဟု ဆုံးဖြတ်သော
သမ္မာဒိဠိ ။ ထိုတရားနှစ်ပါးကြောင့်ပင် ဖြစ်၏ ။

Monday, January 19, 2009
အမှတ်မရှိဘူး

အထွေထွေရောဂါကု ဆေးခန်းတွင် ဖြစ်သည် ။ မခင်မှတ်နှင့်ကိုဖိုးထင်တို့ ဇနီးမောင်နှံသည်လည်း
သူတို့အလှည့် မရောက်သေးခင် စကားစမြည်ပြောရင်းမှ နာမည်အခေါ်ကို စောင့်နေကြသည် ။

မခင်မှတ်ကို အိမ်သားများနှင့် ခင်မင်သူများက အမှတ်ဟုပင် ခေါ်ကြပါတယ် ။
" ဟုတ်ကဲ့ပါ အစ်ကိုရဲ့ "
ထိုအချိန်တွင် ဖိုးခွားတို့သားအမိသည်လည်း ဆေးခန်းပြရန် ရောက်လာကြသည် ။
" သားရေ ဖိုးခွား ဆေးခန်းစာအုပ် သွားထပ်လိုက်ပါဦး "
မိခင်ပြောမှပဲ သုံးရက်ဆက်တိုက် ပြထားသော ဆေးမှတ်တမ်းစာအုပ် မေ့ကျန်ခဲ့ကြောင်း ဖိုးခွားသတိ
ရလိုက်သည် ။
" ဟာ . . . ဒုက္ခပဲ ။ မေ့ခဲ့ပြီး အမေရေ "
ဖိုးခွားစကားကြောင့် မိခင်ဖြစ်သူ မလှဝင်း စိတ်တိုသွားရသည် ။ စိတ်တိုလည်း တိုချင်စရာပင် ။ မနေ့ကလည်း စာအုပ်သေချာယူခဲ့ဖို့ မှာထားလျက်နဲ့ ဆေးခန်းရောက်မှ မေ့ခဲ့မှန်းသိလို့ အိမ်သို့
တစ်ခေါက်ပြန်ယူခဲ့ရသည် ။ အခုလည်း မေ့ခဲ့ပြန်ပြီးတဲ့ ။
ဆေးခန်းနဲ့အိမ်က အနည်းငယ်လှမ်းတာဖို့ အလျင်လိုနေချိန်တွင် လမ်းလျှောက်သွားလို့ မဖြစ် ။ ဆိုက်ကားနှင့်သွားမှ မြန်မည်ဖြစ်သော်လည်း ဆိုက်ကားခက ထပ်ကုန်ဦးမည် ။ စာအုပ်အသစ် ထပ်လုပ်ပြီးပြချင်သော်လည်း ထိုစာအုပ်မပါရင် မဖြစ် ။
မနေ့ကလည်းမေ့ ။ ဒီနေ့လည်းမေ့ စာအုပ်ယူရန် အမှတ်တရ မရှိသော ဖိုးခွားကို မလှဝင်း စိတ်တိုသွားရသည် ။
"မင်းဟာလေ ကိုယ့်စာအုပ်ကို ယူခဲ့ပါလို အကြိမ်ကြိမ်ပြောထားတာတောင် မေ့ခဲ့တယ် ။ အမှတ်ကို မရှိဘူး ။ လာ သွားမယ် "
ဒေါသထွက်နေတာမို့ မလှဝင်း၏အသံက အနည်းငယ်ကျယ်သွားရသည် ။ မခင်မှတ်တို့ လင်မယားမှာလည်း စကားပြောနေရင်မှ အမှတ်မရှိဘူးဆိုသည့် စကားသံကြားလိုက်ရတာမို့ ကိုဖိုထင်က
ပြန်အော်လိုက်သည် ။
" အမှတ်ရှိပါတယ် ခင်ဗျ ၊ အမှတ်ရှိပါတယ် "
ဖိုးခွားလက်ကိုဆွဲပြီး စာအုပ်ပြန်ယူရန် ခြေလှမ်းပြင်နေသော မလှဝင်းမှာ မဆီမဆိုင်ဝင်ပြီး အမှတ်ရှိပါတယ်ဟု ၀င်ပြောလာသော ကိုဖိုးထင်ကို ဘုကြည့်ကြည့်လိုက်မိရင်း . . .
" ရှင်နဲ့ ဘာဆိုင်လို့ အမှတ်ရှိတယ်လို့ ပြောရတာလဲ ။ ကျွန်မက ကျွန်မသားကို အမှတ်မရှိလို့ မရှိဘူးပြောတာ "
" အေးလေ . . . မင်းကိုက မှားနေတာ ။ အမှတ်ရှိသမှ သိပ်ရှိ ၊ ဒီမှာလေ ကျုပ်မိန်းမ မခင်မှတ်လေ ၊ ခင်တဲ့သူတွေက အမှတ်လို့ ခေါ်ကြတယ် ။ ဒါကြောင့် အမှတ်ရှိတယ်လို့ ပြောတာပေါ့ ။ ကျုပ်တို့လင်မယား
စကားပြောကောင်းနေ ကိုယ့်အလှည့်ရောက် နေတာကို မသိလိုက်တာ ။ နာမည်ခေါ်တာကို မကြားလိုက်တာ ။ ဘာလဲ ခင်ဗျားက အမှတ် ဆေးခန်းပြဖို့ အလှည့်ရောက်နေတာကို ခင်ဗျားတို့က အရင်ဝင်ချင်လို့ အမှတ်မရှိဘူးလို့ ညာပြောတာပေါ့လေ"
သားကို စိတ်တိုနေသည့်ကြား မဆီမဆိုင် အပြောခံလိုက်ရသော မလှဝင်းမှာ စိတ်တိုတိုဖြင် ဖိုးခွား၏
နားရွက်တစ်ဖက်ကို ဆွဲလိမ်လိုက်ပြီး . . .
" နင် အမှတ်မရှိလို့ အမှတ်ရှိဆိုပြီး အမှတ်ယောက်ျားရဲ့ မှတ်မှတ်ရရ ပြောတာကို ခံလိုက်ရတာ ဟဲ့ "
ဟု ပြောလိုက်လေတော့သည် ။

Sunday, January 18, 2009
အကျိုးတရား
အကျိုးတရားကိုမမျှော်နဲ့
အကြောင်းတရားကိုသာ လုပ်နေပါ ။
အကြောင်းတရားက
အကျိုးပေးလာရင်
မမျှော်မှန်းနိုင်လောက်အောင်ပါဘဲ
အကြောင်းတရားကိုသာ လုပ်နေပါ ။
အကြောင်းတရားက
အကျိုးပေးလာရင်
မမျှော်မှန်းနိုင်လောက်အောင်ပါဘဲ
Friday, January 16, 2009
အလွမ်း ( ၃ )
လွမ်းရတာ မမူးဘူး ။
အလွမ်းညတွေ ညရောင်ဖြန်းတော့
ငါ့ကောင် ချမ်းခိုက်ခိုက်တုန်
ယုန်ထင်ကြောင်ထင်
ပုံပြင်မဟုတ်
အဟုတ်တကယ်
လွမ်းရတာ
တောမီးလောင်သလိုပဲ ။
အလွမ်းညတွေ ညရောင်ဖြန်းတော့
ငါ့ကောင် ချမ်းခိုက်ခိုက်တုန်
ယုန်ထင်ကြောင်ထင်
ပုံပြင်မဟုတ်
အဟုတ်တကယ်
လွမ်းရတာ
တောမီးလောင်သလိုပဲ ။
ရိုးသားကြမယ်
ပန်းတွေပွင့်တယ် ။
အလွမ်းလေတွေ တိုက်ခက်တယ် ။
မျက်ရေမိုးတွေ ရွာသွန်တယ် ။
ဒါပေမဲ့
တို့တတွေဟာ ရပ်တန့်မနေကြဘူး
ငှက်ကလေးတွေလို
ရိုးသားစွာ ပျံသန်းကြမယ် ။
အလွမ်းလေတွေ တိုက်ခက်တယ် ။
မျက်ရေမိုးတွေ ရွာသွန်တယ် ။
ဒါပေမဲ့
တို့တတွေဟာ ရပ်တန့်မနေကြဘူး
ငှက်ကလေးတွေလို
ရိုးသားစွာ ပျံသန်းကြမယ် ။
အညာမဲ့တဲ့ သစ်သီးကဗျာ
အညာမဲ့တဲ့ သစ်သီးကဗျာမှ
ချစ်တယ်လို့ပြောဖို့
အင်အားမရှိသူမို့
အိမ်ကလေးတစ်လုံးလဲ
မတည်ချင်တော့ပါဘူး ။
အုံ့ပုန်းဆိုတဲ့ ရွက်ပုန်းသီး
ဆိုပေမယ့်
ဘယ်ကိုင်းမှ တွဲခိုလို့မရတဲ့
အညှာမရှိတဲ့ သစ်သီးပေါ
ချစ်တယ်လို့ပြောဖို့
အင်အားမရှိသူမို့
အိမ်ကလေးတစ်လုံးလဲ
မတည်ချင်တော့ပါဘူး ။
အုံ့ပုန်းဆိုတဲ့ ရွက်ပုန်းသီး
ဆိုပေမယ့်
ဘယ်ကိုင်းမှ တွဲခိုလို့မရတဲ့
အညှာမရှိတဲ့ သစ်သီးပေါ
စတုရန်းရဲ့အထားအသို
အိမ်မက်တွေ ရှာဖွေမယ်
ညခေါင်ခေါင်ကြီးမှာ
လရောင်တွေ ဆာလောင်နေကြပြီးလား ။
ချစ်ခြင်းဆိုတာ
ပန်းခင်းထဲဝင်ပြေးရမယ့်
မျောက်ပိစိကွေးလေးမှ မဟုတ်တာ . . . ။
ငါ့သံစဉ်တိုင်းမှာတော့
မင်းဟာ
ပန်းခင်းလေးလို ရိုးသားနေတယ် ။
ငါ့ဒိုင်ယာရီကြားမှာ ညှပ်ထားတဲ့
ပန်းလေးကတော့
မှတ်မှတ်ရရကို ဖြူစင်နေဆဲ ။
ဒီလိုပါပဲ
သံစဉ်တွေ တဖွဲဖွဲရွာရန်ရာနှုန်းရှိနေပြီလေ
ချစ်ခြင်းရေ . . . အချိန်များများမှာ
ပန်းခင်းလေးဆီ တို့တတွေ လာရအောင်…
ညခေါင်ခေါင်ကြီးမှာ
လရောင်တွေ ဆာလောင်နေကြပြီးလား ။
ချစ်ခြင်းဆိုတာ
ပန်းခင်းထဲဝင်ပြေးရမယ့်
မျောက်ပိစိကွေးလေးမှ မဟုတ်တာ . . . ။
ငါ့သံစဉ်တိုင်းမှာတော့
မင်းဟာ
ပန်းခင်းလေးလို ရိုးသားနေတယ် ။
ငါ့ဒိုင်ယာရီကြားမှာ ညှပ်ထားတဲ့
ပန်းလေးကတော့
မှတ်မှတ်ရရကို ဖြူစင်နေဆဲ ။
ဒီလိုပါပဲ
သံစဉ်တွေ တဖွဲဖွဲရွာရန်ရာနှုန်းရှိနေပြီလေ
ချစ်ခြင်းရေ . . . အချိန်များများမှာ
ပန်းခင်းလေးဆီ တို့တတွေ လာရအောင်…
နှင်းတွေရဲ့သတင်း
ချမ်စိမ့်စိမ့်နဲ့ အလွမ်းရိပ်တွေ ရှိနေတော့
ငါဟာ . . .
နှင်းလွင်ပြင်ထဲ ပြိုလဲကျကွဲသွားတယ်
နှင်းမုန်းတိုင်တွေ ဖွေးဖွေးလှုပ်တော့
အတိုင်းအတာတွေ တုန်လှုပ်တယ်
ခံစားမှုအထားအသိုတွေငိုတယ်
ငါဟာ . . .
နှင်းလွင်ပြင်ထဲ ပြိုလဲကျကွဲသွားတယ်
နှင်းမုန်းတိုင်တွေ ဖွေးဖွေးလှုပ်တော့
အတိုင်းအတာတွေ တုန်လှုပ်တယ်
ခံစားမှုအထားအသိုတွေငိုတယ်
Friday, January 9, 2009
တကယ့်ရဟန်း
Wednesday, January 7, 2009
Sunday, January 4, 2009
နောက်ထပ်
သတိ ! ခြေက်လှန့်တတ်သည် ။

ကာလညတစ်ည . . . ။
လကွယ်ညဖြစ်ပြီး ကြယ်တစ်ချို့တလေသာရှိသဖြစ် ကောင်းကင်တစ်ခုလုံး
ပိန်းပိတ်အောင် မှောင်နေသည်။ တိမ်ညိုတိမ်မည်းများက ပိန်းပိတ်အောင်မှောင်နေသည်။ တိမ်ညိုတိမ်မည်းများက တရွေ့ရွေ့မျောလွင့်နေကြသည်။
" အူး . . .၀ူး . . . ၀ူး "
မနီးမဝေးမှ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံကြေင့် ကင်းတဲပေါ်တွင် မီးကင်းစောင့်နေသော
အောင်ဘမှာ ကြက်သီးမွေးညင်းထကာ ခေါင်းနားပန်းကြီးသွားသည် ။
" ဟင် "
အောင်ဘ အလန့်တကြား ရေရွတ်လိုက်၏ ။ အမှောင်ထဲတွင် သူ့ထံသို့ တည့်တည့်လျှေက်လာသော အရိပ်မည်းမည်းကြီး နှစ်ခုကို မြင်တွေ့လိုက်ရသောကြောင့်ပင် ။
သရဲကြောက်တတ်သော အောင်ဘတစ်ယောက် နေစရာမရှိတော့ ။ မီးဖိုရန်စဉ်းစားမိသော်လည်း
ကြောက်လွန်းသဖြင့် ကင်းတဲပေါ်မှ အောက်သို့လည်းမဆင်းရဲ ။ ကြက်သီး များတဖျန်းဖျန်း ထလာပြီး
အပေါ့သွားချင် သလိုလို အလေးသွားချင် သလိုလို ဖြစ်လာသည် ။
အရိပ်မည်းမည်းကြီး နှစ်ခုက သူ့ထံသို့ တရွေ့ရွေ့ လျှောက်လာနေဆဲ ။ အောင်ဘ မျက်စိစုံမှိတ်ပြီး ပါးစပ်ထဲပေါ်လာသမျှ ဘုရားစာကို အမြီးအမောက်မတည့်စွာ တဖွဖွရွတ်နေမိ၏ ။ စွတ်ကျယ်လက်ပြတ်နှင့်
ကိုယ်ကိုလည်းကျုံကွေးထားမိသည် ။့်
အချိန်မည်မျှကြာအောင် ရွတ်နေမိသည်မသိ ။ ဘုရားစာရွတ်ရလွန်းသဖြင့် ပါးစပ်မှ အမြှုပ်ထွက်မတတ် မောလာ၏ ။ အောင်ဘမရဲတရဲဖြင့် မျက်လုံးအစုံကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည် ။ ခုနက
သူတွေ့မြင်နေရသော အရိပ်မည်းမည်းကြီး နှစ်ခု ဘယ်ရောက်သွားပြီည် ။
အရိပ်မည်းမည်းကြီး နှစ်ခုကား ပျောက်ခြင်းမလှပျောက်သွားလေပြီ ။ အောင်ဘ စိတ်သက်သာရာရစွာဖြင့်
လေပူတစ်ချက် မှုတ်ထုတ်လိုက်၏ ။ တော်ပါသေးရဲ့ ။ ငါ မျက်စိအမြင်မှားတာပဲဖြစ်မယ် ။
အတွေးမဆုံးခင်မှာပင်...........
ဘတ် ! ! !
အား..............ကယ်ကြပါဦးဗျ ! ! !
Thursday, January 1, 2009
ပါရမီရှင်

ကြင်နာသူ မင်းရဲ့လက်တွေ
ငါ့ပုခုံးတွေကို ဆုပ်ကိုင်ထားပါ
ကံစီမံရာလည်းပဲ တို့နှစ်ယောက်အတူကွာ
ရှင်သန်မယ် ဘ၀တစ်လျှေက်မြဲပါရစေကွာ
အဆုံးသတ်အထိ မခွဲတမ်းပေါင်းရပါစေကွာ
ယုံကြည်လိုက်စမ်းပါအချစ်ရယ်
မင်းစိတ်ချမ်းသာပြည့်စုံဖို့လေ
လိုရာဖြည့်ဆည်းလို့ ပေးသွားမှာပါ
ကြင်နာမယ် မင်းအနားအမြဲရှိမှာပါ
အစဉ်အားပေးလို့ စိတ်ဓါတ်မကျရစေပါ
ငါ့ရင်မှာ မြဲမြံစွာ
အားကိုးလိုက်ပါလားအချစ်ရယ်
ပါရမီရှင်မေရာ မရှိမဖြစ်ပဲ
နားခိုရာ ဆောက်တည်ရာ ရှင်သန်ရာ .....
( ငါ့ရင်မှာ မြဲမြံစွာ
အားကိုးလိုက်ပါလားအချစ်ရယ်
ပါရမီရှင်မေရာ မရှိမဖြစ်ပဲ
နားခိုရာ ဆောက်တည်ရာ ရှင်သန်ရာ .... )
! . . ! ကြင်နာသူ မင်းရဲ့လက်တွေ
ငါ့ပုခုံးတွေကို ဆုပ် ! . . !
( ငါ့ရင်မှာ မြဲမြံစွာ
အားကိုးလိုက်ပါလားအချစ်ရယ်
ပါရမီရှင်မေရာ မရှိမဖြစ်ပဲ
နားခိုရာ ဆောက်တည်ရာ ရှင်သန်ရာ .... )4
ဆင်ပေါက် ဆိုတဲ့ ဒီသီချင်း အားပေးနေမယ် ချစ်သူ
Subscribe to:
Posts (Atom)